Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 18, 2014

လိမ္မော်ရောင်စိတ်ကူးများပိုင်ရှင်အတွက် မေးခွန်း (၁၀) ခု


လိမ္မော်ရောင်စိတ်ကူးများပိုင်ရှင်အတွက် မေးခွန်း (၁၀) ခု
-------------

မြန်မာနိုင်ငံမှာ အရည်အသွေးပြည့်မှီတဲ့ မိန်းကလေးအဆိုတော် အတော်ရှားပါးပါတယ်။ သီချင်းရေး၊ ဂစ်တာတီးတဲ့မိန်းကလေးအဆိုတော်တယောက်ကို တွေ့ဖို့ဆိုရင် ပိုမိုခက်ခဲသွားပါပြီ။ တရက်တော့ လိမ္မော်ရောင်စိတ်ကူးများဆိုတဲ့ နာမည်ခပ်ဆန်းဆန်းအခွေတခွေကို နားထောင်ကြည့်လိုက်တော့ စိတ်အဆာပြေလောက်အောင် ကောင်းမွန်တာကိုတွေ့ရတယ်။ သီဆိုမှုမှာ အတော်လေးနိုင်နင်းတာကိုတွေ့ရသလို၊ သက်ဝင်ခံစားမှုဟာလဲ အားရကျေနပ်ဖို့ကောင်းတယ်။ ဒါကြောင့် စကော်ပီယံဘော်ဒါတွေအတွက် ဖုန်းဆက်ပြီး မေးခွန်း (၁၀) ခုမေးဖို့ဖြစ်လာတယ်။ တိုင်းရင်းသူဖြစ်တဲ့ လိမ္မော်သီးဟာ စကားပြောတော့လဲ သွက်လက်ချက်ခြာသူတဦးဖြစ်ပါတယ်။ ရိုးသားပွင့်လင်းစွာနဲ့ သရုပ်ဆောင်တာ၊ ဓါတ်ပုံရိုက်ရတာတွေထက် သီချင်းဆိုတာကို ပိုပြီးစိတ်ဝင်တစားရှိကြောင်းပြောပြီး ရယ်ပါသေးတယ်။ 

စကော်ပီယံဘော်ဒါတွေ အားရကျေနပ်နိုင်တဲ့ အယ်လ်ဘန်တခုဖြစ်နိုင်ပါကြောင်း။

ခင်တဲ့
ကိုဝီ

မှတ်ချက် - အမြည်းနားဆင်လိုသူများ အောက်ပါလင့်ခ်မှာ နားဆင်နိုင်ပါပြီ။
http://www.mtvmyanmar.net/လိမ္မော်သီး-လိမ္မော်ရောင/

------------------------------------------
(၁) ဂီတလောကကို ရောက်ရှိလာခဲ့ပုံကလေးကို ပြောပြပါဦး။
၂၀၀၇ မှာ သင်္ကြန်မှာ..show ဆိုပြီးစတင်ဝင်ရောက်

(၂) ပထမအခွေအကြောင်း ပြောပြပါဦး။ ဘယ်သီချင်းတွေကို အမှတ်တရဖြစ်ခဲ့ အားရကျေနပ်ခဲ့တယ်ဆိုတာလေး ပြောပြပါဦး။
ပထမခွေ နာမည်က လိမ္မော်ရောင်စိတ်ကူးများ...ပါ ၂၀၁၀ခုနှစ် (၁၂) လပိုင်းမှာ audio စီဒီ အရင်ထွက်တယ်။ ၂၀၁၂ခုနှစ် (၁၂) လပိုင်းမှာ MTV ထွက်ပါတယ်။ ဦးဒိုးလုံး ရဲ့ ချစ်ဦးမေ..သီချင်းကိုလည်းအမှတ်တရဖြစ်ပါတယ်..အနုပညာလောကကိုစတင်ဝင်ရောက်ထဲက show တွေမှာသီဆိုခဲ့တဲ့ သီချင်းလည်းဖြစ်လို့ အမှတ်တရပိုဖြစ်ပါတယ်။ ကိန္နရာချောင်းခြား သီချင်းလည်း..ပြန်ဆိုတာ ပရိတ်သတ်အားပေးလို့ကျေနပ်ပါတယ်။.ပြိုင်ပွဲတွေမှာ ပြိုင်တယ်ပြောလို့ ပျော်ပါတယ်။ နှုတ်ဆက်တဲ့နေ့....သီချင်းလေးကလည်း..အားလုံးထဲမှာနားထောင်ရတာ နားအေးပြီး ပရိတ်သတ်အသိအမှတ်ပြုလို့ ကျေနပ်ပါတယ်။

