Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 18, 2014

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)


ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)
________________

(၇) ဘုရားကျောင်း

၁၉၃၆ခုနှစ် နွေဦးရာသီမှာ Mrs Simpson က သူ့ခင်ပွန်းဆီ စာတစ်စောင်ရေးခဲ့တယ်။

“ချစ်ရသော Ernest… ကျွန်မအပေါ် ရှင်အမြဲကြင်နာခဲ့ပါတယ်။ ရှင်ဟာ စိတ်သဘောထားကောင်းပြီး သန်မာထက်မြက်သူတစ်ဦးပါ။ ဒါပေမယ့် ရှင်ကို မပြောမဖြစ် ပြောရဦးမယ်။ ကျွန်မတို့ရဲ့အိမ်ထောင်ရေး ဆုံးခန်းတိုင်ပါပြီ။ ဘုရင်ကို ကျွန်မချစ်မိသွားခဲ့လို့ ရှင်နဲ့ကျွန်မကွာရှင်းချင်ပါတယ်။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ရှင်ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ရှင့်ကို ကျွန်မတစ်သက်မမေ့ပါဘူး။ ဒါပေမယ့် လွတ်လပ်ခွင့်ကို ကျွန်မရယူပါတော့မယ်။”

Ernest က ချက်ချင်းစာပြန်ခဲ့တယ်။

“မင်းရဲ့စာကို ဒီမနက်မှာရတယ်။ မင်းတောင်းဆိုတာတွေကို ငါလိုက်လျောပါတယ်။ ဒါပေမယ့် မင်းအပေါ်ချစ်တဲ့ ကိုယ့်အချစ်ကတော့ ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ပါဘူး။ တကယ်လို့ မင်း ကိုယ့်ကိုလိုအပ်တဲ့အခါတိုင်း မင်းကို ကိုယ်အချိန်မရွေးကူညီမှာပါ။

အဲဒီနေ့ညက ဘုရင်နဲ့ Wallisတို့ Piccadilly မှာရှိတဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ တွေ့ဆုံခဲ့ကြတယ်။ Edward က Ernest ရဲ့စာကို တစ်ခေါက်ပြီးတစ်ခေါက်ဖတ်တယ်။ “ဒါ သိပ်ကောင်းတဲ့သတင်းပဲ”လို့ သူပြောတယ်။ “အခုအချိန်မှာ ဘယ်အရာကမှ ငါတို့ကို တားဆီးလို့မရတော့ဘူး”။

နောက်တစ်နေ့မနက် Edward အောက်ထပ်ဆင်းပြီး မနက်စာသုံးဆောင်ချိန်မှာ Canterburyဘုရားကျောင်းက ဂိုဏ်းချုပ်ကြီး Gordon Lang က သူ့ကိုစောင့်နေတာကို တွေ့လိုက်တယ်။

“ကောင်းသော မနက်ခင်းပါ… Gordon.. ခင်ဗျားကို ထပ်တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်ဘာများ လုပ်ဆောင်ပေးဖို့ရှိပါသလဲ” လို့ ဘုရင်ကမေးတယ်။

ဂိုဏ်းချုပ်ကြီး ခဏလောက် နှုတ်ဆိတ်နေတယ်။ အဲဒီနောက် အိတ်မည်းလေးတစ်လုံးကိုဖွင့်ပြီး အထဲကနေ သတင်းစာသုံးစောင်ကို ထုတ်လိုက်တယ်။

“အရှင်ကို အကျွန်ုပ်လာတွေ့တာဟာ Mrs Wallis Simpson ရဲ့ကိစ္စကြောင့်ပါ။ အရှင် သူ့ကိုလက်ထပ်မယ်လို့ သတင်းစာမှာ ပြောထားပါတယ်။ အဲဒါတကယ်လား .. အရှင်” လို့ သူစကားစပြောပါတယ်။

“ဟုတ်တယ်.. Gordon .. Wallis ကို ကျွန်တော်လက်ထပ်ယူမယ်”

“ဒါဟာ မဖြစ်နိုင်ဘူး။ လက်ထပ်၊ ကွာရှင်းတဲ့ကိစ္စအပေါ် ဘုရားကျောင်းရဲ့အမြင်ကိုလည်း အရှင်သိပါတယ်။ ဘုရားသခင်ရဲ့အကြည့်ထဲမှာ ကွာရှင်းတယ်ဆိုတာ အမှားတစ်ခုပါ” ဂိုဏ်းချုပ်ကြီးက ဆိုတယ်။

