ငယ်ဖော်
--------------
ရုပ်ရှင်လက်မှတ်အဟောင်းလေြး ကည့်ရင်း
အလွမ်းအသစ်တွေ လတ်လတ်ဆတ်ဆတ်ခုန်ထွက်လာ…
ငယ်ချစ်ဦးတဲ့
ကိုယ့်မှာ အဖြူအစိမ်းဝတ်ကျောင်းသားလေး တွေမြင်တိုင်း
ဖျတ်ခနဲ ငေးငိုင်မိတုန်း။
ဘယ်လို သတ်သတ် မသေတဲ့ထဲမှာ
ချစ်ဦးပုံပြင်တွေ ပါတယ်…
နင့်အကြောင်းတွေးတိုင်း
ဖွဖွလေး ပြုံးမိတာ (အမြတ်တနိုးပေါ့ဟာ )
ငါသိမ်းထားတဲ့ စွယ်တော်ရွက်ခြမ်းလေး မရှိတော့ဘူး
ဗလာစာရွက်ပေါ်မှာ
ကြယ်ရောင်စုံကပ်ခွာနဲ့ ရေးဖူးတဲ့ နင့်နာမည်လေး
စာသင်ခုံပေါ်က ထောက်ချွန်နဲ့ ခြစ်ထားတဲ့ နင့်နာမည်လေး
မရှိတော့ဘူး
မရှိတော့ပါဘူး…
နင်လည်း ငါ့လိုပဲဖြစ်မှာပါ
ဒြပ်ရှိ အမှတ်တရတွေသာ မရှိတော့တာ
ဒြပ်မဲ့တဲ့ စိတ်က အလွမ်းထုထည်ကြီးမားတုန်း။
ယင်းမာဖိနပ်အဖြူလေးမှာ ခြေဖမိုးဖြူဖြူလေးမြင်တိုင်း
ပြေးပြေးသွားတဲ့ ငါ့စိတ်ဟာ
စတိတ်ကျောင်းခန်းထဲက နင့်ချည်တိုင်လေးပါ။
နင်မှတ်မိမလား
ငါ့ရဲ့ ပြိုင်စက်ဘီးအနီလေး
အခုထိ ရှိတုန်းပဲ။
သူငယ်ချင်းတွေက မေးတယ်
အရင်လို ၈မိုင် ၉မိုင် စက်ဘီးနင်း နိုင်ဦးမလားတဲ့…
စူဖြိုးနေတဲ့ ဗိုက်တွေပုပ်ပြ
အချင်းချင်းမေးကြ/ ရယ်မောကြ ။
' နင် ပါရင် ဖြစ်တယ် '
ငါ့ စကားကြောင့် ရယ်သံတွေ ပိုညံခဲ့
အဲ့ဒီလိုဖြေတဲ့ ငါ့အသံမှာ
နှုတ်ခမ်းတွေ တုန်နေတာ သူတို့မသိခဲ့ဘူးလေ။
သတိရပါတယ်
တစ်ခါ တစ်ခါပေါ့။
စိုင်းစိုင်းခမ်းလှိုင်ကို ငါမကြိုက်ပေမယ့်
သူ့အခွေထွက်တိုင်း ဝယ်ဖြစ်တယ်
(တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ကို ပေးခွင့်ရမလား မျှော်လင့်ချက်နဲ့)
သက်မွန်မြင့် အိမ်ထောင်ကျတဲ့ သတင်းဖတ်ရင်း
နင်ရော…ဆိုတဲ့ အတွေး
ငါ ဆွေးသွားတယ်။
မှတ်မှတ်ရရပါပဲ
ရူးရူးမူးမူးပေါ့…
' ခေါင်းလောင်းသံတိတ် ကျောင်းတွေပိတ်ပြီ
မတော်တစ်ဆ လမ်းမှာတွေ့ရင်
မှတ်မိသူက စခေါ်ကြေး '
အဲ့ဒီကဗျာလေး ငါ့စာအုပ်ထဲ နင်ရေးပေးတဲ့နေ့
တစ်ယောက်မျက်နှာ တစ်ယောက် နှုတ်ခမ်းနီတွေ သုတ်တဲ့နေ့
နွေခေါင်ခေါင်ကြီး ရေတွေပက်ကြ/ပွေ့ဖက်ကြနဲ့
နင့်အနားကို တိုးပြီး ရိုးရိုးလေး (တိုးတိုးလေးဆိုမှ တိုးတိုးလေး)
' ဘယ်အချိန်တွေ့တွေ့ စ ခေါ်မှာ ငါပါ
အချစ်ဆိုတာ သိပ်မှတ်ဥာဏ်ကောင်းတဲ့အရာ' ။
ငါ့ဖက်ကသာ တိုးတယ်ထင်တာ
