အစၥလာမ္ဘာသာထဲ မယားကို ရအောင်မဆွဲဆောင်
နိုင်သောကြောင့် ကိုကို၏ ဘာသာခြားအလုပ်ရှင်များက
ကိုကို့ကို ဖိအားပေးသည့်အနေဖြင့် အလုပ်သိပ်မခိုင်းကြ။
ထို့ကြောင့် ကိုကိုမှာ အလုပ်ရတစ်ချက်၊ မရတချက်ဖြင့်
အတော်ဒုက္ခရောက် နေရရှာသည်။ ထို့ကြောင့်
လှလှတို့ ဇာတိမြို့တွင် အိမ်ငှားဖြင့် မနေနိုင်တော့ပေ။
လှလှ၏ မိဘဆွေမျိုးများကလည်း ထောက်ပံ့ကူညီခြင်း
မပြုကြချေ။ ထို့ကြောင့် ကိုကို၏ ဆွေမျိုးများ
အများဆုံးရှိရာ မင်းဘူးမြို့သို့ ပြောင်းရွှေ့ ခဲ့ရတော့သည်။
ဘာသာခြားများ ဖြစ်သော်လည်း ကိုကို၏ဆွေမျိုးများက
တစ်လတစ်သောင်းငါးထောင် ပေးရသော
အခန်းလေးတစ်ခန်း ငှားပေးသဖြင့် သူတို့မိသားစု
လမ်းဘေးမရောက်ကြရခြင်းဖြစ်၍
လှလှ အလွန်ကျေးဇူးတင်မိသည်။
ထိုအချိန်မှစ၍ သူ့သားလေးကိုလည်း ဗုဒ္ဓဘာသာ
ပုံသွင်းရတော့သည်။ ကျောင်းမနေရသေးခင်
လေးနှစ်သားကျော်ကျော် အရွယ်လောက်ကတည်းက
သရဏဂုံ၊ ငါးပါးသီလ အနက်အဓိပ္ပါယ်
အကျိုးသွားတွေကို သေသေချာချာ သင်ပေးသည်။
မုန့်မက်သော အရွယ်ဖြစ်သောကြောင့် မနက်အိပ်ယာထ၊
ညအိပ်ရာဝင် အချိန်များတွင် ဘုရားရှိခိုးပါက
မုန့်ကျွေးသည်။ မရှိခိုးပါက မကျွေးချေ။
ဤသည်ကား ခရစ်ယာန် သာသနာပြုများ၏ နည်းကို
အသုံးပြုထားခြင်း ဖြစ်သည်။
ဘုရားကျောင်းသို့ ရောက်လာကြသော
ကလေးငယ်များကို ခရစ်ယာန်သာသနာပြုများက
မုန့်စားချိန်ရောက်လျှင် ဘာသာကြီးလေးခုက
ဘုရားလေးဆူပုံတူ အရုပ်များရှိရာသို့ သွားခိုင်းလိုက်သည်။
ရုပ်တုလေးဆူ၏ နောက်တွင် ခလုတ်များကို နှိပ်စေသည်။
တခြားဘာသာက ရုပ်တုကို နှိပ်လိုက်သောအခါ
ဘာမျှမထုခြားသော်လည်း ခရစ်တော် ပုံရုပ်တုကို
နှိပ်လိုက်သောအခါတွင်ကား တစ်ခါခလုတ်နှိပ်လျှင်
မုန့်တစ်ခု ထွက်လာသည်။
ထို့ကြောင့် ကလေးငယ်များသည် ဘယ်အခါနှိပ်နှိပ်
ခရစ်တော်ပုံမှ ခလုတ်ကိုသာ နှိပ်ကြတော့သည်။
ခရစ်တော်ကို ဆည်းကပ်မှ မုန့်ရသည်။ တခြားဘုရားတွေ
ဆည်းကပ်လျှင် မုန့်မစားရဟူသော အတွေးသည်
ကလေးများ၏ စိတ်ထဲတွင် စွဲသွားသည်။
ပုံပြင်ဟူသည် ကလေးတိုင်း၏ နှလုံးသားဖြစ်သည်။
ပုံပြင်မကြိုက်သော ကလေးဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
ယခုပင်ကြည့်ပါ၊ လှလှတစ်ယောက် သားလေးကို
အိပ်ယာဝင်ပုံပြင် ပြောပြလျက်ရှိသည်။
“ ဟိုး… ရှေးရှေးတုန်းက ပေါ့သားရဲ့။ မန္တလေးတိုင်း၊
တံတားဦးမြို့မှာ ဗလီဒကာကြီး ဦးယောလို့ အမည်ရတဲ့
သစ်ကုန်သည် သူဌေးကြီးတစ်ယောက်ရှိတယ်။
ဗုဒ္ဓဘာသာမှာ ကျောင်းဒကာရှိသလို၊
သူတို့အစ္စလာမ်ဘာသာမှာလည်း ဗလီဒကာဆိုတာ ရှိတယ် ”
“ ဒကာဆိုတာ ဘာလဲမေမေ ”
“ ဒကာ ဆိုတာက ပေးလှူတတ်သူလို့ အဓိပ္ပါယ်ရတယ်။
ဦးယောက မြန်မာပြည်မှာ ဗလီတည်ချင်ရင်
သူ့ကိုသာ အကြောင်းကြားလိုက်၊ လှူလိုက်တာပဲ။
အဲသလောက် ချမ်းသာတယ်။ တစ်နေ့တော့
သူရဲ့တစ်ဦးတည်းသော သမီးလေး
ရောဂါတစ်ခုနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ် ”
“ နောက်တော့ အိမ်မှာ မကောင်းဆိုးဝါး ပြိတ္တာ
ဖြစ်သွားတယ်။ သူဌေးကြီး အိပ်ပျော်သွားတဲ့အခါ
သမီးက အိပ်မက်လာပေးတယ်။ အိပ်မက်ထဲမှာ
သူ့သမီးလေးက လွင်တီးခေါင် နေပူကြီးထဲရောက်နေတယ်။
ခန္ဓာကိုယ်မှာ အဝတ်အစားလည်းမရှိဘူး။
ပိန်လိုက်တာကလည်း အရိုးပေါ် မရတင်နေတယ်။
သူ့သမီးလေးက သူ့ကိုတွေတော့ ပြောတယ်။
ပါးပါး သမီးကိုကယ်ပါ၊ သမီးမှာ စားစရာ၊
ဝတ်စရာ၊ နေစရာ မရှိဘူး ဖြစ်နေတယ်တဲ့ ”
“ အဲသလိုပြောပြီး အိပ်မက်ကနေ သူဌေးကြီး
လန့်နိုးလာတယ်။ သူဌေးကြီးလည်း
မျက်ရည်တွေကျလာတာပေါ့။ ဒါနဲ့ပဲ သူတို့ဗလီဆရာတွေ
ပင့်ဖိတ်ပြီး သူတို့ဘာသာနည်းလမ်းနဲ့
ကုသိုလ်ပြုအမျှဝေတယ်။ ညကျ တော့ အိပ်မက်ထဲမှာ
သူ့သမီးကိုပြန်တွေ့တော့ အရင်ညကအတိုင်း
ဘာမှ မထူးခြားဘူးတဲ့”
“ သမီးမှာ ဘာမှမရပါဘူးလို့ သမီးလေးက
ငိုယိုပြီးပြောရှာသတဲ့။ ဒါနဲ့ သူဌေးကြီးဟာ
သူတို့ဘာသာကို စိတ်ကုန်သွားတယ်။
တကယ့်အရေးကျတော့ ဘာမှမကယ်နိုင်ဘူး
မဟုတ်လား။ နောက်တစ်ခါ ခရစ်ယာန်ဘုန်းကြီးတွေ
ပင့်ဖိတ်ပြီး ကုသိုလ်ပြုအမျှဝေတယ်။ ဒါလည်းမရဘူး။
နောက်တစ်ခါ ဟိန္ဒူဆာဒူးဘုန်းကြီးတွေ ပင့်ပြီး
ကုသိုလ်ပြုတယ်၊ အမျှဝေပြန်တယ်။ ဒါလည်း မရဘူးတဲ့”
“ နောက်ဆုံး ဗုဒ္ဓဘာသာဘုန်းကြီးတွေပင့်ပြီး
ကုသိုလ်ပြုအမျှဝေမှ ပြိတ္တာဘ၀က ကျွတ်သွားသတဲ့သား ရဲ့”
“ ကျွတ်သွားတယ်ဆိုတာ ဘာဖြစ်သွားတာလဲ မေမေ”
“ ပြိတ္တာဘုံကနေ နတ်ဘုံရောက်သွားတာကို
ပြောတာသားရဲ့။ အဲဒီညကျတော့ သူ့သမီးလေးဟာ
လှလှပပ၊ ၀၀ဖြိုးဖြိုး၊ နတ်ဝတ်တန်ဆာတွေဝတ်ပြီး
ရွှေဗိမာန်ကြီးတစ်ခုပေါ် ရောက်နေတာကို
သူဌေးကြီးအိပ် မက်ထဲမှာ တွေ့ရတယ်။
သူ့အတွက် စားစရာ၊ ၀တ်စရာ၊ နေစရာတွေရသွားပြီ။
သံသရာက ဒုက္ခသည်ပြိတ္တာတွေကို ကယ်တင်နိုင်တာ
ဗုဒ္ဓဘာသာပဲ ရှိတယ်လို့ သမီးလေးက
ပြောသွားလိုက်သေးသတဲ့”
“ ဒါကြောင့် သူဌေးကြီးနဲ့ မိသားစုအားလုံးဟာ
ဗုဒ္ဓဘာသာထဲကို ၀င်သွားကြတယ်။
မန္တလေးမြို့ ၂၆ ဘီ လမ်းက မိုးကောင်းကျောင်းတိုက်ကြီး
ထဲမှာ နှစ်ထပ်ကျောင်းကြီးတစ်ကျောင်းတောင်
ဆောက်လုပ်လှူဒါန်းခဲ့သေးသတဲ့ ။
သားအသက်ကြီးလာတဲ့အခါ အဲဒီကျောင်းကြီးကို
လက်တွေ့သွားကြည့်ပေါ့”
(မှတ်ချက်) ပြိတ္တာဘ၀က ကျွတ်လွတ်စေရန်အတွက်
လှူမည်ဆိုလျှင် အလှူခံပုဂ္ဂိုလ် ရွေးချယ်မှရမည်။
