"ကြိုးမဲ့စွန်"
ကျောင်းမှာသင်တဲ့
"ဝ" လုံးလေးက
ဖေဖေ လုံးတဲ့ လောက်စာလုံးလေးလို
လုံးလုံးလေးနော်။
ဘွားဘွားရယ်
သူများတွေ စာတတ်ဖို့တဲ့
ကျောင်းသွားကြတယ်
သားကြတော့ စာကလေးတွေသတ်ဖို့တဲ့
တောထဲ သွားရတယ်။
မေမေရယ်
သားလွယ်အိတ်လေးထဲ
လောက်စာလုံးတွေ မထည့်ချင်ဘူး။
ဖေဖေရယ်
စိန်ပန်းပင်တွေအောက်မှာ
နွားမကျောင်းချင်ဘူး။
သားနာမည်လေး
ရေးတတ်ဖို့
နောင်နှစ် မိုးဦးကျရင်
ကျောင်းတက်ချင်တယ်။
မာနကြီးတဲ့
လောကဓံက
ရေလိုပဲ
နိမ့်ရာကို မဲလွန်းအားကြီးတယ်။
messi
ကျောင်းမှာသင်တဲ့
"ဝ" လုံးလေးက
ဖေဖေ လုံးတဲ့ လောက်စာလုံးလေးလို
လုံးလုံးလေးနော်။
ဘွားဘွားရယ်
သူများတွေ စာတတ်ဖို့တဲ့
ကျောင်းသွားကြတယ်
သားကြတော့ စာကလေးတွေသတ်ဖို့တဲ့
တောထဲ သွားရတယ်။
မေမေရယ်
သားလွယ်အိတ်လေးထဲ
လောက်စာလုံးတွေ မထည့်ချင်ဘူး။
ဖေဖေရယ်
စိန်ပန်းပင်တွေအောက်မှာ
နွားမကျောင်းချင်ဘူး။
သားနာမည်လေး
ရေးတတ်ဖို့
နောင်နှစ် မိုးဦးကျရင်
ကျောင်းတက်ချင်တယ်။
မာနကြီးတဲ့
လောကဓံက
ရေလိုပဲ
နိမ့်ရာကို မဲလွန်းအားကြီးတယ်။
messi
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။