Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 28, 2017

ဆောင်းဦးလှိုင်နှင့်တွေ့ဆုံခြင်း


‘‘ကျွန်တော်သြဇီမှာမဟုတ်ပါဘူး၊ ဘော်နီယိုကျွန်းမှာ နေတာပါ။ သြစတြေးလျလို့လည်း ထင်ကြတယ်။ ကျွန်တော်ကိုယ်တိုင်က သိုသိုသိပ်သိပ်နေတတ်တော့ သိပ်မပြောဘူး’’
လွန်ခဲ့သည့် သုံးနှစ်ကျော်က ပြည်ပသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အဆိုတော် ဆောင်းဦးလှိုင်က ‘ကမ္ဘာ့စံချိန်’ဟု အမည်ပေးထားသည့် တစ်ကိုယ်တော်အခွေကို ယခုရက်ပိုင်းအတွင်း ဖြန့်ချိခဲ့သည်။ တစ်ကိုယ်တော်အခွေမထွက် သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်၍ အဆိုတော် ဆောင်းဦးလှိုင်ကို ပြည်ပတွင် သွားရောက်နေထိုင်ဖြစ်သည့်အကြောင်းအရာများအပါအ၀င် လက်ရှိဖြန့်ချိသည့် တေးစီးရီးအကြောင်း အွန်လိုင်းမှဆက်သွယ်မေးမြန်းခဲ့ပါသည်။


ဆယ်နှစ်ကြာမှ လုပ်ဖြစ်တဲ့ တစ် ကိုယ်တော်ခွေအကြောင်း အရင် ဆုံးပြောပြပေးပါဦး။
‘ကမ္ဘာ့စံချိန်’က သီချင်းရှစ် ပုဒ်ပါမယ်။ Own Tune လေးတွေ။ ဒီအခွေကို အချိန်ဘယ်လောက်ယူ ခဲ့ရလဲဆိုတာတော့ ပြောဖို့ခက် တယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်အ တွင်း လူမှုရေး၊ နိုင်ငံရေး၊ သီချင်း လေးတွေနဲ့ အထောက်အကူပြု သီချင်းလေးတွေ ရေးသားပြီး အွန် လိုင်းပေါ်မှာ လှုပ်ရှားမှုလေးတွေ လုပ်တယ်။ တစ်ခါတလေလည်း အကျိုးပြုနဲ့ သိပ်မဆိုင်တဲ့ သီချင်း လေးတွေရရင်လည်း တို့ထား၊ မှတ်ထားတာလေးတွေရှိတယ်။ အခုသေသေချာချာ ရှစ်ပုဒ်လုံး ဖန် တီးတာကတော့ လေးလလောက် အချိန်ယူခဲ့ရတယ်။ ကျွန်တော် ကိုယ်တိုင်ပဲ ရေး၊ ဆို၊ တီးလုပ် တာ။ တစ်ယောက်တည်းလုပ်ရ တယ်ဆိုတော့ လေးလလောက် လုပ်ခဲ့ရတယ်။ ဘာကြောင့်လုပ် ဖြစ်ခဲ့တာလဲဆိုတော့ ကျွန်တော် တို့ကို ၁၉း၁၈ မိနစ်မှာ ရင်းနှီးခဲ့တဲ့ ပရိုဂျူဆာ ညီငယ်လေးတစ် ယောက်က ကျွန်တော့်အခွေကို ထုတ်ချင်တယ်။ အမြန်ဆုံးလုပ် ပေးပါဆိုပြီး ဆက်သွယ်လာတာ ပါ။ သူ့ကိုလည်း သံယောဇဉ်ရှိနေ တော့ သူပြောတော့ လုပ်ချင်လာ တယ်။ အစကတော့ နှစ်ပေါင်းအ ကြာကြီး