Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 27, 2014

ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ


ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ
_________________

ချောင်းငယ်လေးတစ်ခုက အတားအဆီး၊ အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီးမှ ပင်လယ်ထဲစီးဝင်နိုင်ခဲ့တယ်။

မျိုးစေ့လေးတစ်စေ့က အမှောင်ထုအထပ်ထပ်ကို ဖြတ်ကျော်ပြီးမှ အလင်းရဲ့ဆေးကြောခွင့်ကိုရခဲ့တယ်။

လူတစ်ယောက်ဟာလည်း အမြဲမပြတ်ကြိုးစားအားထုတ်မှလှပကောင်းမွန်တဲ့ဘဝသံစဉ်ကို တီးခတ်နိုင်မှာဖြစ်ပါတယ်။

ဘဝရဲ့ခယောင်းလမ်းကို ဖြတ်ကျော်ခဲ့ရလည်း၊ အတားအဆီးအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလည်း ရာဘန္ဒြာနတ်(သ်)တဂိုးဟာ အညံ့မခံခဲ့ဘူး။ “လောကဟာ နာကျင်ခြင်းနဲ့ ငါ့ကိုနမ်းရှုံ့တယ်၊ ငါက သီချင်းနဲ့ပြန်ပြီးတုန့်ပြန်မယ်” … ဒါဟာ သန်စွမ်းသူတစ်ယောက်က ဘဝကိုစိန်ခေါ်ခဲ့တဲ့ စစ်ကြေညာချက်ဖြစ်တယ်။

ဘယ်သူလဲ…. သူ့သံစဉ်ကို အထပ်ထပ် ပြင်ဆင်ခဲ့တာ။

ဘယ်သူလဲ …. ဆင်းရဲဒုက္ခကြားကနေ မပြတ်ကြိုးစားအားထုတ်ခဲ့တာ။

သူပါ… Beethoven ပါ။ သူဟာ အကြားအာရုံချွတ်ယွင်းခဲ့ပေမယ့် မလျော့တဲ့ဇွဲလုံ့လနဲ့ ဂီတအပေါ်ချစ်မြတ်နိုးမှုကိုပေါင်းပြီး စန္ဒယားပေါ်မှာ သူ့တန်ဖိုးကိုပြခဲ့ပါတယ်။ သူ့ရဲ့ဇွဲ၊ သူ့ရဲ့သတ္တိက သူ့ဂီတကို အဓွန့်ရှည်တည်တံ့စေခဲ့ပါတယ်

ဘယ်သူလဲ… အပြစ်နဲ့အရှက်ကိုမတရားခံရရင်း မပြတ်ကြိုးစားအားထုတ်ခဲ့တာ။

သူပါ… Sima Qian (ဟန်ခေတ် သမိုင်းပညာရှင်၊ စာပေပညာရှင်)ပါ။ သူဟာ အချုပ်အနှောင်နဲ့ အေးစက်မှောင်မိုက်တဲ့အချုပ်ခန်းမှာ ပိတ်လှောင်ခံခဲ့ရတယ်။ သူ့နှုတ်ခမ်းထောင့်မှာ စက်ဆုပ်ရွံ့ရှာတဲ့အပြုံးနဲ့ မျက်နှာပေါ်မှာ အမှန်တရားအတွက် ပြတ်သားမှုတွေထင်ဟပ်ခဲ့တယ်။ သူဟာ ကလောင်တစ်ချောင်းနဲ့ ဘဝစာပေတွေကိုရေးသားပြီး လူတွေကိုကိုင်လှုပ်ခဲ့တယ်။ ကမ္ဘာ့စာပေလောကမှာ တန်ဖိုးမဖြတ်နိုင်တဲ့ခြေရာတွေကို ထားရစ်ခဲ့ပါတယ်။