၁။ သိက္ခာသုံးပါးနှင့် ပြည့်စုံသော ရဟန်းတော်ဖြစ်ရမည်။
၂။ အပ်စပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး
စသည်ကိုသာ လှူဒါန်းရမယ်။ ကပ္ပိယမပါလျှင် ငွေမလှူသင့်။
၃။ ကွယ်လွန်သူ၏နာမည်ကို ခေါ်၍
ကြိုတင်ဖိတ်မန္တကပြုထားရသည်။
၎။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ဦးထိပ်မှာထားပြီး
ကိုယ်စောင့်နတ်များ၊ အိမ်စောင့်နတ်များ၊ ရွာစောင့်နတ်များ၊
မြို့စောင့်နတ်များ၊ ဘုမ္မစိုးများ၊ ရုက္ခစိုးများ၊
အာကာသစိုးများ၊ သာသနာစောင့် စတုမဟာရာဇ်
နတ်မင်းကြီးလေးပါးတို့သည် ကွယ်လွန်သူ
မဖြူတစ်ယောက် ရောက်ရာဘ၀ဘုံဌာနမှ သာဓုခေါ်
၍ရအောင် အသိပေးကြပါ၊ စောင့်ရှောက်ပေးကြပါဟု
မေတ္တာရပ်ခံ ပန်ကြားရသည်။ ဦးယော၊ ဒေါ်မိန်းကလေး
တို့လှူဒါန်းထားသော အလယ်တိုက်ကြီးကို မန္တလေးမြို့၊
၂၆ ဘီ လမ်းရှိ မိုးကောင်းကင်စာသင်တိုက်ကြီး၌
သွား ရောက်လေ့လာကြည်ညိုနိုင်သည်။
“ ဟိုးရှေးရှေးတုန်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲမှာ
ဇန်ဂီရေကျော်လို့ အမည်ရတဲ့ ရွာလေးတစ် ရွာ
ရှိသတဲ့သားရေ။ အဲဒီရွာလေးမှာ ကရင်တိုင်းရင်းသား
မိသားစုတွေ နေထိုင်ကြတယ်။ တစ်ရွာလုံး ခရစ်ယာန်
ဘာသာဝင်တွေပေါ့ကွယ်။ တစ်ခါတော့
(၁၉၉၀ ၀န်းကျင်) အဲဒီရွာမှာ ၀မ်းရောဂါကပ်ဘေးကြီးတစ်ခု
ကျရောက် ပြီး ရွာသူရွာသားတွေ
အများကြီးသေဆုံးကုန်တယ်”
“ တစ်ယောက်သေလို့ သုဿာန်မှာ သွားမြှုပ်တုန်းရှိသေးတယ်
ရွာထဲမှာ နောက်တစ်ယောက် သေနေ ပြန်တယ်။
ဒါနဲ့ပဲ တချို့ရွာသားတွေက အကြောက်လွန်ကြတော့
ဒီရွာကနေ တခြားရွာတွေကို ပြောင်းပြေးကုန် ကြတယ်။
ဘယ်လိုဆေးဝါးတွေနဲ့မှ ကုသကာကွယ်လို့မရတဲ့အခါ
သူတို့အားထားရာ ခရစ်ယာန်ဘုရားကျောင်း ကို
သွားကြတယ်။ ဓမ္မဆရာကို အကူအညီတောင်းဖို့ပေါ့”
“ ဒါပေမယ့် ဓမ္မဆရာက သူတို့ထက်အရင်
ရန်ကုန်ကိုထွက်ပြေးသွားပြီ။ မရှိတော့ဘူး”
“ ဟင်၊ ဘယ်လို ဓမ္မဆရာကြီးလည်း မေမေရယ်။
သူ့ တပည့်သားတွေကို သူမို့ ပစ်ထားရက်တယ်၊ နော် မေမေ”
“ ခေါင်းဆောင်ကောင်း မပီသတာပေါ့ သားရယ်။
ဘာသာရေးမှာဖြစ်ဖြစ်၊ နိုင်ငံရေးမှာဖြစ်ဖြစ်
ခေါင်း ဆောင်ကောင်းကို ရှာတဲ့အခါ စိတ္တသတ္တိဟာ
အရေးအကြီးဆုံး အရည်အချင်းပေါ့ သားရယ်”
“ စိတ္တသတ္တိဆိုတာ ဘာလဲမေမေ”
“ မိမိအကျိုးနဲ့ အများအကျိုးယှဉ်လာရင် မိမိအကျိုးစွန့်ပြီး
အများအကျိုးကို ဦးစားပေးလိုက်တာ။ အမှား နဲ့အမှန်
နှစ်ခုယှဉ်လာရင် လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲမရှိဘဲ
မှန်တဲ့ဘက်က ရပ်တည်ရဲတာတို့ဟာ စိတ္တသတ္တိ ပေါ့
သားရယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး စိတ္တသတ္တိရှိတဲ့
တရုတ်ရဟန်းတော် ချန်မင်းအကြောင်း
သားကိုပြော ပြမယ်”
“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က ပေါ့
သားရယ်။ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းဟာ
တရုတ်ပြည်ကနေပြီး အိန္ဒိယနိုင်ငံကို ဖြတ်မောင်းလာတယ်။
လမ်းခုလတ်မှာပဲ မုန်တိုင်းမိပြီး သင်္ဘောကြီးမှောက်
သွားတယ်။ လူတွေ ရာနဲ့ချီပြီး ပါလာတဲ့
သင်္ဘောကြီးဆိုတော့ ချက်ချင်းတော့ မြှုပ်မသွားဘူးပေါ့
သားရယ်။ ဖြည်းဖြည်းချင်း စောင်းပြီး နစ်နေတာပေါ့”
“ ဒီအချိန်မှာ သင်္ဘောကပ္ပတိန်ဟာ စိတ်တည်ငြိမ်စွာနဲ့
ခရီးသည်တွေကို အမိန့်ပေးစီမံနေတယ်။
လူ တစ်ထောင်ကျော်လောက်ပါတယ်ဆို ရင်
အသက်ကယ်လှေက နည်းနေတော့ ခုနှစ်ရာလောက်ပဲ
အသက်ရှင်ခွင့် ရမယ်။ သုံးရာကျော်လောက်ကတော့
သေကြရမယ်။ ကပ္ပတိန်စီမံတာကို လက်မခံဘဲ
ကိုယ်ထင်ရာ၊ ကိုယ်ဦး ရာလှေကို လုစီးကြမယ်ဆိုရင်
လူအားလုံး သေကုန်ကြမယ်”
“ ကပ္ပတိန်ကလည်း ဒီအတိုင်းရှင်းပြလိုက်တယ်ပေါ့။
ဒါကြောင့် ခရီးသည်အားလုံးဟာ ကပ္ပတိန်ရဲ့အစီ
အစဉ်အတိုင်း နာခံကြတယ်။ သူ့အစီအစဉ်က ပထမဆုံး
ရဟန်းတွေ လှေပေါ်တက်မယ်၊ ဒုတိယ ကလေးတွေ၊
တတိယ အမျိုးသမီးတွေ၊ စတုတ္ထ အမျိုးသားတွေပေါ့။
ပါလာတဲ့ရဟန်းတော်တွေ အသက်ကယ်လှေပေါ်လည်း
စတက်ရော တရုတ်ရဟန်းတော်ချန်မင်းက မတက်ဘဲ
သင်္ဘောထဲမှာ ချန်နေလိုက်တယ်”
“ ကပ္ပတိန်က အသက်ကယ်လှေပေါ်တက်ဖို့
ပြောတဲ့အခါ ရဟန်းတော်ချန်မင်းက ပြန်ပြောလိုက်တယ်။
သူ့အသက်ကို ခရီးသည်တစ်ယောက်အတွက်
လှူလိုက်ပြီတဲ့။ ကပ္ပတိန်ဟာ ရဟန်းတော်ချန်မင်းကို
လက်ဆွဲ နှုတ်ဆက်ပြီး အလေးပြုတယ်။ ဒီလိုနဲ့
လူခုနစ်ရာကျော် အသက်ရှင်ခွင့်ရပေမယ့်
သုံးရာကျော်လောက်ကတော့ သင်္ဘောကြီးနဲ့အတူ
ပင်လယ်ထဲမှာ နစ်မြှုပ်ကျရောက်ပြီး သေဆုံးသွားကြတယ်”
“ အဲဒီ သုံးရာကျော်ထဲမှာ ရဟန်းတော်ချန်မင်းလည်း
ပါသွားတာပေါ့။ တကယ်တော့ ရဟန်းတော်ချန်
မင်းဟာ ဗုဒ္ဓဂယာကို ဘုရားဖူးရအောင် လာတာပါ။
ဘုရားရှင်နှစ်သက်တော်မူခဲ့တဲ့ အနစ်နာခံခြင်းဆိုတဲ့
ဓမ္မနဲ့ ဘုရားရှင်ကို ပူဇော်သွားတာပါ။ အဲဒါ စိတ္တသတ္တိပေါ့
သားရယ်။ မှန်တဲ့ဘက်ကနေရဲတဲ့ စိတ္တသတ္တိကို
ဥပမာပေး ရရင် အမေရိကန်သမ္မတကြီး
လင်ကွန်းပေါ့သားရယ်။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက
အာဖရိကတိုက် မှာ နီဂရိုးလူမည်းတွေကို ဖမ်းပြီး
အမေရိကန်တောင်ပိုင်း စိုက်ပျိုးရေးနယ်တွေမှာ
ကျွန်အဖြစ် ခိုင်းစားကြတယ်။
“ လူလူချင်း ကျွန်အဖြစ်ခိုင်းစားတာဟာ
