Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 19, 2017

အဖေနေ့မှာ အဖေရှိသူတိုင်း ဖတ်စေချင်တဲ့စာလေးတစ်စောင်

အဖေနေ့မှာ အဖေရှိသူတိုင်း ဖတ်စေချင်တဲ့စာလေးတစ်စောင်

ဒီနေ့ကျရောက်တဲ့ အဖေနေ့မှာ လူတိုင်းနီးပါးက သူတို့ရဲ့ဖေဖေတွေကို သတိရနေကြမယ်။ ဖေဖေတို့အတွက် အမှတ်တရတွေဖန်တီးပေးချင်ကြမယ်။ အဖေနေ့ဆိုတာ သာမန်နေ့တွေလိုပဲ နေ့လေးတစ်နေ့လို့ သဘောထားတဲ့သူတွေကလည်း သဘောထားကြလိမ့်မယ်။ ဖေဖေ့ကိုနေ့တိုင်းတွေ့ခွင့်ရနေကြတဲ့သူတွေဆိုတော့ အဖေနေ့ဟာ သိပ်မထူးဆန်းဘူးလို့ ထင်ချင်လည်း ထင်ကြလိမ့်မယ်။

ကျွန်မကတော့ ဒီနေ့လိုနေ့မျိုးမှာ ဖေဖေ့လက်ကိုဆုပ်ကိုင်ပြီး ကစားကွင်းတွေဆီလျှောက်သွားခွင့်ရတဲ့အချိန်၊ လိုချင်တာတွေကို လက်ညှိုးထိုးပြီးပူဆာလို့ရတဲ့အချိန်တွေကို လွမ်းမိတယ်။ ဖေဖေနဲ့အတူ ရုပ်ရှင်တွေကြည့်ပြီး အတွေးတွေဖလှယ် ငြင်းချင်ခုန်ချင်တယ်။ ဒါပေမဲ့ ဖေဖေမှမရှိတော့ပဲလေ…။

ကျွန်မလေ အချိန်တွေကိုနောက်ပြန်လှည့်ပြီး ဖေဖေနဲ့အတူရှိခွင့်ရခဲ့တဲ့အချိန်တွေကို ပြန်လိုချင်မိတယ်။ ဖေဖေမဆုံးခင်တုန်းက အလုပ်ထဲနှစ်မြှပ်ပြီး ဖေဖေ့အတွက်အချိန်မပေးနိုင်ခဲ့တာတွေကို ပြန်လည်တောင်းပန်ချင်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူငယ်ချင်းတွေ၊ လူမှုရေးတွေနဲ့ရှုပ်နေခဲ့တဲ့ကျွန်မ ဖေဖေ့ကိုအချိန်မပေးနိုင်ခဲ့ဘူး။ ဖေဖေဟာ ကျွန်မအနားမှာ အမြဲရှိနေမယ်လို့ ပုံသေထွက်ခဲ့မိတယ်။ အသက်ကြီးလာတဲ့ဖေဖေဟာ အထီးကျန်ဆန်နေလိမ့်မယ်ဆိုတာ၊ ကျွန်မရဲ့ အချိန်ပေးမှုတွေလိုနေလိမ့်မယ်ဆိုတာ မတွက်ဆခဲ့မိခဲ့ဘူး။ အချိန်ကာလတစ်ခုရောက်တဲ့အခါ ဖေဖေပျောက်ကွယ်သွားလိမ့်မယ်ဆိုတာကို မတွေးခဲ့မိဘူး။ “ဖေဖေ့ကိုပွေ့ဖက်ပြီး ချစ်တယ်ဖေဖေရယ်” လို့ပြောဖို့၊ “ဖေဖေ့အတွက်ဂုဏ်ယူတယ်” လို့ ချီးကျူးဖို့၊ သမီးကို ဒီအရွယ်အထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဖေဖေ” လို့ အသိအမှတ်ပြုပေးဖို့ သတိမရခဲ့ဘူး။

“ပိုင်ဆိုင်ခွင့်ရနေတဲ့ အရာတွေရဲ့တန်ဖိုးအမှန်ကို သိသူနည်းတယ်” လို့ ပြောသလိုပဲ ဖေဖေရှိနေတဲ့အချိန်တွေမှာ ဖေဖေ့ကိုအလေးပေး ဂရုစိုက်ဖို့ ကျွန်မမေ့နေခဲ့တယ်။ ငွေရှာပေးရုံ၊ လိုချင်တာတွေဝယ်ပေးရုံနဲ့ ပြည့်စုံနေပြီလို့ ယူဆခဲ့မိတယ်။ တကယ်တော့လေ ကိုယ်ချစ်ရတဲ့သူတွေအတွက် အချိန်ဆိုတာအကောင်းဆုံးလက်ဆောင်ဆိုတာ ကျွန်မနောက်ကျစွာသိခဲ့ရတယ်။ အခုတော့ ဖေဖေနဲ့အတူမဖြတ်သန်းနိုင်ခဲ့တဲ့ အဖေနေ့တွေအတွက်၊ ဖေဖေနဲ့အတူစားဖို့ အချိန်မပေးခဲ့တဲ့ မနက်စာတွေအတွက်၊ အဖေနဲ့အတူ စကားမပြောခဲ့ရတဲ့ ဆည်းဆာချိန်တွေအတွက် နောင်တကိုအဖော်ပြုပြီး သမီးဖြတ်သန်းနေရတယ်။

ကျွန်မလေ အခုဖေဖေမြင်ချင်ခဲ့တဲ့ ဘဝမျိုးကို ပိုင်ဆိုင်နေခဲ့ပြီ။ ဒါပေမဲ့ဖေဖေကတော့ ကျွန်မဘေးနားမှာမရှိတော့ဘူး။ ဒီနေ့ဟာ အဖေတွေကို ဂုဏ်ပြုအသိအမှတ်ပြုပေးတဲ့နေ့လေးတစ်နေ့ဖြစ်ပေမဲ့ ကျွန်မအတွက်တော့ ဖေဖေမရှိတော့တာကို သတိပေးတဲ့နေ့လေးတစ်နေ့ဖြစ်နေတယ်။

ဒါကြောင့်လေ ဘေးနားမှာဖေဖေမေမေတွေရှိနေသေးတဲ့သူတွေအနေနဲ့ ဖေဖေ့အတွက် အချိန်ပေးပါ။ ဖေဖေ့ကိုသိပ်ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောပါ။ အဝေးရောက်နေတယ်ဆိုရင်တောင် ဖုန်းလေးတစ်ချက်လောက်ဆက်ပြီး သတိရကြောင်းပြောပါ။ မေမေတွေလို အနုအရွတွေမနှစ်သက်တဲ့ ဖေဖေဆိုတဲ့ ပုဂ္ဂိုလ်ဟာလေ ဖုန်းလေးကိုင်ပြီး ပီတိဖြစ်နေမယ်ဆိုတာ ကျွန်မအာမခံပါတယ်။

ကျွန်မကတော့ လောကရဲ့ ဧရိယာပြင်ပရောက်သွားတဲ့ ဖေဖေ့ကို လွမ်းဆွတ်ရုံမှတပါး…..

Source <=> ဂန္တဝင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။