(၃) ညီမလေးရဲ့ သီချင်းတွေကို နားထောင်ဖြစ်တော့ စိတ်ခံစားမှုအပြည့်နဲ့ဆိုထားတာတွေကို တွေ့ရတယ်။ သီချင်းတပုဒ်ဆိုမယ်ဆိုရင် ဘယ်လိုပြင်ဆင်လေ့ရှိပါသလဲ။ သူများရေးတဲ့သီချင်းတပုဒ်ကိုကော ဘယ်လိုချဉ်းကပ်လေ့ရှိပါသလဲ။

သီချင်းတပုဒ်ဆိုတော့မယ်ဆို..ရင် အရင်ဆုံး..နားရည်ဝအောင်နားထောင်ပါတယ်....သီချင်းမသွင်းခင်..အဲ့ဒီသီချင်းကို notes ထုတ်ပြီး..show တွေမှာ အရင်ဆိုကြည့်ပါတယ်...သီချင်းကိုကိုယ်ကပိုင်ပြီဆိုမှ..recording ဝင်ပါတယ်...အိပ်ရေးဝအောင်အိပ်တယ်..ရေခဲရေရှောင်ပါတယ်... တေးရေးဆရာရဲ့ ခံစားချက်ကို အငှားယူပြီး..ခံစားပြီးဆိုပါတယ်။

(၄) ရှိုးဆိုတဲ့ အတွေ့အကြုံအတော်များနေပြီလား။ ဘယ်ပွဲတွေဆိုရတာ အားရပါသလဲ။

နယ်ရှိုးတွေအများဆုံး ဆိုဖြစ်ပါတယ်။ ၂၀၁၀ တောင်ကြီးသင်္ကြန် IC နဲ့ဆိုခဲ့ရတာ အမှတ်တရဖြစ်ပြီး..အားရပါတယ်။ ၂၀၁၄ ရန်ကုန်သင်္ကြန် Dream Lover band နဲ့ grand royal stage မှာ ဆိုခဲ့တာလည်း ရန်ကုန်ပရိတ်သတ်နဲ့တိုက်ရိုက်ထိတွေ့ရလို့..အားရကျေနပ်ပါတယ်။

(၅) ကိုယ်တိုင်လဲဂစ်တာတီးပြီး သီချင်းရေးတယ်လို့ သိရပါတယ်။ မိန်းကလေးတွေ သီချင်းရေးတာ နည်းပါးကြတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ သီချင်းရေးဖြစ်ပုံကလေးကို သိပါရစေ။

ပထခွေမှာ သီချင်း ၃ ပုဒ်ရေးဖြစ်ပါတယ်။ လိမ္မော်ရောင်စိတ်ကူးများ title သီချင်းကို ရေးဖြစ်ပါတယ်။ .Guitar ကကျွမ်းကျွမ်းကျင်ကျင် မဟုတ်ပါဘူး။ ကိုယ် ရတဲ့ Round Chord လေးနဲ့ပဲ သီချင်းရေးဖြစ်ပါတယ်။ ခံစားချက်တွေအရမ်းများတဲ့အခါတွေဆို သီချင်းရေးဖြစ်ပါတယ်။ အဓိက ကတော့ ကိုယ့်ခံစားချက်လေးတွေကို သီချင်းအဖြစ်ပြောင်းလဲတဲ့သဘောပါပဲ။