မှားနေမှန်းသိပေမယ့် အမေရိကန်သမ္မတ
အဆက်ဆက်ဟာ မှားတဲ့ဘက်ကပဲ ရည်တည်ခဲ့ကြတယ်။
ကျေးကျွန်စနစ်ကို ဖျက်သိမ်းဖို့ မကြိုးစားခဲ့ဘူး။
သမ္မတကြီးလင်ကွန်းက တော့ စိတ္တသတ္တိရှိတယ်။
သမ္မတကြီးလင်ကွန်းဟာ လူဖြူတစ်ယောက်ဖြစ်ပေမယ့်
လူမည်းတွေဘက်ကပဲ ရပ် တည်ခဲ့တယ်။
လွှတ်တော်မှာ ကျွန်စနစ်ဖျက်သိမ်းဖို့
အဆိုတင်သွင်းတာ အောင်မြင်သွားတယ်”
“ ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အမေရိကန်တောင်ပိုင်းက
မြောက်ပိုင်းကနေ ခွဲထွက်တယ်။ မြောက် ပိုင်းနဲ့
တောင်ပိုင်း စစ်ဖြစ်တယ်။ မြောက်ပိုင်းကနိုင်သွားတဲ့အ တွက်
လူမည်းတွေ ကျွန်ဘ၀က လွတ်မြောက်သွား တယ်။
အဲဒီလို မှန်တဲ့ဘက်က ရည်တည်ခဲ့တဲ့အတွက်
လူဖြူတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို
ခံရလို့ သမ္မတကြီး ကျဆုံးသွားတယ်။ အဲဒီလို
မှန်တဲ့ဘက်က နေရဲတာလည်း စိတ္တသတ္တိပေါ့ သားရယ်”
“ မေမေ့ပုံပြင်လေးကို ဆက်မယ်ကွယ်၊ ဆုံးခါနီးပါပြီ။
ဇန်ဂီရေကျော်ရွာသားတွေဟာ သူတို့ဘာသာရေး
ခေါင်းဆောင်က သူတို့ကိုပစ်သွားတော့
အားကိုးရာအသစ်ရှာရင်း ကနေစိုချောင်းရွာ
ဆရာတော်ကြီးဆီ ရောက်သွားတယ်။ ဆရာတော်ကြီးက
အလယ်ရေကျော် ဆရာတော်ကြီးနှင့်တကွ
သံဃာတော်ငါးဆယ်ကျော်ကို လွှတ်ပေးပြီး ပရိတ်၊
ပဋ္ဌာန်းတော်ကြီးကို ရက်အတော်ကြာအထိ
ရွတ်ဖတ်ပေးလိုက်တာ ကပ်ရောဂါဘေးကြီး
တစ်ခါ တည်း ပျောက်ကွယ်သွားတယ် သားရဲ့”
“ အဲဒီမှာတင် ဇန်ဂီရေကျော်တစ်ရွာလုံးဟာ
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားကြတယ်”
သားလေးရှင်ပြုခါနီး ဆယ်နှစ်ကျော်ကျော်အရွယ်မှာပ င်
မုတ်ဆိတ်ဓမ္မဆရာနှစ်ယောက်နှင့် အစ္စလာမ်ဘာသာဝင်
သူဌေးလေးဦးတို့ အိမ်ပေါ်သို့ ရောက်လာကြပြန်တယ်။
ငွေထည့်ထားသော အိတ်ကအရင် တစ်ခါလာတုန်း က
ပါသောအိတ်မျိုး နှစ်အိတ်တောင်ဖြစ်နေသောကြော င့်
သိန်းတစ်ရာကျော်မည်ဟု ခန့်မှန်းရသည်။
ကိုကို၏ မျက်နှာကို လှမ်းအကဲခတ်ကြည့်လိုက်သောအခါ
အရင်တစ်ခေါက်ကကဲ့သို့ ပျာပျာသလဲ
မဖြစ်တော့သည်ကို သတိထားမိလိုက်သည်။
“ မလှလှတို့ သားလေး ရှင်ပြုဖို့အတွက် ကျွန်တော်တို့က
သိန်းတစ်ရာနှစ်ဆယ် လာပြီးကူညီတာပါ”
“ ရှင်ပြုတာတော့ ဟုတ်ပါပြီ။
အစ္စလာမ်ဘာသာလိုပြုရမှာလား၊
ဗုဒ္ဓဘာသာလို ပြုရမှာလား”
“ မိသားစုအားလုံး အစ္စလာမ်ဘာသာထဲဝင်ပြီးမှ
ကလေးကို အစ္စလာမ်ဘာသာလို ရှင်ပြုရမှာပါ”
“ တစ်ခုတော့ ဆွေးနွေးချင်တယ်”
“ ဟုတ်ကဲ့၊ ပြောပါ”
“ ဦးဖြူမိသားစုနဲ့ ဦးမည်းမိသားစု နှစ်ခုရှိတယ်ပဲ ဆိုကြပါစို့။
ဦးမည်းက သူ့သားသမီးတွေကို ဆုံးမတယ်။
ကျွေးမွေးပေးကမ်းစရာရှိရင် ကိုယ့်မိသားစုအချင်းချင်းပဲ
ကျွေးမွေးပေးကမ်းကြ၊ မိသားစုမဟုတ်ရင်
ဘယ်သူ့မှပေးကမ်း ကျွေးမွေးတာမလုပ်ပါနဲ့တဲ့။
ဦးဖြူကတော့ ကျွေးမွေးပေးကမ်းစရာရှိနေရင်
မိသားစုစွဲ၊ ဆွေ မျိုးဆွဲထားမနေနဲ့ လိုအပ်နေတဲ့သူဆို
မိသားစုဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွေးသာကျွေးလို့
ဆုံးမတယ်”
“ ဦးမည်းနှင့် ဦးဖြူနှစ်ယောက်တို့မှာ မြင့်မြတ်သူအဖြစ်
ဆရာတို့က ဘယ်သူ့ကိုရွေးချယ်မလဲ”
“ ဦးဖြူကိုပဲ ရွေးချယ်မှာပါ”
“ မှန်ပါတယ်၊ ကျွန်မကလည်း ဆရာတို့နဲ့ထပ်တူပါပဲ။
ဦးဖြူကို ကျွန်မတို့ ဘာလို့ရွေးချယ်သလဲဆိုရင်
အဆင့်မြင့်လူသားတစ်ယောက်ရဲ့ မေတ္တာမျိုး
ထားနိုင်လို့ပဲ။ ဦးမည်းကို ဘာကြောင့်မရွေးချယ်သလဲဆိုရင်
လူ သားဖြစ်လျက်နဲ့ အဆင့်နိမ့်တိရစ္ဆာန်
မေတ္တာအဆင့်လောက်သာ ထားနိုင်လို့ပဲ”
“ ခွေးမတစ်ကောင် ခွေးကလေးတွေမွေးလာရင်
နို့တိုက်တယ်။ ခွေးကလေးတွေ ထမင်းစားတတ်ချိန
် ရောက်လာရင် နေရာအနှံ့က ရှာစားလာပြီး
အန်ကျွေးတယ်။ တကယ်တော့ ဒါဟာ မထူးဆန်းပါဘူး။
ကိုယ့် ကလေးမို့ ကိုယ်ကျွေးတာလေ။
ထူးဆန်းတာက တခြားခွေးကမွေးတဲ့ ခွေးလေးတွေ
ွလာစားတာကို ကြည်ဖြူခြင်း ပဲ။ အဲသလို
ကြည်ဖြူတဲ့ခွေးမကတော့ မရှိသလောက်ရှားတယ်။
တချို့ခွေးမတွေဆိုရင် သူတို့အန်ချထားတဲ့
အန်ဖတ်တွေကို တခြားခွေးလေးတွေ
လာစားရင် အသေကိုကိုက်သတ်ပစ်လိုက်တာ”
“ လူဖြစ်နေလျက်နဲ့ မိမိ မိသားစု ချမ်းသာရေး
လောက်ထားတဲ့ မေတ္တာမျိုးဟာ တိရစ္ဆာန်အဆင့်လောက်
ပဲရှိပါသေးတယ်။ ဘာသာစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊
မိသားစုစွဲ မထားဘဲ လူသားမှန်သမျှအပေါ်
ထားတဲ့မေတ္တာမျိုး ကမှ အဆင့်မြင့်လူသားဆန်တဲ့
မေတ္တာလို့ ဆိုရမှာပေါ့။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်က
အဲဒီလို လူသားဆန်တဲ့ မေတ္တာမျိုးထားတတ်အောင်
ဟောလည်းဟောတယ်၊ ကိုယ်တိုင်လည်းလုပ်ဆောင်ပြတ ယ်”
“ ဗုဒ္ဓနဲ့ခေတ်ပြိုင် နိဂဏ္ဍနာဋပုတ္တ အမည်ခံ
ဘာသာရေးခေါင်းဆောင်တစ်ဦး ပေါ်ထွန်းခဲ့ဖူးတယ်။
သူက ကံသုံးပါးမှာ ကိုယ်နဲ့ပြုတဲ့ကံက အပြစ်အကြီးဆုံးလို့
သတ်မှတ်ဟောကြားတယ်။ ဗုဒ္ဓက
စိတ်နဲ့ပြုတဲ့မနောကံက အပြစ်အကြီးဆုံးလို့
သတ်မှတ်ဟောကြားတယ်။ သူ့ကို ကိုးကွယ်တဲ့
ဥပါလိအမည်ရှိတဲ့သူကြွယ်က ကာယကံက
အပြစ်အကြီးဆုံးဖြစ်ကြောင်း ၀ါဒပြိုင်ဖို့
ဘုရားရှင်ဆီရောက်လာတယ်”
“ဗုဒ္ဓက အမှောင်ထဲမှာ စင်္ကြလျှောက်နေတဲ့
လူတစ်ယောက်ဟာ ပိုးကောင်တွေကို မမြင်ရလို့
မတော် တဆ နင်းသတ်မိသွားတယ်။
အဲဒီ အပြစ်ရှိသလားလို့ မေးလိုက်တဲ့အခါ