အခွေတွေဘာတွေလည်း မထွက်ဖြစ်ဘဲနေတော့မယ်လို့စဉ်းစားတာလေ။ တစ်ကိုယ်တော်ခွေ ဆိုရင် မထွက်တာ ဆယ်နှစ်ရှိပြီ ကိုး။ ဂီတက နိစ္စဓူဝ လုပ်နေ တာ။ တီးခတ်တယ်၊ ရေးသားတယ်ဆို တော့ နည်းနည်းမြှောက်ပေးတာ နဲ့တက်ကြွပြီး အဆုံးသတ်တာပေါ့။ အဆုံးသတ်ပြီးတော့ သူ့မှာ အ ကြောင်းအမျိုးမျိုးကြောင့် ကျွန် တော့်အခွေကို မြန်မြန်လေးထုတ် ပေးဖို့ အခြေအနေမပေးဘူး ဖြစ် သွားတယ်။ အဲဒါနဲ့ မြန်မာပြည်က ဖြန့်ချိတဲ့ ချိုကြည်သာ တေးသံသွင်းက မနီလာရယ်၊ ဒီခေတ်က အွန်လိုင်းဆိုတော့ Myanmar Music Store က ဒေါက်တာကိုကို လွင်ရယ်ကို လှမ်းမေးပြီးတော့ ခင် ဗျားတို့ ၀ိုင်းဖြန့်ပေးနိုင်မလား။ ကျွန်တော့်မှာတော့ ထုတ်လုပ်မယ့် လူလည်းမရှိဘူး။ စပွန်ဆာလည်း မရှိဘူး။ ကိုယ့်ဟာကိုယ် ထုတ်ရ မှာပါဆိုတော့ သူတို့ကလည်း ကိုယ်နဲ့ ဟိုးအရင်ကတည်းက လက်တွဲလာတဲ့ လက်တွဲဖော် ဟောင်းတွေဆိုတော့ ကိုဆောင်ဦး လုပ်လိုက်ပါ။ ကူညီပါ့မယ်ဆို တော့ အဲဒါနဲ့ မြန်မြန်ပဲထုတ်လိုက် မယ်။ ပရိသတ်နဲ့လည်း တစ် ခေါက်ပြန်ပြီး ထိတွေ့ရတာပေါ့ဆို ပြီး လုပ်ဖြစ်သွားတာ။
ဒီအခွေမှာပါတဲ့ သီချင်းတွေက Folk Song တွေဆိုပြီးတော့ ပြော ထားတာရှိတော့ ဘယ်လိုသီချင်း ပုံစံတွေဖြစ်မလဲ။
Folk Song ဆိုတာက ဘယ် လိုလဲဆိုတော့ ဂစ်တာတွေ၊ စန္ဒရားတွေ၊ တူရိယာပစ္စည်းအစစ်၊ အစစ်ဆိုတာ Stabilizer တွေ သိပ်မသုံးဘူးပေါ့။ အစစ်တွေကို များများသုံးပြီးတော့ ရေးတာရော၊ ဖန်တီးတာရော အားလုံးက ရိုးရိုး ရှင်းရှင်းလေး။ နောက် သီချင်းတစ် ပုဒ်ချင်းစီရဲ့ ပုံစံကလည်း ပုံပြင် လေးတွေ၊ သီချင်းတစ်ပုဒ်မှာ ပုံပြင်ဇာတ်လမ်းအကြောင်းအရာ တစ်ခု အဲဒီလိုမျိုးအဖွဲ့အနွဲ့က Folk Song တူတယ်လို့ထင်တယ်။ အသက်လေးလည်းရလာတော့ အဲဒီသီချင်းမျိုး နားထောင်ဖြစ် တယ်။ အဲဒီဟာနဲ့ ပိုနီးစပ်တယ်။ သီချင်းရှစ်ပုဒ်မှာ ခုနစ်ပုဒ်က Folk Song တွေချည်းပဲ။ အဲဒီဘက်ကို ဦးတည်ထားတယ်။
ဒီအခွေမှာ အစ်ကို့ရဲ့ အချစ်သီ ချင်းတွေ တော်တော်များများပါ မယ်ဆိုတော့ တခြားရော၊ ဘယ် လိုပုံစံအကြောင်းအရာပါဦးမလဲ။
