ရုပ်ရှင်မင်းသား ကျော်ဟိန်းဟာ ကောလိပ်ဂျင်နေဝင်းနဲ့ပူးတွဲ သရုပ်ဆောင်တဲ့
"တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ" ရုပ်ရှင်ဇတ်ကားထဲက ဇတ်ဝင်ခန်းတစ်ခုဖြစ်တဲ့
ဘွဲ့ယူတဲအခန်းမှာ ဘွဲ့တတ်ယူအပြီး ဘွဲ့ယူဝတ်စုံနဲ့အတူဆောင်းရတဲ့ ဘွဲ့ကတ်ဦးထုတ်ကို ခြေထောက်နဲ့ကန်ပြီး သရုပ်ဆောင်ခဲ့ပါတယ်
ဒီဇတ်ဝင်ခန်းအတွက် တက္တသိုလ်အာဏာပိုင်အဖွဲ့များ အဆင့်မြင့်ပညာဦးစီးဌာနဘက်မှလူများက စိတ်ဆိုးကြပြီး သရုပ်ဆောင်ကျော်ဟိန်းအား အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ မည်သည့်တက္တသိုလ်ဝင်းအတွင်းမ ဆိုရုပ်ရှင်ရိုက်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်
၎င်းဇတ်ကားသရုပ်ဆောင်ချိန်မှာ ကျော်ဟိန်းဟာ ငယ်ရွယ်နုပျိုပြီးတတ်သစ်စအချိန်ပါ ကျော်ဟိန်းအနေနဲ့ရုပ်ရှင်ေ လာကမှာ မည်သို့ပင်အောင်မြင်စေကာမူ တက္တသိုလ်ထဲမှာ ရုပ်ရှင်ရိုက်ခွင့်အဲ့ဒီထဲက မရှိတော့ပါဘူး တက္တသိုလ်ဇတ်ရုပ်အတွက် ကျော်ဟိန်းသရုပ်ဆောင်ဖို့ အကန့်အသတ်ဖြစ်သွားခဲ့ရပါတယ်
ပြောချင်တာက ဘာလဲဆိုတော့ တက္တသိုလ်အဖွဲ့စည်းများရဲ့ပြ စ်ဒဏ်ခတ်မှု့ကို သဘောကျတာပါ တရားမစွဲဘူး ရုပ်ရင်းကြမ်းတမ်းစွာမတုန့် ပြန်ဘူး သာသာလေးနဲ့ထိထိရောက်ရောက်ဒဏ်ခတ်လိုက်တာများ သူ့အသက်မွေးဝမ်းကျောင်းသရုပ်ဆောင်တစ်သက် အဲ့ဒီခေတ်ကနံမည်ကျော်ကြားလှ တဲ့ ရန်ကုန်တက္တသိုလ် မန်းတက္တသိုလ်တွေမှာခြေချခွင့်မရတော့ဘူး တက္တသိုလ်ကျောင်းသားဇတ်ရုပ် တက္တသိုလ်ကျူတာဇတ်ရုပ်သရုပ်ေ ဆာင်လို့မရတော့ဘူး
ကျနော်တို့ဟာ ထိုကဲ့သို့အပြစ်ပေးအရေးယူမှု့ကိုသဘောကျတယ် အခုအချိန်ဖြစ်နေတာတွေဟာ အပြစ်ပေးအရေးယူတဲ့ထောင်တွေဟာ ပြန်လည်မလိမ္မာလာပဲ ထောင်ထွက်ဆိုတဲ့ဂုဏ်ဆိုးနဲ့ ပိုမိုမိုက်မဲနေကြတယ်
ပိုမိုဆိုးသွမ်းလာတယ် တရားဥပဒေ တရားရုံးများရဲ့ စီရင်ချက်ချမှု့
အဂတိလိုက်စားမှု့ဟာ မေးခွန်းထုတ်စရာဖြစ်သလို ထောင်တွေရဲ့ပြုပြင်ထိန်းကျောင်းမှု့ဟာလဲ လူ့အဖွဲ့စည်းကို အန္တရာယ်ပိုဖြစ်နေစေပါတယ်
စင်ကာပူ အနောက်ဥရောပနိုင်ငံများမှာ ပြစ်မှု့သေးများအတွက် ဥပမာ မူးရစ်ရမ်းကား ခိုက်ရန်ဖြစိပွားစသည်တို့အတွက် အများပြည်သူဆိုင်ရာ လမ်း ဆေးရုံ ကျောင်းများကို သန့်ရှင်းရေးလုပ်ရန်ပြစ်ဒဏ် ချခြင်း အများပြည်သူဝန်ဆောင်မှု့တွေ ကိုလုပ်ဆောင်စေချင်း ကြိမ်ဒဏ်စတဲ့ အကျိုးရှိတဲ့ ပြစ်ဒဏ်ပေးမှု့တွေကိုပြုလုပ်ကြတယ် ပစ်မှု့ကြီးတွေအတွက်လဲ ထောင်ဟာတကယ့်ပြုပြင်ပေးရာနေ ရာတစ်ခုအဖြစ်ရှိနေတာကို လေ့လာမိတယ် မြန်မာပြည်ထဲကထောင်တွေကတော့ ရုပ်ပေါက်ရင်ငွေသုံးနိုင်ရင် မူးယစ်ဆေးသုံးစွဲလို့ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ပိုမိုဆိုး သွမ်းမှု့ဆီဦးတည်နေတယ်