ဥပါလိက သေစေချင်တဲ့ စိတ်စေတနာ မပါလို့
အပြစ်မရှိကြောင်းဖြေလိုက်တယ်။ အဲဒီမှာတင်
ဝါဒပြိုင်ပွဲက ပြီးသွားပါပြီ။ ကာယကံက အပြစ်အကြီးဆုံး လို့
ဆိုထားတဲ့ သူ့ဆရာရဲ့ဝါဒက မှားယွင်းကြောင်း
အလိုလိုဝန်ခံပြီးသား ဖြစ်သွားတယ်လေ”
“ အဲဒီမှာတင် ဘုရားရှင်ရဲ့တရားကို ဆက်နာပြီး
သောတာပန်တည်သွားတယ်။ သောတာပန်တည်ပြီး
တဲ့နောက် တပည့်တော်အား ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဟု
မှတ်တော်မူပါ ဘုရားဆိုပြီး လျှောက်ထားတယ်။
ဒီအခါ ဘုရားရှင်က ဥပါလိ သင့်အိမ်ဟာ
နိဂဏ္ဍဂိုဏ်းသားတွေရဲ့ နေ့စဉ် အလှူခံရာဌာနဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်သွားသော်လည်း
နိဂဏ္ဍဂိုဏ်းသားတွေလာရင် အရင်ကအတိုင်း
လှူမြဲလှူပါလို့ တိုက်တွန်းတော်မူတယ်”
“ရှင်တို့ ဘုရားက အစ္စလာမ်ဘာသာဝင်ဖြစ်မှ
ထောက်ပံ့ရမယ်၊ မဖြစ်ရင် မထောက်ပံ့ရဘူးလို့တား
ထားတယ်။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်ကတော့
ဘယ်ဘာသာဝင်မဆို ထောက်ပံ့လို့ရတယ်လို့
ခွင့်ပြုတော်မူခဲ့တယ်။ ဒါဆိုရင် ဘယ်ဘုရားက
သဘောထားကြီးတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါပြီ။
သဘောထားကြီးတဲ့ ဘုရားရှင်ကို ကိုးကွယ် ထားမိတဲ့
ကျွန်မတို့ဟာ သဘောထားသေးတဲ့ ဘုရားကို
ပြောင်းကိုးကွယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ ဘူး”
“ ကျွန်မတို့ ဗုဒ္ဓကိုယ်တော်တိုင်က ဟောတော်မူခဲ့ဖူးပါတယ်။
ငါဘုရား တရားဒေသနာများ ဟောတော် မူနေတာဟာ
ဘာသာခြားတွေ ဗုဒ္ဓဘာသာဖြစ်လာဖို့ မဟုတ်ပါဘူး။
စိတ်ထားဖြူစင်လာဖို့ပါတဲ့။ ဒါကိုကြည့်ပြီး
ဆရာတော်တစ်ပါးက ဒဿနတစ်ခု ရေးထားပါတယ်”
“ ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့
ကူးပြောင်းအောင်လုပ်ဆောင်ခြ င်းမျိုးသည်
ထူးခြားသော ၊ မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးမဟုတ်၊
အတ္တဆန်သောဘ၀မှ အနစ်နာခံသောဘ၀သို့
ရောက်သွားအောင်၊ မည်းညစ်သောဘ၀မှ
ဖြူစင်သောဘ၀သို့ရောက်သွားအောင်
လုပ်ဆောင်ခြင်းမျိုးသည်သာလျှင် ထူးခြားသော၊
မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးဖြစ်သည် ”တဲ့။
ဒါကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ပစ္စည်းပေးပြီး
ဘာသာဝင် အရေအတွက်များအောင် ဘယ်တော့မှ
မလုပ်ကြဘူး။ ငွေကြေး၊ ပစ္စည်းရလို့
ကိုယ့်ဘာသာထဲဝင်လာတာဆိုရင် ဘယ်မှာ
တန်ဖိုးရှိတော့မှာလဲ။ ရုပ်ဝတ္ထု ကို မက်တဲ့သူက
မိမိတို့ ဘာသာထဲဝင်လာရင်လည်း သူတို့ရဲ့
ရုပ်ခန္ဓာကြီးပဲ ၀င်လာမှာပေါ့။ နာမ်လို့ခေါ်တဲ့ စိတ်က
ဘယ်မှာဝင်လာပါ့မလဲ”
“ အခုလည်း သိန်း (၁၂၀) ရလို့ အစ္စလာမ်ဘာသာထဲ
ကျွန်မ၀င်လာတယ်ဆိုရင် ကျွန်မရုပ်ခန္ဓာပဲ ဖြစ်မှာပေါ့။
နာမ်ခန္ဓာက ဗုဒ္ဓဘာသာထဲ ကျန်ခဲ့မှာပဲ။ ရုပ်ခန္ဓာသာ
မိမိဘာသာထဲဝင်လာပြီး နာမ်ခန္ဓာပါမလာဘူးဆိုရင်
လူသေနဲ့ ဘာမှမထူးပါဘူး။ ၂၀၁၀ ခုနှစ်
သန်းခေါင်စာရင်းအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ
ခရစ်ယာန်ဘာသာဝင်ဦး ရေ သန်းပေါင်း (၁၇၀၀) ကျော်၊
အစ္စလာမ်ဘာသာဝင်ဦးရေ သန်းပေါင်း (၁၂၀၀) ကျော်၊
ဟိန္ဒူဘာသာဝင်ဦး ရေ သန်းပေါင်း (၁၀၀၀)၊
ဗုဒ္ဓဘာသာဝင်ဦးရေ သန်းပေါင်း (၇၅၀) ကျော်ရှိပါတယ်”
“ဗုဒ္ဓဘာသာဝင်ဦးရေဟာ ကမ္ဘာမှာ အနည်းဆုံးဖြစ်ပေမယ့်
ဝင်လာသူမှန်သမျှကတော့ ရုပ်ခန္ဓာရော၊
နာမ်ခန္ဓာပါ နှစ်ပါးလုံးပါတဲ့သူတွေချည်း ပါ။
ငွေကြေးပစ္စည်းရလို့ ဗုဒ္ဓဘာသာထဲဝင်လာတဲ့
သူသေလို ဗုဒ္ဓဘာသာ ၀င်ဟာ မရှိသလောက်ရှားပါတယ်”
“ အဲသလောက်ရှင်းပြရင် ဆရာတို့နားလည်လောက်ပါပြီ။
ကိုယ့်ငွေကိုယ်ပြန်ယူပြီး သွားနိုင်ပါပြီ”
လှလှစကားအဆုံးတွင် မုတ်ဆိတ်ဓမ္မဆရာနှင့်
သူဌေးများ ငွေထုတ်ကိုကောက်ယူကာ
ခပ်သွက်သွက် ဆင်းသွားကြတော့သည်။
ကိုကိုဖတ်သော စာအုပ်များတွင် မေတ္တာရှင်(ရွှေပြည်သာ)
ရေးသားသည့် “ အသေမြတ်ချင် သေနည်း သင်”
အမည်ရှိ အိတ်ဆောင်စာအုပ်လေးသည်
သူ့နှလုံးသားကို အထိဆုံးဖြစ်သည်။
သူသည် ထိုစာအုပ်ကို ခုနစ်ကြိမ်ထိ ပြန်ဖတ်ဖြစ်သည်။
မည်သည့်ဘာသာဝင်မဆို အသေမြတ်ဖို့အတွက်
၁။ မရဏနုဿတိ ဘာသနာကို နေ့စဉ်အချိန်ရသမျှ ပွားများရမည်။
၂။ လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်
ဒါနပြုရမည်။ ဘာဝနာတစ်ခုခု ပွားရမည်။
၃။ သရဏဂုံသုံးပါး စွဲမြဲကြရမည်။
၎။ မိမိကိုယ်ကို နံ့သားဖြူပင်လေးလိုဖြစ်အာင် နေရမည်။
ဟူသော အချက်လေးချက်သည် သူ့နှလုံးသားထဲ
စွဲဝင်လျက်ရှိသည်။ လင်မယားနှစ်ယောက်လုံး
ဗုဒ္ဓ ဘာသာဝင်ဖြစ်သွားကြသောအခါ စီးပွားရေးပါ
အဆင်ပြေလာသည်။
ယခုနှစ်ဆိုလျှင် သူတို့သားလေး ရှင်ပြုရတော့မည်။
လှလှက ဆုံးဖြတ်ချက်ချထားသည်။
စိတ္တသုခကျောင်းဆရာတော်ကြီးသ ည် သူ့တပည့်ရင်း
အစ္စလာမ်ဘာသာထဲဝင်သွားသောကြောင့်
ကျောင်းပြင်သို့ မထွက်ရဲအောင်ပင် အရှက်ရခဲ့ရှာသည်။
မိမိသည်လည်း ဆရာတော်၏ တပည့်တစ်ဦးပင်ဖြစ်သည်။
ထို့ကြောင့် အစ္စလာမ်ဘာသာဝင်များကို
လက်စားချေသောအနေဖြင့် သူ့သားလေးရှင်ပြုသောအခါ
ကျောင်းတွင်ရှင်ပြုပြီး၊ အစ္စလာမ်ဘာသာဝင်ဘ၀မှလာသူ
ယောက်ျားကိုလည်း ဒုလ္လဘရဟန်းခံပေးရန်
ဆုံးဖြတ်လိုက်သည်။
ဤသည်ကား သူတော်ကောင်း၏ ကလဲ့စား
ချေနည်းပင် ဖြစ်ပါလေ၏။
.
