တစ်ကမ္ဘာလုံးတွင် အပင်၂ဝဝခန့်သာ ကျန်တော့သည်ဆိုသော မြိုင်ကြီးပင်ကို ရခိုင်ပြည်နယ်တွင် အများအပြားတွေ့ရှိရ
========================== ==========================
ရန်ကုန်၊ စက်တင်ဘာ ၁၅။
တစ် ကမ္ဘာလုံးတွင် အပင်၂ဝဝခန့်သာ ကျန်တော့သည်ဆိုသော မြိုင်ကြီးပင် (ဆောင်းဖိုပင်)များ ရခိုင်ပြည်နယ် တွင် အများအပြား တွေ့ရှိရပြီး အရေအတွက် များပြားလာစေရန် ဂွမြို့နယ်ရှိကျွန်းစု နှစ်ခုတွင် တိုးချဲ့ စိုက်ပျိုးထားကြောင်း ရခိုင်ကမ်းရိုး တန်း ဒေသလူနေမှုဘဝနှင့် သဘာဝ ပတ်ဝန်းကျင်တန်ဖိုး ပြန်လည်ထူ ထောင်ရေးအသင်းမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်ထိန်းသိမ်းရေးအဖွဲ့ IUCN မျိုးသုဉ်းပျောက်ကွယ် တော့မည်ဟု သတ်မှတ်ထားသည့် စာရင်းဝင် အပင်မျိုးဖြစ်ပြီး ကမ္ဘာ ပေါ်တွင် အရေအတွက် အနည်းငယ်သာ ကျန်တော့သည်ဟု ဆိုသော် လည်း အဆိုပါ ဒီရေတောပင်များ ကို ရခိုင်တွင် အများအပြား တွေ့ရှိ ရပြီး ယင်းအပင်များကို ဂွမြို့နယ် ကမ်းကြီးယောင်ကျွန်းနှင့် ဝက်ထိုး ကျွန်းရှိ ဒီရေတောစိုက်ခင်းများ တွင် တိုးချဲ့စိုက်ပျိုးထားကြောင်း သိရသည်။
''ဒီအပင်တွေက ထင်းလည်း ကောင်းတယ်။ အရမ်းအသုံးဝင်တယ်။ လိုချင်တဲ့ အရွယ်မှာ ခုတ်ပြီးသုံး နိုင်တယ်။ ဒါကြောင့်ဒီအပင်တွေကို ခုတ်တဲ့သူများပြီး အခုတ်လွန်လို့ တောပျက်တွေ ဖြစ်ကုန်တာ။ အပင် တွေ နည်းသွားတာ။ အခုလဲ ဒေသခံ တွေနဲ့ ဝိုင်းဝန်းပြီး အရင်ကျန်တဲ့ အပင်တွေကိုလဲ ထိန်းသိမ်းသလို ပြန် ပြီးစိုက်ပျိုးထားတယ်'' ဟု အဆိုပါ အသင်းမှ တာဝန်ခံ ဦးဝင်းမောင်က ပြောသည်။
မြိုင်ကြီးပင်သည် အပင်ကြီးဒီ ရေတောမျိုးစိတ်ပင်ဖြစ်ပြီး၊ ဂွမြို့နယ် ကျောက်ကြီးကျေးရွာအတွင်း ကျန်ရှိ သေးသော မြိုင်ကြီးပင်မှာ အမြင့် ပေ၈ဝနှင့် လုံးပတ် ၆ပေထိရှိသော ကမ္ဘာပေါ်တွင် ကျန်ရှိနေသေးသော အပင်များတွင် အကြီးဆုံး အပင်ဖြစ် နိုင်ကြောင်း သိရသည်။
''တခြားနိုင်ငံတွေမှာ အပင်နှစ် ရာလောက်ပဲရှိတော့တဲ့ ဒီအပင်တွေ ကိုရခိုင်မှာ အများအပြား တွေ့ရ တယ်။ တနင်္သာရီမှာလဲ ရှိချင်ရှိနိုင် တယ်။ ဒါပေမဲ့ အပင်တွေဆိုတာက မူလရှိတဲ့နေရာမှာပဲ စိုက်ပျိုးလို့ ကောင်းတယ်။ ကောင်းကောင်းရှင် သန်နိုင်တယ်။ အသီးကို သတ္တဝါတွေ က အရမ်းကြိုက်တော့ အသီးရဖို့ မလွယ်သလို အပင်ပွားဖို့ ခက် တယ်'' ဟု ယင်းက ပြောသည်။
ကမ္ဘာ့ရှားပါးစာရင်းဝင် မြိုင်ကြီးပင်သည် ကမ္ဘာပေါ်တွင် လေး နိုင်ငံတွင် သာပေါက်ရောက်ပြီး စင် ကာပူနိုင်ငံတွင် သုံးပင်၊ ပါပူဝါနယူး ဂီနီတွင်ရှစ်ပင်၊ မလေးရှားနိုင်ငံတွင် ၁၈၃ပင်တို့ဖြစ်ပြီး ရခိုင်ပြည်နယ် တွင် ၂ဝဝ၆ခုနှစ်ကတည်းက ကျောက် ဖြူမြို့နယ် ဝန်ပိုက်ကြိုးဝိုင်းတွင် စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီရေတောပင်များသည် သဘာ ဝဘေးအန္တရာယ်ကို ကာကွယ်နိုင် သည့်အပြင် ဇီဝမျိုးစုံမျိုးကွဲကြွယ် ဝပြီး၊ ဆားငန်ရေ ဝင်ရောက်မှုကို တားဆီးနိုင်ကြောင်း၊ တခြားသစ် တောများထက် ကာဗွန်ဒိုင်အောက် ဆိုက် သုံးရာခိုင်နှုန်းကို စုပ်ယူထား နိုင်ကြောင်း သိရသည်။
