Korn တို့ရဲ့ ပထမဦးဆုံးသော အယ်လ်ဘန် အနှစ် (၂၀) ပြည့်ခြင်း
---------------
အောက်တိုဘာ (၁၁) ရက်၊ ၁၉၉၄ ဆိုတာ ခင်များအတွက် ဘာတွေထူးခြားခဲ့လဲ ကျွန်တော်မသိပါဘူး။ ဂီတလောကကြီးကို ကြီးမားခန့်ညားတဲ့အပြောင်းအ လဲတခုကို Korn အဖွဲ့က သယ်ဆောင်လာခဲ့တယ်။ ဖွင့်ဖွင့်ချင်းမှကြားလိုက် ရတဲ့သီချင်းကတော့ Blind ဖြစ်ပါတယ်။ ဂစ်တာသမား ၂ ယောက်ဖြစ်တဲ့ James နဲ့ Brian တို့ရဲ့ ဂစ်တာသံမတိုးမကျယ်ကလေးနဲ့ စတင်ပြီး အဆိုတော် ဂျွန်နသန်က အော်ဟစ်ပြီး သတိပေးတယ်။ Are you ready? တဲ့။ ဘာကို ရယ်ဒီဖြစ်ပြီလဲလို့ မေးသလဲဆိုတာကို ဒီအယ်လ်ဘန်ကို သေချာနားထောင်ဖူးတဲ့သူမှ သိမယ်။ တကယ်တော့ ဒီအယ်လ်ဘန်ဟာ နောင်လာနောက်သားတွေအတွက် Nu Metal မျိုးစေ့ကို ဂီတလောကထဲမှာ စနစ်တကျချပေးခဲ့တယ်။
အယ်လ်ဘန်ကာဗာကို သေချာကြည့်ရင်တော့ အယ်လ်ဘန်ထဲမှာ ပါတဲ့ သီချင်းတွေအကြောင်းကို ရိပ်မိကောင်း ရိပ်မိနိုင်တယ်။ ဒန်းစီးနေတဲ့ကလေးလေးတယောက်နားမှာ အရိပ်မဲကြီးတခုကျနေတယ်။ အရိပ်မဲကြီးကိုင်ထားတာက (ညာဖက်လက်နဲ့) လက်အတုကြီး။ သံနဲ့ပြုလုပ်ထားဟန်တူတဲ့ ချိတိကြီး။ ကလေးလေးက နေရောင်စူးပြီး သေချာမမြင်ရတော့ မျက်လုံးကို ကာပြီးကြိုးစားကြည့်နေတယ်။ သူ့အသက်အတွက် စိုးရိမ်မှုအတိုင်းအတာကို မသိနိုင်ဘူး။
ကယ်လီဖိုးနီးယားအခြေစိုက်တဲ့  Korn တို့ဟာ ဒီအခွေသွင်းတဲ့အချိန်မှာ ဂီတသမားအတော်များများက multiple စနစ်နဲ့ထပ်ကာထပ်ကသွင်းကြတဲ့ အချိန်ပေါ့။ သူတို့က ဒီအခွေသွင်းတာ အတီးတွေကို တပြိုင်နက်တီးပြီးသွင်းကြတယ်။ သဘာဝပိုကျတဲ့အသံတခုလိုချင်လို့ပါ။ နောက်ပြီးတော့ ထုတ်လုပ်သူရွေးတော့လဲ ထုတ်လုပ်မှုအတွေ့အကြုံမရှိတဲ့  Ross Robinson ကိုရွေးချယ်ခဲ့တယ်။ ဂီတလောကကြီးထဲမှာရှိပြီးဖြစ်တဲ့အသံတွေပါမှာစိုးလို့ပါ။
အယ်လ်ဘန်ထဲမှာ အရေးအတော်ကြီးတာကတော့ ဂစ်တာသံတွေပါပဲ။ Ibanez တံဆိပ်ကို စွဲစွဲမြဲမြဲသုံးလေ့ရှိတဲ့ ဂစ်တာသမား ၂ ယောက်ဟာ (၇) ကြိုးတပ်ဂစ်တာတွေနဲ့ ဒီအယ်လ်ဘန်ကိုတီးခပ်ခဲ့တယ်။ ကြိုးညှိတာကတော့ one step ချထားတာဆိုတော့ အသံက (အဲဒီတုန်းက) အတော်လေးထူးခြားတယ်။ Ibanez ဆရာကြီး Steve Vai ကြီးကိုယ်တိုင်မကြားဖူးတဲ့ ဂစ်တာသံတွေကို ဒီအခွေမှာ ကြားနိုင်ပါတယ်။ ဗိုင်းကိုယ်တိုင်က အင်တာဗျူးတခုမှာပြောဖူးတယ်။ ရုတ်တရက်ဆိုတော့ ဘယ်လိုဂစ်တာသံကြီးပါလိမ့်ဆိုပြီး မောင်းလက်စကားကို လမ်းဘေးထိုးရပ်ပြီး သေချာနားထောင်ဖူးတယ်။