မေတ္တာရှင် - ရွှေပြည်သာ
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/ knowledgevillage11/
နိုင်သောကြောင့် ကိုကို၏ ဘာသာခြားအလုပ်ရှင်များက
ကိုကို့ကို ဖိအားပေးသည့်အနေဖြင့် အလုပ်သိပ်မခိုင်းကြ။
ထို့ကြောင့် ကိုကိုမှာ အလုပ်ရတစ်ချက်၊ မရတချက်ဖြင့်
အတော်ဒုက္ခရောက် နေရရှာသည်။ ထို့ကြောင့်
လှလှတို့ ဇာတိမြို့တွင် အိမ်ငှားဖြင့် မနေနိုင်တော့ပေ။
လှလှ၏ မိဘဆွေမျိုးများကလည်း ထောက်ပံ့ကူညီခြင်း
မပြုကြချေ။ ထို့ကြောင့် ကိုကို၏ ဆွေမျိုးများ
အများဆုံးရှိရာ မင်းဘူးမြို့သို့ ပြောင်းရွှေ့ ခဲ့ရတော့သည်။
ဘာသာခြားများ ဖြစ်သော်လည်း ကိုကို၏ဆွေမျိုးများက
တစ်လတစ်သောင်းငါးထောင် ပေးရသော
အခန်းလေးတစ်ခန်း ငှားပေးသဖြင့် သူတို့မိသားစု
လမ်းဘေးမရောက်ကြရခြင်းဖြစ်၍
လှလှ အလွန်ကျေးဇူးတင်မိသည်။
ထိုအချိန်မှစ၍ သူ့သားလေးကိုလည်း ဗုဒ္ဓဘာသာ
ပုံသွင်းရတော့သည်။ ကျောင်းမနေရသေးခင်
လေးနှစ်သားကျော်ကျော် အရွယ်လောက်ကတည်းက
သရဏဂုံ၊ ငါးပါးသီလ အနက်အဓိပ္ပါယ်
အကျိုးသွားတွေကို သေသေချာချာ သင်ပေးသည်။
မုန့်မက်သော အရွယ်ဖြစ်သောကြောင့် မနက်အိပ်ယာထ၊
ညအိပ်ရာဝင် အချိန်များတွင် ဘုရားရှိခိုးပါက
မုန့်ကျွေးသည်။ မရှိခိုးပါက မကျွေးချေ။
ဤသည်ကား ခရစ်ယာန် သာသနာပြုများ၏ နည်းကို
အသုံးပြုထားခြင်း ဖြစ်သည်။
ဘုရားကျောင်းသို့ ရောက်လာကြသော
ကလေးငယ်များကို ခရစ်ယာန်သာသနာပြုများက
မုန့်စားချိန်ရောက်လျှင် ဘာသာကြီးလေးခုက
ဘုရားလေးဆူပုံတူ အရုပ်များရှိရာသို့ သွားခိုင်းလိုက်သည်။
ရုပ်တုလေးဆူ၏ နောက်တွင် ခလုတ်များကို နှိပ်စေသည်။
တခြားဘာသာက ရုပ်တုကို နှိပ်လိုက်သောအခါ
ဘာမျှမထုခြားသော်လည်း ခရစ်တော် ပုံရုပ်တုကို
နှိပ်လိုက်သောအခါတွင်ကား တစ်ခါခလုတ်နှိပ်လျှင်
မုန့်တစ်ခု ထွက်လာသည်။
ထို့ကြောင့် ကလေးငယ်များသည် ဘယ်အခါနှိပ်နှိပ်
ခရစ်တော်ပုံမှ ခလုတ်ကိုသာ နှိပ်ကြတော့သည်။
ခရစ်တော်ကို ဆည်းကပ်မှ မုန့်ရသည်။ တခြားဘုရားတွေ
ဆည်းကပ်လျှင် မုန့်မစားရဟူသော အတွေးသည်
ကလေးများ၏ စိတ်ထဲတွင် စွဲသွားသည်။
ပုံပြင်ဟူသည် ကလေးတိုင်း၏ နှလုံးသားဖြစ်သည်။
ပုံပြင်မကြိုက်သော ကလေးဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
ယခုပင်ကြည့်ပါ၊ လှလှတစ်ယောက် သားလေးကို
အိပ်ယာဝင်ပုံပြင် ပြောပြလျက်ရှိသည်။
“ ဟိုး… ရှေးရှေးတုန်းက ပေါ့သားရဲ့။ မန္တလေးတိုင်း၊
တံတားဦးမြို့မှာ ဗလီဒကာကြီး ဦးယောလို့ အမည်ရတဲ့
သစ်ကုန်သည် သူဌေးကြီးတစ်ယောက်ရှိတယ်။
ဗုဒ္ဓဘာသာမှာ ကျောင်းဒကာရှိသလို၊
သူတို့အစ္စလာမ်ဘာသာမှာလည်း ဗလီဒကာဆိုတာ ရှိတယ် ”
“ ဒကာဆိုတာ ဘာလဲမေမေ ”
“ ဒကာ ဆိုတာက ပေးလှူတတ်သူလို့ အဓိပ္ပါယ်ရတယ်။
ဦးယောက မြန်မာပြည်မှာ ဗလီတည်ချင်ရင်
သူ့ကိုသာ အကြောင်းကြားလိုက်၊ လှူလိုက်တာပဲ။
အဲသလောက် ချမ်းသာတယ်။ တစ်နေ့တော့
သူရဲ့တစ်ဦးတည်းသော သမီးလေး
ရောဂါတစ်ခုနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ် ”
“ နောက်တော့ အိမ်မှာ မကောင်းဆိုးဝါး ပြိတ္တာ
ဖြစ်သွားတယ်။ သူဌေးကြီး အိပ်ပျော်သွားတဲ့အခါ
သမီးက အိပ်မက်လာပေးတယ်။ အိပ်မက်ထဲမှာ
သူ့သမီးလေးက လွင်တီးခေါင် နေပူကြီးထဲရောက်နေတယ်။
ခန္ဓာကိုယ်မှာ အဝတ်အစားလည်းမရှိဘူး။
ပိန်လိုက်တာကလည်း အရိုးပေါ် မရတင်နေတယ်။
သူ့သမီးလေးက သူ့ကိုတွေတော့ ပြောတယ်။
ပါးပါး သမီးကိုကယ်ပါ၊ သမီးမှာ စားစရာ၊
ဝတ်စရာ၊ နေစရာ မရှိဘူး ဖြစ်နေတယ်တဲ့ ”
“ အဲသလိုပြောပြီး အိပ်မက်ကနေ သူဌေးကြီး
လန့်နိုးလာတယ်။ သူဌေးကြီးလည်း
မျက်ရည်တွေကျလာတာပေါ့။ ဒါနဲ့ပဲ သူတို့ဗလီဆရာတွေ
ပင့်ဖိတ်ပြီး သူတို့ဘာသာနည်းလမ်းနဲ့
ကုသိုလ်ပြုအမျှဝေတယ်။ ညကျ တော့ အိပ်မက်ထဲမှာ
သူ့သမီးကိုပြန်တွေ့တော့ အရင်ညကအတိုင်း
ဘာမှ မထူးခြားဘူးတဲ့”
“ သမီးမှာ ဘာမှမရပါဘူးလို့ သမီးလေးက
ငိုယိုပြီးပြောရှာသတဲ့။ ဒါနဲ့ သူဌေးကြီးဟာ
သူတို့ဘာသာကို စိတ်ကုန်သွားတယ်။
တကယ့်အရေးကျတော့ ဘာမှမကယ်နိုင်ဘူး
မဟုတ်လား။ နောက်တစ်ခါ ခရစ်ယာန်ဘုန်းကြီးတွေ
ပင့်ဖိတ်ပြီး ကုသိုလ်ပြုအမျှဝေတယ်။ ဒါလည်းမရဘူး။
နောက်တစ်ခါ ဟိန္ဒူဆာဒူးဘုန်းကြီးတွေ ပင့်ပြီး
ကုသိုလ်ပြုတယ်၊ အမျှဝေပြန်တယ်။ ဒါလည်း မရဘူးတဲ့”
“ နောက်ဆုံး ဗုဒ္ဓဘာသာဘုန်းကြီးတွေပင့်ပြ
ကုသိုလ်ပြုအမျှဝေမှ ပြိတ္တာဘ၀က ကျွတ်သွားသတဲ့သား ရဲ့”
“ ကျွတ်သွားတယ်ဆိုတာ ဘာဖြစ်သွားတာလဲ မေမေ”
“ ပြိတ္တာဘုံကနေ နတ်ဘုံရောက်သွားတာကို
ပြောတာသားရဲ့။ အဲဒီညကျတော့ သူ့သမီးလေးဟာ
လှလှပပ၊ ၀၀ဖြိုးဖြိုး၊ နတ်ဝတ်တန်ဆာတွေဝတ်ပြီး
ရွှေဗိမာန်ကြီးတစ်ခုပေါ် ရောက်နေတာကို
သူဌေးကြီးအိပ် မက်ထဲမှာ တွေ့ရတယ်။
သူ့အတွက် စားစရာ၊ ၀တ်စရာ၊ နေစရာတွေရသွားပြီ။
သံသရာက ဒုက္ခသည်ပြိတ္တာတွေကို ကယ်တင်နိုင်တာ
ဗုဒ္ဓဘာသာပဲ ရှိတယ်လို့ သမီးလေးက
ပြောသွားလိုက်သေးသတဲ့”
“ ဒါကြောင့် သူဌေးကြီးနဲ့ မိသားစုအားလုံးဟာ
ဗုဒ္ဓဘာသာထဲကို ၀င်သွားကြတယ်။
မန္တလေးမြို့ ၂၆ ဘီ လမ်းက မိုးကောင်းကျောင်းတိုက်ကြီး
ထဲမှာ နှစ်ထပ်ကျောင်းကြီးတစ်ကျောင
ဆောက်လုပ်လှူဒါန်းခဲ့သေးသတဲ
သားအသက်ကြီးလာတဲ့အခါ အဲဒီကျောင်းကြီးကို
လက်တွေ့သွားကြည့်ပေါ့”
