Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 29, 2014

ထောင်ကထွက်လို့ သုံးနှစ်အကြာ .....................................


Kyaw Swar Myint added 3 new photos — with Ko Nyo and 13 others.

“နိုင်ငံရေး ပွဲကြမ်းခဲ့တဲ့ကာလ တုန်းက သွားခေါ်တာတောင် မောင်းထုတ်ခဲ့သူတွေက အခုချိန်ခါမှာ လက်သီးလက်မောင်းတွေတန်းပြ၊ Facebook စာမျက်နှာမှာ ထောင်း
လမောင်းထအောင် ကြိမ်းမောင်းခြိမ်းခြောက်ကြ ၊ စာပေဟောပြောပွဲ စင်မြင့်တွေ
ပေါ်ကနေ ဟိုလိုလုပ် ၊ဒီလိုလုပ် ငါပြောသလို မလုပ်တဲ့ကောင် သောက်ခြောက် ဆိုပြီး
ဆဲရေးကြ၊ ဂျာနယ်စာမျက်နှာတွေပေါ်ကနေ နဲနဲမှားတာနဲ့ တွယ်ကြ ” ဆိုတာတွေ
ဆက်တိုက်ဆိုသလို ဖတ်ရ ၊ မြင်ရတဲ့အခါ ရေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ချရေး
လိုက်ရပါတော့တယ်။
တကယ်လို့များ နောက်တစ်ချိန် နိုင်ငံရေးမုန်တိုင်းကြီး ရိုင်းစိုင်းခက်ထန်ခဲ့ဦးမယ်
ဆိုရင် “အဲ့ဒီလူတွေနဲ့ ထောင်ဘူးဝမှာ ဆုံခွင့်ရချင်ပါသေးတယ်ဆိုတဲ့ ကိုဇာဂနာရဲ.
ထောင်ကထွက်လို့ သုံးနှစ်အကြာ .......................................
==========================================

ထောင်ကထွက်လို့ သုံးနှစ်အကြာ .......................................

၂၀၁၄ခုနှစ် အောက်တိုဘာလမှာ ကျွန်တော် ထောင်ကလွတ်ခဲ့တာ ၃နှစ်ပြည့်ပါပြီ။
နိုင်ငံရေး အကျဉ်းသားလို့ နံမည်တပ်ခံရတဲ့ ကျွန်တော်တို့ အားလုံးမှာ ပြစ်မှု ပြစ်ဒဏ်
ကြွေးကျန် ရှိနေဆဲပါ။ ဆိုပါတော့ ကျွန်တော်ဆိုရင် ထောင်ဒဏ် ၃၁နှစ်နဲ့ ၈လ
အကြွေးကျန် ရှိနေပါတယ်။ တကယ်လို့ ဘာပြဿနာပဲ ပေါ်ပေါ် (မတော်တဆ ဒေါသ
အလျှောက် ရန်ဖြစ်မိလို့ လူတစ်ယောက်ကို ရိုက်မိခဲ့ရင်တောင်) အဲ့ဒီကြွေးကျန် ၃၁
နှစ်နဲ့ ၈လ ထောင်ထဲမှာ သွားနေရမှာပါ။ တကယ်တော့ ခြေချုပ်ထက် ဆိုးတဲ့
“ပါးစပ်ချုပ် ၊ မျက်စိချုပ်၊ ဦးနှောက်ချုပ် ”နဲ့ နေနေရတာပါ။
ဒီလိုအခြေအနေထဲကနေပဲ “တတ်နိုင်သလောက်” ကျွန်တော်တို့ အလုပ်လုပ်နေ
ပါတယ်။ အဆဲခံနေပါတယ်။ ပြစ်တင်ရှုံ့ချခံနေရပါတယ်။ဒီစာစုကိုရေးရခြင်းကလဲ
၁၉၈၈ ခုနှစ်ကစလို့ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေး သမားအကြောင်း
တွေကို မှတ်တမ်းတင်ချင်လို့ပါ။ တစ်ခါ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အကြားမှာ
ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလဲ ကျွန်တော့် စိတ်ထဲ ရှိတဲ့အတိုင်း “အရင်းအတိုင်း”
ဖောက်သည်ချချင်တာပါ။ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေ သင်ခန်းစာ ရနိုင်
စေဖို့ပါပဲ ။
ဆိုပါတော့ ၂၀၀၇ ခုနှစ် သံဃအရေးတော်ပုံ (၀ါ) ရွှေဝါရောင်တော်လှန်ရေး ကာလ
တုန်းက ကျွန်တော်ပါဝင်ခဲ့ဖူးပါတယ်။ ဒီအတွက်လဲ ဖမ်းခံရ ထောင်ထဲပို့ခံခဲ့ရပါတယ်။
ဒီတုန်းက ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ဖို့ ရွှေတိဂုံ အရှေ့ဘက်က ကြေးသွန်း
ဘုရားဝင်းထဲမှာ စီစဉ်ခဲ့ရတာပါ။ အဲ့ဒီမှာ နိုင်ငံရေးပညာရှင်ကြီး တစ်ဦးပါဝင်ခဲ့ပါ
တယ် ။ သူက BBC ၊ RFA စတဲ့ ရေဒီယိုတွေကနေပြီး နိုင်ငံရေးသုံးသပ်ချက်တွေ
ကို အာပေါင်အာရင်းသန်သန် ပြောခဲ့သူပါ။ ဘုန်းကြီးတွေကို ဆွမ်းကပ်တော့
သူက စတင်စီစဉ်သူအဖြစ်ပါခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒ်ီနေ့ညဘက် ရေဒီယို အင်တာဗျူး
တစ်ခုမှာ အနုပညာရှင်တွေဦးဆောင်ပြီး ဆွမ်းကပ်တယ်လို့ပါလာခဲ့ပါရောဒါကိုသူက
တအားစိတ်ဆိုးပြီး ကျွန်တော့်ဆီကို ဖုန်းဆက်လို့ ပြစ်တင်ကြိမ်းမောင်းပါတော့တယ်။
ကျွန်တော်ပြောတာ မဟုတ်ပေမဲ့ ကျွန်တော်က တာဝန်ယူ တောင်းပန်ခဲ့ပါတယ်။
ပြီးတော့ ဒီဗီဘီကို ဖုန်းဆက်ပြီး “အဲ့ဒီနိုင်ငံရေး သုခမိန်ကြီးစီစဉ်တာပါ” လို့ ပြန်
ပြောပေးခဲ့ရဖူးပါတယ်။
ဒါပေမဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ၂၅ ရက်နေ့ ကျွန်တော် အဖမ်းခံရပြီး အင်းစိန်ထောင်
ရောက်သွားတဲ့ အခါမှာ အဲ့ဒီ သုခမိန်ကြီးနဲ့ ထောင်ဘူးဝမှာ တည့်တည့်တိုးပါလေရော။ အဲ့ဒီမှာသူက “ဘုန်းကြီးဆွမ်းကပ်တဲ့ အစီအစဉ်ကို သူဦးဆောင်တာ မဟုတ်ဘူး ” လို့ ပြောပေးပါဆိုပြီး ကျွန်တော့ကို နားပူပါတော့တယ်။ကျွန်တော်ဘယ်လောက်
မျက်နှာထားရခက်မယ်ဆိုတာ တွေးကြည့်ကြပါခင်ဗျာ ။ ဒါပေမဲ့ သူ့အလိုကျ ကျွန်တော်ပြောပေးခဲ့ရပါတယ်။ ထောင်ထဲမှာ ၁လလောက်နေပြီး ပြန်လွတ်သွား
ကတည်းက ဒီကနေ့အထိသူဟာ နိုင်ငံရေးအကြောင်းမပြောတော့သလို နိုင်ငံရေး
လောကကိုလည်း ယောင်လို့တောင် လှည့်မကြည့်တော့ပါဘူး။
ဒီတော့ “ဘယ်သူဘာလုပ်ခဲ့တယ်၊ ဘယ်တုန်းက ဘယ်လို ” ဆိုပြီး အပုပ်ချချင်ယုံ