Edward ပြုံးလိုက်ပါတယ်။ အဲဒီနောက် “ခင်ဗျားကို ဘုရားသခင်နဲ့ပတ်သက်တဲ့မေးခွန်းတချို့ ကျွန်တော်မေးလို့ရမလား Mr Lang”

“ဟုတ်ကဲ့.. မေးလို့ရတာပေါ့ အရှင်”

“လူနှစ်ယောက် ချစ်ကြိုက်တဲ့အခါ ဘုရားသခင် ဝမ်းသာပါသလား”

“ဝမ်းသာပါတယ်.. အရှင်.. ဒါပေမယ့်…”

“လူနှစ်ယောက်ချစ်ကြိုက်ပြီး လက်ထပ်ကြရင် ဘုရားသခင် ဝမ်းသာပါသလား”

“ဝမ်းသာပါတယ်.. အရှင်.. ဒါပေမယ့်…”

“လူနှစ်ယောက် ချစ်ကြိုက်တယ်၊ လက်ထပ်တယ်၊ အတူတကွ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတယ်ဆိုရင် ဘုရားသခင် ဝမ်းသာတယ်မဟုတ်လား”

“ဝမ်းသာပါတယ်.. အရှင်.. ဒါပေမယ့်…”

“ဒီလိုဆိုရင် ဂိုဏ်းချုပ်ကြီး… Wallis နဲ့ ကျွန်တော်ကလည်း ဘုရားသခင်ကို အလွန်ပျော်ရွှင်စေမှာပါ။ ကျွန်တော်တို့ ချစ်ကြိုက်ကြတယ်၊ ကျွန်တော်တို့လက်ထပ်ကြမယ်၊ ကျွန်တော်တို့ အတူတကွ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြမှာပါ”

“ဒါပေမယ့် အရှင် နားမလည်ဘူး.. အရှင်… ကွာရှင်းတာဟာ အမှားတစ်ခုလို့ ဘုရားကျောင်းကထင်တယ်။ Mrs Simpsonက Mr Simpsonကို ကွာရှင်းပြီး အရှင်နဲ့ လက်ထပ်လို့မရပါဘူး။ သူ့ကို အရှင်မေ့ပစ်ပြီး အခြားမိန်းကလေးတစ်ယောက်ကို ရှာရပါမယ်.. အရှင်။ သေသေချာချာ ထပ်စဉ်းစားပါလို့ တောင်းဆိုပါတယ်။”

“ဒါ မဖြစ်နိုင်ပါဘူး… Wallis ကွာရှင်းပြီးတာနဲ့ သူ့ကို ကျွန်တော်လက်ထပ်မယ်” Edward က ညင်ညင်သာသာဆိုပါတယ်။

အကြာကြီး တိတ်ဆိတ်သွားခဲ့တယ်။ ဂိုဏ်းချုပ်ကြီးက
ခေါင်းငုံပြီးကြမ်းပြင်ကိုကြည့်ရင်း ခေါင်းခါပါတယ်။

“အမှားကြီးတစ်ခုကို အရှင်ကျူးလွန်နေပါတယ်.. အရှင်။ ဘုရားကျောင်းက တောင့်တင်းအင်အားရှိပါတယ်။ ဒီအမျိုးသမီးကို အကျွန်ုပ်တို့ရဲ့ မိဖုရားအဖြစ်မခံပါဘူး”လို့ ဂိုဏ်းချုပ်ကြီးက ပြောတယ်။

Edward ဆတ်ခနဲထရပ်လိုက်တယ်။ သူ့မျက်နှာ နီမြန်းပြီး
ဒေါသနဲ့ပြည့်နေပါတယ်။

“အရောက်လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြောစရာစကားမရှိတော့ပါဘူး။ ကျွန်တော်တစ်ယောက်တည်းပဲ နေချင်တယ်”လို့ သူပြောပါတယ်။

ဂိုဏ်းချုပ်ကြီးထပ်ရပ်ပြီး ထခွာဖို့ပြင်တယ်။ ဒါပေမယ့် နောက်ပြန်လှည့်ပြီး ဘုရင်ရဲ့ပခုံးကို ပုတ်လိုက်ပါတယ်။

“အရှင်… ကျေးဇူးပြုပြီး သေချာစဉ်းစားပါ။ ဘုရားကျောင်းက အရှင်ကို ဆန့်ကျင်ပါလိမ့်မယ်”

“ကျွန်တော် ဂရုမစိုက်ဘူး။ ဘုရားသခင်က ကျွန်တော့်ဖက်မှာ ရပ်တည်လိမ့်မယ်။ အဲဒီအပြင် တခြားဘာမှ ကျွန်တော်မလိုဘူး။ ဂွတ်ဘိုင်… Mr Lang”

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 18. 2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။