(မှတ်ချက်) ပြိတ္တာဘ၀က ကျွတ်လွတ်စေရန်အတွက်
လှူမည်ဆိုလျှင် အလှူခံပုဂ္ဂိုလ် ရွေးချယ်မှရမည်။
၁။ သိက္ခာသုံးပါးနှင့် ပြည့်စုံသော ရဟန်းတော်ဖြစ်ရမည်။
၂။ အပ်စပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး
စသည်ကိုသာ လှူဒါန်းရမယ်။ ကပ္ပိယမပါလျှင် ငွေမလှူသင့်။
၃။ ကွယ်လွန်သူ၏နာမည်ကို ခေါ်၍
ကြိုတင်ဖိတ်မန္တကပြုထားရသည်။
၎။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ဦးထိပ်မှာထားပြီး
ကိုယ်စောင့်နတ်များ၊ အိမ်စောင့်နတ်များ၊ ရွာစောင့်နတ်များ၊
မြို့စောင့်နတ်များ၊ ဘုမ္မစိုးများ၊ ရုက္ခစိုးများ၊
အာကာသစိုးများ၊ သာသနာစောင့် စတုမဟာရာဇ်
နတ်မင်းကြီးလေးပါးတို့သည် ကွယ်လွန်သူ
မဖြူတစ်ယောက် ရောက်ရာဘ၀ဘုံဌာနမှ သာဓုခေါ်
၍ရအောင် အသိပေးကြပါ၊ စောင့်ရှောက်ပေးကြပါဟု
မေတ္တာရပ်ခံ ပန်ကြားရသည်။ ဦးယော၊ ဒေါ်မိန်းကလေး
တို့လှူဒါန်းထားသော အလယ်တိုက်ကြီးကို မန္တလေးမြို့၊
၂၆ ဘီ လမ်းရှိ မိုးကောင်းကင်စာသင်တိုက်ကြီ
သွား ရောက်လေ့လာကြည်ညိုနိုင်သည်။
“ ဟိုးရှေးရှေးတုန်းက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲမှာ
ဇန်ဂီရေကျော်လို့ အမည်ရတဲ့ ရွာလေးတစ် ရွာ
ရှိသတဲ့သားရေ။ အဲဒီရွာလေးမှာ ကရင်တိုင်းရင်းသား
မိသားစုတွေ နေထိုင်ကြတယ်။ တစ်ရွာလုံး ခရစ်ယာန်
ဘာသာဝင်တွေပေါ့ကွယ်။ တစ်ခါတော့
(၁၉၉၀ ၀န်းကျင်) အဲဒီရွာမှာ ၀မ်းရောဂါကပ်ဘေးကြီးတစ်ခု
ကျရောက် ပြီး ရွာသူရွာသားတွေ
အများကြီးသေဆုံးကုန်တယ်”
“ တစ်ယောက်သေလို့ သုဿာန်မှာ သွားမြှုပ်တုန်းရှိသေးတယ်
ရွာထဲမှာ နောက်တစ်ယောက် သေနေ ပြန်တယ်။
ဒါနဲ့ပဲ တချို့ရွာသားတွေက အကြောက်လွန်ကြတော့
ဒီရွာကနေ တခြားရွာတွေကို ပြောင်းပြေးကုန် ကြတယ်။
ဘယ်လိုဆေးဝါးတွေနဲ့မှ ကုသကာကွယ်လို့မရတဲ့အခါ
သူတို့အားထားရာ ခရစ်ယာန်ဘုရားကျောင်း ကို
သွားကြတယ်။ ဓမ္မဆရာကို အကူအညီတောင်းဖို့ပေါ့”
“ ဒါပေမယ့် ဓမ္မဆရာက သူတို့ထက်အရင်
ရန်ကုန်ကိုထွက်ပြေးသွားပြီ။
“ ဟင်၊ ဘယ်လို ဓမ္မဆရာကြီးလည်း မေမေရယ်။
သူ့ တပည့်သားတွေကို သူမို့ ပစ်ထားရက်တယ်၊ နော် မေမေ”
“ ခေါင်းဆောင်ကောင်း မပီသတာပေါ့ သားရယ်။
ဘာသာရေးမှာဖြစ်ဖြစ်၊ နိုင်ငံရေးမှာဖြစ်ဖြစ်
ခေါင်း ဆောင်ကောင်းကို ရှာတဲ့အခါ စိတ္တသတ္တိဟာ
အရေးအကြီးဆုံး အရည်အချင်းပေါ့ သားရယ်”
“ စိတ္တသတ္တိဆိုတာ ဘာလဲမေမေ”
“ မိမိအကျိုးနဲ့ အများအကျိုးယှဉ်လာရင် မိမိအကျိုးစွန့်ပြီး
အများအကျိုးကို ဦးစားပေးလိုက်တာ။ အမှား နဲ့အမှန်
နှစ်ခုယှဉ်လာရင် လူမျိုးစွဲ၊ ဒေသစွဲ၊ ဘာသာစွဲမရှိဘဲ
မှန်တဲ့ဘက်က ရပ်တည်ရဲတာတို့ဟာ စိတ္တသတ္တိ ပေါ့
သားရယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး စိတ္တသတ္တိရှိတဲ့
တရုတ်ရဟန်းတော် ချန်မင်းအကြောင်း
သားကိုပြော ပြမယ်”
“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က
သားရယ်။ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းဟ
တရုတ်ပြည်ကနေပြီး အိန္ဒိယနိုင်ငံကို ဖြတ်မောင်းလာတယ်။
လမ်းခုလတ်မှာပဲ မုန်တိုင်းမိပြီး သင်္ဘောကြီးမှောက်
သွားတယ်။ လူတွေ ရာနဲ့ချီပြီး ပါလာတဲ့
သင်္ဘောကြီးဆိုတော့ ချက်ချင်းတော့ မြှုပ်မသွားဘူးပေါ့
သားရယ်။ ဖြည်းဖြည်းချင်း စောင်းပြီး နစ်နေတာပေါ့”
“ ဒီအချိန်မှာ သင်္ဘောကပ္ပတိန်ဟာ စိတ်တည်ငြိမ်စွာနဲ့
ခရီးသည်တွေကို အမိန့်ပေးစီမံနေတယ်။
လူ တစ်ထောင်ကျော်လောက်ပါတယ်ဆို
အသက်ကယ်လှေက နည်းနေတော့ ခုနှစ်ရာလောက်ပဲ
အသက်ရှင်ခွင့် ရမယ်။ သုံးရာကျော်လောက်ကတော့
သေကြရမယ်။ ကပ္ပတိန်စီမံတာကို လက်မခံဘဲ
ကိုယ်ထင်ရာ၊ ကိုယ်ဦး ရာလှေကို လုစီးကြမယ်ဆိုရင်
လူအားလုံး သေကုန်ကြမယ်”
“ ကပ္ပတိန်ကလည်း ဒီအတိုင်းရှင်းပြလိုက်တယ်ပေ
ဒါကြောင့် ခရီးသည်အားလုံးဟာ ကပ္ပတိန်ရဲ့အစီ
အစဉ်အတိုင်း နာခံကြတယ်။ သူ့အစီအစဉ်က ပထမဆုံး
ရဟန်းတွေ လှေပေါ်တက်မယ်၊ ဒုတိယ ကလေးတွေ၊
တတိယ အမျိုးသမီးတွေ၊ စတုတ္ထ အမျိုးသားတွေပေါ့။
ပါလာတဲ့ရဟန်းတော်တွေ အသက်ကယ်လှေပေါ်လည်း
စတက်ရော တရုတ်ရဟန်းတော်ချန်မင်းက မတက်ဘဲ
သင်္ဘောထဲမှာ ချန်နေလိုက်တယ်”
“ ကပ္ပတိန်က အသက်ကယ်လှေပေါ်တက်ဖို့
ပြောတဲ့အခါ ရဟန်းတော်ချန်မင်းက ပြန်ပြောလိုက်တယ်။
သူ့အသက်ကို ခရီးသည်တစ်ယောက်အတွက်
လှူလိုက်ပြီတဲ့။ ကပ္ပတိန်ဟာ ရဟန်းတော်ချန်မင်းကို
လက်ဆွဲ နှုတ်ဆက်ပြီး အလေးပြုတယ်။ ဒီလိုနဲ့
လူခုနစ်ရာကျော် အသက်ရှင်ခွင့်ရပေမယ့်
သုံးရာကျော်လောက်ကတော့ သင်္ဘောကြီးနဲ့အတူ
ပင်လယ်ထဲမှာ နစ်မြှုပ်ကျရောက်ပြီး သေဆုံးသွားကြတယ်”
“ အဲဒီ သုံးရာကျော်ထဲမှာ ရဟန်းတော်ချန်မင်းလည်း
ပါသွားတာပေါ့။ တကယ်တော့ ရဟန်းတော်ချန်
မင်းဟာ ဗုဒ္ဓဂယာကို ဘုရားဖူးရအောင် လာတာပါ။
ဘုရားရှင်နှစ်သက်တော်မူခဲ့တ
ဓမ္မနဲ့ ဘုရားရှင်ကို ပူဇော်သွားတာပါ။ အဲဒါ စိတ္တသတ္တိပေါ့
သားရယ်။ မှန်တဲ့ဘက်ကနေရဲတဲ့ စိတ္တသတ္တိကို
ဥပမာပေး ရရင် အမေရိကန်သမ္မတကြီး
လင်ကွန်းပေါ့သားရယ်။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက
အာဖရိကတိုက် မှာ နီဂရိုးလူမည်းတွေကို ဖမ်းပြီး
အမေရိကန်တောင်ပိုင်း စိုက်ပျိုးရေးနယ်တွေမှာ
ကျွန်အဖြစ် ခိုင်းစားကြတယ်။
“ လူလူချင်း ကျွန်အဖြစ်ခိုင်းစားတာဟာ