ပြစ်မှု့အသေးအကြီးပေါ်မူတည်ြ ပီး တရားမမှု့ ရာဇဝတ်မှု့အပေါ်မူတည်ပြီး အကျိုးများတဲ့တရားစီရင်ရေးစ နစ်ဖြစ်ပေါ်စေချင်သလို သက်ဆိုင်ရာလူမှု့အဖွဲ့စည်းများ အင်စတီကျူးရှင်းများမှာလဲ ထိရောက်လေးနက်တဲ့ကိုယ်ပိုင် အရေးယူခွင့်ရှိစေချင်တယ် အထက်ကကျော်ဟိန်းကိစ္စကို ပညာရေးဌာနကအရေးယူသလိုပဲ ဥပမာ အင်္ဂလန်ပရီးမီးယားလိဂ် နှင့်အင်္ဂလန်ဘောလုံးအဖွဲ့ချု ပ် FA က အင်္ဂလန်အသင်းရဲ့ကပ္ပတိန် ဂျွန်တယ်ရီကို အရေးယူခဲ့တယ် ဂျွန်တယ်ရီဟာ အင်္ဂလန်ပြည်တွင်းလိဂ်ပွဲစဉ်တ စ်ခုမှာ ပြိုင်ဘက်ဆန်းဒါးလန်းအသင်းရဲ့ လူမည်းကစားသမား အွန်တန်ဖာဒီနန်နှင့် အငြင်းပွာတွန်းထိုးခိုက်ရန် ဖြစ်ပွားစဉ် လူမျိုးရေးခွဲခြားတဲ့အသုံးနုန်း "အမဲကောင် မျောက်" လို့ပြောဆိုဆဲရေးမိတဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ကပ္ပတိန်အဖြစ်ကရော အသင်းသားအဖြစ်ကရော ရာသက်ပန်ထုတ်ပယ်တယ် (ကစားသမားဘဝအကောင်းဆုံးခြေစွမ်းပြနေချိန်ထုတ်ပယ်အရေးယူ ခြင်းဖြစ်သည်) လိဂ်အဖွဲ့ချုပ်ကလဲ ကြီးလေးတဲ့ဒဏ်ငွေနဲ့ ပွဲပယ်ပြစ်ဒဏ်များချမှတ်တယ် သူ့မိခင်ကလပ်က လစာဖြတ်တောက်တယ် ပထမအကြိမ်ကြီးလေးစွာသတိပေးတ ယ် အရပ်ဖက်တရားရုံးကလဲ ဥပဒေနဲ့အညီတရားစွဲပြီး လူမှု့ရေးအလုပ်များကို နာရီများစွာလုပ်ဖို့ပြစ်ဒဏ် ချတယ် (ဥပမာ သန့်ရှင်းရေး)
စတဲ့ စတဲ့ ထိရောက်ပြီး လိုက်နာနိုင်တဲ့ နောက်တနှင့်ရှက်စိတ်နဲ့အတူ လူကောင်းဖြစ်ကိုတွန်းပို့တဲ့ အပြစ်ပေးမှု့ နှင့် လူအဖွဲ့အစည်းရဲ့အပြစ်ပေးမရေးယူမှု့မျိုးများသာ ဖြစ်စေချင်တယ်
လက်ရှိတရားစီရင်ရေးစနစ်နဲ့ ထောင်ပုံစံဟာ မြန်မာ့လူ့အဖွဲ့စည်းကို မလုံခြုံစေပဲ အန္တရာယ်တွေသာပေးနေတယ်ဆိုတာကို နိုင်းယှဉ်တင်ပြလိုက်ရကြောင်းပါ
Hlwan Wai Lwin
ဒီဇတ်ဝင်ခန်းအတွက် တက္တသိုလ်အာဏာပိုင်အဖွဲ့များ
၎င်းဇတ်ကားသရုပ်ဆောင်ချိန်မ
ပြောချင်တာက ဘာလဲဆိုတော့ တက္တသိုလ်အဖွဲ့စည်းများရဲ့ပြ
ကျနော်တို့ဟာ ထိုကဲ့သို့အပြစ်ပေးအရေးယူမှ
စင်ကာပူ အနောက်ဥရောပနိုင်ငံများမှာ ပြစ်မှု့သေးများအတွက် ဥပမာ မူးရစ်ရမ်းကား ခိုက်ရန်ဖြစိပွားစသည်တို့အတ
ပြစ်မှု့အသေးအကြီးပေါ်မူတည်ြ
စတဲ့ စတဲ့ ထိရောက်ပြီး လိုက်နာနိုင်တဲ့ နောက်တနှင့်ရှက်စိတ်နဲ့အတူ လူကောင်းဖြစ်ကိုတွန်းပို့တဲ
လက်ရှိတရားစီရင်ရေးစနစ်နဲ့ ထောင်ပုံစံဟာ မြန်မာ့လူ့အဖွဲ့စည်းကို မလုံခြုံစေပဲ အန္တရာယ်တွေသာပေးနေတယ်ဆိုတာက
Hlwan Wai Lwin
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။