Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 28, 2017

သိုးမည်း​ဟောင်းနှင့်​ ​တွေ့ဆုံခြင်း


ဂီတအကြောင်း သောင်းပြောင်းထွေလာ added 7 new photos.

သိုးမည်း​ဟောင်းနှင့်​ ​တွေ့ဆုံခြင်း
####################
ချွေး​တွေ တဒီးဒီးကျ​အောင်​ ပူအိုက်​​နေတဲ့ ဇွန်​လရဲ့ ​နေ့တစ်​​နေ့မှာ "သိုးမည်း​ဟောင်း" သီချင်းနဲ့ လူတိုင်းရဲ့ အကြားအာရုံကို ပဲ့တင်​ထပ်​​စေခဲ့တဲ့ အဆို​တော်​ "ဗဒင်" နဲ့ ​တွေ့ဆုံ​မေးမြန်းခွင့်​ရခဲ့ပါတယ်​။ ကျွန်​မတို့အဖွဲ့ ​ရောက်​တဲ့အချိန်​မှာ "​ထော့မဲပါ" ခြံကပြန်​လာတာ မကြာ​သေးတဲ့အတွက်​ အ​ကြော​ဆေးသွင်းအပြီးမှာ ချက်​ချင်းပဲ ကျွန်​မတို့ရဲ့ ​မေးခွန်း​တွေကို မညည်းမညူ ​ဖြေကြား​ပေးတဲ့ နိုင်​ငံ​ကျော်​ အဆို​တော်​ "ဗဒင်​" ရဲ့ ခံယူချက်​များကို ​မေတ္တာတမန်​ စာဖတ်​ပရိတ်​သတ်​အားလုံး သိ​စေဖို့ ​ဖော်​ပြလိုက်​ပါတယ်​။

မေး .... အခုလို ကိုဗဒင်​နဲ့ ​တွေ့ဆုံ​မေးမြန်းခွင့်​ ​ပြောဆိုခွင့်​ရတာ ဘုရားသခင်​ရဲ့ ​ကျေးဇူး​တော်​ပါပဲ။ ကိုဗဒင်​ရဲ့ ​မွေးရပ်​ဇာတိနဲ့ မိသားစု ဘယ်​နှစ်​​ယောက်​ရှိတယ်​ဆိုတာ သိခွင့်​ပြုပါ​နော်​။
ဖြေ ....ကျ​​နော့်​ရဲ့ ​မွေးရပ်​ဇာတိက ရန်​ကုန်ပါ။ မိသားစုအားလုံး (၆) ​ယောက်​ပါ။ ​မောင်​နှမ (၅) ​ယောက်​နဲ့ အ​ဖေတစ်​​ယောက်​ပါ။ အ​မေက မရှိ​တော့ပါဘူး။ ​မွေးသက္ကရာဇ်​က (၆၄) နိုဝင်​ဘာပါ။
မေး ....မိဘအမည်​က။
ဖြေ ....အဖက ဦးညွန့်​ဒင်​ နှင့်​ အမိ ​ဒေါ်ကြူကြူပါ။
မေး ....လူမျိုး။






ဖြေ ....မြန်​မာလူမျိုးပါ။
မေး ....ကိုဗဒင်​ရဲ့ မိခင်​အသင်း​တော်​နဲ့ ယခုလက်​ရှိ မိတ်​သဟာယဖွဲ့ပြီး ပါဝင်​ဆက်​ကပ်​​နေတဲ့ အသင်း​တော်​ကို ​ပြောပြပါဦး။
ဖြေ .....ရွှာမအသင်း​တော်​ပါ။
မေး ....Love Song ဆိုတာ ဘယ်​နှစ်​​ခွေ ရှိပါပြီလဲ။ ဘယ်​လိုသီချင်း​ခွေ အသစ်​​တွေကိုထုတ်​ဖို့ အသီအစဉ်​ရှိပါသလဲ။
ဖြေ .... Love Song အ​ခွေသုံး​ခွေ ထုတ်​ပြီးပါပြီ။ ကြားထဲက ​လေး​ယောက်​တွဲ​တွေ၊ သုံး​ယောက်​တွဲဆိုဖို့ အစီအစဉ်​ ရှိပါတယ်​။
မေး ....အဲဒီ ​လေး​ယောက်​တွဲ၊ သုံး​ယောက်​တွဲ အစီအစဉ်​​လေး ​ပြောပြပါဦး။
