မျက်ရည်မကျတဲ့ မိန်းမ…
ယနေ့ခေတ်
ထက်မြက်ပြီး အောင်မြင်နေတဲ့ မိန်းမတိုင်းဟာ
အကုန်လုံး အကြောတင်းတွေချည်းပါပဲ
ကိုယ်အရည်အချင်းနဲ့ ကိုယ်
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး
ပိုက်ဆံရှာနိုင်တယ် ရပ်တည်နိုင်တယ်
မိန်းမတစ်ယောက် အတွက် မာနဆိုတာ
အသုံးချတတ်ရင် အကောင်းဆုံး
ဓားတစ်လက် ဒိုင်းတစ်ခုပဲ
အရာရာကို ခံစားပြီး မျက်ရည်ကျနေမယ် ဆိုရင်
ဘဝကို ကျရှုံးစေတယ်
အလှကို အကျည်းတန်စေတယ်
မျက်ရည်ဆိုတာ အားငယ်နေချိန်မှ
ကျလာတတ်တာမျိုးပါ
အားငယ်ခြင်းဆိုတာကလည်း
လောကကြီးရဲ့ ရိုက်ခတ်ခြင်းကို
မခံစားနိုင်လို့ ဖြစ်လာတဲ့ ခံစားချက်တစ်ခု
လောကဓံတရားကို ကြံ့ကြံ့ခံပြီး
အကြောတင်းတင်းနဲ့ ရပ်တည်နိုင်တဲ့ မိန်းမတွေမှာ
အားငယ်တဲ့ခံစားချက် ဖြစ်လာဖို့ အချိန်ပေးနိုင်မှာ မဟုတ်ဘူး
မျက်ရည်မကျလေ အဲ့ဒီမိန်းမဘဝ
ပိုလှ ပိုသန်မာလေပဲ
စိတ်ခံစားမှုကို အကောင်းဆုံးထိန်းချုပ်နိုင် တဲ့
မိန်းမတွေကသာ အစစအရာရာ သူများတွေထက်
ပိုအောင်မြင်နိုင်တယ် ပိုအနိုင်ရစေတယ် ဆိုတာပါပဲ
#Kyat LynnKhatt
21.6.2017

စိတ်ခံစားမှုကို အကောင်းဆုံးထိန်းချုပ်နိုင်
မိန်းမတွေကသာ အစစအရာရာ သူများတွေထက်
ပိုအောင်မြင်နိုင်တယ် ပိုအနိုင်ရစေတယ် ဆိုတာပါပဲ
#Kyat LynnKhatt
21.6.2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။