မှားနေမှန်းသိပေမယ့် အမေရိကန်သမ္မတ
အဆက်ဆက်ဟာ မှားတဲ့ဘက်ကပဲ ရည်တည်ခဲ့ကြတယ်။
ကျေးကျွန်စနစ်ကို ဖျက်သိမ်းဖို့ မကြိုးစားခဲ့ဘူး။
သမ္မတကြီးလင်ကွန်းက တော့ စိတ္တသတ္တိရှိတယ်။
သမ္မတကြီးလင်ကွန်းဟာ လူဖြူတစ်ယောက်ဖြစ်ပေမယ့်
လူမည်းတွေဘက်ကပဲ ရပ် တည်ခဲ့တယ်။
လွှတ်တော်မှာ ကျွန်စနစ်ဖျက်သိမ်းဖို့
အဆိုတင်သွင်းတာ အောင်မြင်သွားတယ်”
“ ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အမေရိကန်တောင်ပိုင်းက
မြောက်ပိုင်းကနေ ခွဲထွက်တယ်။ မြောက် ပိုင်းနဲ့
တောင်ပိုင်း စစ်ဖြစ်တယ်။ မြောက်ပိုင်းကနိုင်သွားတဲ့အ
လူမည်းတွေ ကျွန်ဘ၀က လွတ်မြောက်သွား တယ်။
အဲဒီလို မှန်တဲ့ဘက်က ရည်တည်ခဲ့တဲ့အတွက်
လူဖြူတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို
ခံရလို့ သမ္မတကြီး ကျဆုံးသွားတယ်။ အဲဒီလို
မှန်တဲ့ဘက်က နေရဲတာလည်း စိတ္တသတ္တိပေါ့ သားရယ်”
“ မေမေ့ပုံပြင်လေးကို ဆက်မယ်ကွယ်၊ ဆုံးခါနီးပါပြီ။
ဇန်ဂီရေကျော်ရွာသားတွေဟာ သူတို့ဘာသာရေး
ခေါင်းဆောင်က သူတို့ကိုပစ်သွားတော့
အားကိုးရာအသစ်ရှာရင်း ကနေစိုချောင်းရွာ
ဆရာတော်ကြီးဆီ ရောက်သွားတယ်။ ဆရာတော်ကြီးက
အလယ်ရေကျော် ဆရာတော်ကြီးနှင့်တကွ
သံဃာတော်ငါးဆယ်ကျော်ကို လွှတ်ပေးပြီး ပရိတ်၊
ပဋ္ဌာန်းတော်ကြီးကို ရက်အတော်ကြာအထိ
ရွတ်ဖတ်ပေးလိုက်တာ ကပ်ရောဂါဘေးကြီး
တစ်ခါ တည်း ပျောက်ကွယ်သွားတယ် သားရဲ့”
“ အဲဒီမှာတင် ဇန်ဂီရေကျော်တစ်ရွာလုံးဟာ
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားကြတယ်”
သားလေးရှင်ပြုခါနီး ဆယ်နှစ်ကျော်ကျော်အရွယ်မှာပ
မုတ်ဆိတ်ဓမ္မဆရာနှစ်ယောက်နှင
သူဌေးလေးဦးတို့ အိမ်ပေါ်သို့ ရောက်လာကြပြန်တယ်။
ငွေထည့်ထားသော အိတ်ကအရင် တစ်ခါလာတုန်း က
ပါသောအိတ်မျိုး နှစ်အိတ်တောင်ဖြစ်နေသောကြော
သိန်းတစ်ရာကျော်မည်ဟု ခန့်မှန်းရသည်။
ကိုကို၏ မျက်နှာကို လှမ်းအကဲခတ်ကြည့်လိုက်သောအခ
အရင်တစ်ခေါက်ကကဲ့သို့ ပျာပျာသလဲ
မဖြစ်တော့သည်ကို သတိထားမိလိုက်သည်။
“ မလှလှတို့ သားလေး ရှင်ပြုဖို့အတွက် ကျွန်တော်တို့က
သိန်းတစ်ရာနှစ်ဆယ် လာပြီးကူညီတာပါ”
“ ရှင်ပြုတာတော့ ဟုတ်ပါပြီ။
အစ္စလာမ်ဘာသာလိုပြုရမှာလား၊
ဗုဒ္ဓဘာသာလို ပြုရမှာလား”
“ မိသားစုအားလုံး အစ္စလာမ်ဘာသာထဲဝင်ပြီးမှ
ကလေးကို အစ္စလာမ်ဘာသာလို ရှင်ပြုရမှာပါ”
“ တစ်ခုတော့ ဆွေးနွေးချင်တယ်”
“ ဟုတ်ကဲ့၊ ပြောပါ”
“ ဦးဖြူမိသားစုနဲ့ ဦးမည်းမိသားစု နှစ်ခုရှိတယ်ပဲ ဆိုကြပါစို့။
ဦးမည်းက သူ့သားသမီးတွေကို ဆုံးမတယ်။
ကျွေးမွေးပေးကမ်းစရာရှိရင် ကိုယ့်မိသားစုအချင်းချင်းပဲ
ကျွေးမွေးပေးကမ်းကြ၊ မိသားစုမဟုတ်ရင်
ဘယ်သူ့မှပေးကမ်း ကျွေးမွေးတာမလုပ်ပါနဲ့တဲ့။
ဦးဖြူကတော့ ကျွေးမွေးပေးကမ်းစရာရှိနေရင
မိသားစုစွဲ၊ ဆွေ မျိုးဆွဲထားမနေနဲ့ လိုအပ်နေတဲ့သူဆို
မိသားစုဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျွေးသာကျွေးလို့
ဆုံးမတယ်”
“ ဦးမည်းနှင့် ဦးဖြူနှစ်ယောက်တို့မှာ မြင့်မြတ်သူအဖြစ်
ဆရာတို့က ဘယ်သူ့ကိုရွေးချယ်မလဲ”
“ ဦးဖြူကိုပဲ ရွေးချယ်မှာပါ”
“ မှန်ပါတယ်၊ ကျွန်မကလည်း ဆရာတို့နဲ့ထပ်တူပါပဲ။
ဦးဖြူကို ကျွန်မတို့ ဘာလို့ရွေးချယ်သလဲဆိုရင်
အဆင့်မြင့်လူသားတစ်ယောက်ရဲ့
ထားနိုင်လို့ပဲ။ ဦးမည်းကို ဘာကြောင့်မရွေးချယ်သလဲဆိုရင
လူ သားဖြစ်လျက်နဲ့ အဆင့်နိမ့်တိရစ္ဆာန်
မေတ္တာအဆင့်လောက်သာ ထားနိုင်လို့ပဲ”
“ ခွေးမတစ်ကောင် ခွေးကလေးတွေမွေးလာရင်
နို့တိုက်တယ်။ ခွေးကလေးတွေ ထမင်းစားတတ်ချိန
် ရောက်လာရင် နေရာအနှံ့က ရှာစားလာပြီး
အန်ကျွေးတယ်။ တကယ်တော့ ဒါဟာ မထူးဆန်းပါဘူး။
ကိုယ့် ကလေးမို့ ကိုယ်ကျွေးတာလေ။
ထူးဆန်းတာက တခြားခွေးကမွေးတဲ့ ခွေးလေးတွေ
ွလာစားတာကို ကြည်ဖြူခြင်း ပဲ။ အဲသလို
ကြည်ဖြူတဲ့ခွေးမကတော့ မရှိသလောက်ရှားတယ်။
တချို့ခွေးမတွေဆိုရင် သူတို့အန်ချထားတဲ့
အန်ဖတ်တွေကို တခြားခွေးလေးတွေ
လာစားရင် အသေကိုကိုက်သတ်ပစ်လိုက်တာ”
“ လူဖြစ်နေလျက်နဲ့ မိမိ မိသားစု ချမ်းသာရေး
လောက်ထားတဲ့ မေတ္တာမျိုးဟာ တိရစ္ဆာန်အဆင့်လောက်
ပဲရှိပါသေးတယ်။ ဘာသာစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊
မိသားစုစွဲ မထားဘဲ လူသားမှန်သမျှအပေါ်
ထားတဲ့မေတ္တာမျိုး ကမှ အဆင့်မြင့်လူသားဆန်တဲ့
မေတ္တာလို့ ဆိုရမှာပေါ့။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်က
အဲဒီလို လူသားဆန်တဲ့ မေတ္တာမျိုးထားတတ်အောင်
ဟောလည်းဟောတယ်၊ ကိုယ်တိုင်လည်းလုပ်ဆောင်ပြတ
“ ဗုဒ္ဓနဲ့ခေတ်ပြိုင် နိဂဏ္ဍနာဋပုတ္တ အမည်ခံ
ဘာသာရေးခေါင်းဆောင်တစ်ဦး ပေါ်ထွန်းခဲ့ဖူးတယ်။
သူက ကံသုံးပါးမှာ ကိုယ်နဲ့ပြုတဲ့ကံက အပြစ်အကြီးဆုံးလို့
သတ်မှတ်ဟောကြားတယ်။ ဗုဒ္ဓက
စိတ်နဲ့ပြုတဲ့မနောကံက အပြစ်အကြီးဆုံးလို့
သတ်မှတ်ဟောကြားတယ်။ သူ့ကို ကိုးကွယ်တဲ့
ဥပါလိအမည်ရှိတဲ့သူကြွယ်က ကာယကံက
အပြစ်အကြီးဆုံးဖြစ်ကြောင်း ၀ါဒပြိုင်ဖို့
ဘုရားရှင်ဆီရောက်လာတယ်”
“ဗုဒ္ဓက အမှောင်ထဲမှာ စင်္ကြလျှောက်နေတဲ့
လူတစ်ယောက်ဟာ ပိုးကောင်တွေကို မမြင်ရလို့
မတော် တဆ နင်းသတ်မိသွားတယ်။
အဲဒီ အပြစ်ရှိသလားလို့ မေးလိုက်တဲ့အခါ
ဥပါလိက သေစေချင်တဲ့ စိတ်စေတနာ မပါလို့