ငှက်ကလေးခမျာ လန့်ဖျတ်ပျံကြ
လှောင်တာလား ရယ်တာလား မသိပေမယ့် တကျီကျီအော်နေကြ
နင့်လက်ကိုင်ပဝါလေး ကြေပေးရ
ငါ့ကျောပြင်လေး နာခဲ့ရ ။
စိတ်ဟာ အလင်းထက်မြန်တာသေချာခဲ့ရင်
နင့်မွှေးပွလွယ်အိတ်အဖြူလေးက နေ နင်မက်တဲ့အိပ်မက်အထိ
ငါ့စိတ်က အရိပ်လိုကပ်နေမှာ နင် မငြိုငြင်ပါနဲ့ဟာ။
အစွဲအလမ်းကြီးတဲ့ကောင်ပါ
အခုထိ နှင်းဆီပွင့်ဖတ်တွေပေါ် ကဗျာရေးတတ်တုန်း
အခုထိ စက္ကူကြယ်လေးတွေ ခေါက်သိမ်းတုန်း
အခုထိ လူကြုံလို့ စကားကြုံရင်
နင့်နာမည် တဖွဖွ ရွတ်မိတုန်း။
'နင်နဲ့ဝေးရင် သေမှာ'
အဲ့တာ အလကားပြောတာ
၁၀နှစ်သာကြာတယ် အခုထိ ငါအသက်ရှင်တုန်း
တစ်ခါတစ်ခါတော့ လွမ်းတဲ့စိတ်နဲ့ အသက်ရှူကြပ်တာကလွဲရင်
ငါ့ကျန်းမာရေး အကောင်းတိုင်းပဲ။
အသက်တွေက ကြီးလာပြီ
အရင်လို TVဂိမ်း မဆော့တော့ဘူး
မိုးရွာထဲ ဘောလုံးမကန်တော့ဘူး
ပုဆိုးတရွတ်ဆွဲ မဝတ်ရဲတော့ဘူး
သနပ်ခါးဘဲကြား မလိမ်းဖြစ်တော့ဘူး။
နင်ရော
တစ်ခုခု အလိုမကျရင် နှုတ်ခမ်းစူဖြစ်သေးလား
နေကြာစေ့တွေ စားတုန်းပဲလား
လမ်းလျှောက်ရင် ခေါင်းလေး ငုံ့ထားသလား
ငါမသိပေမယ့် ငါကြည့်ချင်လိုက်တာ။
ခက်တယ်
သီတင်းကျွတ်ပြီ
လူပျိုကြီး တစ်ယောက်တည်းလားလို့ မေးတိုင်း
ဖျတ်ခနဲ နင့်ကို ပြေးမြင်မိတာ ခက်တယ်
တကယ်ဆို သူတို့တွေ ရယ်မောကြတာ
နင့် အပြစ်မကင်းတာ သေချာ။
အများကြီး မတောင်းဆိုပါဘူး
သံသရာပါမယ့် အကြွေး မဖြစ်ချင်တဲ့စိတ်နဲ့
နင့်ကို လိုက်ရှာတယ်။
နင့်ဆီက ချေးဖူးတဲ့ ငွေ ၂၀၀ရယ်
ဘောပင် အဟောင်းလေးရယ်
နင်မသိအောင် ခိုးယူထားတဲ့ ဆံညပ်ကလစ်လေးရယ်…
" အခုဘဝမှာတောင် သေလုအောင်လွမ်းတာ
ဘယ်ချစ်ခြင်းမှ သံသရာထိ မယူပါရစေနဲ့ "
အယ်ကိုဟောဆိုတာ အလွမ်းနဲ့တည့်တဲ့ အရာ
အလွမ်းတွေ တစ်စက်ပြီး တစ်စက်
ခွက်တွေ တစ်ခွက်ပြီးတစ်ခွက်
မရပါဘူးကွာ
ဝန်နဲ့ အား မမျှတော့လည်း ဝေးခဲ့ကြ
ဝေးကွာခြင်း ပြဇာတ်ထဲ နင့်ကိုလွမ်းတယ်။
ဒီလိုနဲ့ နင့်ကိုလွမ်းတယ်
ဒီအချိန်ဆို နင်ရော ငါ့ကိုလွမ်းပါ့မလား
ဒီအချိန်ဆို နင်ရော ငါ့လိုလွမ်းဖြစ်ပါ့မလား
မသေချာပါဘူး ငယ်ချစ်ဦးရယ် ။ ။
__________________________ __________
ဆန်းကျော်စွာဝင်း
အ.ထ.က အုန်းချော
ပညာရွှေမြေ (ဘော်ဒါနှင့် နေ့အထူး)
