ဂျပန်မှာ ယာကူဇာ ၊ မြန်မာမှာ ........................
ဥပဒေကို ကိုယ်တိုင်ရေးဆွဲ နေခြင်းလား
အခကြေးငွေယူ လူမိုက်အဖွဲ့ ခေါင်းဆောင် တစ်ဦးနှင့် တွေ့ဆုံခြင်း
========================== ====================
ကြေးစား လူသတ်တယ်တို့၊ ကြေးစား လုပ်တယ်တို့၊ ကြေးစား အကြွေး တောင်းတယ်
တို့က ဘယ်လို မျိုးလဲ။
ကြေးစားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အဖွဲ့ရှိတယ်။ အဲဒီ အဖွဲ့နဲ့ အတိုးနဲ့ ပိုက်ဆံ ချေးထားလို့ တရားဥပဒေ ဘောင်ထဲ မ၀င်ရင် ကျွန်တော် တို့က ရမယ့် ပိုက်ဆံ
ရဲ့ သုံးပုံတစ်ပုံကို ယူမယ် ပြောပြီး ကိုယ်စား ရအောင် တောင်းပေးမှ ရမယ့် သဘော
ပေါ့။ ကြားခံ ကိုယ်စားလှယ်ပါ။
တောင်းတဲ့ အခါ ဘယ်လိုနည်းမျိုး သုံးပြီး တောင်းလဲ။ရှင်းပါတယ်။ ကျွန်တော်တို့က
ပိုက်ဆံ ပေးရမယ့် လူကို ချိန်းတယ်။ ဘယ်နေ့ နောက်ဆုံး ပေးမလဲ မေးတယ်။ ဥပမာ
သူက လကုန်အထိ စောင့်ပေးတယ်။ လက်ဖျားနဲ့တောင် မတို့ဘူး။ ဒါပေမဲ့ လကုန်
ရောက်မှ ပြန်တွေ့ပြီး အကျိုးအကြောင်း ပြောပေါ့၊ ပေးနိုင်တယ်။ မပေးနိုင်ဘူး။ မဟုတ်
ဘဲနဲ့ လကုန်လို့ ပြန်ချိန်းထားတာ မလာလို့ ကတော့ သူ့ကို ပြောပြထား ပြီးသား။
တစ်နိုင်ငံလုံး ငါတို့ လူချည်းပဲ၊ ကြိုက်သလောက် ပြေး။ မိရင် ပွဲအပြီး ပဲလေ။
တကယ်လို့ ကတိ မတည်ပေမယ့် ချိန်းထားတဲ့ ရက်မှာ ရှောင်မနေဘဲ လာတွေ့မယ်
ဆိုရင်ရော။အဲဒါက ရတယ်လေ။ ဘာမှ မဖြစ်ဘူး။ ပထမ အကြိမ် ချွတ်ချော် မပေးနိုင်၊ ကတိမတည် တာကို ခွင့်လွှတ်တယ်။ ဒါပေမဲ့ ဒုတိယ အကြိမ်မှ မပေးရင်တော့
လက်သန်းကို တစ်ဆစ်ချင်း၊ ဖြတ်မှာ။ နောက်ထပ် ကတိ မတည်ရင် လူပါ ဒုက္ခိတ
ဖြစ်သွားအောင် လုပ်လို့ ရတယ်။
အဲဒီလိုတွေ လုပ်တော့ တရားဥပဒေ ကရော ဘယ်လို ရှောင်တိမ်းလဲ။
ကျွန်တော်တို့ သိန်း၉၀ကို အကြွေးတောင်း ပေးတယ်။ သုံးပုံတစ်ပုံ ဖြစ်တဲ့ သိန်း ၃၀ကို
ကျွန်တော် ယူတယ်။ ဟိုလူ ဘာပဲ ဖြစ်ဖြစ် အကြွေးရှင်နဲ့ မဆိုင်ဘူး။ ရဲကဖမ်းလဲ
ကျွန်တော်တို့ပဲ။ ဘာနာမည် မှကို မတပ်တာ။ စပြီး တောင်းကတည်းက “မင်းသူများ ပိုက်ဆံ တွေက သိန်းတစ်ရာလောက် ယူစားတယ်။ အေး ငါတို့ ကိုလဲ သိန်းတစ်ရာ
လောက် ပြန်ရှာပေး” ဆိုပြီး စတောင်း တာပဲ။ ပြေးရင်လည်း တစ်နိုင်ငံလုံးမှာ ကျွန်တော်
တို့ လူချည်းပဲ။ သူပဲ သေမှာပဲ။ မပြေးလည်း မပြေးရဲ ဘူးလေ။
ခုချိန်ထိ ဘယ်နှစ်ခုလောက် လုပ်ပြီး သွားပြီး တရား ဥပဒေရဲ့ စီရင်မှုရော ဘယ်လောက်
ခံခဲ့ရ ပြီးပြီလဲ။
အဲဒါတော့ ပြောလို့ မရဘူး။
ဘယ်အချိန်အထိ ဒီအလုပ်ကို ဆက်လုပ် သွားမှာလဲ။
