Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 22, 2014

ဗွက်ထနေတဲ့ ဝေလေလေ တစ်ယောက်ရဲ့ ကောက်ကြောင်း


ဗွက်ထနေတဲ့ ဝေလေလေ တစ်ယောက်ရဲ့ ကောက်ကြောင်း
-------
ဆောင်းပါးရှင် - ဆောင်းဝင်းလတ်
-------

စာရေးဆရာ၊ သတင်းစာဆရာကြီး အောင်ဗလခေါ် ကြေးမုံဦးသောင်းဟာ အမေရိကန်ပြည်ထောင်စုကို ကျွန်တော်ရောက်မသွားခင်မှာပဲ ကွယ်လွန်သွား ခဲ့တယ်လို့ သိလိုက်ရပါတယ်။ ဆရာကြီးနဲ့ ဆက်သွယ်ခွင့်၊ တွေ့ဆုံခွင့် မရခဲ့တာ ၀မ်းနည်းစရာပါ။ မြန် မာပြည် လွတ်လပ်ရေးမရခင်မှာ ဂျပန်တွေ စစ်ရေး အသာစီးရပြီး မြန်မာနိုင်ငံထဲမှာ ဖက် ဆစ်စနစ်နဲ့ လက်ဝါးကြီးအုပ် ဗိုလ် လုပ်နေကြတုန်းက၊ ဂျပန်ကင်ပေတိုင် စစ်ဘက်ဝါဒ ဖြန့် ချိရေးဌာနက “ဂရိတ်တား အေးရှား” လို့ အမည် ရတဲ့ သတင်းစာတစ်စောင်ကို ထုတ်ဝေခဲ့ပါ တယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တာပါ။ ဘာလို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေလဲဆို တော့ မြန်မာပြည်မှာ မြန်မာစာကို တတ်တဲ့ သူတချို့ ရှိ တယ်။ မြန်မာလို ဖတ်တတ်တဲ့သူ တချို့ရှိတယ်။ အဲဒီ့လိုပဲ အင်္ဂလိပ်လို ရေးတတ် ဖတ်တတ် ပြောတတ်တဲ့သူတချို့လည်း ရှိတယ်။ ဂျပန်စာ၊ ဂျပန်စကားကို လူတိုင်း မတတ်ဘူး။ ဒီတော့ ဂျပန်စစ်အရာရှိတွေက သူတို့ရဲ့ “ဂရိတ်တားအေးရှား သတင်းစာ” ကို အင်္ဂလိပ်ဘာသာနဲ့ပဲ ထုတ်ဝေနိုင်ခဲ့ကြတာပါ။ 

ဒီအချိန်မှာပဲ မြန်မာနိုင်ငံရဲ့ အဓိပတိရာထူး ရထားတဲ့၊ ခေတ်ပညာ တတ် ဒေါက်တာဘမော်ရဲ့ အစိုးရကလည်း သတင်းစာတစ်စောင် ထုတ်ဝေ လိုက်ပါတယ်။ “ဗမာ့ခေတ်”သတင်း စာပါ။ ၁၉၄၅ ခုနှစ်မှာ မြန်မာ တိုင်းရင်းသားတွေက စုပေါင်းပြီး ဖက်ဆစ်ဂျပန်တွေ ကို မောင်းထုတ်တော်လှန် ပစ်ခဲ့ကြတယ်။ မတ်လ မှာပါ။ ဒါကြောင့် မတ်လတော်လှန်ရေးဆိုတာ သမိုင်းဝင် ခဲ့တယ်။ စာရေးဆရာကြီး၊ ကဗျာ ဆရာကြီး ဒဂုန်တာရာက မတ်လ တော်လှန်ရေး ကဗျာကို ရေးခဲ့တယ်။ နိုင်ငံတကာမှာ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်တပ်တွေ ကလည်း မဟာမိတ်ဖွဲ့ပြီး နာဇီဂျာမနီတပ်တွေ နဲ့ ဖက်ဆစ်ဂျပန်တပ်တွေကို အပြင်းအထန် တိုက်ကြသလို၊ ရုရှားတပ်တွေ ကလည်း နာဇီတွေကို တိုက်ထုတ်ပစ်ကြတယ်။ နောက် ဆုံးမှာတော့ နာဇီတွေနဲ့ ဖက်ဆစ်တွေ စစ်ရှုံး သွားကြတယ်။ မြန်မာနိုင်ငံထဲမှာ မြန်မာပြည်သူ လူထုကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်နေကြတဲ့ ဖက်ဆစ် ဂျပန်စစ်တပ်ဟာလည်း ထွက်ခွာ ထွက်ပြေးသွားခဲ့ကြရတယ်။