ဘယ်သူလဲ… လူတွေရဲ့နားလည်မှုမပေးတဲ့အကြည့်အောက်မှာ ကကြိုးတွေမြူးကြွခဲ့တာ။

ဘယ်သူလဲ… ကြိုးစားအားထုတ်မှုတွေကြောင့် လက်ခုပ်သြဘာသံတွေ ဟိန်းညံစေခဲ့တာ။

ဘယ်သူလဲ… အလင်းနဲ့အရိပ်တွေကြားမှာ ဘဝရဲ့ကောက်ကြောင်းကို လှလှပပပုံဖော်နိုင်ခဲ့တာ။

သူတို့ပါ… ဆွံအနားမကြားတဲ့ကချေသည်တွေပါ။ သူတို့ဟာ ဂီတရဲ့သာယာငြိမ့်ညောင်းသံကို မကြားရ၊ ဂီတထဲစီးမျောလိုက်ပါခွင့် မရနိုင်ခဲ့ကြပေမယ့် ကိုယ်၊ စိတ်နှလုံးနဲ့ဂီတကိုခံစားပြီး မသန်စွမ်းအိုလံပစ်ရဲ့စတိတ်စင်ပေါ်မှာ သူတို့ရဲ့ကြီးမြတ်သန်စွမ်းမှု၊ ကြံ့ခိုင်မှုကို ပြသခဲ့တယ်။ သူတို့ရဲ့တန်ဖိုးရှိတဲ့ဘဝအဓိပ္ပာယ်ကို
ဖော်ထုတ်ခဲ့ပါတယ်။

၁၉ရာစုခေတ် ပြင်သစ်စာရေးဆရာ Alexandre Dumas(အကြီး)က စာအုပ်တစ်အုပ်ထဲမှာ ဒီလိုသရုပ်ဖော်ရေးသားခဲ့ဖူးပါတယ်။

“နောက်ဆုံးမှာ ကျည်ဆံမိုးတွေကြားကနေ သူထရပ်နိုင်ခဲ့တယ်။
သွေးပေနေတဲ့ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း သူခေါင်းမော့အော်ရယ်ခဲ့တယ်။ “နာကျင်မှုကို ပြည့်ပြည့်ဝဝခံစားခွင့်ပေးတဲ့အတွက် ဘုရားသခင်ကို
ကျေးဇူးတင်ပါတယ်။ နာကျင်မှုတွေကို ခံစားရတာကောင်းပါတယ်.. ဒါဟာ ကျွန်တော်အသက်ရှင်နေသေးတယ်..မသေသေးဘူး.. မျှော်လင့်ချက်ရှိသေးတယ်ဆိုတာကို ဖော်ပြနေပါတယ်””။

ကြီးပြင်းရာလမ်းတစ်လျှောက်က ဖြောင့်ဖြူးတယ်ဆိုတာမရှိနိုင်ပါဘူး။

ကြီးပြင်းရှင်သန်နေတဲ့ဘဝမှာ ဒဏ်ရာဒဏ်ချက်တွေက ရှိစမြဲပါ။

ရှေ့ကိုသတ္တိရှိရှိချီတက်ရင်း ကြိုးစားအားထုတ်မှုတွေစိုက်ထုတ်မှ အဲဒီဒဏ်ရာဒဏ်ချက်တွေကို ဖျောက်ပစ်နိုင်မှာဖြစ်ပါတယ်

ဘဝရဲ့ဆင်းရဲဒုက္ခကို ရင်ဆိုင်မိချိန်မှာ ကျွန်တော်တို့နောက်ဆုတ်အညံ့ခံလို့ မရပါဘူး။ ခိုင်မြဲတဲ့လုံ့လ၊ အရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်မှသာ ဘဝဟာ လှပတဲ့ရောင်စုံတွေနဲ့ဖူးပွင့်လာနိုင်မှာဖြစ်ပါတယ်။

မူရင်းရေးသားသူ-- Liu Qin
မူရင်းလင့် -- http://www.85nian.net/qingchun/3554.html

နိုင်းနိုင်းစနေ (Sept. 26.2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။