Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 29, 2014

.........ပြောပြချင်ပါတယ် (၁၈)


.........ပြောပြချင်ပါတယ် (၁၈)

Written by : သန်းထွဋ်အောင်

၂၇.၉.၂၀၁၄ နေ့မှအဆက်

( ၅ )

......... ပြောပြချင်ပါတယ် (၁၇) ကို နောက်ဆုံးရေးဖြစ်တာ ၂ဝ၁၃ နိုဝင်ဘာလတုန်းကပါ။ အဲဒီတုန်းက နောက်တစ်ပတ်မှာ တိုင်းပြည်ကို ချောက်ထဲဆွဲချနေတဲ့ တတိယအင်အားစုလို့ ကိုယ့် ကိုယ်ကိုယ်အမည်တပ်ပြီး မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာလောကမှာ ခြေရှုပ်နေတဲ့ နိုင်ငံရေးအကျိုးဆောင်ယောင်ယောင် ယောင်တော်ပြန်အခွင့်အရေးသမားတွေ ခြေရှုပ်လာတဲ့အကြောင်း ရေးရပါဦးမယ်လို့ ရေးထားပါတယ်။

ကျွန်တော့်အယ်ဒီတာချုပ်ကို လာတွေ့တဲ့ တပ်မတော်အရာရှိဟောင်းတွေက သမ္မတရဲ့အကြံပေး (နိုင်ငံရေး၊ စီးပွားရေး ဆောင်းပါးရေးတဲ့သူနဲ့) အပတ်စဉ်တူတွေပါ။ လွန်ခဲ့တဲ့ ၁ဝ လလောက်တုန်းကတော့ သမ္မတရဲ့ Popularity ကောင်းနေတုန်း တတိယပါတီတစ်ခု ထောင်မယ့်သတင်းတွေက Hot နေတဲ့အချိန်ကိုး။ နောက်ပိုင်းမှာ သမ္မတရဲ့ Popularity မှေးမှိန်လာရော တတိယပါတီတစ်ခုဆိုတဲ့အသံက မှေးမှိန်သွားပြီး စစ်တပ်က ရွေးချယ်တဲ့ ဒုတိယသမ္မတ တစ်နေရာရဖို့ စစ်တပ်ကို ချည်းကပ်နေခဲ့တာ တွေ့ရပါတယ်။ တကယ်ကျတော့ သမ္မတနားက အကြံပေးတွေ၊ အဂတိလိုက်စားမှု အားကြီးတဲ့ဝန်ကြီးတွေ၊ နိုင်ငံရေးအရ ဟိုခုန်ဒီခုန်လုပ်တတ်တဲ့ တတိယအုပ်စုဝင်တွေ၊ ပြည်သူကို ကုပ်သွေးစုပ်နေတဲ့ ခရိုနီကြီးတွေက သမ္မတကို နောက်သက်တမ်းတစ်ဆက် ထပ်လုပ်ဖို့ ဝိုင်းဝန်းမြှောက်ပင့်ပေးခဲ့တယ်ဆိုတာကို ပြောပြချင်လို့ ဒီချည်းကပ်မှုလေးကို ပြောပြတာပါ။ ဒီချည်းကပ်မှုရဲ့နောက်မှာ သမ္မတအကြံပေးတစ်ဦး ရှိပါတယ်။