ဖက်ဆစ်တွေမရှိတော့တဲ့နောက်ပိုင်းမှာ ၁၉၄၅ ခုနှစ် သြဂုတ်လ ထဲ ရောက်တော့ “တိုင်းပြု ပြည်ပြု ပုံနှိပ်တိုက်”လို့ခေါ်တဲ့ ပုံနှိပ်တိုက်ရဲ့ ပိုင်ရှင် ဦးအုန်းခင်က “ဗမာ့ခေတ်သတင်းစာ” ကို ကိုယ်ပိုင်ထုတ်ဝေခဲ့တယ်။ တခြား သတင်းစာတွေလည်း ထွက်လာကြတယ်။ ဒီနေရာမှာ စာနယ်ဇင်းနဲ့ နိုင်ငံရေး ဟာ အရေးပါတဲ့အ ကြောင်း ပြောချင်တယ်။ ဂျပန်တပ်တွေ စစ်ရှုံးသွားတော့ အင်္ဂလိပ်တပ်တွေက မြန်မာပြည် ထဲ ပြန်ဝင်လာကြပြီး အင်္ဂလိပ်အစိုးရ ကလည်း အုပ်ချုပ်ရေးပိုင်းကို ပြန်ချုပ်ကိုင်ထားလိုက်တယ်။ အင်္ဂလိပ် အစိုးရ က မြန်မာနိုင်ငံကို စစ် အုပ်ချုပ်ရေးနဲ့ အရင်ဆုံး ပြန်အုပ်ချုပ်တယ်။

အင်္ဂလိပ်အစိုးရရဲ့ ပထမအဆင့် ရည်မှန်းချက် က “၃”နှစ်လောက်ကြာအောင် စစ်အုပ်ချုပ် ရေးနဲ့ အုပ်ချုပ်မလို့ပဲ။ ဒါပေမဲ့ စာနယ်ဇင်း သမားတွေ စာနယ်ဇင်းတွေ အားလုံးက စစ် အုပ်ချုပ်ရေး မလိုချင်ဘူး။ စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး ရုပ်သိမ်းပေးပါလို့ အင်္ဂလိပ်အစိုးရ ကို တောင်းဆိုလိုက်ကြတယ်။ ဒါကြောင့် အင်္ဂလိပ်အစိုးရက စာနယ်ဇင်းတွေကို လေးစား တဲ့အနေနဲ့ ၂၇ .၉ .၁၉၄၆ ခုနှစ်မှာ ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေးအာဏာ ပေးအပ်ခဲ့ ရတာ စာနယ်ဇင်းသမားတွေရဲ့ အောင်ပွဲလို့ ဆိုနိုင်ပါတယ်။ အစိုးရအဖွဲ့ရဲ့ နာမည် ကိုလည်း “ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီ”လို့ ခေါ်ခဲ့ တယ်။ သတင်းစာတွေ ထဲမှ “ဗမာ့ခေတ်”သ တင်းစာရဲ့ အဲဒီ့ခေတ်က ထူးခြားချက် တစ်ခုကတော့ ရန်ကုန်မြို့မှာရှိတဲ့ “ဘီအိုအေဒီ”လက် နက်တိုက်ကနေပြီး မြန်မာလို စက်သေနတ် အင်္ဂလိပ်လို ဘရင်းဂန်းသေနတ် စုစုပေါင်း ၂၀၀ ပျောက်ဆုံး သွားတဲ့သတင်းကို သတင်း ထူး သတင်းဦးအနေနဲ့ ဖော်ပြရေးသားနိုင်ခဲ့တာ ပဲ ဖြစ်တယ်။

