Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 21, 2014

သမိုင်းစာမျက်နှာထဲက ဇာတ်လမ်းတစ်ပုဒ်


Kyaw Swar Myint added 5 new photos.

သမိုင်းစာမျက်နှာထဲက ဇာတ်လမ်းတစ်ပုဒ်
=============================
၁၉၆၂ ခုနှစ် မြန်မာပြည် ဒီမိုကရေစီအမှောင်ကျခဲ့တဲ့ ကာလများမှာ ရဟန်းရှင်လူ
ကျောင်းသား ပြည်သူအပေါင်းနှင့်အတူ အာဏာရှင်တွေ လက်ချက်နဲ့ အစဖျောက်ခံ
ခဲ့ကြရာမှာ ထင်ရှားတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် နှစ်ယောက်နဲ့ မိသားစုရဲ့ အဖြစ်အပျက်တွေက ကြေကွဲထိတ်လန့် စွာနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
အတွက် ထိခိုက်စရာ ဖြစ်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဖြစ်ခဲ့တဲ့ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ဟာ
အာဏာသိမ်း ဗိုလ်ချုပ်နေ၀င်းရဲ့တော်လှန်ရေးကောင်စီ၏ အကျဉ်းသားဘ၀နဲ့ ထောင်
တွင်း ကြိုးဆွဲချအဆုံးစီ၇င်သွားခဲ့သလို အာဏာသိမ်းတဲ့နေ့(၂.၃.၁၉၆၂)နေ့ နေအိမ်
မှာ ပထမဆုံးသွေးမြေကျခဲ့ရတဲ့ ကျောင်းသားဖြစ်သူဟာလည်း ဆယ်တန်းဖြေဆို
နေတဲ့ စပ်ရွှေသိုက်ရဲ့သားငယ်ဖြစ်နေပါတယ်။
နောက်တဦးဖြစ်တဲ့ ရှမ်းခေါင်းဆောင်သီပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အင်ဂျီ
(မဟာဒေဝီ စဝ်သုစနီ)္ဒ တို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။
ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ ကျောင်းလာတက်ကြတဲ့ အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေးနဲ့
exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့ သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။ဒီ အင်ဂျင်နီယာ
ကျောင်းသားလေးဟာ အာရှတိုက်က ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ
မသိစေအောင် သူကိုယ်တိုင်က သိုဝှက်ထားခဲ့တယ်တဲ့။
ကော်လိုရာဒိုမှာ ပညာဆည်းပူးနေတုံး Colorado school of Mining က မိုင်းတူး
အင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ အင်ဂျီ ဖူးစာဆုံခဲ့ကြ
တယ်။၁၉၅၃-ခုနှစ်မှာ ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်မှာပဲ လက်ထပ်ခဲ့ကြ
တယ်။သူတို့ ၂ယောက် လက်ထပ်ပြီးတော့ အင်ဂျီက..ယောင်နောက်ဆံထုံးပါ
လိုက်လာခဲ့တယ်။
သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေ
ကို မြင်တော့မှ…. “There is something I have to tell you, my dear.” လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ… သူမဘ၀ဟာ အရှင်လတ်လတ်
ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ပြီး တပြိုင်တည်းမှာပဲ ရှုပ်ထွေးလာနိုင်မဲ့
သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်လို့.. အင်ဂျီက လွမ်းဆွတ် ထား
ပါတယ်။သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်း
အနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီ ဟူသော ရှမ်းအမည်
ကို ရရှိခဲ့တယ်။
သူတို့ မောင်နှံ သီပေါဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီနယ်တခွင်မှာ ပြုပြင်
ပြောင်းလဲ ရေးတွေ ဖြစ်လာ တော့တယ်။စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့
မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း.. သူ့ရဲ့ ရှမ်းအမျိုးသား
တွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။မြေယာတွေ ကို ပြည်သူ့ဆီ ပြန်
ရောက်အောင် လုပ်ပေးခဲ့တယ်။သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်
သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့
တယ်။သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး
တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်
ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။
စဝ်သုစန္ဒီသည် အချိန်အနည်းငယ်အတွင်း ဗမာ၊ ရှမ်း ဘာသာစကားများကို သင်ယူ တတ်မြောက်လာခဲ့ပြီး မိမိကိုယ်ကို ရှမ်းလူမျိုး တစ်ဦးအဖြစ် စတင်ခံယူလာခဲ့ရုံ
သာမက သီပေါဒေသခံများကလည်း သူမအား ရှမ်းလူမျိုး မဟာဒေဝီ တစ်ဦး
အဖြစ် လက်ခံလာကြတယ်။
ဒါ့အပြင် စဝ်သုစန္ဒီဟာ ခင်ပွန်းဖြစ်သူနဲ့ တွဲဖက်ကာ သီပေါဒေသ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ပြီး သားဖွားဆေးခန်းနှင့် ဗမာ၊ အင်္ဂလိပ်၊ ရှမ်းဘာသာ
သုံးမျိုးဖြင့် သင်ကြားသော စာသင်ကျောင်းကိုတည်ထောင်ရင်း ကိုယ်တိုင်လုပ်အား
ပေးခဲ့တယ်။အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို
ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့
အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်
ကြတယ်။အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်
တာမျိုးတောင် ရှိခဲ့တယ်တဲ့။
ဒါပေမဲ့.. ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်
ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား
စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။
အဲဒီ အချိန်မှာ လူမမယ် မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ
ကို သီပေါ ဟော်မှာပဲ.. အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။
ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း.. သူ့ဆက်သွယ်နိုင်သမျှ အရာရှိ
စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. “I am writing this secretly.
I am being locked up in the army lockup at Ba Htoo Myo at Lawksawk…
Miss you all. Conditions here are not clean. Hope to see you soon.
Cheer up yourself! I am still OK. Love, Sao Kya Seng.” ဆိုတဲ့ လျှို့ဝှက်စွာ
ရောက်လာတဲ့. စာလေးတစောင်က လွဲလို့.. ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။
၂ နှစ်လောက်.. အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်းနောက်ဆုံးမှာတော့. .သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်
သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူး
လတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် ခဲ့ရတယ်။
သီပေါစော်ဘွားစောဝ်ကြာဆိုင်ဟာ.. ၁၉၆၂ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော
တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရပြီးနောက် အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးလေး ဟာသမီးငယ် နှစ်ယောက်
နှစ်အတူ မြန်မာပြည်မှ ထွက်ခွါလာခဲ့ရတယ်။
အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို
ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်
ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့
ပါလို့ ဆိုထားပါတယ်။
ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်
ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစား
ကျောင်းဆရာမ ကြီး အင်ဂျီရဲ့မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံကို ကြက်သရေရှိ
စွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း အင်ဂျီက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
သတင်းဓါတ်ပုံ- Ko Lwin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။