လေးနှစ်ရှိပြီ။ တစ်ခါတလေ သီချင်းအများစုက လူမှုရေး၊နိုင်ငံ ရေး အထောက်အကူပြု သီချင်း တွေဖြစ်နေတာကိုး။ အွန်လိုင်း တစ်ခါတလေတင်တယ်။ လုပ်ဖြစ် တယ်ဆိုရင် အဲဒါမျိုးတွေပဲများနေတယ်။ အရင်ကတော့ စာပေစိစစ် ရေးတွေရှိတော့လည်း အချစ်သီ ချင်းလေးတွေဆိုရတာများတယ်။ အောင်မြင်တာလည်း အချစ်သီ ချင်းလေးတွေ များတယ်လေ။ အ ချစ်သီချင်းတွေ အောင်မြင်ခဲ့တဲ့ ဒီအဆိုတော်ကလူမှုရေး ဟာတွေ ပဲဆိုတော့မှာလားဆိုပြီး မေးခွန်း ထုတ်တာတို့၊ တောင်းဆိုတာတို့ရှိ တာပေါ့ဗျာ။ ဒီအခွေထဲမှာ လေး ပုဒ်လောက်က အချစ်သီချင်းစစ် စစ်လေးတွေပါတယ်။ မဆိုတာ လည်း ကြာပြီဆိုတော့ ကျွန်တော် ဆိုတာကို ပြန်နားထောင်ရမယ် ပေါ့။
အရင်က ဒေါ်အောင်ဆန်းစုကြည် ကို ရည်ရွယ်ပြီးရေးစပ်ခဲ့တဲ့ သီ ချင်းတွေရှိတော့ ဒီအခွေမှာကော အဲဒီလိုသီချင်းမျိုးပါဦးမှာလား။
မပါပါဘူး။ နံပါတ်တစ် သီချင်းကတော့ မွေးရပ်မြေကိုခွဲခဲ့ ရတာ စိတ်မကောင်းဘူး။ အမေ့ အိမ်ကို ပြန်ချင်တယ်ပေါ့။ မွေးရပ် မြေကို ပြန်ချင်တယ်ဆိုတဲ့ သီချင်း လေးတော့ ပါပါတယ်။ ကျွန်တော် တို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ရည်ရွယ်ပြီးရေးတာ တော့ မပါပါဘူး။ ဘာဖြစ်လို့လဲဆို တော့ တော်တော်များများ ရေးခဲ့ ပြီးပြီ။ ရေးခဲ့၊ ဆိုခဲ့တယ်ဆိုတော့ ဒီအခွေလေးက ကျွန်တော် လတ် တလော ခံစားရတာလေးတွေပဲ ဦးစားပေးထားတာ။ ဆက်ရေးမှာ ပါ။ နိုင်ငံ့ခေါင်းဆောင်တွေ တိုင်း ပြည်အတွက် လိုအပ်တယ်ဆိုရင် လူပုဂ္ဂိုလ်အတွက်ပဲဖြစ်ဖြစ်၊ တိုင်း ပြည်အတွက်ပဲဖြစ်ဖြစ် ရေးပြီးဆို မှာပါ။ ဒီအချိန်ကတော့ ရင်ထဲရှိ တဲ့ စာသားတွေပဲ အခွေထုတ်တာ ပါ။
ပြည်ပကို ထွက်သွားတာကော ဘယ်လောက်ကြာပြီလဲ။ ဘာ ကြောင့် ထွက်သွားခဲ့တာလဲ။
သုံးနှစ်ခွဲနီးပါးလောက်တော့ ရှိပြီ။ ပြည်ပကို ပြောင်းသွားဖြစ် တာက ဘယ်လိုအခြေအနေ ကြောင့်လဲဆိုတော့ ကျွန်တော် လုပ်ချင်တဲ့ လှုပ်ရှားမှုလေးတွေ လွတ်လွတ်လပ်လပ်လုပ်ကိုင်ဖို့ အဲဒီလိုပဲ အကြမ်းဖျင်းသတ်မှတ် လို့ရပါတယ်။ အရင်တုန်းကတော့ နိုင်ငံရေးအပြောင်းအလဲလေး တွေလည်း ၀ိုင်းကူချင်တယ်။ အဲဒီ လို ဆန္ဒလေးတွေကြောင့်။ ပြီး တော့ သီချင်းတွေ ဖန်တီးတယ်။ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင် တွေကို ပံ့ပိုးချင်တယ်ဆိုတော့ လျှပ်စစ်မီးလေးမှန်ပြီး အွန်လိုင်း လှုပ်ရှားမှုလေး များများလုပ်နိုင် တဲ့ နေရာမျိုးလေးမှာ ရွေးချယ်ပြီး လုပ်တာ။ အဲဒါလေးတွေ လုပ် ချင်လို့ ထွက်သွားတာလို့ ပြောလို့ ရတာပေါ့။
အစ်ကို့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံ ရေး၊ လူမှုရေးနဲ့ ပတ်သက်တာတွေ အမြဲတင်ဖြစ်နေတာကကော ဘာ ကြောင့်ပါလဲ။
ကျွန်တော်တို့က (၁၆)နှစ် သားလောက်ကတည်းက ၈၈ ဆေးတက္ကသိုလ်ကျောင်းသားတွေ ဆိုတော့ ဒါတွေကို စိတ်ကိုဝင်စား တာ။ အစကတည်းကလည်း လုပ် ဖြစ်တယ်။ နည်းနည်းလုပ်ဖြစ်တဲ့ နှစ်တွေနဲ့ များများလုပ်ဖြစ်တဲ့နှစ် တွေပဲ ကွာတာပေါ့ဗျာ။ ၂၀၀၇ သံဃာ့အရေးအခင်း ၂၀၀၈ နာ ဂစ်မုန်တိုင်းအပြီးမှာတော့ လူမှု ရေးတွေလုပ်ဖြစ်တယ်။ လုပ်ဖြစ် တော့ သီချင်းဆိုတဲ့အပိုင်းလည်း နည်းသွားတော့ ကိုယ်တတ်နိုင်တာ နဲ့ တိုင်းပြည်ရဲ့ အပြောင်းအလဲ တွေ ကိုယ်ကူညီနိုင် စွမ်းရှိ သလောက် ကူညီမယ်။ ဒါပေမဲ့ စိတ်အေးလက်အေး လုပ်ကိုင်လို့ ရမယ့်နေရာတစ်ခုကို ခေတ္တထွက် ခွာနေထိုင်ပြီးတော့ ဆောင်ရွက် တာ ပိုထိရောက်မယ်လို့ မျှော်လင့် ပြီးလုပ်တာ။ ထွက်ခွာလာခဲ့ပြီး တော့လည်း စဉ်ဆက်မပြတ်ပေါ့။ ၂၀၁၅ ရွေးကောက်ပွဲတို့ ရွေး ကောက်ပွဲပြီးတော့လည်း နိုင်ငံ ရေး၊ လူမှုရေးနဲ့ပတ်သက်တဲ့ အ တွေးအမြင်လေးတွေ အွန်လိုင်းမှာ သီချင်းဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဆောင်း ပါးလေးတွေ။ အဲဒါလေးတွေ ပို လုပ်နိုင်ခဲ့တာ။ ထိရောက်ခဲ့တယ် လို့လည်း ယူဆတယ်။ ပြည်တွင်း မှာနေတာထက်ကို ထိရောက်ခဲ့ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သီ ချင်းလေးတွေ စိတ်အေးလက် အေးဖန်တီးပြီးတော့ အထောက် အကူပြုနိုင်ခဲ့တာ။ ဒီသုံးလေးနှစ် မှာ ကိုယ်လုပ်ချင်တာကို ထိထိ ရောက်ရောက်လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