ကျွန်တော့်မှာ အသက်မွေးဝမ်းကျောင်း အလုပ် ရှိပါတယ်။ ဒီဟာက တရားဥပဒေ ပြင်ပ
က ဆုံးမချင်တဲ့ လူတွေ၊ မတရားဘူးလို့ ထင်တဲ့ လူတွေ အတွက် တပည့်ပေါင်း
အများကြီးနဲ့ အဖွဲ့လုပ် ထားတာပါ။ ဥပမာ - ညီမ တစ်ယောက်ကို Rape လုပ်တယ်။
အဲဒါကို အစ်ကို ဖြစ်သူက ရဲတိုင်တယ်။ ရဲက သက်သေ မခိုင်လုံလို့ လွှတ်လိုက်တယ်။ ထားပါတော့။ သူ့အစ်ကိုက မကျေနပ်လို့ အလုပ် လာအပ်တယ်။ ကျွန်တော်တို့
ကတော့ အဲဒီ Case သေချာပြီလား အရင် စုံစမ်းတယ်။ သေချာပြီ ဆိုလို့ကတော့
သူနောက် တစ်ခါ အဲဒီလို အမှုမျိုး လုံးဝ မကျူးလွန် နိုင်အောင် လုပ်လိုက်တာ။
တခြား ဘာအမှုတွေ လိုက်လုပ်သေးလဲ။
တစ်က မတရားတာတွေ လိုက်လုပ် ပေးတယ်။ နှစ်က အကြွေးတောင်း ပေးတယ်။ သုံးက စော်ကားမှုတွေ ရပ်သွားအောင် ကာဗာလုပ် ပေးတယ်။ ဒါပါပဲ။ တကယ်လို
့များ တစ်ခုခုကြောင့် တစ်ယောက်ယောက် သိသွားခဲ့ရင် တောင်မှ ကျွန်တော်တို့ပဲ
တာဝန်ခံ တာပါ။ ဘယ်သူမှ မသိစေ ရဘူး။ သိက္ခာလဲ မကျစေရဘူး။ အမှုလည်း
မပတ်စေ ရဘူး။ တစ်ခုရှိ တာက ကျွန်တော်တို့က ချောင်းမရိုက်ဘူး။ ပေါ်တင် စိန်ခေါ်
ပြီး လုပ်တာဆိုတော့ လန့်ကြတာလဲ ပါတာပေါ့။ ဘယ်တော့မှ နိုင့်ထက် စီးနင်း
မလုပ်ဘူး။ အရင် အချိန် တောင်းတယ် မရဘူးလား။ ဒုတိယ အချိန် ထပ်တောင်း
တယ်။ အဲဒါမှ မရရင် လက်သန်းကို တစ်ဆစ်ချင်းစီ ဖြတ်တာတို့၊ မျက်နှာကို ဓားနဲ့
မွှမ်းတာတို့၊ လျှာဖြတ်တာ တို့လို အဆင့်လိုက် တန်ရာတန်ကြေး ပြန်ယူ တာပဲ။
အဖွဲ့ဆိုလို့လေ ဘယ်နှစ်ယောက်များ ရှိတာလဲ။
ဖြေလို့ မရပါဘူး။ လက်ယားပြီး လုပ်ချင်နေတဲ့ သူတွေရော၊ လုပ်ငန်းကြီး လုပ်နေတဲ့
လူတွေရော၊ အားလုံး လူစုံ ပါပါတယ်။ ရတဲ့ ပိုက်ဆံကိုလဲ လှူကြတာက များပါတယ်။
သေချာ တာကတော့ ကျွန်တော်တို့ အဖွဲ့ထဲမှာ ပိုက်ဆံလိုလို့ လုပ်နေတဲ့သူ
တစ်ယောက်မှ မပါတာပါပဲ။ ကျွန်တော်တို့က လူလဲ မသတ်ပါဘူး။ ဆုံးမတဲ့ သဘော
လောက်ပါ။
တခြား ဘာများထပ်ဖြည့် ပြောချင်လဲ။
ဂျာနယ်ထဲ ထည့်မှာ ဆိုတော့ ကျွန်တော့် ဖုန်းနံပါတ်တော့ မပေးလိုက်တော့ ပါဘူး။
ဒါပေမဲ့ ကလပ်တွေ၊ KTV တွေမှာ ကျွန်တော်တို့ အဖွဲ့လူတွေကို ငှားကြတာ များ
ပါတယ်။ နည်းနည်း အဟန့်ပေါ့။
ဟုတ်ကဲ့။ အခုလို အချိန်ပေး ဖြေကြား ပေးတာ ကျေးဇူးတင် ပါတယ်။
သတင်းဓါတ်ပုံ- ပြုံးမို့မို့ဇင် (မဇ္ဈိမ ဂျာနယ်)
ဥပဒေကို ကိုယ်တိုင်ရေးဆွဲ နေခြင်းလား
အခကြေးငွေယူ လူမိုက်အဖွဲ့ ခေါင်းဆောင် တစ်ဦးနှင့် တွေ့ဆုံခြင်း
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။