(၆)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက စစ်တပ်က ၂၅ ရာခိုင်နှုန်းနဲ့ဆို သူတို့ ကြံ့ခိုင်ရေး ၂၆ ရာခိုင်နှုန်းရရင် နိုင်ပြီလို့ ဆိုလာပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံရေးမှာ ကြားနေရတာ မဟုတ်ဘူးလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ၌ ပါဝင်နိုင်ရေးဆိုတော့ ပါတီတစ်ခုကို တပ်မတော်ကထောက်ခံရင် Back up ပေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာမရောက်ဘူးလား၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်ရေး အခြေခံမူကို ဖောက်ဖျက်ရာရောက်မှာပေါ့။ တကယ်ကျတော့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဒုသမ္မတ ရွေးချယ်ပေးပြီး သမ္မတရွေးပွဲမှာ မပါသင့်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် သမ္မတရွေးချယ်ပွဲမှာ တပ်မတော်က ပါတီတစ်ခုတည်းက ခေါင်းဆောင်ကို မဲပေးခိုင်းတာထက် လွတ်လပ်စွာမဲပေးစေသင့်တယ်။ ဒါမှမဟုတ် မဲမပေးဘဲနေသင့်တယ်။ ဒါမှ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်အနေနဲ့ ဘာကြောင့် အခိုက်အတန့်ပါရတယ်ဆိုတဲ့အကြောင်းအရာကို ရပါမယ်။ မြန်မာနိုင်ငံရေးမှာ တပ်မတော်ဟာ အခိုက်အတန့် ၁ဝ နှစ်၊ ၁၅ နှစ် ပါတာပြီးရင် အင်ဒိုနီးရှားတို့ တောင်ကိုရီးယားတို့လိုပဲ တရွေ့ရွေ့ နောက်ဆုတ်သွားရင် လူထုက လက်မခံနိုင်စရာ မရှိပါဘူး။ အင်ဒိုနီးရှား တောင်ကိုရီးယားတို့လိုပဲ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ အရေးကြီးဆုံးက စစ်တပ်ရဲ့ မှန်ကန်တဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။

(၇)

အင်ဒိုနီးရှားမှာ ဆူဟာတိုပြုတ်ကျအပြီး တက်တဲ့ သမ္မတ ဟာဘီဘီဟာ အာဏာရ ဂိုလ်ကာပါတီက စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ သမ္မတပဲ ဖြစ်ပါတယ်။ နိုင်ငံရေး စီးပွားရေးအားလုံးကလည်း အခုလို ဆွေမျိုးသားချင်းကောင်းစားရေးဝါဒ (Nepotism) အောက်မှာပါပဲ။ အဲဒီနောက်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲအဆင့်ဆင့်ကနေ သမ္မတ ဝါဟစ်၊ မီဂါဝါတီ ဆိုတဲ့ အရပ်သားအစိုးရ နှစ်ဆက်ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ကြီးဟောင်း ယူဒိုယိုနို သမ္မတ နှစ်ဆက်တက်ပြီး အခုရွေးကောက်ပွဲမှာ မီဂါဝါတီထောက်ခံတဲ့ သာမန်အရပ်သားတစ်ဦးက သမ္မတဖြစ်လာခဲ့ပါ ပြီ။ အင်ဒိုနီးရှားနိုင်ငံရေး၊ စီးပွားရေးဟာလည်း လက်ဝါးကြီးအုပ်တဲ့စနစ်ကနေ ရုန်းထွက်ပြီး G 20 စာရင်းဝင်နိုင်ငံ ဖြစ်လာပါပြီ။ အံ့ဩဖို့ကောင်းတဲ့ နောက်ဆုံးတစ်ချက်က အခု သမ္မတရွေးကောက်ပွဲမှာ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တဲ့ သမ္မတလောင်းက အာဏာရှင်ဟောင်း ဆူဟာတိုရဲ့သမက် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း ဒီလိုပါပဲ။ သမ္မတအာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ချန်ဒူးဝှမ်က အာဏာစွန့်ပြီး ဗိုလ်ချုပ်ကြီး နိုတေဝူး သမ္မတအရွေးခံရပေမယ့် နောက်ပိုင်းမှာ အရပ်သားသမ္မတတွေ အရွေးခံရပါတယ်။ နောက်ဆုံး သမ္မတက အာဏာရှင်ဟောင်း ပတ်ချုံဟီးရဲ့ သမီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ တိုင်းပြည်ကို ရှေ့တန်းရောက်စေရုံသာမက အာဏာရှင်၊ အာဏာမဲ့ ဘယ်သူ့ကိုမှ မခွဲဘဲ တန်းတူအခွင့်အရေးပေးပါတယ်။ လူထုချစ်ခင်ရင်၊ ကြိုက်ရင် တိုင်းပြည်ကို တိုးတက်အောင်လုပ်နိုင်စွမ်းရှိရင် အာဏာရနိုင်တာပါပဲ။ ဒါပေမဲ့ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေက ဘယ်သူ့ကိုမဆို နှစ်ရှည်ကြာအောင် အစိုးရအဖြစ် တာဝန်ပေးလေ့ မရှိပါဘူး။ အာဏာရလာမယ်၊ ရှုံးသွားမယ်၊ ပြန်နိုင်မယ် ဒါကနိုင်ငံရေးပါ။ ဒါပေမဲ့ အစိုးရတစ်ရပ်က ကိုယ်လုပ်နေစဉ်အတွင်း အကောင်းဆုံးလုပ်ဖို့နဲ့ အဂတိတရား မလိုက်စားဖို့ဘဲ လိုတာပါ။