--------------
ရုပ်ရှင်လက်မှတ်အဟောင်းလေြး
အလွမ်းအသစ်တွေ လတ်လတ်ဆတ်ဆတ်ခုန်ထွက်လာ…
ငယ်ချစ်ဦးတဲ့
ကိုယ့်မှာ အဖြူအစိမ်းဝတ်ကျောင်းသားလေး
ဖျတ်ခနဲ ငေးငိုင်မိတုန်း။
ဘယ်လို သတ်သတ် မသေတဲ့ထဲမှာ
ချစ်ဦးပုံပြင်တွေ ပါတယ်…
နင့်အကြောင်းတွေးတိုင်း
ဖွဖွလေး ပြုံးမိတာ (အမြတ်တနိုးပေါ့ဟာ )
ငါသိမ်းထားတဲ့ စွယ်တော်ရွက်ခြမ်းလေး မရှိတော့ဘူး
ဗလာစာရွက်ပေါ်မှာ
ကြယ်ရောင်စုံကပ်ခွာနဲ့ ရေးဖူးတဲ့ နင့်နာမည်လေး
စာသင်ခုံပေါ်က ထောက်ချွန်နဲ့ ခြစ်ထားတဲ့ နင့်နာမည်လေး
မရှိတော့ဘူး
မရှိတော့ပါဘူး…
နင်လည်း ငါ့လိုပဲဖြစ်မှာပါ
ဒြပ်ရှိ အမှတ်တရတွေသာ မရှိတော့တာ
ဒြပ်မဲ့တဲ့ စိတ်က အလွမ်းထုထည်ကြီးမားတုန်း။
ယင်းမာဖိနပ်အဖြူလေးမှာ ခြေဖမိုးဖြူဖြူလေးမြင်တိုင်
ပြေးပြေးသွားတဲ့ ငါ့စိတ်ဟာ
စတိတ်ကျောင်းခန်းထဲက နင့်ချည်တိုင်လေးပါ။
နင်မှတ်မိမလား
ငါ့ရဲ့ ပြိုင်စက်ဘီးအနီလေး
အခုထိ ရှိတုန်းပဲ။
သူငယ်ချင်းတွေက မေးတယ်
အရင်လို ၈မိုင် ၉မိုင် စက်ဘီးနင်း နိုင်ဦးမလားတဲ့…
စူဖြိုးနေတဲ့ ဗိုက်တွေပုပ်ပြ
အချင်းချင်းမေးကြ/ ရယ်မောကြ ။
' နင် ပါရင် ဖြစ်တယ် '
ငါ့ စကားကြောင့် ရယ်သံတွေ ပိုညံခဲ့
အဲ့ဒီလိုဖြေတဲ့ ငါ့အသံမှာ
နှုတ်ခမ်းတွေ တုန်နေတာ သူတို့မသိခဲ့ဘူးလေ။
သတိရပါတယ်
တစ်ခါ တစ်ခါပေါ့။
စိုင်းစိုင်းခမ်းလှိုင်ကို ငါမကြိုက်ပေမယ့်
သူ့အခွေထွက်တိုင်း ဝယ်ဖြစ်တယ်
(တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ကို ပေးခွင့်ရမလား မျှော်လင့်ချက်နဲ့)
သက်မွန်မြင့် အိမ်ထောင်ကျတဲ့ သတင်းဖတ်ရင်း
နင်ရော…ဆိုတဲ့ အတွေး
ငါ ဆွေးသွားတယ်။
မှတ်မှတ်ရရပါပဲ
ရူးရူးမူးမူးပေါ့…
' ခေါင်းလောင်းသံတိတ် ကျောင်းတွေပိတ်ပြီ
မတော်တစ်ဆ လမ်းမှာတွေ့ရင်
မှတ်မိသူက စခေါ်ကြေး '
အဲ့ဒီကဗျာလေး ငါ့စာအုပ်ထဲ နင်ရေးပေးတဲ့နေ့
တစ်ယောက်မျက်နှာ တစ်ယောက် နှုတ်ခမ်းနီတွေ သုတ်တဲ့နေ့
နွေခေါင်ခေါင်ကြီး ရေတွေပက်ကြ/ပွေ့ဖက်ကြနဲ့
နင့်အနားကို တိုးပြီး ရိုးရိုးလေး (တိုးတိုးလေးဆိုမှ တိုးတိုးလေး)
' ဘယ်အချိန်တွေ့တွေ့ စ ခေါ်မှာ ငါပါ
အချစ်ဆိုတာ သိပ်မှတ်ဥာဏ်ကောင်းတဲ့အရာ' ။
ငါ့ဖက်ကသာ တိုးတယ်ထင်တာ
ငှက်ကလေးခမျာ လန့်ဖျတ်ပျံကြ