ဒီကိစ္စကို ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်း ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလို သတင်းမျိုးတွေကို သတင်းထောက် လုပ်ပြီး ကြိုးစားရေးသားခဲ့တဲ့ သတင်းစာဆရာကြီး တွေထဲမှာ ဆရာကြီးအောင်ဗလ ခေါ် ဦးသောင်းလည်း ပါဝင်ခဲ့တယ်။ ဆရာကြီးဟာ အဲဒီ့တုန်းက ငယ်ရွယ်တဲ့ သတင်းထောက်ဘ၀နဲ့ ဗမာ့ခေတ်သတင်းစာမှာ အချိန်ပြည့်အလုပ်လုပ်ခဲ့ တယ်။ ဆရာကြီးရဲ့ သတင်းစာလောကနဲ့ စာနယ်ဇင်း လောက ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကလည်း စုံလင် များပြားလှတယ်။ အလုပ်သင်သတင်းထောက်၊ မှုခင်းသတင်းထောက်၊ တရားရုံး သတင်းထောက်၊ အထွေထွေသတင်းထောက်၊ နိုင်ငံရေးသတင်းထောက်၊ သတင်းထောက်ချုပ်၊ အားကစား သတင်းထောက်၊ ဓါတ်ပုံသတင်းထောက် စသဖြင့် ဘ၀တွေက စုံလင်လွန်းလှတယ်။ ဆရာကြီးဟာ ဗမာ့ခေတ် သတင်းစာ ကနေပြီး ကြေးမုံသတင်းစာကိုလည်း ကိုယ်ပိုင်အစွမ်း အစနဲ့ တည်ထောင် သွားနိုင်ခဲ့သူတစ်ယောက် ဖြစ်လို့ ကြေးမုံဦးသောင်း ရယ် လို့ ထင်ရှားခဲ့သူ လည်း ဖြစ်ပါတယ်။

ဆရာကြီးရဲ့ သတင်းစာဆရာဘ၀ ဖြတ်သန်းမှု အတွေ့အကြုံတွေထဲမှာ ဆိုရင် စစ်အာဏာရှင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ပတ်သက်လို့လည်း အများကြီးပါပဲ။ ဒါကြောင့်လည်း ဆ ရာကြီးမကွယ်လွန်ခင်က စာအုပ် တစ်အုပ်ရေး သွားနိုင်ခဲ့ပါတယ်။ ဗိုလ်နေ၀င်းဇာတ်လမ်းရှုပ် သမျှဆိုတဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ ကြေးမုံဦးသောင်း (အောင်ဗလ) နာမည်နဲ့ ရေးသွားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီ့ စာအုပ်ထဲမှာ စိတ်ဝင်စား စရာတွေ အများကြီး ပဲပါခဲ့ပါတယ်။ ဗိုလ်နေ၀င်းဟာ နိုင်ငံရေးအစဉ်အလာ မရှိ။ တို့ဗမာအစည်းအရုံး သခင် အဖွဲ့နှစ်ခုထဲမှာလည်း မှတ်ပုံတင်စာရင်း သွင်းပြီး အဖွဲ့ဝင်ဖြစ်ခဲ့တာ လုံးဝမရှိ၊ အင်္ဂလိပ် အစိုးရအကျိုးအတွက် လျှို့ဝှက်စုံထောက် လုပ်ခဲ့ဖူးတယ်။ ဂျပန်ကင်ပေတိုင်စုံထောက် အဖွဲ့ရဲ့ သူလျှိုလုပ်ခဲ့ဖူးတယ်။ သခင် အဖွဲ့က ထုတ်ပယ်ခံခဲ့ရတဲ့ သခင်ဗစိန်ဆီမှာတော့ တ ပည့်ခံခဲ့တယ်။ အဲဒီ့တုန်း က သခင်ဗစိန်ရဲ့ဇနီး ဒေါ်ခင်ခင်ရဲ့ ပုံနှိပ်တိုက်မှာ ဗိုလ်နေ၀င်း အလုပ်လုပ်ခဲ့ ဖူးသလို ဗိုလ်နေ၀င်းရဲ့နာမည်ရင်း ဟာ ရှုမောင်ဖြစ်ပြီး၊ စာတိုက်စာရေးလေး လုပ်ခဲ့ဖူးတယ်။ စစ်ကြီးပြီးတော့မှ သခင်နာ မည်ကို သူ့ဘာသာသူ တပ်ခဲ့တဲ့ လူလို့လည်း သိရတယ်။