ဒီနှစ်နိုင်ငံနဲ့ ဆန့်ကျင်ဘက်မှာရှိတာက ဇင်ဘာဘွေနဲ့ ကမ္ဘောဒီးယားတို့ပဲ ဖြစ်ပါတယ်။ အယောင်ဆောင်ရွေးကောက်ပွဲတွေက တစ်ဆင့် ရွေးကောက်ခံရပြီး အာဏာကို ဆက်ချုပ်ကိုင်ထားတယ်။ တိုင်းပြည်က အရမ်းဆင်းရဲတယ်။ သူတို့အဖို့ အမြဲတမ်းပူပင်သောကနဲ့ အုပ်စိုးနေရတယ်။ မူဂါဘီနဲ့ ဟွန်ဆန်ရဲ့ မျိုးဆက်တွေဟာ ချန်ဒူးဝှမ်နဲ့ ဆူဟာတိုမျိုးဆက်တွေလိုတော့ ခေါင်းမော့မနေနိုင်တာ သေချာပါတယ်။ ဒီနမူနာတွေအရ မြန်မာနိုင်ငံရဲ့ ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့လိုတယ်။ ဒီရွေးကောက်ပွဲတွေကမှ အရပ်သားအစိုးရစစ်စစ်တစ်ရပ် ရွေးချယ်တင်မြှောက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှ မြန်မာနိုင်ငံမှာ အင်ဒိုနီးရှား၊ တောင်ကိုရီးယားတို့လို အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်မယ်။ သဘောကွဲလွဲသူအားလုံး ဂုဏ်သိက္ခာရှိရှိ နေနိုင်တဲ့နိုင်ငံ ဖြစ်မယ်။

(၈)

အသွင်ကူးပြောင်းရေးကာလမှာ သမ္မတလုပ်တဲ့သူတွေဟာ သမ္မတသက်တမ်း တစ်ဆက်ထက် ပိုတာဝန်ယူလေ့မရှိသလို အဂတိတရားနဲ့ ပတ်သက်ရင်လည်း စံနှုန်းမြင့်မားတဲ့သူတွေပဲ ဖြစ်လေ့ရှိကြပါတယ်။ အဂတိတရား လိုက်စားမှုမြင့်ရင် သူလည်း အာဏာရှင်ဖြစ်သွားလေ့ရှိပြီး သူ့ရှေ့ကသွားတဲ့ အာဏာရှင်တွေကို ကိုယ့်ရှူးကိုယ်ပတ်ဖြစ်ကာ သူ့နောက်က အာဏာရှင်တွေရဲ့ သစ္စာဖောက်တာ ခံရတတ်ပါတယ်။ ဦးနေဝင်းခံခဲ့ရသလိုပါပဲ။

ကျွန်တော်သိရသလောက်ကတော့ အရင်စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေအနေနဲ့ အရပ်ဘက်အုပ်ချုပ်ရေးတွေမှာ ဦးဆောင်ဖို့ သားသမီးတွေ စီးပွားမရှာတတ်တဲ့ အဂတိတရားကင်းတဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဝန်ကြီးချုပ် ခန့်အပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ဆက်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဦးသိန်းစိန် သမ္မတဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးစိုးဝင်းရော ဗိုလ်ချုပ်ကြီးသိန်းစိန် နှစ်ဦးလုံးဟာ တပ်ရဲ့ လုပ်သက်အတွင်းမှာ အဂတိတရားကင်းရှင်းပြီး တပ်တွင်းမှာ လေးစားမှုခံရသူတွေ ဖြစ်ပါတယ်။

(၉)

