"သစ်ပင်တစ်ပင်ကိုချစ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်"
----
Anne Frank က ဂျူးလူမျိုးမိန်းကလေးတစ်ယော က်
ဖြစ်တယ်။ ၁၉၄၂ခုနှစ် ဇွန်လ ၁၂ရက် အန်နီ
၁၃နှစ်ပြည့်တဲ့နေ့မှာ ဖခင်ဖြစ်သူ Otto Frank က
အန်နီကို ဒိုင်ယာရီစာအုပ်တစ်အုပ် လက်ဆောင်ပေးခဲ့တယ်။ အန်နီကို စာရေးဆရာတစ်ဦးဖြစ်ဖို့ ဖခင်ကမျှော်လင့်ခဲ့တယ်။ အန်နီကလည်း စိတ်အားထက်သန်စွာနဲ့
“ဒီကနေ့ကစ သမီးမြင်မြင်သမျှအားလုံးကို
မှတ်တမ်းတင်မယ်။ စစ်ပြီးရင် အဲဒီစာအုပ်ကိုထုတ်ဝေမယ်၊ အရောင်းရဆုံးစာအုပ်ဖြစ်နိုင်တယ်” လို့ ဖခင်ကိုပြောခဲ့တယ်။
အဲဒီနှစ် ဇူလိုင်လ ၆ရက်နေ့မှာ နာဇီတွေရဲ့ဖိနှိပ်မှုကြောင့် ဂျူးတွေ နေ့ရက်တိုင်း ထိတ်လန့်ချောက်ချားခဲ့ကြတယ် ။ အန်နီတို့မိသားစုဟာ စွန့်ပစ်အလုပ်ရုံတစ်ခုမှာ
ပုန်းခိုခဲ့ကြတယ်။ အလုပ်ရုံဒုတိယထပ်မှာ လျှို့ဝှက်အခန်း
တစ်ခန်းဆောက်လုပ်ပြီး တစ်မိသားစုလုံး အပြင်မထွက်ရဲဘဲ အခန်းထဲမှာပဲ ပုန်းအောင်းနေထိုင်ခဲ့ကြတယ် ။ ဒီအခန်းလေးထဲမှာ ပုန်းအောင်းနေထိုင်ရင်း ရက်စက်ကြမ်းကျူတ်တဲ့
ဖိနှိပ်မှုကပ်ဆိုးကနေ လွတ်မြောက်နိုင်ဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။
စက်ရုံဝင်းထဲမှာ အကိုင်းအခက်ဖားဖားနဲ့ သစ်အယ်ပင်ကြီး
တစ်ပင်ရှိတယ်။ အန်နီက သစ်ပင်ထက်က ငှက်ကလေးတွေလို တေးသီချင်းဆိုနိုင်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။ ဒိုင်ယာရီထဲမှာ အန်နီက...
“ကျွန်မ မကြာခဏ စိတ်မချမ်းသာဖြစ်ပေမယ့် တစ်ခါမှ စိတ်ဓာတ်မကျခဲ့ဘူး။ ကျွန်မတို့ပုန်းခိုနေတဲ့နေရာလေးကို
ကျွန်မက ဘဝရဲ့စိတ်ဝင်စားဖွယ်စွန့်စားမှုတစ်ရပ်လို့
မြင်ထားတယ်။ ဒီနေရာလေးက အန္တရာယ်၊ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဆင်းရဲဒုက္ခတစ်ခုတိုင်းက ကျွန်မရဲ့ဒိုင်ယာရီကို ပိုပြည့်စုံတဲ့အကြောင်းအရာေ တွဖြစ်စေပါတယ်။
ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ပြာနဲ့ သစ်အယ်ပင်ကို ကျွန်မကြည့်မိတိုင်း
သစ်ကိုင်းခြောက်ထက်မှာ ရေစက်တွေ တွဲလဲခိုနေပါသေးတယ်။ စင်ရော်နဲ့
အခြားငှက်တွေက ပျံသန်းသွားတဲ့အခါတိုင်း သစ်ပင်ထက်က
ငွေရောင်သမ်းသွားသလိုပါပဲ။ ဒီလိုလှပတဲ့ရှုခင်းက ကျွန်မတို့ကို
ဆွံ့အသွားစေပါတယ်” လို့ရေးခဲ့ပါတယ်။
အန်နီဟာ သစ်အယ်ပင်နဲ့ သစ်ပင်ပေါ်ကငှက်ကလေးတွေကို နေ့တိုင်းငေးမောခဲ့တယ်။ ဒါဟာ အန်နီရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့ အရေးပါတဲ့အကြောင်းအရာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ငှက်ကလေးတစ်ကောင်လို သစ်အယ်ပင်မှာ လွတ်လွတ်လပ်လပ်ပျံသန်းနေတယ် လို့ အကြိမ်ကြိမ် သူစိတ်ကူးယဉ်ခဲ့တယ်။