သက်သက် ဒီဆောင်းပါးကိုရေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ “နိုင်ငံရေး ပွဲကြမ်းခဲ့တဲ့
ကာလ တုန်းက သွားခေါ်တာတောင် မောင်းထုတ်ခဲ့သူတွေက အခုချိန်ခါမှာ လက်သီးလက်မောင်းတွေတန်းပြ၊ Facebook စာမျက်နှာမှာ ထောင်းလမောင်း
ထအောင် ကြိမ်းမောင်းခြိမ်းခြောက်ကြ ၊ စာပေဟောပြောပွဲ စင်မြင့်တွေပေါ်ကနေ
ဟိုလိုလုပ် ၊ဒီလိုလုပ် ငါပြောသလို မလုပ်တဲ့ကောင် သောက်ခြောက် ဆိုပြီး ဆဲရေးကြ၊ ဂျာနယ်စာမျက်နှာတွေပေါ်ကနေ နဲနဲမှားတာနဲ့ တွယ်ကြ ” ဆိုတာတွေ ဆက်တိုက်
ဆိုသလို ဖတ်ရ ၊ မြင်ရတဲ့အခါ ရေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ပြီး ချရေးလိုက်
ရပါတော့တယ်။
တကယ်လို့များ နောက်တစ်ချိန် နိုင်ငံရေးမုန်တိုင်းကြီး ရိုင်းစိုင်းခက်ထန်ခဲ့ဦးမယ်
ဆိုရင် “အဲ့ဒီလူတွေနဲ့ ထောင်ဘူးဝမှာ ဆုံခွင့်ရချင်ပါသေးတယ်
” ကျွန်တော်ဆုတောင်းလေ့ မရှိပေမဲ့ အဲ့ဒီဆန္ဒလေးတော့ ရာနှုန်းပြည့် ရင်ထဲမှာ
ရှိနေမှာပါ ။ တကယ်လို့များ အဲ့ဒီလူတွေ ၂၀၁၀ခုနှစ် မတိုင်ခင်တုန်းက ခုခါလို သတ္တိတွေရှိကြမယ်ဆိုရင် “ပွဲသိမ်းခဲ့တာ ကြာပေါ့”။၁၉၈၈ခုနှစ်တုန်းက ကျွန်တော်ဟာ
စာပေနဲ့ အနုပညာရှင်များကော်မတီအနေတဲ့ ပါဝင်ခဲ့တာပါ။ အဲ့ဒီမှာ “ကျုပ်တို့ဘက်
က နိုင်ပြီ ”လို့ အပိုင်တွက်ပြီး ၀င်အောခဲ့ကြသူတွေ တပုံကြီးပါ။ ဒါပေမဲ့ ၁၉၈၈
စက်တင်ဘာ ၁၈ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အခါမှာတော့ အဲ့ဒီ
လူတွေ ကြက်ပျောက် ၊ ဌက်ပျောက် ကိုယ်ရောင်ဖျောက်လို့ “ရှောင်လင်” သိုင်းသမား
တွေ ဖြစ်ကုန်ကြပါလေရော။
တော်တော်ဆိုးတဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ “ထောက်လှမ်းရေး ၆
တပ်ဝင်းထဲမှာ ထုထောင်းခံရလို့ ကျွန်တော် မထနိုင်” ဖြစ်နေချိန်မှာ ထောက်လှမ်းရေး
တပ်က အရာရှိအရာခံ အကြပ်တပ်သားတွေကို ဒံပေါက်ထမင်းလာရောက်လှူဒါန်း
ခဲ့တဲ့ တက်ကြွ လှုပ်ရှားသူ အနုပညာရှင်ကြီးကို ဒီတသက်မေ့နိုင်ပါတော့ မလား ။
ထုံးစံအတိုင်း မွှေးရနံ့ ကြိုင်လျှမ်းလှတဲ့ ဒံပေါက်ရနံ့ကို ရှုရှိုက်ရင်း ထမင်း၃ရက် မစား
ရတဲ့ ကိုယ့်ဗိုက်ကိုယ် နှိပ်ရင်း လျှပ်စစ်ကျင်စက်နဲ့ တို့တာကို ဖောချင်းသောချင်း ခံခဲ့
ရတာကို မေ့နိုင်ပါတော့မလား ။ဒီလို ဒဏ်ရာ အနာတရတွေ ခါးစည်းခံခဲ့ရတဲ့ ကျွန်တော်