ဖ .ဆ .ပ .လ အဖွဲ့ကြီး “၂” ခြမ်းကွဲပြီး၊ တည်မြဲနဲ့ သန့်ရှင်း ပ .ထ .စ ဖြစ်ခဲ့ရ တာလည်း ဗိုလ်နေ၀င်းရဲ့ သူလျှိုဥာဏ်ကြောင့်လို့ သိရတယ်။ ဦးကျော်ငြိမ်းတို့ ဆိုရှယ် လစ်အင်အားစုနဲ့ သူက ထဲထဲဝင်ဝင် စိမ့်ဝင် ဆက်ဆံပြီး တစ်ဖက်က ၀န်ကြီးချုပ်ဦးနု အထင်မှားအမြင်မှားဖြစ်အောင်သတင်းတွေသူပေးလို့၊ ဖ .ဆ .ပ .လ အဖွဲ့ကြီး စိတ်ဝမ်းကွဲခဲ့ရတာကိုလည်း သိလိုက်ရပါတယ်။ ဗိုလ်နေ၀င်း ဟာ အာဏာနဲ့ရာထူးအတွက် အဲဒီ့ခေတ်က အရပ်သား အစိုးရအဖွဲ့ အပေါ်မှာ အကြပ်ကိုင်ခဲ့ဖူးတယ်။ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကြီးဖြစ်တော့ သူ့ကို ကာကွယ် ရေးဝန်ကြီးတာဝန်နဲ့ ဒုတိယ၀န်ကြီးချုပ်ရာ ထူးပေးပါ။ ဒါမှသာ သူ တာဝန်ယူထားတဲ့ စစ် တပ်က ရန်သူတွေကို တိုက်ပေးနိုင်မယ်လို့ အကြပ်ကိုင် တာနဲ့ ဖ .ဆ .ပ .လ ၀န်ကြီးချုပ် ဦးနုက ဗိုလ်နေ၀င်းကို ဒုတိယ၀န်ကြီးချုပ် ရာထူး ပေးလိုက်ရတယ်။ တကယ်တော့ လူထုဆန္ဒ လူထုရဲ့ မဲမပါဘဲနဲ့ အရေးပေါ် ပေးလိုက်ရတဲ့ ရာထူးပဲဖြစ်တယ်။

ဗိုလ်နေ၀င်းဟာ အဲဒီ့ခေတ် ကာလတွေကတည်းက စာနယ်ဇင်းသမားတွေ ကိုလည်း စော်ကားခဲ့သူ ဖြစ် တယ်။ စာနယ်ဖင်းသမားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တာကတော့ ၁၉၅၇ ခုနှစ်က ပါပဲ။

