ဦးရဲထွဋ်နဲ့ Eleven Media ပွဲက ကြည့်ကောင်းပြီ!!
ဦးရဲထွဋ်က သူ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ချေပချက်ကို Eleven ဘက်က ချက်ချင်းတုန့်ပြန်ချက်တွေက အချက်ကျကျနဲ့ ဟာကွက်မရှိ ထောက်ပြသွားပါတယ်…
ဦးရဲထွဋ်ရဲ့ " Eleven မှာ ဘယ်သူတွေအစုရှယ်ယာပိုင်သလဲ… နေ့စဉ်အရှုံးခံပြီး ထုတ်နိုင်အောင် ဘယ်လိုများရပ်တည်နေသလဲ" ဆိုတဲ့ပြောပေါက် ဆိုပေါက်က ဒေါက်တာဆိတ်ဖွားအရေးအသားနဲ့ တော်တော်လေးတူနေတယ်လို့ Eleven က ဖွင့်ချတယ်…
နောက်တခု ပြန်ကြားရေးကဝယ်တဲ့ ပုံနှိပ်စက်နဲ့ Printer စက်တွေရဲ့ ဝယ်ယူတဲ့ဈေးနှုန်းဟာ Eleven က ဝယ်တဲ့ စက်တွေနဲ့ ဈေးနှုန်း ထက်ဝက်ကျော်လောက်ကွာဟနေတာကို ပြန်ပြီး ဖွင့်ချထားပြန်တယ်…
ဦးရဲထွဋ်တို့ ဒီတစ်ချီတော့ အထိနာရင်နာ မဟုတ်ရင်
ဒေါက်တာဆိတ်ဖွားအရှုပ်တော်ပုံက တစ်ပတ်ပြန်လည်လာနိုင်တယ်…
ဒေါက်တာဆိတ်ဖွားအရှုပ်တော်ပုံက တစ်ပတ်ပြန်လည်လာနိုင်တယ်…
Eleven ကတော့ ဒီကိစ္စတွေရှင်းပြီးမှ သူတို့မီဒီယာကို တရားစွဲပါတဲ့!
ဦးရဲထွဋ်ရေ ကိုယ်စိုက်ပျိုးတဲ့အပင် ကိုယ်ပဲရိတ်သိမ်းရမှာပဲ…
ပိုင်ဆိုင်မှုတွေ ချမပြရဲဘူးဆိုရင် အဲ့ဒီအရှုပ်တွေကို ရှင်းပေတော့!!
ဦးရဲထွဋ်ရေ ကိုယ်စိုက်ပျိုးတဲ့အပင် ကိုယ်ပဲရိတ်သိမ်းရမှာပဲ…
ပိုင်ဆိုင်မှုတွေ ချမပြရဲဘူးဆိုရင် အဲ့ဒီအရှုပ်တွေကို ရှင်းပေတော့!!
ဦးရဲထွဋ်ဘက်က ဖာမဲ့သူမရှိဘူး…
ဖာလေ ဖော်လေ ဖြစ်နေမှာ……
ဖာလေ ဖော်လေ ဖြစ်နေမှာ……
-
သက်နှင်း သုန္ဒရီ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။