ခေတ်တခုကိုဦးစီးဦးဆောင်ဖြ စ်မယ့် Korn တို့ရဲ့ အဓိက မောင်းနှင်အားဟာ အဆိုတော် ဂျွန်နသန်ဖြစ်ပါတယ်။ သူဟာ မက်တယ်သီချင်းတွေကို အသွေးအသားထဲက ချစ်မြတ်နိုးခဲ့သလို Gangsta Rap ကိုလဲ တအားကြိုက်ခဲ့ပါတယ်။ သီချင်းအရေးကောင်းတဲ့သူဟာ မတူညီတဲ့ဂီတ ၂ ခုကို အရသာရှိရှိပေါင်းစပ်တဲ့နေရာ မှာ အတော်လေးဆရာကျတယ်ပြောရမယ်။ ဂီတတင်ဘယ်ကမတုန်းဗျာ။ (အမယ်) အဝတ်အစားဖက်ရှင်မှာလဲ နိုင်ငံတကာက ဂီတချစ်သူတွေကြားမှာ ရေပန်းစားအောင် သူလုပ်နိုင်ခဲ့တယ်။ ဥပမာ Adidas တံဆိပ်အဝတ်အစားတွေနဲ့ စင်ပေါ်တက်ပြီးကဲတာ။
ဒီအခွေထဲမှာ Personal အဖြစ်ဆုံးနဲ့ စိတ်ခြောက်ခြားစရာအကောင်းဆုံးသီချင်းကတော့ အခွေရဲ့နောက်ဆုံးမှာပါတဲ့ (ဖွက်ထားတယ်) Daddy လို့အမည်ရတဲ့သီချင်းပဲဖြစ်ပါတယ်။ ချာတိတ်ကလေးတယောက်ကို သူ့အဖေဖြစ်သူက လိင်နဲ့ပတ်သက်တဲ့ပေါက်ကရဟာ တွေလုပ်ထားတာ။ အမေကိုယ်တိုင်က သိသိကြီးနဲ့အရေးတယူမလုပ်ဘူး ။ ချာတိတ်ကလေးက သူ့မိသားစုကိုအကူအညီတောင်းေ ပမယ့် ဘယ်သူမှသူ့ကိုမယုံကြဘူး။ ဒီသီချင်းအသံသွင်းတော့ အဆိုတော် ဂျွန်နသန်က ဆိုပြီးချိန်မှာ ရှိုက်ကြီးတငင်နဲ့ ငိုကြွေးခဲ့တယ်။ (အဲဒီအသံတွေကိုပါ ဖမ်းထားလိုက်ပြီး အခွေထဲမှာထည့်ထားတယ်)။ အဆိုတော်ဂျွန်နသန်က သူ့ဘဝအဖြစ်သနစ်မဟုတ်ပါဘူးလို့ငြင်းပေမယ့် အဲဒီကလေးရဲ့ နာမည်ကိုအခုထက်ထိ ဖွင့်မပြောသေးပါဘူး။
အခုလို အယ်လ်ဘန်အနှစ်ပြည့်အထိန်းအမှတ်မဖြစ် Korn ပရိတ်သတ်တွေကို ဒီအခွေထဲက သီချင်းအကုန်လုံးကိုဖျော်ြေ ဖလို့ အစီအစဉ်ဆွဲနေပါတယ်။ ဟိုးတုန်းကတည်းက Daddy လို့အမည်ရတဲ့သီချင်းကို ပွဲတွေမှာလုံးဝမဆိုဘူးလို့ ကတိပေးခဲ့ပေမယ့် ဒီပွဲမှာ ချွင်းချက်အနေနဲ့ ဆိုမယ်လို့သိရပါတယ်။
အဆိုတော်ဂျွန်နသန်က အခုချိန်မှာ လူများပါးစပ်ထဲမှာ Nu Metal ဆိုတဲ့ဂီတအမျိုးအစားရေးပန်း အစားလွန်မှုကို အခုလိုပြောပြပါသေးတယ်။
"ငါတို့ဝိုင်းကို Nu Metal ဝိုင်းလို့သမုတ်ကြတာကို ငါက အမြဲတမ်းဆန့်ကျင်ခဲ့ပါတယ်။ သိတဲ့အတိုင်း ဒီဂီတအမျိုးအစားကို တန်းဝင်အောင်လုပ်တဲ့အထဲမှာ ငါတို့က ရှေ့ဆုံးကပါပေမယ့် ငါတို့ကို အဲဒီလိုတံဆိပ်တပ်တာကိုတော့ ငါသဘောမတူဘူး။ ဒီဂီတအမျိုးအစားနဲ့ ဝိုင်းတဝိုင်းက နာမည်ကြီးလာလို့ အခြားဝိုင်းတွေကလဲ ဝိုင်းပြီးတော့ ဒီအမျိုးအစားကို ကော်ပီကူးကြတာ စိတ်ညစ်စရာပါပဲ။ ဒါကြောင့် ငါက Nu Metal ဝိုင်းလို့ ငါတို့ကိုခေါ်တာကြီးကို မနှစ်သက်ပါဘူး။ ငါကိုယ်တိုင်လဲ Red Hot Chilli Pepper တို့ကို Funk band လို့မခေါ်ဘူး။ Metallica ကိုလဲ Trash band လို့မခေါ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်လာခဲ့တာ။ ဖြတ်သန်းလာခဲ့တာ။ အူကြောင်ကြားကောင်တွေက သူတို့ဂီတကိုခိုးချပြီး အသားယူကြတာကိုး။"
