ယနေ့ ကိုသူရ ရေးတဲ့ တချိန်သော ဇွန်လ ၂၈ရက်နေ့ ကအမှတ်တရအကြောင်းလေး
========================== ========================== =
အမှန်ကတော့ ဒီ ပုံ တင်တာရယ်။ပရိုဖိုင်းပြောင်း တာရယ် အကြောင်းရှိပါတယ်။
၂၀၀၈ခုနှစ်မေလ၂ရက်နေ့ နာဂစ်မုန်တိုင်းအပြီး လူတစ်သိန်းကျော်သေဆုံး အိုးအိမ်မဲ့
တစ်သန်းကျော်ခဲ့ပါတယ်။
ကျွန်တော်တို့ကိုပိတ်ဆို့ထားတဲ့ကြားက ခိုးဝင်ပြီး ဘကြီးအောင်။ဇော်သက်ထွေးတို့ နဲ့အတူ
ရွာတွေထဲ ဇွတ်ဝင်ခဲ့ပါတယ်။ဒီတုန်းက ရေပေါ်မှာ လူတွေ တိရိစ္ဆာန်တွေ ရဲ့အလောင်းတွေ
ဟာ တင်းကြမ်းပေါ့။အလောင်းတွေကို လက်နဲ့ဖယ်ပြီး ရွာထဲဝင်လို့ ပါ လာတဲ့ဆန်။ရေ။ပဲ ။ဆီတို့ကိုပေးခဲ့ပါတယ်။တော် တော်များများဟာ သွေးပျက်နေတာပါ။သူတို့မျက်နှာ
ကျွန်တော် ဒီတသက်မမေ့ပါ။
ဒီလိုနဲ့ နေ့တိုင်းလိုလိုတစ်လတိတိ အဲဒီနေရာတွေကို ပို့ပြီးချိန်မှာ ကျွန်တော်။ဇော်သက်ထွေး။
သန်စင်အောင်နဲ့ တင်မောင်အေး တို့ အဖမ်းခံရပြီး ဒီလို၂၈ရက်နေ့ ဇွန်လမှာတရားရုံးထုတ်ခံ
ခဲ့ရပါတယ်။ဖမ်းခံရတာ ရီစရာမဟုတ်ပေမဲ့ အီလက်ထရောနစ် အက် ၃၂(က) ၃၃(ခ) တို့နဲ့
တရားစွဲ ခံရတာ တော်တော်ရယ်ရပါတယ်။တိုတိြုေ ပာရရင် ကွန်ပြူတာကိုတရားမဝင်
အသုံးပြုပြီးမမှန်သတင်းဖြန့် ချိတာတဲ့။တရားစွဲ တဲ့ ရဲ က ကွန်ပြူတာ မဖွင့်တတ်။တရားသူကြီး
က အီးမေးလ် နဲ့ ဂျီမေးလ်မသိ။အစိုးရရှေ့နေက ချက်တယ် ဆိုတာနားမလည်။
ဒါပေမဲ့ အဲ ဒီ ၂မှုအတွက် ကျွန်တော့ကို ထောင်ဒဏ် အနှစ် ၃၀ ချခံ ရပါတယ်။
ဒါကိုအမှတ်တရ အဖြစ် တင်ပေးလိုက်တာပါ။
မောင်သူရ
==========================
အမှန်ကတော့ ဒီ ပုံ တင်တာရယ်။ပရိုဖိုင်းပြောင်း
၂၀၀၈ခုနှစ်မေလ၂ရက်နေ့ နာဂစ်မုန်တိုင်းအပြီး လူတစ်သိန်းကျော်သေဆုံး အိုးအိမ်မဲ့
တစ်သန်းကျော်ခဲ့ပါတယ်။
ကျွန်တော်တို့ကိုပိတ်ဆို့ထာ
ရွာတွေထဲ ဇွတ်ဝင်ခဲ့ပါတယ်။ဒီတုန်းက ရေပေါ်မှာ လူတွေ တိရိစ္ဆာန်တွေ ရဲ့အလောင်းတွေ
ဟာ တင်းကြမ်းပေါ့။အလောင်းတွေကိ
ကျွန်တော် ဒီတသက်မမေ့ပါ။
ဒီလိုနဲ့ နေ့တိုင်းလိုလိုတစ်လတိတိ အဲဒီနေရာတွေကို ပို့ပြီးချိန်မှာ ကျွန်တော်။ဇော်သက်ထွေး။
သန်စင်အောင်နဲ့ တင်မောင်အေး တို့ အဖမ်းခံရပြီး ဒီလို၂၈ရက်နေ့ ဇွန်လမှာတရားရုံးထုတ်ခံ
ခဲ့ရပါတယ်။ဖမ်းခံရတာ ရီစရာမဟုတ်ပေမဲ့ အီလက်ထရောနစ် အက် ၃၂(က) ၃၃(ခ) တို့နဲ့
တရားစွဲ ခံရတာ တော်တော်ရယ်ရပါတယ်။တိုတိြုေ
အသုံးပြုပြီးမမှန်သတင်းဖြန်
က အီးမေးလ် နဲ့ ဂျီမေးလ်မသိ။အစိုးရရှေ့နေက ချက်တယ် ဆိုတာနားမလည်။
ဒါပေမဲ့ အဲ ဒီ ၂မှုအတွက် ကျွန်တော့ကို ထောင်ဒဏ် အနှစ် ၃၀ ချခံ ရပါတယ်။
ဒါကိုအမှတ်တရ အဖြစ် တင်ပေးလိုက်တာပါ။
မောင်သူရ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။