MMA
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================
ရန်ကုန်၊ စက်တင်ဘာ ၁၅။
တစ် ကမ္ဘာလုံးတွင် အပင်၂ဝဝခန့်သာ ကျန်တော့သည်ဆိုသော မြိုင်ကြီးပင် (ဆောင်းဖိုပင်)များ ရခိုင်ပြည်နယ် တွင် အများအပြား တွေ့ရှိရပြီး အရေအတွက် များပြားလာစေရန် ဂွမြို့နယ်ရှိကျွန်းစု နှစ်ခုတွင် တိုးချဲ့ စိုက်ပျိုးထားကြောင်း ရခိုင်ကမ်းရိုး တန်း ဒေသလူနေမှုဘဝနှင့် သဘာဝ ပတ်ဝန်းကျင်တန်ဖိုး ပြန်လည်ထူ ထောင်ရေးအသင်းမှ သိရသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်ထိန်းသိမ်းရေးအဖွ
''ဒီအပင်တွေက ထင်းလည်း ကောင်းတယ်။ အရမ်းအသုံးဝင်တယ်။ လိုချင်တဲ့ အရွယ်မှာ ခုတ်ပြီးသုံး နိုင်တယ်။ ဒါကြောင့်ဒီအပင်တွေကို ခုတ်တဲ့သူများပြီး အခုတ်လွန်လို့ တောပျက်တွေ ဖြစ်ကုန်တာ။ အပင် တွေ နည်းသွားတာ။ အခုလဲ ဒေသခံ တွေနဲ့ ဝိုင်းဝန်းပြီး အရင်ကျန်တဲ့ အပင်တွေကိုလဲ ထိန်းသိမ်းသလို ပြန် ပြီးစိုက်ပျိုးထားတယ်'' ဟု အဆိုပါ အသင်းမှ တာဝန်ခံ ဦးဝင်းမောင်က ပြောသည်။
မြိုင်ကြီးပင်သည် အပင်ကြီးဒီ ရေတောမျိုးစိတ်ပင်ဖြစ်ပြီး၊
''တခြားနိုင်ငံတွေမှာ အပင်နှစ် ရာလောက်ပဲရှိတော့တဲ့ ဒီအပင်တွေ ကိုရခိုင်မှာ အများအပြား တွေ့ရ တယ်။ တနင်္သာရီမှာလဲ ရှိချင်ရှိနိုင် တယ်။ ဒါပေမဲ့ အပင်တွေဆိုတာက မူလရှိတဲ့နေရာမှာပဲ စိုက်ပျိုးလို့ ကောင်းတယ်။ ကောင်းကောင်းရှင် သန်နိုင်တယ်။ အသီးကို သတ္တဝါတွေ က အရမ်းကြိုက်တော့ အသီးရဖို့ မလွယ်သလို အပင်ပွားဖို့ ခက် တယ်'' ဟု ယင်းက ပြောသည်။
ကမ္ဘာ့ရှားပါးစာရင်းဝင် မြိုင်ကြီးပင်သည် ကမ္ဘာပေါ်တွင် လေး နိုင်ငံတွင် သာပေါက်ရောက်ပြီး စင် ကာပူနိုင်ငံတွင် သုံးပင်၊ ပါပူဝါနယူး ဂီနီတွင်ရှစ်ပင်၊ မလေးရှားနိုင်ငံတွင် ၁၈၃ပင်တို့ဖြစ်ပြီး ရခိုင်ပြည်နယ် တွင် ၂ဝဝ၆ခုနှစ်ကတည်းက ကျောက် ဖြူမြို့နယ် ဝန်ပိုက်ကြိုးဝိုင်းတွင် စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
ဒီရေတောပင်များသည် သဘာ ဝဘေးအန္တရာယ်ကို ကာကွယ်နိုင် သည့်အပြင် ဇီဝမျိုးစုံမျိုးကွဲကြွယ် ဝပြီး၊ ဆားငန်ရေ ဝင်ရောက်မှုကို တားဆီးနိုင်ကြောင်း၊ တခြားသစ် တောများထက် ကာဗွန်ဒိုင်အောက် ဆိုက် သုံးရာခိုင်နှုန်းကို စုပ်ယူထား နိုင်ကြောင်း သိရသည်။
MMA
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။