(၆) ရေးခဲ့တဲ့သီချင်းတွေထဲက ဘယ်သီချင်းကို အမှတ်တရအဖြစ်ဆုံးပါလဲ။

ရေးခဲ့တဲ့သီချင်းထဲ မှာတော့ လိမ္မော်ရောင်စိတ်ကူးများ သီချင်းက ခံစားချက်သီချင်းလေးဆိုတော့တကယ်အမှတ်တရဖြစ်ပါတယ်..လိမ္မော်သီးရဲ့ဘဝ အကြောင်းကိုရေးထားတဲ့သီချင်းလည်းဖြစ်တယ်။ ပထမဆုံးစရေးတဲ့သီချင်းလည်းဖြစ်တယ်..ခွေမထွက်ခင်..၂ နှစ်လောက်ထဲက ရေးထားတဲ့သီချင်းလည်းဖြစ်တယ်။ စီးရီး..title ကိုလည်း ဒီသီချင်းနာမည်ပဲပေးမယ်လို့ခွေမလုပ်နိုင်ခင်ထဲက တွေးထားတဲ့သီချင်းလည်းဖြစ်ပါတယ်။

(၇) သီချင်းအဟောင်း (၂) ပုဒ်ပြန်ဆိုထားတာ အတော်လေးကောင်းတယ်။ အားရကျေနပ်မိတယ်။ ပြန်ဆိုဖြစ်ရတဲ့အကြောင်းကလေးကိုပြောပြပါဦး။

အဓိက က ကိုယ်အရမ်းကြိုက်တဲ့အဆိုတော်ကြီးတွေရဲ့ သီချင်းဖြစ်တာရယ်။ ဦးဒိုးလုံး..ကလည်း..ကိုယ် ခွေထုတ်နိုင်တဲ့အချိန်မှာ..ကြွေလွင့်သွားခဲ့တယ် ဆိုတော့..အမှတ်တရအနေနဲ့ရော..လေးစားလို့ ပြန်ဆိုဖြစ်တာပါ။

(၈) ပြည်တွင်းပြည်ပဂီတလောကထဲက ဘယ်သူ့ကို အားကျမိပါသလဲ။

ပြည်တွင်းကတော့..Iron Cross ပါ..တခြားလေးစားအားကျတဲ့အဆိုတော်တွေလည်းအများကြီးပါ....ပြည်ပမှာဆိုရင်တော့... မိန်းကလေးထဲမှာ.. Halestorm.. Avril lavigne. Kelly Clarkson.. ယောကျာ်းလေးထဲမှာ.... Avenged Sevenfold.. Nickelback. .. Linkin Park။

(၉) အယ်လ်ဘန်အသစ်လုပ်နေတယ်ဆိုတာ သိရပါတယ်။ ပထမအခွေထက် ဘယ်လိုတွေထူးခြားမလဲဆိုတာ ပြောပြပါဦး။

ဒုတိယခွေမှာ...မိန်းကလေးခံစားချက် သီချင်းတွေပိုများမယ်..သီချင်းအေးအေးလေးတွေများမယ်။ band ကလည်း.. Rose of Sharon နဲ့။ The Ugly band 2 band နဲ့တီးထားပါတယ်။ တေးရေးတွေကတော့.. ဦးလှိုင်ဦးမော်၊ ကိုအောင်(တောင်ကြီး)၊ ဖိုးကာ၊ စနို၊ ဇော်လင်း၊အိုက်ပီး၊ ကောင်းဆက်၊ ကိုဇော်လတ် (ROS)၊ dirty cat၊ Junon ပြီးတော့..သူငယ်ချင်း မိစု (ခင်စုစုနိုင်) နဲ့ duet တပုဒ်ဆိုထားတာပါမယ်။

(၁၀) ပရိတ်သတ်ကြီးကို ပြောချင်တဲ့စကား။
ဟုတ်ကဲ့ အခုလိုအချိန်ယူပြီးဖတ်ပေးလို့ ပရိတ်သတ်အားလုံးကိုကျေးဇူးပါရှင်။ သမီးရဲ့ rock သီချင်းလေးတွေကိုလည်း နားထောင်ပေးပါ...ပရိတ်သတ်ကြီးအားလုံးလည်း..စိတ်ချမ်းသာပါစေရှင်...အားလုံးကိုကျေးဇူးပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။