သားလေးရဲ့ ထိပ်ဖူးငုံအရေပြား ဖြတ်ခြင်း
************************** ******
သားယောက်ျားလေးများ၏ ဂျိုးဂျိုးထိပ်ဖူးတွင် ဖုံးအုပ်ထားသော အရေပြားဖြတ်တောက်ခြင်းကို ဆေးပညာအရ circumcision ဟုခေါ်သည်။
ကမ္ဘာပေါ်တွင် Circumcision ကို လူမျိုးဘာသာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ယုံကြည်မှုအရ ပြုလုပ်သည်ကများသည်။ ကြားဖူးနားဝရှိသူ မိဘအချို့က ဖြတ်သင့်မဖြတ်သင့် တွေဝေကြသည်။
ဆေးပညာရှုထောင့်မှ လိုအပ်၍ လုပ်ခြင်းက ရှားသည်။ အောက်ပါ အခြေအနေများတွင် circumcision လုပ်သင့်သည်ဟု သင်ရိုးညွှန်းတမ်းရေးသော ကလေး ဆရာဝန်များက လက်ခံထားသည်။
(၁) ထိပ်ဖူးငုံအရေပြားအောက်တွင် မကြာခဏ ရောဂါပိုးဝင်ခြင်း
(၂) ဆီးလမ်းကြောင်းတွင်း ထပ်ခါတလဲလဲ ရောဂါပိုးဝင်ခြင်း
(၃) ကလေးကြီးများတွင် ထိပ်ဖူးငုံအရေပြားက ထိပ်ဖူးကို တင်းကျပ်စွာ အုပ်ထား၍ သန့်ရှင်းရေးလုပ်ရန် နောက်သို့ ဆွဲမလှန်နိုင်ခြင်း
ဆေးပညာအရ လိုအပ်၍ လုပ်လျှင် ၆ လအောက်ကလေးကို ထုံဆေးပေး၍ လုပ်လေ့ရှိပြီး ၆ လကျော်လျှင် မေ့ဆေးလိုအပ်နိုင်သည်။
ခွဲစိတ်မှုက ရိုးရှင်းသော်လည်း အောက်ပါ ပြဿနာများကြုံရတတ်သည်။
(၁) မေ့ဆေး၊ ထုံဆေးနှင့် မတည့်ခြင်း
(၂) သွေးထွက်လွန်ခြင်း
(၃) ခွဲစိတ်သော အနာတွင်ပိုးဝင်ခြင်း
(၄) အမိုးမဲ့သော ထိပ်ဖူးက ကျိန်းစပ်ခြင်း
(၅) ဖြတ်သော အရေပြား တိုလွန်း၊ရှည်လွန်းသွားခြင်း
(၆) ဆီးသွားလမ်းကြောင်း ထိခိုက်ဒဏ်ရာရပြီး ကျဉ်းသွားခြင်း
Circumcision မလုပ်သင့်သော အခြေအနေ ၂ ခုမှာ
(၁) ဆီးသွားပေါက်က ဂျိုးဂျိုးတံရဲ့ အောက်မျက်နှာပြင်တွင် မှားပွင့်နေလျှင် အပေါက်ပိတ်ဖို့ ထိပ်ဖူးငုံ အရေပြားလိုအပ်နိုင်၍ မဖြတ်ပစ်သင့်ပါ။
(၂) သွေးထွက်လွန်ရောဂါရှိလျှင် မဖြတ်သင့်ပါ။
နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures credits to Google
Reference- Better Health Channel, Victoria Government, Australia
#circumcision
#naynaymoeswe
**************************
သားယောက်ျားလေးများ၏ ဂျိုးဂျိုးထိပ်ဖူးတွင် ဖုံးအုပ်ထားသော အရေပြားဖြတ်တောက်ခြင်းကို ဆေးပညာအရ circumcision ဟုခေါ်သည်။
ကမ္ဘာပေါ်တွင် Circumcision ကို လူမျိုးဘာသာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ယုံကြည်မှုအရ ပြုလုပ်သည်ကများသည်။ ကြားဖူးနားဝရှိသူ မိဘအချို့က ဖြတ်သင့်မဖြတ်သင့် တွေဝေကြသည်။
ဆေးပညာရှုထောင့်မှ လိုအပ်၍ လုပ်ခြင်းက ရှားသည်။ အောက်ပါ အခြေအနေများတွင် circumcision လုပ်သင့်သည်ဟု သင်ရိုးညွှန်းတမ်းရေးသော ကလေး ဆရာဝန်များက လက်ခံထားသည်။
(၁) ထိပ်ဖူးငုံအရေပြားအောက်တွင်
(၂) ဆီးလမ်းကြောင်းတွင်း ထပ်ခါတလဲလဲ ရောဂါပိုးဝင်ခြင်း
(၃) ကလေးကြီးများတွင် ထိပ်ဖူးငုံအရေပြားက ထိပ်ဖူးကို တင်းကျပ်စွာ အုပ်ထား၍ သန့်ရှင်းရေးလုပ်ရန် နောက်သို့ ဆွဲမလှန်နိုင်ခြင်း
ဆေးပညာအရ လိုအပ်၍ လုပ်လျှင် ၆ လအောက်ကလေးကို ထုံဆေးပေး၍ လုပ်လေ့ရှိပြီး ၆ လကျော်လျှင် မေ့ဆေးလိုအပ်နိုင်သည်။
ခွဲစိတ်မှုက ရိုးရှင်းသော်လည်း အောက်ပါ ပြဿနာများကြုံရတတ်သည်။
(၁) မေ့ဆေး၊ ထုံဆေးနှင့် မတည့်ခြင်း
(၂) သွေးထွက်လွန်ခြင်း
(၃) ခွဲစိတ်သော အနာတွင်ပိုးဝင်ခြင်း
(၄) အမိုးမဲ့သော ထိပ်ဖူးက ကျိန်းစပ်ခြင်း
(၅) ဖြတ်သော အရေပြား တိုလွန်း၊ရှည်လွန်းသွားခြင်
(၆) ဆီးသွားလမ်းကြောင်း ထိခိုက်ဒဏ်ရာရပြီး ကျဉ်းသွားခြင်း
Circumcision မလုပ်သင့်သော အခြေအနေ ၂ ခုမှာ
(၁) ဆီးသွားပေါက်က ဂျိုးဂျိုးတံရဲ့ အောက်မျက်နှာပြင်တွင် မှားပွင့်နေလျှင် အပေါက်ပိတ်ဖို့ ထိပ်ဖူးငုံ အရေပြားလိုအပ်နိုင်၍ မဖြတ်ပစ်သင့်ပါ။
(၂) သွေးထွက်လွန်ရောဂါရှိလျှင် မဖြတ်သင့်ပါ။
နေနေမိုးဆွေ (Child Health Myanmar
Page)
Pictures credits to Google
Reference- Better Health Channel, Victoria Government, Australia
#circumcision
#naynaymoeswe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။