Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 20, 2017

ကလေးများ၏ စိတ္တဗေဒ(မိဘများဖတ်ဖြစ်အောင် ဖတ်ပေးပါရန်)

ကလေးများ၏ စိတ္တဗေဒ(မိဘများဖတ်ဖြစ်အောင် ဖတ်ပေးပါရန်)


ကလေးတစ်ယောက်က မယ်မယ်ရရ အကြောင်းပြချက်မရှိပဲ ကျောင်းမတတ်ချင်ရင် သေချာတယ်။
ဒါ သူ့မှာ ကြောက်ရမယ့် ပြဿနာ တစ်ခုခုရှိနေလို့။ ဒီတော့
သူ့ ပြဿနာက ဘာလဲ?
ကလေး အချင်းချင်းဖြစ်တာလား? ဆရာ ဆရာမ နဲ့လား?
ကိုယ်က တပ်ကြပ်မကွာ အုပ်ချုပ်ဖို့ လိုပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ကျောင်းသားတိုင်းရဲ့ 90% က
ငယ်ရွယ်စဉ်မှာ အနိုင်ကျင့် ခံရမှု့ ညှဉ်းဆဲခံရမှု့ ကို ခံစားရဖူးပါတယ်။ ကျောင်းသားသစ်ဖြစ်လို့ လူကောင်သေးလို့
မနာလိုလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် ကျောင်းသား
အချင်းချင်း ညှဉ်းဆဲမှု့ကို ခံစားရဖူးပါတယ်။
ဒါ့အပြင် မြို့ကျောင်းအများစုမှာ တွေ့ရတဲ့ အတန်းပိုင်ကျူရှင် မတတ်မှု့ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု့ တွေကိုလည်း ခံစားကြရလေ့ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခံစားခဲ့ဖူးပါတယ်။ ၆ တန်း ကျောင်းသားအရွယ်တုန်းကပေါ့။
အတန်းပိုင်ကျူရှင် မတတ်မိတဲ့ အတွက် အတန်းပိုင်နှိပ်စက်သမျှကို ကျောကော့အောင် ခံစားဖူးပါတယ်။
အချိန်ပြည့် အဆူ အဆဲခံ စောင်းမြှောင်းပြောသမျှ ကြိတ်မှိတ်ခံစားရင်း စာသင်နှစ် တစ်နှစ် လွန်မြောက်သွားခဲ့ပေမယ့် ခံစားခဲ့ရသမျှကတော့ ခုချိန်ထိ မနေ့ တစ်နေ့ ကလိုပါပဲ။
ကျောင်းတတ်ရမယ့် အရေးကိုတွေးရင်း နေမကောင်းဖြစ်အောင် ကြက်သွန်နီဥ ချိုင်းကြားညှပ် ခဲ့ရတဲ့နေ့တွေ။ ဆရာမအချိန်ရောက်တိုင်း ဘုရားစာရွတ်ခဲ့ရတဲ့နေ့တွေ အားလုံးက မနေ့ တစ်နေ့က လိုပါပဲ။ အမေ မိဘ ကိုလည်း မပြောရဲ ဆရာ ဆရာမလည်း ဖက်ပြိုင်လို့ မရတဲ့ ကျောင်းသားဘဝကို ကျွန်တော် အတော် မုန်းတီးခဲ့ပါတယ်။

ဒီတော့ မိဘတွေအနေနဲ့ ဒီလိုပြဿနာမျိုးကို
ဘယ်လိုဖြေရှင်း ပေးမလဲ မိမိကလေးကို ပြောရဲ ဆိုရဲ မိမိနှင့်
တိုင်ပင်ရဲအောင် ပျိုးထောင်ထားသင့်ပါတယ်။ ဒါမှလည်း ဖြစ်သမျှကို မိဘသိခွင့်ရနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာ လူမျိုးတွေရဲ့ လွဲမှားတဲ့ အယူအဆ တစ်ခုကိုပြောပြချင်ပါတယ်။

''သားသမီးဆိုတာ မိဘကို ပြန်မလှန် ရဲမှကောင်းတာ'' ။
ကောင်းပါတယ် ဒီလို အယူအဆမျိုးရှိတာ။ အထူးသဖြင့်နောက် တစ်ချိန်မှာ လူရာမဝင် လူတောမတိုး
အရာရာကိုခေါင်းရှောင် ကြောက်တတ် အားငယ် တတ်တဲ့ လူမျိုးကို လိုချင်လာခဲ့လို့ ရှိလျှင် သားသမီးကို အကြောက်တရားနဲ့ အုပ်ချုပ်ပါ။

ဒါမှမဟုတ် အရာရာကို ရဲရဲ ဝင့်ဝင့် ပြောရဲ ဆိုရဲ မိဘကို ရိုသေလေးစား တဲ့
သားသမီးမျိုးကို လိုချင်လျှင် ချစ်ခင် လေးစားမှု့နဲ့အုပ်ချုပ်ပါ။
ပြီးတော့ ကိုယ့်သားသမီးအမှား လုပ်မိလို့ ရှိရင်လည်း
မဆူ မအော်ပါနှင့်။ နားလည်အောင်ရှင်းပြပါ။ အမှားလုပ်လို့ အော်မိ ဆူမိရင် မပူပါနဲ့ ။ နောက်တစ်ခါ သူအမှားလုပ်မိရင်တောင် ဘယ်တော့မှ ဝန်မခံတော့ပဲ
သင့်ကို ဖုံးကွယ်လာပါလိမ့်မယ်။

