ကျွန်တော်တို့ရဲ့ဘဝပြောင်းလဲချင်ရင် ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကိုအရင်ပြောင်းလဲရမယ်။
မြစ်ကိုသဘာဝအတိုင်းထားပါ တဲ့။
မြစ်ရဲ့သဘာဝအရဆိုရင် သောင်ထွန်းတဲ့အခြေအနေတခုကိုရောက်ရင် သူရဲ့မြစ်ရေစီးကြောင်း ပြောင်းမယ် ၊ ပြီးရင် သောင်ပြန်ထွန်းမယ် ၊ ပြီးရင် ပြန်ပြောင်းမယ်။ ဒါဟာမြစ်ရဲ့သဘာဝပဲ။ ဧရာဝတီနဲ့ပြောမယ်ဆိုရင် တကောင်း နားကမြစ်ကြောင်းဟာ ၁၀ နှစ်အတွင်းမှာ ၇မိုင်အကွာအဝေးလောက်ကို ပြောင်းသွားတယ်။ တကယ်လို့တချိန်ကျရင် ချင်းတွင်းနဲ့ ဧရာဝတီမြစ် ဆုံတွေ့တဲ့ မန္တလေးနားကိုပြောင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

ကျွန်တော်တို့လေ့လာချက်အရ မိုးရေခံဒေသမှာ သဘာဝနေထိုင်မှုအတိုင်းထားစေချင်တယ်ဆိုရင် တမိသားစုမှာ ခန့်မှန်းချေ ၁နှစ် မှာ ထင်း ၁ တန်နီးပါးလောက်လိုတယ်။ မြေဆီပျောက်လောက်တဲ့ မြေကြီးမှာ စိုက်ပျိုးနေထိုင်ရင်း အရနည်းပြီးတော့ သူတို့ရဲ့လူသုံးကုန်ပစ္စည်းကို လုံလောက်အောင် မလဲယူနိုင်တဲ့အချိန် ( ဆင်းရဲတဲ့အချိန်) သူတို့စွန့်စားပြီးသစ်ခိုးထုတ်ရောင်းစားတယ်။ တန်ဖိုးရှိ ရှားပါးတိရိစ္ဆာန်ခိုးဖမ်းတယ်။ သယံဇာတ အရမ်းဆုံးရှုံးတဲ့နည်းနဲ့ ရွှေကျင်တယ်။ ဒါက ကျွန်တော်တို့ရဲ့လှပတဲ့ဧရာဝတီစုတ်ပြတ်လာတဲ့ အကြောင်းအရင်းပါ။ ဒီနှစ်လို နေရာအများအပြားမှာ ရေကြီးမှုဒဏ်ခံရတာ ဒါလည်းသဘာဝပဲလား။ ကျွန်တော်တို့ အားကိုးလှတဲ့မြစ်ကြီးဘေးမှာ၊ မကွေးလိုနေရာမှာ မြစ်ကြီးရှိပြီးတော့ နေရာ ၉၀% မှာ တစ်သီးစားပဲလုပ်ရမယ့်ဘဝကနေ လွတ်ဖို့ ဘယ်လိုလုပ်ကြမလဲ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။