အဲဒီ့တုန်းက ဆေးရုံအုပ်ကြီး ဒေါက်တာဘသန်း ရဲ့ သမီး ဒေါ်ခင်မေသန်းဟာ ကာမပိုင်လင် ယောက်ျားရှိခဲ့ပါရက်နဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းက သူတစ်ပါး သားမယား ကို စည်းရုံးမြူဆွယ်၊ သိမ်းသွင်းဖြားယောင်း လက်ထပ်လိုက်ပြီဆို တဲ့သတင်း စာနယ်ဇင်းသမားတွေ ကြားကြ ရတယ်။ ဒေါက်တာဘသန်း အိမ်ခြံဝင်းထဲက သတို့သားနဲ့သတို့သမီးထွက်လာတာကို စောင့်ပြီး စာနယ်ဇင်း သမားတွေက ဓါတ်ပုံ ရိုက်တော့၊ ဗိုလ်ချုပ်ကြီးနေ၀င်းက ဒေါ်ခင်မေသန်းကို ကားထဲ ဆွဲသွင်းလိုက်ပြီး၊ နေးရှင်း သတင်းစာရဲ့ ဓါတ်ပုံသတင်းထောက် မစ္စတာ လာဇဂိုး လက်ထဲက ကင်မရာကို ဆွဲလုလိုက်တယ်။ ကင်မရာကို ရိုက်ခွဲ ဖျက်ဆီးတယ်။ ကင်မရာထဲက ဖလင်လိပ်ကိုလည်း ပုံတွေ ပျက်သွားအောင် ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ ဓါတ်ပုံသတင်းထောက် မစ္စတာလာ ဇဂိုးကို အကြမ်းဖက် ကိုယ်ထိလက်ရောက် စော်ကားဆဲဆိုပြီး ထိုးကြိတ်ရိုက်နှက် ခဲ့တယ်။ မစ္စတာလာဇဂိုးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆရာဝန်တွေဆီမှာ ဆေး ကုသမှုခံယူခဲ့ရတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ၁၉၅၈ ခုနှစ်မှာ တိုင်းပြည်ရဲ့ အာဏာကို အိမ်စောင့် အစိုးရ ဆိုပြီး၊ “ပထမအကြိမ်”စစ်အာဏာတည်ထောင် ခဲ့တယ်။ အဲဒီ့ကတည်း က ကြံ့ခိုင်ရေးအဖွဲ့ဆို တာကို အုတ်မြစ်ချ အစပျိုးပေး ခဲ့တယ်။ အဲဒီ့ခေတ်မှာပဲ စစ်တပ်က ဗိုလ်မှူးချုပ်အောင်ကြီးတို့ ဖွင့်တဲ့ “အင်းဝဘဏ်” မှာ ဗိုလ်ချုပ်ကြီး နေ၀င်းဟာ မြေကွက်ကို အပေါင်ပစ္စည်းအနေ နဲ့အပ်နှံပြီး အင်းဝဘဏ်မှာ ပေါင်တယ်။ အိတ်ထဲက ကိုယ်ပိုင်ငွေတစ်ပြား တစ်ချပ်မှ မပါဘဲ တိုက်အိမ်ကြီးဆောက်လို့ မိသားစုနေထိုင်ခဲ့ကြတာကိုလည်း ဆရာကြီးက လူထုတွေ သိကြ မြင်နိုင်ကြဖို့ သူ့စာအုပ်ထဲမှာ မှတ်တမ်းတင် သွားခဲ့ပါတယ်။

အဲဒီ့ အိမ်စောင့်အစိုးရဆိုတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းတို့ရဲ့ လက်ဝါးကြီးအုပ် ဖက်ဆစ်စနစ် ကာလကတည်းက မြန်မာပြည် သူလူထုရဲ့ လွတ်မြောက်ရေး လမ်းစ ပျောက်ဆုံးခဲ့ရတာတွေကိုလည်း ၀မ်းနည်းဖွယ်ရာအဖြစ် ဆရာ အောင်ဗလ က မှတ်တမ်းတင်သွား ခဲ့ပါတယ်။ ဒါတွေဟာလည်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးလို ၀ါရင့်သဘာရင့် သတင်းစာဆရာကြီး စာရေးဆရာကြီးတစ်ယောက်ရဲ့ စာပေဂုဏ်ကျေးဇူးလို့ပဲ မှတ်ယူမိ ပါတယ်။ ဆရာကြီးက စာပေအရေးအသားတွေနဲ့ မီးမောင်းထိုးပြသွားခဲ့လို့လည်း အတ္တ၊ မာန၊ ပကာသန၊ အာဃာတ၊ လောဘ၊ ဒေါ သ၊ မောဟတွေနဲ့ ဗွက်ထနေ တဲ့ ဝေလေလေ အုတ်ကြားမြက်ပေါက်ကြီးတစ်ယောက်ရဲ့ ရုပ်ပုံကောက်ကြောင်း အမှန်တွေကို ကျွန်တော်တို့သိခွင့်ရလိုက်ကြကြောင်းပါ။ ။

( ဆောင်းဝင်းလတ် ရေးသားသည်။ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။