၁၉၄၄ခုနှစ် သြဂုတ်လ ၄ရက်နေ့မှာ မလိုသူရဲ့တိုင်တန်းမှုကြောင့်  အန်နီတို့မိသားစု အဖမ်းခံခဲ့ရတယ်။ အကျဉ်းစခန်းအသီးသီးမှာ သူတို့ပြောင်းရွေ့ချုပ်နှော င်ခံလိုက်ရတယ်။ ငရဲခန်းပမာ ဘဝကို သူတို့ဖြတ်သန်းခဲ့ရတယ်။ အဒီနောက် အန်နီနဲ့အစ်မဖြစ်သူဟာBergen -Belsen အကျဉ်းစခန်းဆီပြောင်းရွေ့ခဲ့ ရတယ်။
၁၉၄၅ခုနှစ် မတ်လမှာ အသက် ၁၅နှစ်အရွယ်အန်နီနဲ့ အစ်မဖြစ်သူဟာ အကျဉ်းစခန်းမှာ ဖျားနာပြီးသေဆုံးသွားခဲ့တယ် ။ အဲဒီအချိန်ကBergen-Belsen အကျဉ်းသားတွေလွတ်မြောက်ခါနီး နှစ်လအလိုမှာဖြစ်တယ်။
အန်နီသေဆုံးသွားပြီးနောက် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဖခင်ဟာ အန်နီရဲ့ဆန္ဒအတိုင်း သူရေးခဲ့တဲ့ဒိုင်ယာရီစာအုပ် ကို
“အန်နီဒိုင်ယာရီ”ဆိုပြီး ၁၉၄၇ခုနှစ်မှာ စာအုပ်အဖြစ်ထုတ်ဝေခဲ့တယ်။
ထုတ်ဝေတာနဲ့တစ်ပြိုင်နက် ဒီစာအုပ်ဟာ ကျမ်းစာအပြင်
လူတွေအများဆုံးဖတ်ရှုတဲ့စာအု ပ်အဖြစ် တင်စားခံခဲ့ရတယ်။ အန်နီတို့ပုန်းအောင်းခဲ့တဲ့ နေရာကိုလည်း ပြတိုက်အဖြစ်တည်ဆောက်လိုက်ြ ကတယ်။
ဒီအသက်၁၅နှစ်အရွယ် ကံဆိုးစွာသေဆုံးသွားခဲ့တဲ့ေ ကာင်မလေးရဲ့ သတ္တိနဲ့ဇွဲလုံ့လက လူတွေကို နက်နက်နဲနဲသက်ဝင်ခံစားစေတဲ့ အပြင် “အန်နီဒိုင်ယာရီ” ထဲမှာ ရေးသားထားတဲ့ အန်နီကို ကောင်းမွန်တဲ့မျှော်လင့်ချက်တွေပေးခဲ့တဲ့ သစ်အယ်ပင်ကြီးကလည်း လူတွေရဲ့ စိတ်အာရုံဝင်စားရာဖြစ်လာခဲ့ တယ်။
အလေးချိန် ၂၇တန်ရှိတဲ့၊ အသက် ၁၇ဝခန့်ရှိပြီဖြစ်တဲ့ ဒီသစ်အယ်ပင်အိုကြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျိုးကျပြီး လမ်းသွားလမ်းလာတွေကို ထိခိုက်မှာစိုးလို့ ပိုင်ရှင်ကခုတ်ပစ်ဖို့ စာတင်ခဲ့ဖူးတယ်။ ဒီသတင်းက နယ်မြေခံလူအများရဲ့ ဆန့်ကျင်ငြင်းပယ်မှုကိုခံလို က်ရတယ်။ ဒီသစ်ပင်ဟာ ၇၂% လောက် ညိုးခြောက်နေပေမယ့် သူအသက်ရှင်နေသေးတယ်လို့ လူတွေကဆိုတယ်။ အဓိကအရေးပါတဲ့အချက်က
ဒီသစ်ပင်ကို ဆင်းရဲဒုက္ခအမျိုးမျိုးခံခဲ့ ရတဲ့
မိန်းမငယ်တစ်ယောက်က နှစ်နှစ်ကာကာချစ်ခဲ့ဖူးတယ်။
ယနေ့ထိထက်တိုင် နာမည်ကျော်ထင်ရှားနေတဲ့ သူ့ဒိုင်ယာရီစာအုပ်မှာ
ရေးမှတ်ခဲ့ဖူးတယ်။ ဒီသစ်ပင်ဟာ ညိုးခြောက်အိုမင်းနေပေမယ့်
လူတွေရဲ့နှလုံးသားထဲမှာ ထာဝရရှင်သန်နေတာမို့ သူ့ကိုဆက်လက်ရှင်သန်သွားဖို့  မျှော်လင့်ကြတယ်။