တကယ်ကျတော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ ချောချောမွေ့မွေ့ဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုက်သင့်သလောက်ပြင်၊ ရွေးကောက်ပွဲကို မျှတမှုဖြစ်အောင် ကျင်းပဖို့လုပ်ရမှာပါ။ PR စနစ်ကို လောလောဆယ်ကျင့်သုံးရင် မြန်မာ့နိုင်ငံရေးခရီးစဉ်တစ်ခုလုံးကို ကမောက်ကမ ဖြစ်စေပါတယ်။ ဒါကြောင့် တပ်မတော်က ကန့်ကွက်ခဲ့တယ်လို့ ထင်ပါတယ်။

နောက်ပြီး ပြည်သူတွေကသာ မှန်မှန်ကန်ကန် ရွေးချယ်ခွင့်သာရရှိခဲ့မယ်ဆိုရင် နောက်လာမယ့် ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်မှာ ပုဂ္ဂိုလ်ရေးအားနည်းချက်တွေ ရှိနိုင်သလို NLD ပါတီမှာလည်း ရှိမှာပါပဲ။
အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယားမှာ အရပ်သားသမ္မတတွေ စတက်ခါစက ဒီလိုပဲ ဖြစ်ခဲ့တာပါပဲ။ ဒီလိုနဲ့ ဒီမိုကရေစီရင့်ကျက်လာခဲ့ရတာပါ။ ဒါပေမဲ့ NLD ပါတီအနေနဲ့ ငါးနှစ်သက်တမ်း တာဝန်မယူနိုင်လောက်အောင်တော့ အားနည်းမှုမရှိပါဘူး။ NLD ပါတီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို နောက်ဆုံးအချိန်အထိ စောင့်ပါလိမ့်မယ်။ ဒါကြောင့် ဒုတိယခေါင်းဆောင်တစ်ဦး ရွေးချယ်တာထက် အများကြီးကို လျာထားမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ တတိယအုပ်စုဝင်တွေ ခလောက်ဆန်သလိုတော့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို အစိုးရခေါင်းဆောင်အဖြစ် ရွေးချယ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တာမဟုတ်ဘဲ လူထုတစ်ရပ်လုံးရဲ့ ကိုယ်စားပြုမှုအနေနဲ့ ဖြစ်တဲ့အတွက် လူထုဆန္ဒကို ဆန့်ကျင်ပြီး သူလုပ်မှာမဟုတ်လို့ပါပဲ။

လက်ရှိ အာဏာရအသိုင်းအဝိုင်းအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တာကတော့ တပ်မတော်နဲ့ ထိန်းညှိဖို့၊ ညွန့်ပေါင်းအစိုးရတစ်ရပ်အဖြစ် ၂ဝ၁၅ မှာ ပါဝင်ဖို့ ညှိနှိုင်းကြဖို့ပဲ ရှိပါတယ်။ အာဏာရှိ အသိုင်းအဝိုင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ Part of the Problem လို့ ယူဆနေကြသလို Part of the Solution အဖြစ် နိုင်ငံကူးပြောင်းရေးအတွက် လက်တွဲသွားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ဩဇာဟာ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ကြီးမားနေဆဲဆိုတာ မမေ့ပါနဲ့။ ဒီဩဇာဟာ ခင်ဗျားတို့ရော ကျွန်တော်တို့အားလုံးအတွက်ပါ အသုံးချပြီး တိုင်းပြည်ကို ရှေ့ခရီးဆက်ရမှာပါ။

တိုင်းပြည်ကို ခလောက်ဆန်သူတွေဖြစ်တဲ့ လာဘ်စားတဲ့အစိုးရအဖွဲ့ဝင်တွေ၊ ငါ့ဖို့ပဲ ကြည့်တဲ့ ခရိုနီကြီးတွေ၊ ဟိုခုန်ဒီခုန် တတိယအုပ်စုသမားတွေအကြောင်း ကျွန်တော်ဆက်ရေးပါမယ်။ သူတို့ကိုလည်း ပြတ်ပြတ်သားသား သတိပေးရပါတော့မယ်။ ခင်ဗျားတို့ ပြဿနာရှာသူတွေ မဖြစ်ကြပါနဲ့။

ဆက်ရေးပါမယ် ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။