ပြည်ပကနေ ပြန်ဖို့ကော စဉ်းစား နေပြီလား။ ဘယ်တော့လောက် မြန်မာနိုင်ငံကို ပြန်လာဖြစ်မှာလဲ။
အခုလောလောဆယ် ဘာ ဖြစ်လို့မပြန်ဖြစ်သေးတာလဲဆို တော့ မပြန်ချင်သေးလို့ပဲ ဖြေရ မယ်ဗျ။ ပြန်ရင်လည်း သီချင်းဆိုဖို့ တို့ ဘာတို့ ပွဲတွေ သီချင်းတွေဘာ တွေဆိုဖြစ်မယ်။ ဘာမှ သိပ်မသေ ချာလို့။ ဘာလုပ်ရမှန်းမသိလို့ ပြန် ဖို့ ဆန္ဒနည်းနေတာ။ မဆုံးဖြတ်နိုင် သေးဘူး။ ကျွန်တော် ရှေ့ဆက် ဘာလုပ်ချင်လဲ စဉ်းစားနေဆဲပဲ။
လက်ရှိ အစ်ကိုနေထိုင်နေတဲ့ နေ ရာလေးအကြောင်းကိုလည်း ပြော ပြပါဦး။
ကျွန်တော်သြဇီမှာ မဟုတ် ဘူး။ ဘော်နီယိုကျွန်းမှာနေတာပါ။ သြစတြေးလျလို့လည်း ထင်ကြ တယ်။ အမေရိကားလို့လည်း ထင်ကြတယ်။ ကျွန်တော်ကိုယ် တိုင်က သိုသိုသိပ်သိပ်နေတတ် တော့ သိပ်မပြောဘူး။ ဘယ်မှာ ရောက်နေတယ်။ ဘာလုပ်နေ တယ်။ သိပ်မပြောဘူး။ ကိုယ်ယုံ ကြည်တာလေးပဲ တစိုက်မတ်မတ် လုပ်နေတယ်။ ရောက်ရှိနေတဲ့နေ ရာကို ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်ပြီးထွန်းကားစည်ပင်နေတဲ့ နေရာမျိုးတော့လည်း မဟုတ်ဘူး။ အေးအေးချမ်းချမ်းနေရာလေး တစ်ခုပါပဲ။ သိပ်ကြီးကြီးကျယ် ကျယ်ခမ်းခမ်းနားနား တိုးတိုး တက်တက်နေရာတော့ မဟုတ် ဘူး။
လက်ရှိအချိန်မှာ ပြည်သူတွေအား လုံး ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတက်လာပြီဆိုတော့ လက် ရှိ မြန်မာနိုင်ငံအပေါ် အမြင်လေး ပြောပါဦး။
နိုင်ငံရေးအရပြောရင်တော့ အရင်ကထက်ပိုပြီး ကျေနပ်တယ်။ ကြည်နူးတယ်။ ဘာဖြစ်လို့လဲဆို တော့ အရပ်သားအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်လည်း ပေါ်ထွက်လာခဲ့ပြီ လေ။ ဒါပေမဲ့ သေသေချာချာလေး လေးနက်နက်စဉ်းစားကြည့်တော့ လည်း ဒီမိုကရေစီအပြည့်အ၀ရ ပြီးတော့ အားလုံးအပေါင်းလက္ခ ဏာဆောင်တဲ့ဘက်ကို ၁၀၀ ရာခိုင်နှုန်းသွားနေတယ်လို့လည်း ပြောလို့မရဘူး။ တချို့ လုပ်စရာ ကျန်တာလေးတွေ ရှိနေသေး တယ်လို့ ထင်တယ်။ ကျွန်တော်ဆို ဘာလေးတွေ ကူညီနိုင်လဲဆိုတော့ ပြည်သူလူထုရဲ့ အတွေးအမြင် လေးတွေ၊ အတွေးအခေါ်လေး တွေ ငြိမ်းချမ်းရေးကိစ္စတွေ အပြင် ကနေ အများကြီး ထိရောက် အောင် ကူညီဖို့လိုအပ်တာကြည့် ပြီးတော့ ဆက်ပြီးလုပ်ဖို့တွေ။ တိုင်းပြည်က ဒီထက် ဒီမိုကရက် တစ်ဆန်လာပြီးတော့ စီးပွားရေး ရော၊ လူမှုရေးရော၊ အစစအရာ ရာ တိုးတက်ဖို့ လိုအပ်နေတယ်။
