ကုလသမဂ္ဂ၏ အီးစီးကရက်အစီရင်ခံစာ အဆိုးမြင်လွန်းဟု ဝေဖန်ခံရ
ကုလသမဂ္ဂအစီရင်ခံစာတွင် အီးလက်တရောနစ်စီးကရက်များ အား ဝေဖန်ဖော်ပြ ထားမှုမှာ အန္တရာယ်အား ပုံကြီးချဲ့ ထားခြင်းဖြစ် ပြီး ဆေးရွက်ကြီးကို အ စားထိုးနိုင်သည့် အီးစီးကရက် များ၏ အခန်းကဏ္ဍ အား မှေးမှိန်စေသည်ဟု ကျန်းမာရေးကျွမ်းကျင်သူများ က ပြောကြားခဲ့ သည်။
ကုလ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က အီးစီးကရက်များအား ကလေး သူငယ်များ အား ရောင်း ချခွင့်ပိတ်ပင်ရန် နိုင်ငံတကာအစိုးရများအား ဖိအားပေး တောင်းဆိုလျက် ရှိသည်။ ဆေးရွက်ကြီးထိန်း ချုပ်ရေးနှင့် ပတ်သက်၍ ယခုနှစ်အတွင်းပြုလုပ်မည့် ညီလာခံတွင် WHO ၏ အစီရင်ခံစာအား ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။
ထိုအစီရင်ခံစာတွင် အီးစီးကရက်များ အား အများပြည်သူသုံး အဆောက် အအုံများအတွင်း အသုံးပြုခွင့်ပိတ်ပင်ရန် ပါ နှိုးဆော်ထားသည်။ အစီရင်ခံစာမှာ ချို့ ယွင်းချက်များရှိပြီး ဘက်လိုက် မှုရှိသည့် WHO အမြင်ပေါ် တွင် အခြေခံထားခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူ များကဆိုသည်။
လန်ဒန်ဘုရင့်ကောလိပ်မှ ပါမောက္ခအန်းမက်နေးလ်က “ကော်မရှင်ရဲ့ အဆိုးမြင်မှုကို အံ့သြ မိပါတယ်။ လက်ရှိအထောက်အထားတွေ ကို ကိုယ်စားမပြုဘဲ လမ်းကြောင်းလွဲ သွားစေနိုင် ပါတယ်။ အီးစီးကရက် တွေဟာ အသစ်ပေါ်လာတဲ့အရာဖြစ် ပြီး ကျန်းမာရေး အပေါ် ရေရှည် သက်ရောက်မှုကို မသိရသေးပါဘူး။ ဒါပေမဲ့ တစ်နှစ်ကို လူ ၆ သန်းလောက် အသက်ဆုံးရှုံးစေ တဲ့ ပုံမှန်စီးကရက်တွေထက် အန္တရာယ်ကင်းတာတော့ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။
အီးစီးကရက်များသည် နီကိုတင်း နှင့် အခြား အရသာများ ထည့်သွင်း ထားသည့် ပရိုပိုင်လင်း ဂလိုင်ကော့လ် အရည်အား အပူပေး အငွေ့ပျံစေပြီး ထိုအငွေ့အား ရှူရှိုက်ရသည့် လျှပ်စစ် ကိရိယာစီးကရက်မှာ မီးခိုးငွေ့ထွက် ရှိခြင်းမရှိဘဲ ရေ ငွေ့သာထွက်ရှိသည်။ အီးစီးကရက် အား ထောက်ခံသူများ က ဆေးရွက်ကြီး အစားထိုး ဖြစ်စေပြီး ကင်ဆာ၊ နှလုံးရောဂါ ၊ လေဖြတ်ခြင်းနှင့် အခြားကျန်းမာရေး ပြဿနာများဖြစ်ပေါ်စေသော ဆေးလိပ်တွင် ပါဝင်သည့် အဆိပ်သင့် ဓာတုပစ္စည်းများစွာ၏ ဘေးအန္တရယ်မှ ကင်းဝေးစေသည် ဟုဆိုသည်။
အီးစီးကရက်များသည် သာမန် စီးကရက်များထက် အဆိပ်သင့်မှုနည်းပါးသည် ဟု WHO က အသိအမှတ် ပြုသော်လည်း သုတေသနများထပ် မံပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသည်။
အီးစီးကရက်များတွင် ချိုသော အရသာရှိသည့် နီကိုတင်းအရည်များ ထည့်သွင်းခြင်းက ငယ်ရွယ်သူများကို သောက်သုံးမိစေရန် ပိုမိုဆွဲဆောင် ပြီး နီကိုတင်းစွဲသူဖြစ်လာစေမည့် တံခါးပေါက်ဖြစ်သည်ဟု ဝေဖန်ထားသည်။