Long Live Metal! \m/
ကိုဝီ
မှတ်ချက်။ ။ သူတို့ပွဲအကြောင်းပြောရင်း မနှစ်က သူတို့ပွဲသွားကြည့်တုန်းက ပိုက်ဆံအိပ်ကျကျန်ခဲ့တာကို သတိရတယ်။ လူလှိုင်းစီးတဲ့ကောင်ကန်ထည့် လိုက်တာ နရင်းကိုကန်မိတာ သတိရတယ်။
---------------
အောက်တိုဘာ (၁၁) ရက်၊ ၁၉၉၄ ဆိုတာ ခင်များအတွက် ဘာတွေထူးခြားခဲ့လဲ ကျွန်တော်မသိပါဘူး။ ဂီတလောကကြီးကို ကြီးမားခန့်ညားတဲ့အပြောင်းအ
အယ်လ်ဘန်ကာဗာကို သေချာကြည့်ရင်တော့ အယ်လ်ဘန်ထဲမှာ ပါတဲ့ သီချင်းတွေအကြောင်းကို ရိပ်မိကောင်း ရိပ်မိနိုင်တယ်။ ဒန်းစီးနေတဲ့ကလေးလေးတယောက်န
ကယ်လီဖိုးနီးယားအခြေစိုက်တဲ
အယ်လ်ဘန်ထဲမှာ အရေးအတော်ကြီးတာကတော့ ဂစ်တာသံတွေပါပဲ။ Ibanez တံဆိပ်ကို စွဲစွဲမြဲမြဲသုံးလေ့ရှိတဲ့ ဂစ်တာသမား ၂ ယောက်ဟာ (၇) ကြိုးတပ်ဂစ်တာတွေနဲ့ ဒီအယ်လ်ဘန်ကိုတီးခပ်ခဲ့တယ်။
ခေတ်တခုကိုဦးစီးဦးဆောင်ဖြ
ဒီအခွေထဲမှာ Personal အဖြစ်ဆုံးနဲ့ စိတ်ခြောက်ခြားစရာအကောင်းဆု
အခုလို အယ်လ်ဘန်အနှစ်ပြည့်အထိန်းအမ
အဆိုတော်ဂျွန်နသန်က အခုချိန်မှာ လူများပါးစပ်ထဲမှာ Nu Metal ဆိုတဲ့ဂီတအမျိုးအစားရေးပန်း
"ငါတို့ဝိုင်းကို Nu Metal ဝိုင်းလို့သမုတ်ကြတာကို ငါက အမြဲတမ်းဆန့်ကျင်ခဲ့ပါတယ်။ သိတဲ့အတိုင်း ဒီဂီတအမျိုးအစားကို တန်းဝင်အောင်လုပ်တဲ့အထဲမှာ ငါတို့က ရှေ့ဆုံးကပါပေမယ့် ငါတို့ကို အဲဒီလိုတံဆိပ်တပ်တာကိုတော့ ငါသဘောမတူဘူး။ ဒီဂီတအမျိုးအစားနဲ့ ဝိုင်းတဝိုင်းက နာမည်ကြီးလာလို့ အခြားဝိုင်းတွေကလဲ ဝိုင်းပြီးတော့ ဒီအမျိုးအစားကို ကော်ပီကူးကြတာ စိတ်ညစ်စရာပါပဲ။ ဒါကြောင့် ငါက Nu Metal ဝိုင်းလို့ ငါတို့ကိုခေါ်တာကြီးကို မနှစ်သက်ပါဘူး။ ငါကိုယ်တိုင်လဲ Red Hot Chilli Pepper တို့ကို Funk band လို့မခေါ်ဘူး။ Metallica ကိုလဲ Trash band လို့မခေါ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်လာခဲ့တာ။ ဖြတ်သန်းလာခဲ့တာ။ အူကြောင်ကြားကောင်တွေက သူတို့ဂီတကိုခိုးချပြီး အသားယူကြတာကိုး။"
Long Live Metal! \m/
ကိုဝီ
မှတ်ချက်။ ။ သူတို့ပွဲအကြောင်းပြောရင်း မနှစ်က သူတို့ပွဲသွားကြည့်တုန်းက ပိုက်ဆံအိပ်ကျကျန်ခဲ့တာကို သတိရတယ်။ လူလှိုင်းစီးတဲ့ကောင်ကန်ထည့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။