Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 19, 2014

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)

ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King)

________________

(၁၂) အချစ် သက်တော်ရာကျော် ရှည်ပါစေ

၁၉၇ဝခုနှစ် Edward မကွယ်လွန်ခင်ရှေ့နှစ်နှစ်မှာ သူ ဒီလိုပြောခဲ့ပါတယ်။

“ဘုရင့်အရိပ်အရာကို စွန့်လွှတ်လိုက်တာဟာ ကျွန်တော့်အမှားလို့ လူတွေထင်မြင်ကြတယ်။ ဒါပေမယ့် သူတို့က တကယ့်အချစ်စစ်ကို နားမလည်ခဲ့ပါဘူး။

ကျွန်တော်နုငယ်စဉ်က Buckinghamနန်းတော်မှာ နေထိုင်ခဲ့တယ်။ ကျွန်တော်လိုချင်တာမှန်သမျှ ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်မပျော်ရွှင်ခဲ့ဘူး။ ကျွန်တော့်ရဲ့အတွင်းစိတ်က ဗလာဖြစ်နေခဲ့လို့ပါ။

နောက်ပိုင်း Wallisနဲ့ကျွန်တော်တွေ့ဆုံပြီးတဲ့နောက် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်ရဲ့ ကြွင်းကျန်တဲ့ဘဝကို ဒီလောကမှာ အလှဆုံးအမျိုးသမီးနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ သူဟာ ကျွန်တော်ရဲ့ဘဝ၊ ကျွန်တော်ရဲ့ အရာအားလုံးပါ။

ပန်းခြံထဲ သူနဲ့အတူထိုင်နေချိန်မှာ တစ်ခါတလေ ကျွန်တော်ရဲ့အစောပိုင်းဘဝကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်း အထီးကျန်ဆန်စွာနဲ့ အခန်းထဲမှာ ထိုင်ခဲ့ရတဲ့နေ့ရက်တွေ၊ တုတ်တစ်ချောင်းနဲ့ ကျွန်တော့်ကိုရိုက်တတ်တဲ့ဆရာကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။ စစ်ပွဲနဲ့ ကမ္ဘာအနှံ့ခရီးသွားခဲ့တာတွေကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။ ကျွန်တော့်ပြတင်းပေါက်အောက်မှာ စုဝေးပြီး “အချစ် သက်တော်ရာကျော်ရှည်ပါစေ”လို့ အော်ခဲ့တဲ့လူတွေကို ကျွန်တော်သတိရတတ်ခဲ့ပါတယ်။

လန်ဒန်ကနေ ကျွန်တော်ခွဲခွာမယ့်နောက်ဆုံးညမှာ Winston Churchillနဲ့ ကျွန်တော်ပြောဆိုခဲ့ပါတယ်။ စကားပြောနေရင်း သူက “အရှင်… ဘဝမှာ အကောင်းဆုံးအရာက လွတ်လပ်ခြင်းပဲလို့ ကျွန်တော်ထင်တယ်” လို့ပြောခဲ့တယ်။ 

ဒီစကားကို ကျွန်တော်လုံးဝမမေ့ခဲ့ပါဘူး။ အခု.. နှစ်အတော်ကြာ
လွန်မြောက်လာမှ ဒီအဓိပ္ပာယ်ကို ကျွန်တော်နားလည်ခဲ့ရပါတယ်။
ပျော်ရွှင်ခြင်းဆိုတာ ဝယ်ယူလို့ မရနိုင်ပါဘူး။ ထို့အတူ အချစ်ကလည်း ဝယ်ယူလို့မရနိုင်ပါဘူး။

နက်ရှိုင်းတဲ့ရင်ထဲ နှလုံးထဲကလာတဲ့ပျော်ရွှင်ခြင်းက လောကမှာ အလှပဆုံးအရာပါ။ ကျွန်တော်ဟာ ကံကောင်းသူတစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်…

“Wallisကို ပေးခဲ့တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ အချစ် သက်တော်ရာကျော်ရှည်ပါစေ…”

×××××
ပြီးပါပြီ။

မူရင်းရေးသားသူ --- Peter Dainty ("The Love of a King")

နိုင်းနိုင်းစနေ (Sept. 19. 2014)
မူရင်းစာရေးဆရာ Peter Dainty ရေးသားတဲ့ The Love of a King (ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင်) ကို အစအဆုံး ဘာသာပြန်တင်လိုက်ပါပြီ။
စောင့်မျှော်ဖတ်ရှုကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အချစ်ဟာ ရယူခြင်းလား.. ပေးဆပ်ခြင်းလား.. စွန့်လွှတ်ခြင်းလား.. မိုက်မဲခြင်းလား.. ပျော်ရွှင်ခြင်းလား... ပျော်ရွှင်ခဲ့သလားဆိုတာကိုတော့ ခံစားရသူ ကာယာကံရှင်တွေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။ အထီးကျန်တဲ့နှလုံးသားတစ်စုံကတော့ အချစ်ကြောင့် နွေးထွေးပျော်ရွှင်ခဲ့ပြီး ရာဇာဝင်တွင်ခဲ့ကြောင်းကိုတော့ မင်းသားEdward က သက်သေပြခဲ့ပါတယ်။
"အချစ် သက်တော်ရာကျော်ရှည်ပါစေ"တဲ့..
သူတို့ကွယ်လွန်ပြီး နှစ်ပေါင်းများစွာတိုင် သူတို့ရဲ့အချစ်က လူတွေပြောစမှတ်ဖြစ်နေဆဲပါ.. ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အချစ်တွေ သက်တော်ရာကျော်ရှည်ပါစေ... 
တစ်သက်မှာ တစ်ကြိမ်တစ်ခါလောက်တော့ လူတိုင်း အချစ်နဲ့တွေ့ဆုံကြရလိမ့်မှာပေါ့.. မှန်ကန်တဲ့ ချစ်ခြင်းတွေ၊ အချစ်စစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့..
ချစ်ခင်လေးစားစွာဖြင့်
နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။