တို့ကို အလွယ်တကူ ခင်ဗျားတို့ ဆဲဆိုဖို့ ၊ ပြစ်တင်ချေချွတ်ဖို့ ကျွန်တော်တို့ ထောင်ထဲ ၁၁နှစ်နေခဲ့ရပါတယ် ။ တန်ပါရဲ့လား ။ဒီနေ့ ဒီအချိန်အခါထိ မဆလအစိုးရ ၊ န၀တ
အစိုးရ ၊ နအဖ အစိုးရ နဲ့ ဦးသိန်းစိန် အစိုးရတို့ဆီကနေ ဘာအခွင့်အရေးမှ ရလဲမရ ၊ ယူလဲမယူဘဲ ကိုယ်ယုံကြည်ရာ ကိုယ်လျှောက်နေသူတစ်ယောက် အတွက် ခင်ဗျားတို့
ဆဲဆို စွပ်ဆွဲနေတာတွေ လုံလောက်ကြပြီလား ။
ဒီနေ့အထိ မိသားစု အပြိုကွဲခံပြီး မင်းအစိုးရဆီက ငွေကျပ် ၁၀၀တောင် အချောင်
မယူခဲ့တဲ့ လူတစ်ယောက်ကို ခင်ဗျားတို့ ပြောချင်ရာပြော စွပ်စွဲချင်ရာ စွပ်စွဲလို့
ဝကြပြီလား ။ ခင်ဗျားတို့စွပ်စွဲသလို ကျွန်တော်တို့ အစိုးရနဲ့ တကယ် “ပင်း” ပြီဆိုရင်
ဘယ်သူတွေ နစ်နာမယ်လို့ ခင်ဗျားတို့ ထင်ကြပါသလဲ။
ကျွန်တော်ဟာ ဘာကိစ္စကိုမှ တုန့်ပြန်မရှင်းတတ်ပါဘူး ။ ကိုယ့်မူပေါ်မှာပဲ ကိုယ်ရပ်ပြီး ယုံကြည်ရာလမ်းပေါ် လျှောက်နေမှာပါ ။ ကျွန်တော်အပါအ၀င် တိုင်းပြည်အတွက်လို့ ခံယူပြီး ထောင်ထဲမှာ “ဘ၀တစ်ခုပေး ထိုးကျွေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း
များအတွက် ” ဒီစာစုကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
၂၀၁၁ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့မှာ ကျွန်တော်မြစ်ကြီးနားထောင်က လွတ်ခဲ
့ပါတယ်။ လွတ်လွတ်ချင်း ဆိုသလိုပဲ အင်တာဗျူး ၃ခုကို ဖြေခဲ့ရပေါ့။ RFA ၊ DVB နဲ့
VOA ပါ။ မြစ်ကြီးနားက ဦးနေ၀င်းရဲ့ တယ်လီဖုန်းကို ခေါ်ပြီးဗျူးတာပေါ့။ အဲ့ဒီအင်တာ
ဗျူးထဲမှာပဲ “ကျွန်တော် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အပေါ်မှာ မယုံသေးပါဘူး
စောင့်ကြည့်ရပါဦးမယ် ဘာလို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို အကုန်လွှတ်
မပေးသေးလို့ပါ ” ဆိုပြီး ဖြေခဲ့ပါတယ်။ ဒီမူပေါ်မှာ ခုထက်ထိ “ခိုင်ခိုင်မာမာ” ရပ်ပြီး
အလုပ်လုပ်နေဆဲပါ။ “နိုင်ငံရေး အကျဉ်းသားတွေ မကုန်သမျှ မယုံ ” ဆိုတာ ကျွန်တော်
့ရဲ့ စည်းမျဉ်း ဖြစ်ပါတယ်။
ဆက်ပါမည်
ဇာဂနာ
၂၆စက်တင်ဘာ၂၀၁၄
( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်အမှတ်(၃၁) ပါဆောင်းပါး )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။