ဆရာကြီးရွှေဥဒေါင်း ငယ်ငယ်တုန်းက ။
သူ ခုနှစ်တန်း ရှစ်တန်း လူငယ့် သဘာဝ ကောင်မလေးတစ်ယောက်ကို စ နောက်လိုက်မိတယ်။ ဒါကို သူ့ အဖေက ပြစ်ဒဏ် ပေးတဲ့ အနေနဲ့ သူ့ သူငယ်ချင်းတွေရှေ့မှာ ကိုယ်တုံးလုံး ချွတ်ပြီး ရိုက်နှက် အပြစ်ပေးခဲ့တယ်။ ရလဒ် အနေနဲ့ ကတော့ တစ်သက်လုံး ဆရာကြီးရွှေဥဒေါင်း လူတောမတိုးတော့တာပါပဲ။
တကယ့်တကယ်တော့ စ နောက်မိတယ် ဆိုတာ ကြီးလေးတဲ့
အပြစ်တော့ မဟုတ်ပါဘူး။ ဒါကို ပြင်းထန် အပြစ်ပေးမိတဲ့ အတွက် ဆရာကြီးရွှေဥဒေါင်းမှာ စာအရေးအသားကောင်းသူ ဖြစ်လင့်ကစား စကားပြောရင် အ,ထစ် အ,ထစ် နဲ့ တစ်သက်လုံး လူကြောက် လူရာမဝင် လူုတောမတိုးဖြစ် သွားတော့ တာပါပဲ။

ဒီတော့ ကျောင်းသား လူငယ်ကို မိဘတစ်ယောက်အနေနဲ့
ဘယ်လိုဆုံးမရမလဲ? မပြောပဲ ပစ်ထားရမလား? No.
သူ့ အမှားတစ်ခုရဲ့ ရလာဒ်ကို စောင့်ကြည့်ခိုင်းရမယ်။ ဥပမာ စာမေးပွဲကျတယ် ဆိုပါတော့ ။ သူ့ကို ဒဏ်ပေးခြင်း မုန့်ဖိုးလျှော့ချခြင်း TV မကြည့်ခိုင်းခြင်း အစရှိသဖြင့်ပေါ့။ ဒါမှ သူ့ကိုယ်တိုင် ပြုပြင်သွားလိမ့်မယ်။

ကလေးကို မျက်နှာရိပ် မျက်နှာကဲ အကဲခတ်ပါ။ သို့သော် မိမိ
စောင့်ကြည့်နေမှန်းမသိပါစေနှင့်။ အမှားတစ်ခုလုပ်မိတိုင်းလည်း ထိုအမှားသည် မကြီးကြယ်ကြောင်း ပြင်ဆင်၍ ရကြောင်းသိပါစေ။ ကိုယ့်အမှားကိုယ် တာဝန်ယူတတ်ပါစေ။

ကလေး ကျောင်းမတတ်ရသော အကြောင်းအရင်း သိရသည်နှင့် တစ်ပြိုင်နက် ကျောင်းသို့ လိုက်၍ ပြဿနာရှင်းပါ။ မျက်နှာကို ပြုံးရွှင်စွာထားပါ။ ပြဿနာဖြစ်သော ကျောင်းသားကိုသော်လည်းကောင်း ဆရာကိုသော်လည်းကောင်း
ဆူဆူပူပုလုပ်ပါက မိမိကလေးသာ နစ်နာမည်ဖြစ်ကြောင်း သတိရပါစေ။

နောက်နောင် အကြောင်းတစ်စုံတစ်ရာ ရှိပါကလည်း မိမိကိုသာ အသိပေးပြောကြားရန် ကျောင်းသားကိုဖြစ်စေ
ဆရာမကိုဖြစ်စေ မေတ္တာရပ်ခံခြင်းဖြင့် ပြေလည်အောင်ဖြေရှင်းနိုင်ပါတယ်။ ပြီးတော့ တစ်ခါတည်း
မိဘခေါ်တယ်ဆိုတာ ကြောက်စရာ မဟုတ်ကြောင်း
ပြဿနာပြေလည်အောင်ရှင်းပေးတာဖြစ်ကြောင်း ရင်သွေးငယ်ကို သိပါစေ။ သို့ မဟုတ်ပါက မိမိကလေး၏ အဖေနှင့် အမေသည် ဆိုက္ကားနင်းသော ဦးလေးကြီးနှင့် သူ့ဇနီးဖြစ်သွားပါလိမ့်မည်။

ဒီတော့ အနာဂါတ်ရဲ့ သားကောင်း ရတနာလေးတွေဖြစ်လာမယ့် ကျောင်းသားလူငယ်များးးကို
စိတ်ဓါတ်ကစ ဖွံ့ဖြိုးအောင်ပျိုးထောင်ကြပါစို့။

Young Admin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။