သင်ဟာ
လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေပါသလား ? အလုပ်လုပ်ရတာ
ပျော်ရွှင်မှု မရှိဘဲ စိတ်ညစ်စရာတွေ ၊ ဖိစီးမှုတွေနဲ့ပဲ ကြုံတွေ့နေရပါသလား ?
ဒါဆိုရင်တော့ အောက်က အချက်တွေကို သင်လုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ၊
1 . ` ငါ ´ ဆိုတဲ့ အတ္တလက်ကိုင်ထားခြင်း
သင်ဟာ အလုပ်ထဲမှာ အတ္တ မာနတွေထားပြီး အလုပ်လုပ်မယ်ဆိုရင် အလုပ်မှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းလို့ အဆင်မပြေနိုင်ပါဘူး . ဒါကြောင့် အားလုံးက သင့်ကို ဘေးဖယ်ထားပြီး တစ်ယောက်တည်း စိတ်ဆင်းရဲစွာ ဖြစ်နေပါလိမ့်မယ် .
2 . ကိုယ်ချင်းစာစိတ်မရှိခြင်း
လုပ်ငန်းခွင်ဆိုတာ တစ်ဦးတည်း တစ်ယောက်တည်း လုပ်ရတဲ့ နေရာမဟုတ်ပါဘူး . လုပ်ငန်းခွင်ဆိုတာ လူအဖွဲ့အစည်းတွေနဲ့ လုပ်ရတဲ့ နေရာပါ .ဒါကြောင့် အခြားသူတွေနဲ့ အဆင်ပြေအောင်
နေဖို့က အရေးကြီးပါတယ် .တစ်ခြားသူတွေနဲ့ အဆင်ပြေဖို့
အတွက် အခြားသူ၏ ခံစားချက်ကို ကိုယ်ချင်းစာပြီး နားလည်ဖို့ လိုအပ်ပါတယ်.
3 . ကိုယ်မလုပ်နိုင်တာကို လုပ်ဆောင်နေရခြင်း
သင်ဟာ ကိုယ်လုပ်နိုင်တာထက် ပိုပြီး ခက်ခဲတဲ့ တာဝန်များကို ထမ်းဆောင်နေရတယ်ဆိုရင် အလုပ်မှ မပျော်ရွှင်နိုင်ပါဘူး. နေ့စဉ် ရောက်ရှိလာတဲ့ ဖိစီးမူတွေက အလုပ်မှာ မပျော်ရွှင်လာအောင် ဖန်တီးပေးနေပါတယ် . ဒါကြောင့် ကိုယ်လုပ်နိုင်တာထက် ပိုမလုပ်ဖို့ သတိပြုပါ .
4 . ပတ်ဝန်းကျင် အခြေအနေ
လုပ်ငန်းခွင်ထဲမှာ ပတ်ဝန်းကျင်ဆိုတာ အရေးကြီးပါတယ်.
သင်ဟာ မှန်နေသော်လည်း ပတ်ဝန်းကျင်ရဲ့ အခြေအနေ အရပ်ရပ်က သင့်ကို အလုပ်မှာ မပျော်ရွှင်အောင် တွန်းပို့နေပါတယ် . ဒါကြောင့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်နိုင်အောင် ကြိုးစားသင့်ပါတယ် .
5 . ဝါသနာကြောင့်
ဝါသနာ ပါတဲ့ အလုပ်ဟာ ဘယ်လောက် ပင်ပန်းပါစေ အလုပ် လုပ်နေရရင်ကို ပျော်နေပါလိမ့်မယ် .ဝါသနာ မပါတဲ့ အလုပ်ကို လုပ်နေရတယ်ဆိုရင် ကြာလာရင်တော့ အလုပ်မှာ မပျော်တဲ့သူ တစ်ယောက် ဖြစ်သွားပါလိမ့်မယ်. ဝါသနာ နဲ့ လုပ်နေတာ ထပ်တူကျမှလဲ အောင်မြင်မှုဆိုတာကို ရရှိမှာပဲ ဖြစ်ပါတယ်.
သူငယ်ချင်းတို့တွေအားလုံး အလုပ်ခွင်မှာ ပျော်ရွှင်ပြီး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြတဲ့ ဝန်ထမ်းကောင်းတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် .
#BrandYou #WorkHappy

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။