အပြစ်မရှိကြောင်းဖြေလိုက်တယ
ဝါဒပြိုင်ပွဲက ပြီးသွားပါပြီ။ ကာယကံက အပြစ်အကြီးဆုံး လို့
ဆိုထားတဲ့ သူ့ဆရာရဲ့ဝါဒက မှားယွင်းကြောင်း
အလိုလိုဝန်ခံပြီးသား ဖြစ်သွားတယ်လေ”
“ အဲဒီမှာတင် ဘုရားရှင်ရဲ့တရားကို ဆက်နာပြီး
သောတာပန်တည်သွားတယ်။ သောတာပန်တည်ပြီး
တဲ့နောက် တပည့်တော်အား ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဟု
မှတ်တော်မူပါ ဘုရားဆိုပြီး လျှောက်ထားတယ်။
ဒီအခါ ဘုရားရှင်က ဥပါလိ သင့်အိမ်ဟာ
နိဂဏ္ဍဂိုဏ်းသားတွေရဲ့ နေ့စဉ် အလှူခံရာဌာနဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်သွားသော်လည်
နိဂဏ္ဍဂိုဏ်းသားတွေလာရင် အရင်ကအတိုင်း
လှူမြဲလှူပါလို့ တိုက်တွန်းတော်မူတယ်”
“ရှင်တို့ ဘုရားက အစ္စလာမ်ဘာသာဝင်ဖြစ်မှ
ထောက်ပံ့ရမယ်၊ မဖြစ်ရင် မထောက်ပံ့ရဘူးလို့တား
ထားတယ်။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်ကတော့
ဘယ်ဘာသာဝင်မဆို ထောက်ပံ့လို့ရတယ်လို့
ခွင့်ပြုတော်မူခဲ့တယ်။ ဒါဆိုရင် ဘယ်ဘုရားက
သဘောထားကြီးတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါပြီ။
သဘောထားကြီးတဲ့ ဘုရားရှင်ကို ကိုးကွယ် ထားမိတဲ့
ကျွန်မတို့ဟာ သဘောထားသေးတဲ့ ဘုရားကို
ပြောင်းကိုးကွယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ ဘူး”
“ ကျွန်မတို့ ဗုဒ္ဓကိုယ်တော်တိုင်က ဟောတော်မူခဲ့ဖူးပါတယ်။
ငါဘုရား တရားဒေသနာများ ဟောတော် မူနေတာဟာ
ဘာသာခြားတွေ ဗုဒ္ဓဘာသာဖြစ်လာဖို့ မဟုတ်ပါဘူး။
စိတ်ထားဖြူစင်လာဖို့ပါတဲ့။ ဒါကိုကြည့်ပြီး
ဆရာတော်တစ်ပါးက ဒဿနတစ်ခု ရေးထားပါတယ်”
“ ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့
ကူးပြောင်းအောင်လုပ်ဆောင်ခြ
ထူးခြားသော ၊ မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးမဟုတ်၊
အတ္တဆန်သောဘ၀မှ အနစ်နာခံသောဘ၀သို့
ရောက်သွားအောင်၊ မည်းညစ်သောဘ၀မှ
ဖြူစင်သောဘ၀သို့ရောက်သွားအေ
လုပ်ဆောင်ခြင်းမျိုးသည်သာလှ
မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးဖြစ်သည်
ဒါကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ပစ္စည်းပေးပြီး
ဘာသာဝင် အရေအတွက်များအောင် ဘယ်တော့မှ
မလုပ်ကြဘူး။ ငွေကြေး၊ ပစ္စည်းရလို့
ကိုယ့်ဘာသာထဲဝင်လာတာဆိုရင် ဘယ်မှာ
တန်ဖိုးရှိတော့မှာလဲ။ ရုပ်ဝတ္ထု ကို မက်တဲ့သူက
မိမိတို့ ဘာသာထဲဝင်လာရင်လည်း သူတို့ရဲ့
ရုပ်ခန္ဓာကြီးပဲ ၀င်လာမှာပေါ့။ နာမ်လို့ခေါ်တဲ့ စိတ်က
ဘယ်မှာဝင်လာပါ့မလဲ”
“ အခုလည်း သိန်း (၁၂၀) ရလို့ အစ္စလာမ်ဘာသာထဲ
ကျွန်မ၀င်လာတယ်ဆိုရင် ကျွန်မရုပ်ခန္ဓာပဲ ဖြစ်မှာပေါ့။
နာမ်ခန္ဓာက ဗုဒ္ဓဘာသာထဲ ကျန်ခဲ့မှာပဲ။ ရုပ်ခန္ဓာသာ
မိမိဘာသာထဲဝင်လာပြီး နာမ်ခန္ဓာပါမလာဘူးဆိုရင်
လူသေနဲ့ ဘာမှမထူးပါဘူး။ ၂၀၁၀ ခုနှစ်
သန်းခေါင်စာရင်းအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ
ခရစ်ယာန်ဘာသာဝင်ဦး ရေ သန်းပေါင်း (၁၇၀၀) ကျော်၊
အစ္စလာမ်ဘာသာဝင်ဦးရေ သန်းပေါင်း (၁၂၀၀) ကျော်၊
ဟိန္ဒူဘာသာဝင်ဦး ရေ သန်းပေါင်း (၁၀၀၀)၊
ဗုဒ္ဓဘာသာဝင်ဦးရေ သန်းပေါင်း (၇၅၀) ကျော်ရှိပါတယ်”
“ဗုဒ္ဓဘာသာဝင်ဦးရေဟာ ကမ္ဘာမှာ အနည်းဆုံးဖြစ်ပေမယ့်
ဝင်လာသူမှန်သမျှကတော့ ရုပ်ခန္ဓာရော၊
နာမ်ခန္ဓာပါ နှစ်ပါးလုံးပါတဲ့သူတွေချည်း
ငွေကြေးပစ္စည်းရလို့ ဗုဒ္ဓဘာသာထဲဝင်လာတဲ့
သူသေလို ဗုဒ္ဓဘာသာ ၀င်ဟာ မရှိသလောက်ရှားပါတယ်”
“ အဲသလောက်ရှင်းပြရင် ဆရာတို့နားလည်လောက်ပါပြီ။
ကိုယ့်ငွေကိုယ်ပြန်ယူပြီး သွားနိုင်ပါပြီ”
လှလှစကားအဆုံးတွင် မုတ်ဆိတ်ဓမ္မဆရာနှင့်
သူဌေးများ ငွေထုတ်ကိုကောက်ယူကာ
ခပ်သွက်သွက် ဆင်းသွားကြတော့သည်။
ကိုကိုဖတ်သော စာအုပ်များတွင် မေတ္တာရှင်(ရွှေပြည်သာ)
ရေးသားသည့် “ အသေမြတ်ချင် သေနည်း သင်”
အမည်ရှိ အိတ်ဆောင်စာအုပ်လေးသည်
သူ့နှလုံးသားကို အထိဆုံးဖြစ်သည်။
သူသည် ထိုစာအုပ်ကို ခုနစ်ကြိမ်ထိ ပြန်ဖတ်ဖြစ်သည်။
မည်သည့်ဘာသာဝင်မဆို အသေမြတ်ဖို့အတွက်
၁။ မရဏနုဿတိ ဘာသနာကို နေ့စဉ်အချိန်ရသမျှ ပွားများရမည်။
၂။ လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်
ဒါနပြုရမည်။ ဘာဝနာတစ်ခုခု ပွားရမည်။
၃။ သရဏဂုံသုံးပါး စွဲမြဲကြရမည်။
၎။ မိမိကိုယ်ကို နံ့သားဖြူပင်လေးလိုဖြစ်အာင်
ဟူသော အချက်လေးချက်သည် သူ့နှလုံးသားထဲ
စွဲဝင်လျက်ရှိသည်။ လင်မယားနှစ်ယောက်လုံး
ဗုဒ္ဓ ဘာသာဝင်ဖြစ်သွားကြသောအခါ စီးပွားရေးပါ
အဆင်ပြေလာသည်။
ယခုနှစ်ဆိုလျှင် သူတို့သားလေး ရှင်ပြုရတော့မည်။
လှလှက ဆုံးဖြတ်ချက်ချထားသည်။
စိတ္တသုခကျောင်းဆရာတော်ကြီးသ
အစ္စလာမ်ဘာသာထဲဝင်သွားသောကြေ
ကျောင်းပြင်သို့ မထွက်ရဲအောင်ပင် အရှက်ရခဲ့ရှာသည်။
မိမိသည်လည်း ဆရာတော်၏ တပည့်တစ်ဦးပင်ဖြစ်သည်။
ထို့ကြောင့် အစ္စလာမ်ဘာသာဝင်များကို
လက်စားချေသောအနေဖြင့် သူ့သားလေးရှင်ပြုသောအခါ
ကျောင်းတွင်ရှင်ပြုပြီး၊ အစ္စလာမ်ဘာသာဝင်ဘ၀မှလာသူ
ယောက်ျားကိုလည်း ဒုလ္လဘရဟန်းခံပေးရန်
ဆုံးဖြတ်လိုက်သည်။
ဤသည်ကား သူတော်ကောင်း၏ ကလဲ့စား
ချေနည်းပင် ဖြစ်ပါလေ၏။
.
မေတ္တာရှင် - ရွှေပြည်သာ
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။