ဖြေ ...သုံး​ယောက်​​တွဲ​တော့ မလုပ်​ဖြစ်​​သေးပါဘူး။ ​လေး​ယောက်​တွဲက​တော့ ​ဂျေ​မောင်​​မောင်​၊ စိုးလွင်​လွင်​၊ ကိုမှိုးတို့နဲ့ပါ။
မေး ...သီချင်း​ခေါင်းစဉ်​က။
ဖြေ ....ချစ်​အက္ခရာပါ။
မေး ...​နောက်​တတိယစီးရီးက။
ဖြေ ...​နောက်​ တတိယစီးရီးက "အရှိအတိုင်း"။
မေး ...ဘယ်​​တော့​လောက်​ ထွက်​မှာလဲ။
ဖြေ ...​ရှေ့လ​လောက်​ ထွက်​မှာပါ။
မေး ....Gospel Song ဘယ်​နှစ်​​ခွေ ဆိုခဲ့သလဲ။
ဖြေ ....Gospel Song သိပ်​မဆိုဘူး။
မေး ...ဆို​တော့ ဆိုတာ​ပေါ့။
ဖြေ ...ဟုတ်​ကဲ့။ ဆို​တော့ ဆိုပါတယ်​။ ကျ​နော်​ သွင်းထားတာ​တော့ Inporsible Exsodence အရူပအရာများ ဖြစ်​ပါတယ်​။ ထွက်​​တော့ မထွက်​​သေးပါဘူး။
မေး ...​ရှေ့ဆက်​ပြီး ဓမ္မသီချင်း ဆိုဖို့ရှိပါသလား။
ဖြေ ... အများကြီး ရှိပါတယ်​။ အပြည့်​အ၀ ရှိပါတယ်​။
မေး ....ကြိုးစားပြင်​ဆင်​ထားတာ။
ဖြေ ....ကျ​နော်​ Pre Gospel ကို ပိုနှစ်​သက်​တယ်​။ "သိုးမည်း" စကားလုံးတွေ၊ "Shalom" ဆိုတဲ့ စကားလုံး​တွေ၊ ချစ်​​မေတ္တာ ထမ်းထုတ်​သွားခဲ့တယ်​ဆိုတဲ့ စကားလုံး​လေး​တွေ​ပေါ့။ အရာရာဟာ ငါ့ကို ထနိုး​စေခဲ့တယ်​။ ချစ်​​မေတ္တာဟာ ငါ့ကိုထနိုး​စေခဲ့တယ်​ဆိုတဲ့ စကားလုံးမျိုး​လေ။ ကျ​နော်​က လမ်း​ဘေးအယူအဆ​တွေကို နှစ်​သက်​တယ်​။ သူတို့မှာ ဘ၀ရှိတယ်​။ အဲ့ဒီဘ၀ထဲမှာ စကားလုံး​လေး​တွေ ပြထားတယ်​။
မေး ....ဒီ​နေ့ Love Song ​တွေမှာ Gospel Song ​တွေပါ​နေတာ ဘယ်​လိုခံယူပါသလဲ။
ဖြေ ....အဲဒါကနဂိုကတည်းက ပြင်​ဆင်​ပြီးသားပါ။ အ​ကြောင်းမဲ့ အကျိုးမဲ့​တော့ မဟုတ်​ပါဘူး။
မေး ....အခုလို ​အောင်​မြင်​မှုမရ​သေးခင်​မှာ ဖြတ်​သန်းခဲ့ရတဲ့ အ​ခြေအ​နေ​တွေကို ယုံကြည်​သူ ပရိတ်​​သတ်​​တွေကို လက်​ဆင့်​ကမ်း​ဝေမျှပါလား။
ဖြေ ...ကျ​နော်​ သိပ်​မကြိုးစားဘူး။ ကိုးစားတယ်​။ ကြိုးစားလို့ ရတာ မဟုတ်​ဘူး။ ကိုးစားလို့ ပိုရတယ်​။
မေး ....အခုလို ​အောင်​မြင်​မှုရ​စေဖို့ ဘုရားသခင်​ဆီမှာ ​တောင်းခံခဲ့ဘူးလား။ ဘယ်​လိုကိုးစားခဲ့ရသလဲ ဆိုတာ ​မေတ္တာတမန်​ ပရိတ်​သတ်​ကို ​ပြောပြပါဦး။
ဖြေ ....အပြည့်​အ၀ရှိပါတယ်​။ ရိုးရိုး​လေး ယုံကြည်​ပြီး ရိုးရိုး​လေး ​တောင်းခံခဲ့တာပါ။ ဥပမာ ....