လှောင်တာလား ရယ်တာလား မသိပေမယ့် တကျီကျီအော်နေကြ
နင့်လက်ကိုင်ပဝါလေး ကြေပေးရ
ငါ့ကျောပြင်လေး နာခဲ့ရ ။
စိတ်ဟာ အလင်းထက်မြန်တာသေချာခဲ့ရင်
နင့်မွှေးပွလွယ်အိတ်အဖြူလေးက
ငါ့စိတ်က အရိပ်လိုကပ်နေမှာ နင် မငြိုငြင်ပါနဲ့ဟာ။
အစွဲအလမ်းကြီးတဲ့ကောင်ပါ
အခုထိ နှင်းဆီပွင့်ဖတ်တွေပေါ် ကဗျာရေးတတ်တုန်း
အခုထိ စက္ကူကြယ်လေးတွေ ခေါက်သိမ်းတုန်း
အခုထိ လူကြုံလို့ စကားကြုံရင်
နင့်နာမည် တဖွဖွ ရွတ်မိတုန်း။
'နင်နဲ့ဝေးရင် သေမှာ'
အဲ့တာ အလကားပြောတာ
၁၀နှစ်သာကြာတယ် အခုထိ ငါအသက်ရှင်တုန်း
တစ်ခါတစ်ခါတော့ လွမ်းတဲ့စိတ်နဲ့ အသက်ရှူကြပ်တာကလွဲရင်
ငါ့ကျန်းမာရေး အကောင်းတိုင်းပဲ။
အသက်တွေက ကြီးလာပြီ
အရင်လို TVဂိမ်း မဆော့တော့ဘူး
မိုးရွာထဲ ဘောလုံးမကန်တော့ဘူး
ပုဆိုးတရွတ်ဆွဲ မဝတ်ရဲတော့ဘူး
သနပ်ခါးဘဲကြား မလိမ်းဖြစ်တော့ဘူး။
နင်ရော
တစ်ခုခု အလိုမကျရင် နှုတ်ခမ်းစူဖြစ်သေးလား
နေကြာစေ့တွေ စားတုန်းပဲလား
လမ်းလျှောက်ရင် ခေါင်းလေး ငုံ့ထားသလား
ငါမသိပေမယ့် ငါကြည့်ချင်လိုက်တာ။
ခက်တယ်
သီတင်းကျွတ်ပြီ
လူပျိုကြီး တစ်ယောက်တည်းလားလို့ မေးတိုင်း
ဖျတ်ခနဲ နင့်ကို ပြေးမြင်မိတာ ခက်တယ်
တကယ်ဆို သူတို့တွေ ရယ်မောကြတာ
နင့် အပြစ်မကင်းတာ သေချာ။
အများကြီး မတောင်းဆိုပါဘူး
သံသရာပါမယ့် အကြွေး မဖြစ်ချင်တဲ့စိတ်နဲ့
နင့်ကို လိုက်ရှာတယ်။
နင့်ဆီက ချေးဖူးတဲ့ ငွေ ၂၀၀ရယ်
ဘောပင် အဟောင်းလေးရယ်
နင်မသိအောင် ခိုးယူထားတဲ့ ဆံညပ်ကလစ်လေးရယ်…
" အခုဘဝမှာတောင် သေလုအောင်လွမ်းတာ
ဘယ်ချစ်ခြင်းမှ သံသရာထိ မယူပါရစေနဲ့ "
အယ်ကိုဟောဆိုတာ အလွမ်းနဲ့တည့်တဲ့ အရာ
အလွမ်းတွေ တစ်စက်ပြီး တစ်စက်
ခွက်တွေ တစ်ခွက်ပြီးတစ်ခွက်
မရပါဘူးကွာ
ဝန်နဲ့ အား မမျှတော့လည်း ဝေးခဲ့ကြ
ဝေးကွာခြင်း ပြဇာတ်ထဲ နင့်ကိုလွမ်းတယ်။
ဒီလိုနဲ့ နင့်ကိုလွမ်းတယ်
ဒီအချိန်ဆို နင်ရော ငါ့ကိုလွမ်းပါ့မလား
ဒီအချိန်ဆို နင်ရော ငါ့လိုလွမ်းဖြစ်ပါ့မလား
မသေချာပါဘူး ငယ်ချစ်ဦးရယ် ။ ။
__________________________
ဆန်းကျော်စွာဝင်း
အ.ထ.က အုန်းချော
ပညာရွှေမြေ (ဘော်ဒါနှင့် နေ့အထူး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။