အစ်ကို့ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ဘယ်လိုသတင်း စကားပါးချင်ပါသလဲ။
ကျွန်တော်က ပြည်ပမှာ ထွက်ခွာပြီး နေထိုင်တယ်ဆိုတာ ထက် မည်သည့်အစိုးရ၊မည်သည့် လူမျိုးကိုမှ အလုပ်အကျွေးမပြုပါ ဘူး။ ကျွန်တော့်ကိုယ်စွမ်းဉာဏ် စွမ်း၊ အနုပညာအစွမ်း၊ ဆရာဝန် ပညာအစွမ်းတို့ကို တခြားလူမျိုး၊ တခြားတိုင်းပြည် မည်သူမည်ဝါ ကိုမှ အလုပ်အကျွေးမပြုပါဘူး။ တစ်နေ့၊တစ်နေ့ မြန်မာပြည်နဲ့ ဆိုင်တဲ့ကိစ္စတွေ အများဆုံးလုပ် တယ်။ ကျွန်တော် တစ်နေ့၊တစ်နေ့ လုပ်တာအများစုက မြန်မာပြည် ရဲ့ အရေးပဲ။ တစ်ခါတလေလိုအပ် ရင် ဆောင်းပါးလေးတွေ ပို့စ်လေး တွေရေးတယ်။ သီချင်းလေးတွေ ရေးတယ်။ ကျွန်တော် အားလုံးကို လည်း သတိရတယ်။ တစ်ခါတ လေကျတော့ ပရိသတ်တွေက လည်း နိုင်ငံရေးတွေပဲ လျှောက် လုပ်နေတယ်။ သီချင်းလေး ဘာ လေး ပြန်ဆိုစမ်းပါဆိုတဲ့သူတွေ ရှိ တယ်။ ဒီလူတွေအတွက် သီချင်း လေး ပြန်ထုတ်တာပါ။ ထုတ်လို့ လည်း ကျွန်တော့်အတွက် အနု ပညာအကျိုးရော၊ ငွေရေးကြေး ရေးအကျိုးရော ဘာမှ အများကြီး ရစရာမရှိတာ အားလုံးသိမှာပါ။ ဂီတဈေးကွက်က ပျက်နေတယ်။ ပရိသတ်ကိုသတိရလို့ ထုတ် တယ်။ ကျွန်တော့်ကို သတိရတဲ့ ပရိသတ်နားထောင်ရပါလိမ့်မယ်။ နည်းလမ်းပေါင်းစုံနဲ့ပေါ့။ ကျွန် တော်လည်း အခွေအစစ်ကို သွား ၀ယ်ဖို့ တိုက်တွန်းနေတယ်။ တတ် နိုင်ရင် အစစ်ဝယ်ပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ပြောသလိုပဲ။ မတတ်နိုင်တဲ့သူကလည်း ကြိုက် တဲ့ နည်းလမ်းနဲ့ ဒေါင်းလို့ရရင် လည်း ဒေါင်းပြီးနားထောင်ပါ။ သူ ငယ်ချင်းဆီက ကူးနားထောင်ပါ။ ရပါတယ်။ အားလုံးနားထောင်နိုင် ဖို့ စီစဉ်တာပါ။
ကျေးဇူးတင်ပါတယ်။
 http://www.7daydaily.com/story/100192

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။