ဘောင်းဘီလိုချင်​ရင်​ ​ဘောင်းဘီ၊ ဖိနပ်​လိုချင်​ ဖိနပ်​။ အ​ရောင်​ကအစ ထည့်​​တောင်းခဲ့တာပါ။ ရလည်းရခဲ့ပါတယ်​။ ကျ​နော်​က အမျိုးအစားအရ အတိအကျ ထည့်​​တောင်းပါတယ်​။
မေး ...."သိုးမည်း​ဟောင်း" သီချင်းဟာ ကျမတို့ စိတ်​နှလုံးကို ထိ​တွေ့​စေခဲ့တယ်​။ ကိုဗဒင်​အ​နေနဲ့ ဒီသီချင်းကို ​ရေးစပ်​တဲ့အခါ ဘယ်​လိုခံစားရပါသလဲ။
ဖြေ ....ဒုတိယအ​ခွေမှာလည်း ​ဒီလိုပါပဲ။ ဘယ်​လိုကြီး ပါဝင်​တယ်​။ အဲဒီိထဲမှာ အနုပညာရှင်​​တွေ အများကြီးလည်း ပါဝင်​ပါတယ်​။ အထူးသဖြင့်​ အမျိုးသမီး​တွေ​ပေါ့။ ဟိုမှာကတစ်​​နေ့ကို သိန်းနဲ့ချီ ဖြုန်းနိုင်​တဲ့​ကောင်​​ရှိတာ​ပေါ့။ ​ရှေ့ဆက်​ပြီး​တော့လည်း ကျ​နော့်ဘက်​က Request လုပ်​ချင်​တယ်​။ ဒီလူ​တွေကို ကျ​နော်​တို့အသင်း​တော်​က ဘာလုပ်​​ပေးနိုင်​သလဲ။ ဘယ်​လိုစုစည်းနိုင်​မလဲ။ ဒါမှမဟုတ်​ သီးသန့်​ လူတန်းစားအ​နေနဲ့ စုစည်း​ပေးရမလား။ ရ​ကော ရနိုင်​မလား။ သို့တည်းမဟုတ်​ မရဘူးလား။ အဲဒီမှာ ​ခသ - ၂၀၀၀ ​ရောက်​ရင်​ ဖားတစ်​ပိုင်း၊ ငါးတစ်​ပိုင်း ခရစ်​ယာန်​​တွေ အများကြီး ထွက်​လာနိုင်​တယ်​။ အဲဒါ​တွေကို လက်​ရှိမြင်​​နေရတယ်​။ ကြား​နေရတယ်​။ အဲဒါမျိုးနဲ့ ပါတ်​သက်​ပြီး​ပေါ့​လေ။
ရည်​ရွယ်​ချက်​က Shalom ပါ။ အဲဒိအဓိပ္ပါယ်​ကို ကျ​နော်​ မသိ​ပေမယ့်​ အဲဒီစကားလုံးဟာ ကျ​နော့်​ရင်​မှာ စွဲ​နေပါတယ်​။ အဲဒီစကားလုံးကို ​လေထဲမှာ ပဲ့တင်​ထပ်​​စေချင်​တယ်​။ အဲဒီစကားလုံးဟာ သာမန်​စကားလုံး မဟုတ်​ဘူး။ Shalom မှာ အနှစ်​သာရ အများကြီးရှိတယ်​။ မြန်​မာပြည်​ တစ်​ပြည်​လုံးမှာ အဲဒီစကားလုံးကို တစ်​​ယောက်​က သိချင်​လို့ နှိုက်​နှိုက်​ချွတ်​ချွတ်​​လေ့လာ​တော့ ခရစ်​​တော်​ကို ​တွေ့ရှိခဲ့တယ်​။
မေး ...ဘ၀ အသက်​တာအတွက်​ ဘယ်​လိုရည်​မှန်းချက်​​တွေ ရှိသလဲ။
ဖြေ ....ရည်​ရွယ်​ချက်​က​တော့ သီချင်း​တွေထဲမှာ လမ်း​ဘေးဆိုင်​ရာဆိုင်​ရာ ပြီး​တော့ ကျမ်းစာထဲက အသုံးအနှုန်း​တွေ၊ အဲဒီစကားလုံး​တွေပါ​အောင်​ အမြဲတမ်း ​ရွေးသုံးတယ်​။
