ပဲခူးမြို့သာယာကုန်း ကျေးရွာအုပ်စုမှ ကျေးရွာတောင်သူလယ်သမားများပိုင် လယ်ယာမြေ ဧက (၅၈၀၀) ကျော်ကို သိမ်းဆည်းထားပြီးနောက်၊ သုံးမိုင်နီးပါး ရှည်လျှားတဲ့ အုတ်တံတိုင်းသံဆူး စည်းရိုးတွေနဲ့ ကာရံလိုက်သဖြင့် ကျေးရွာသူကျေးရွာသားများ အလွန်ဒုက္ခရောက်နေပါတယ်။ ရွာအ၀င်အထွက် လမ်းများအားလုံးကို အုတ်တံတိုင်း သံဆူးစည်းရိုးများဖြင့် ပိတ်ဆို့လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့် ကလေးငယ်များသာမက၊ ကျောင်းသူကျောင်းသားများပါ အုတ်တံတိုင်း သံဆူးစည်းရိုးကို ၀ါးလှေကားဖြင့် အသက်နှင့်ရင်းပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်သွားလာနေရပါတယ်။
အဆိုပါ ၀ါးလှေကားလေးကိုပင် မကြာခန လာရောက် ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိပြီး မြေမြုတ်မိုင်းထောင်ထားမယ်လို့လည်း ပြောဆိုနေပါတယ်။
သာယာကုန်းကျေးရွာက ကျောင်းသားငယ်လေးတွေဟာ အဆိုပါ အုတ်တံတိုင်း သံဆူးစည်းရိုး များကို အသက်နဲ့ရင်းပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့်အပြင်၊ နှစ်မိုင်နီးပါးဝေးသော
မူလတန်းကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍ နေ့စဉ်ကျောင်းတက်နေရပါတယ်။
(ဒီအုတ်တံတိုင်းကို ဒီလိုမကျော်ဖြတ်စေချင်ပါက သူတို့ရွာမှာ စာသင်ကျောင်းဆောက်ပေးပါလို့ တောင်းဆိုပါရစေ... )
ဓါတ်ပုံ စုစုနွေး
#myanmar #ilovemyanmar #children
အဆိုပါ ၀ါးလှေကားလေးကိုပင် မကြာခန လာရောက် ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိပြီး မြေမြုတ်မိုင်းထောင်ထားမယ်လ
သာယာကုန်းကျေးရွာက ကျောင်းသားငယ်လေးတွေဟာ အဆိုပါ အုတ်တံတိုင်း သံဆူးစည်းရိုး များကို အသက်နဲ့ရင်းပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့်အပြင်၊ နှစ်မိုင်နီးပါးဝေးသော
မူလတန်းကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍ နေ့စဉ်ကျောင်းတက်နေရပါတယ်။
(ဒီအုတ်တံတိုင်းကို ဒီလိုမကျော်ဖြတ်စေချင်ပါက သူတို့ရွာမှာ စာသင်ကျောင်းဆောက်ပေးပါလို့
ဓါတ်ပုံ စုစုနွေး
#myanmar #ilovemyanmar #children
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။