KHTun
The Ladies News Journal
ကုလသမဂ္ဂအစီရင်ခံစာတွင် အီးလက်တရောနစ်စီးကရက်များ အား ဝေဖန်ဖော်ပြ ထားမှုမှာ အန္တရာယ်အား ပုံကြီးချဲ့ ထားခြင်းဖြစ် ပြီး ဆေးရွက်ကြီးကို အ စားထိုးနိုင်သည့် အီးစီးကရက် များ၏ အခန်းကဏ္ဍ အား မှေးမှိန်စေသည်ဟု ကျန်းမာရေးကျွမ်းကျင်သူများ
ကုလ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က အီးစီးကရက်များအား ကလေး သူငယ်များ အား ရောင်း ချခွင့်ပိတ်ပင်ရန် နိုင်ငံတကာအစိုးရများအား ဖိအားပေး တောင်းဆိုလျက် ရှိသည်။ ဆေးရွက်ကြီးထိန်း ချုပ်ရေးနှင့် ပတ်သက်၍ ယခုနှစ်အတွင်းပြုလုပ်မည့် ညီလာခံတွင် WHO ၏ အစီရင်ခံစာအား ထည့်သွင်းဆွေးနွေးမည်ဖြစ်သည
ထိုအစီရင်ခံစာတွင် အီးစီးကရက်များ အား အများပြည်သူသုံး အဆောက် အအုံများအတွင်း အသုံးပြုခွင့်ပိတ်ပင်ရန် ပါ နှိုးဆော်ထားသည်။ အစီရင်ခံစာမှာ ချို့ ယွင်းချက်များရှိပြီး ဘက်လိုက် မှုရှိသည့် WHO အမြင်ပေါ် တွင် အခြေခံထားခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူ များကဆိုသည်။
လန်ဒန်ဘုရင့်ကောလိပ်မှ ပါမောက္ခအန်းမက်နေးလ်က “ကော်မရှင်ရဲ့ အဆိုးမြင်မှုကို အံ့သြ မိပါတယ်။ လက်ရှိအထောက်အထားတွေ ကို ကိုယ်စားမပြုဘဲ လမ်းကြောင်းလွဲ သွားစေနိုင် ပါတယ်။ အီးစီးကရက် တွေဟာ အသစ်ပေါ်လာတဲ့အရာဖြစ် ပြီး ကျန်းမာရေး အပေါ် ရေရှည် သက်ရောက်မှုကို မသိရသေးပါဘူး။ ဒါပေမဲ့ တစ်နှစ်ကို လူ ၆ သန်းလောက် အသက်ဆုံးရှုံးစေ တဲ့ ပုံမှန်စီးကရက်တွေထက် အန္တရာယ်ကင်းတာတော့ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။
အီးစီးကရက်များသည် နီကိုတင်း နှင့် အခြား အရသာများ ထည့်သွင်း ထားသည့် ပရိုပိုင်လင်း ဂလိုင်ကော့လ် အရည်အား အပူပေး အငွေ့ပျံစေပြီး ထိုအငွေ့အား ရှူရှိုက်ရသည့် လျှပ်စစ် ကိရိယာစီးကရက်မှာ မီးခိုးငွေ့ထွက် ရှိခြင်းမရှိဘဲ ရေ ငွေ့သာထွက်ရှိသည်။ အီးစီးကရက် အား ထောက်ခံသူများ က ဆေးရွက်ကြီး အစားထိုး ဖြစ်စေပြီး ကင်ဆာ၊ နှလုံးရောဂါ ၊ လေဖြတ်ခြင်းနှင့် အခြားကျန်းမာရေး ပြဿနာများဖြစ်ပေါ်စေသော ဆေးလိပ်တွင် ပါဝင်သည့် အဆိပ်သင့် ဓာတုပစ္စည်းများစွာ၏ ဘေးအန္တရယ်မှ ကင်းဝေးစေသည် ဟုဆိုသည်။
အီးစီးကရက်များသည် သာမန် စီးကရက်များထက် အဆိပ်သင့်မှုနည်းပါးသည် ဟု WHO က အသိအမှတ် ပြုသော်လည်း သုတေသနများထပ် မံပြုလုပ်ရန် လိုအပ်သည်ဟု ဆိုသည်။
အီးစီးကရက်များတွင် ချိုသော အရသာရှိသည့် နီကိုတင်းအရည်များ ထည့်သွင်းခြင်းက ငယ်ရွယ်သူများကို သောက်သုံးမိစေရန် ပိုမိုဆွဲဆောင် ပြီး နီကိုတင်းစွဲသူဖြစ်လာစေမည့်
KHTun
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။