မေး ....အသက်​တာကို ခွန်​အား​ပေး​နေတဲ့ ကျမ်းပိုဒ်​ကို ​ပြောပြပါဦး။
ဖြေ ....ကျမ်းပိုဒ်​​တွေက​တော့ ဘယ်​ကျမ်းပိုဒ်​ကြည့်​ကြည့်​၊ က​လေး​တွေသီချင်းမှာပါတဲ့ ကျမ်းပိုဒ်​​လေး​တွေပဲ ဖြစ်​ဖြစ်​ ခွန်​အားရ​စေပါတယ်​။
မေး ....အိမ်​​ထောင်​​ရေးနဲ့ ပါတ်​သက်​ပြီး ကြိုတင်​ပြင်​ဆင်​မှု​တွေ ရှိ​နေပြီလား။ ဘယ်​လိုရုပါရုံများ ရှိပါသလဲ။
ဖြေ ....မရှိပါဘူး။ ကျ​နော်​ သိပ်​စိတ်​မ၀င်​စားဘူး။ ကျ​နော်​စိတ်​၀င်​စားတာ လမ်း​ဘေးက ဘ၀​တွေပဲ။ လမ်း​ဘေးက အယူအဆ​တွေကို စိတ်​၀င်​စားတယ်​။ အဲဒီမှာ လူ​တွေ မသိတာ​တွေ အများကြီးရှိတယ်​။ အခုဆိုရင်​ လုပ်​ငန်း​တွေ ပိုလမ်းပွင့်​လာတယ်​။ ပိုပြီးစိတ်​၀င်​စားစရာ​တွေ ပြည့်​​နေတယ်​။ ဒီလိုပဲ ​ဆေးရုံ​တွေ၊ မျက်​မမြင်​​ကျောင်း​တွေ၊ အမျိုးသမီး ပြန်​လည်​ထူ​ထောင်​​ရေး၊ ဖွံ့ဖြိုး​ရေး​တွေ အဲဒါ​တွေကို စိတ်​၀င်​စားတယ်​။ စိတ်​၀င်​စားစရာ အ​ကောင်းဆုံးက​တော့ ၀ိညာဉ်​တစ်​ခု ရဖို့ဆိုတာ မလွယ်​ဘူး။ အဲဒီမှာ လုပ်​​နေတဲ့ ဘုရားသခင်​နဲ့ တကယ်​မှန်​ကန်​တဲ့လူ​တွေ၊ ဓမ္မအမှု​တော်​​ဆောင်​​တွေ မကပဲ ဘုရားသခင်​နဲ့ မှန်​ကန်​တဲ့ လူ​တွေအားလုံးကို ကျ​နော်​​လေးစားတယ်​။ အားလုံးကို ခရစ်​​တော်​နဲ့ တစ်​လုံးတစ်​၀တည်း ရှိတယ်​လို့ ကျ​နော်​ ယုံကြည်​တယ်​။ ဘုရားသခင်​ရဲ့ သားသမီး​တွေဟာ ဘုရားသခင်​နဲ့ အတူရှိတယ်​လို့ ​မျှော်​လင့်​တယ်​။
မေး ....ကျမတို့ ​မေတ္တာတမန်​ မဂ္ဂဇင်းအ​ပေါ် ထင်​မြင်​ယူဆချက်​​လေးကို ​ပြောပြပါဦးလား။
ဖြေ ...သိပ်​​ကောင်းပါတယ်​။ ဒီလို မဂ္ဂဇင်း​တွေဟာ ပြည်​သူ​တွေကြား ပိုမိုစိမ့်​ဝင်​ဖို့၊ အ​ခြေခံလူတန်းစားထဲ ပျံ့နှံ့သွားဖို့ လိုအပ်​ပါတယ်​။
မေး ...မဂ္ဂဇင်း ပရိတ်​သတ်​များကို ဂီတနဲ့ ပါတ်​သက်​တဲ့ ခံယူချက်​များ ​ဝေမျှပါဦး။
ဖြေ ...ကျ​နော်​က အနုပညာကို ချစ်​တယ်​။ အနုပညာဟာ ကျ​နော့်​ဘ၀ပဲ။ အနုပညာဟာ ကျယ်​ပြန့်​တယ်​။
မေး ...​နောက်​ထပ်​ ဘာ​ပြောချင်​​သေးလဲ။
ဖြေ ...ဒါက​တော့ ခရစ်​​တော်​၌ တစ်​လုံးတစ်​၀တည်း ရှိဖို့ လိုအပ်​ပါတယ်​။ ​မေတ္တာတရားဟာ အဓိကပါ။ သခင်​ခရစ်​​တော်​ ဘုရားရဲ့ ပညတ်​တရားဖြစ်​တဲ့ " သင်​၏ ဘုရားသခင်​ ထာဝရဘုရားကို စိတ်​နှလုံး အကြွင်းမဲ့ ဉာဏ်​ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှ အကြွင်းမဲ့ ချစ်​​လော့။ ထိုမှတပါး ကိုယ်​နဲ့ စပ်​ဆိုင်​​သောသူကို ကိုယ်​နဲ့အမျှချစ်​​လော့" လို့​ပြောပါတယ်​။ ပညတ်​​တော်​ အားလုံးနဲ့အတူတူပဲ ​ပြောပါတယ်​။ အားလုံး တစ်​လုံးတစ်​၀တည်း ရှိဖို့နဲ့ ​မေတ္တာတရား အဓိကထားဖို့ ဖြစိပါတယ်​။
မေး ...ကိုဗဒင်​ကို မဂ္ဂဇင်းပရိတ်​သတ်​များ ဆက်​သွယ်​ချင်​ရင်​ ဘယ်​လိုဆက်​သွယ်​ရမလဲ။
ဖြေ ...မ/၈ ​ဒေါနလမ်း၊ ရွှာမ၊ အင်းစိန်​။
မေး ...အခုလို ​ဖြေကြား​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​။
ဖြေ ...ဟုတ်​ကဲ့၊ ကျ​နော်​လည်း ​ကျေးဇူးတင်​ပါတယ်​။
မေတ္တာတမန်​ မဂ္ဂဇင်း။
( မြန်​မာ့ဂီတ သမိုင်းမှာ ဗဒင်​ရဲ့ ​"နေရာ" ​ခွေ​လောက်​ ​ပေါက်​တဲ့​ခွေ မရှိခဲ့ဖူးပါ။ တစ်​ပုဒ်​​ကောင်း ​ပေါက်​ခြင်းမျိုး မဟုတ်​ပဲ တစ်​​ခွေလုံး ​ပေါက်​ခြင်းပါ။ ကက်​ဆက်​ကာဗာကတ်​​ပေါင်းကို သိန်း​​ကျော်​ဂဏန်းထိ ​ရောင်းခဲ့ရတယ်​လို့ မှတ်​သားခဲ့ဖူးပါတယ်​။ ( Crd. Ko Naing သူ​ရေးထားတာ ရှိပါတယ်​။ ဖတ်​ကြည့်​ကြပါ။ ​) ကျ​နော်​တို့လို ခရစ်​ယာန်​များအတွက်​က​တော့ သိုးမည်း​​တွေအ​ကြောင်း ​ သီချင်း​ဟာ ပြဋ္ဌာန်း သီချင်းလိုကို ဖြစ်​​ခဲ့တာပါ။ ဆန်း​ဒေးစကူးလ်​​ များမှာလည်း သင်​​ပေး​ကြစမြဲပါ။
 ဗဒင်​အမှတ်​တရအ​နေနဲ့ဆိုပြီး ပြန်​ဆို​တေးများ​ခေတ်​ထချိန်​မှာ "ငါ့သမီးစာကျက်​​နေတယ်​" ထွက်​လာ​တော့ သူတို့ဗားရှင်းမှာ မူရင်းစာသား....
" ဘုရား​ကျောင်း​ရှေ့🎼🎵🎶 လမ်းမကြီး​ပေါ် ... ငါကိုယ်​တိုင်​.. မူးမူးနဲ့ ​ဆေးလိပ်​​လေးဖွာ.. အိမ်​ပြန်​မလို့ လမ်း​လျှောက်​လာစဉ်​🎶🎹🎻🎼.." ...... အစား
"🎼🎵🎶 ဘုရား​ကျောင်း​ရှေ့ လမ်းမကြီး​ပေါ် ငါကိုယ်​တိုင်​ အ​တွေးများနဲ့ ​ငေး​မောရင်းငါ အိမ်​ပြန်​မလို့ လမ်း​လျှောက်​လာစဉ်​...🎵🎶🎹 "
ဆိုပြီး ​ပြောင်းထားတာ​လေးလည်း အမှတ်​ရမိပါတယ်​။ အဲ့ဒီချိန်​ခါက ကင်​​ပေတိုင်​ စိစစ်​​ရေးတို့ လက်​ချက်​များလား။ သို့မဟုတ်​များလား။ ( ​စောဘွဲ့မှူး အမှတ်​တရ ​ခွေမှာလည်း ဖန်​စီဒိုင်း ကို အဆိပ်​ရိုင်း ​ပြောင်းထားဖူးပါတယ်​။)
ကျ​နော့်​အတွက်​​တော့ ဒီအင်​တာဗျူး​လေးက တကယ့်​ကို အမှတ်​တရပါ။ ဒီအင်​တာဗျူးပါတဲ့ ​မေတ္တာတမန်​ မဂ္ဂဇင်း​လေးကို ၁၀ တန်းနှစ်​ အပြီးမှာ အမှတ်​မထင်​ ပိုင်​ဆိုင်​ခွင့်​ရခဲ့တာပါ။ ဖတ်​ဖူးတဲ့ တစ်​ခုတည်း​သော ဗဒင်​ အင်​တာဗျူးဖြစ်​သလို ရုပ်​ကိုလည်း ဒီတစ်​ခုတည်းမှာပဲ မြင်​ဖူးပါတယ်​။ အရင်​က ဒီအင်​တာဗျူး​လေးကို တင်​​ခဲ့ဖူး​ပေမယ့်​ ဓာတ်​ပုံရိုက်​တင်​ခဲ့တာမို့ အခုစာစီပြီး ပြန်​တင်​လိုက်​ပါတယ်​။ ဒါ​ပေမယ့်​ အခုစာပြန်​ရိုက်​ချိန်​ကျမှ စာအုပ်​များ ကတ်​ထူပုံးထဲ​ရောက်​​နေ​လေ​တော့ မဂ္ဂ​ဇင်း​လေး ပြန်​ရှာရတာ အခက်​အခဲဖြစ်​​နေလို့ ခုနှစ်​သက္ကရာဇ်​၊ လ၊ ရက်​စွဲ ​ဖော်​ပြနိုင်​ခြင်း မရှိပါ ခင်​ဗျာ။
နောက်​တစ်​ခုက​တော့ အခု အင်​တာ​ဗျူး​လေးဟာ ခရစ်​ယာန်​ဓမ္မ​ မဂ္ဂဇင်းကြီး တစ်​ခုဖြစ်​တဲ့ ​မေတ္တာတမန်​ ကဗျူးထားတာ ဖြစ်​ပါတယ်​။ ​ဗျူးသူကလည်း ခရစ်​ယာန်​​ဘာသာ​ရေးစာ​ပေဘက်​က လူပုဂ္ဂိုလ်​သာ ဖြစ်​လို့ တခြားဂီတဘက်​က အင်​တာဗျူးသူများလို ​ဗျူးထားခြင်း မဟုတ်​ပါ။ ဒါ့အပြင်​ ဘာသာ​ရေးကိုလည်း ပို​ဇောင်း​ပေးထားပါတယ်​။ ခရစ်​ယာန်​ဘာသာဝင်​ မဟုတ်​သူများအတွက်​ အပြည့်​အ၀ ​ကျေနပ်​​စေမယ့်​ အင်​တာဗျူးမျိုး မဖြစ်​လို့ပါခင်​​ဗျာ။)
မူလစာစီသူ Za Pung Lian
နေရာ (၁၉၉၃)
http://www.mediafire.com/?zqnjfhligc0tvs1 or
http://phyuniwarpyar.blogspot.com/2014/…/blog-post_934.html…
ဒီနေ့ (၁၉၉၆)
http://www.mediafire.com/?nv3b5btkc2kfezg or
http://phyuniwarpyar.blogspot.com/2015/06/blog-post_80.html…
အရှိအတိုင်း (၁၉၉၇)
http://www.mediafire.com/?5joyh21yhjvx4hp or
http://phyuniwarpyar.blogspot.com/2015/06/blog-post_87.html…
မမေ့ပါဘူး (၁၉၉၉)
http://www.mediafire.com/?1aoluyemakcttjj or
http://phyuniwarpyar.blogspot.com/2015/06/blog-post_42.html…

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။