နောက်ဆုံးမှာ နယ်သာလန်တရားရုံးက အန်နီချစ်ခဲ့ဖူးတဲ့ ဒီသစ်ပင်ကို မခုတ်ရလို့ စီရင်ချက်ချလိုက်ပါတယ်။ အကြောင်းက လျှို့ဝှက်အခန်းလေးထဲမှာ အန်နီပုန်းခိုခဲ့တဲ့နေ့ရက်ေ တွမှာ ပြင်ပလောကကိုသူမြင်နိုင်တဲ့ ရှုခင်းဆိုလို့ ဒီသစ်အယ်ပင်တစ်ပင်ပဲရှိခဲ့လို့ဖြစ်တယ်။ ဒီသစ်ပင်ဟာ အန်နီကို ခံစားချက်တွေပေးခဲ့ရုံမက အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်းပေးခဲ့ လို့ဖြစ်တယ်။ နောက်လူတွေက ဒီမိန်းမငယ်လေးရဲ့လှပတဲ့စိတ်ကူးအိပ်မက်ကို ပယ်ဖျက်ခွင့်မရှိပါဘူး။
ဒိုင်ယာရီစာအုပ်တစ်အုပ်က စိတ်ကူးအိပ်မက်တွေကို
ပေးခဲ့တယ်။
သစ်ပင်တစ်ပင်က အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်စေခဲ့တယ်။ ယုံကြည်မှုတွေပေးခဲ့တယ်။
“အန်နီဒိုင်ယာရီ”ကို ထုတ်ဝေချိန်က အန်နီသေဆုံးပြီး နှစ်နှစ်မြောက်မှာပါ။ ဒီကနေ့အထိ ဘဝကိုချစ်မြတ်နိုးတတ်တဲ့၊ အခက်အခဲနဲ့ရင်ဆိုင်ရချိန်မှာလည်း ဘဝကို မစွန့်လွှတ်တတ်တဲ့ သူ့ရဲ့ယုံကြည်မှု၊ သူ့ရဲ့မျှော်လင့်ချက်တွေက လူတွေကို လွှမ်းမိုးနေဆဲပါ။
အန်နီရဲ့တည်ရှိခဲ့မှုက သာမန်တဲ့သစ်အယ်ပင်တစ်ပင်ကို တောင် တမူထူးခြားစေခဲ့ပါတယ်။ သစ်ပင်တစ်ပင်ကို ထိန်းသိမ်းကာကွယ်နိုင်ခဲ့ရုံမက သစ်ပင်တစ်ပင်ရဲ့ရှင်သန်ခြင်းကိုပါ လေးစားတတ်ဖို့ ဖော်ပြနေခဲ့ပါတယ်။
-----
မူရင်းလင့်-- http://www.85nian.net/ zuowensucai/67663.html
#NineNineSaNay (2017, June)
----
Anne Frank က ဂျူးလူမျိုးမိန်းကလေးတစ်ယော
ဖြစ်တယ်။ ၁၉၄၂ခုနှစ် ဇွန်လ ၁၂ရက် အန်နီ
၁၃နှစ်ပြည့်တဲ့နေ့မှာ ဖခင်ဖြစ်သူ Otto Frank က
အန်နီကို ဒိုင်ယာရီစာအုပ်တစ်အုပ် လက်ဆောင်ပေးခဲ့တယ်။ အန်နီကို စာရေးဆရာတစ်ဦးဖြစ်ဖို့ ဖခင်ကမျှော်လင့်ခဲ့တယ်။ အန်နီကလည်း စိတ်အားထက်သန်စွာနဲ့
“ဒီကနေ့ကစ သမီးမြင်မြင်သမျှအားလုံးကို
မှတ်တမ်းတင်မယ်။ စစ်ပြီးရင် အဲဒီစာအုပ်ကိုထုတ်ဝေမယ်၊ အရောင်းရဆုံးစာအုပ်ဖြစ်နိုင
အဲဒီနှစ် ဇူလိုင်လ ၆ရက်နေ့မှာ နာဇီတွေရဲ့ဖိနှိပ်မှုကြောင့်
ပုန်းခိုခဲ့ကြတယ်။ အလုပ်ရုံဒုတိယထပ်မှာ လျှို့ဝှက်အခန်း
တစ်ခန်းဆောက်လုပ်ပြီး တစ်မိသားစုလုံး အပြင်မထွက်ရဲဘဲ အခန်းထဲမှာပဲ ပုန်းအောင်းနေထိုင်ခဲ့ကြတယ်
ဖိနှိပ်မှုကပ်ဆိုးကနေ လွတ်မြောက်နိုင်ဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။
စက်ရုံဝင်းထဲမှာ အကိုင်းအခက်ဖားဖားနဲ့ သစ်အယ်ပင်ကြီး
တစ်ပင်ရှိတယ်။ အန်နီက သစ်ပင်ထက်က ငှက်ကလေးတွေလို တေးသီချင်းဆိုနိုင်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။ ဒိုင်ယာရီထဲမှာ အန်နီက...
“ကျွန်မ မကြာခဏ စိတ်မချမ်းသာဖြစ်ပေမယ့် တစ်ခါမှ စိတ်ဓာတ်မကျခဲ့ဘူး။ ကျွန်မတို့ပုန်းခိုနေတဲ့နေရ
ကျွန်မက ဘဝရဲ့စိတ်ဝင်စားဖွယ်စွန့်စာ
အန်နီဟာ သစ်အယ်ပင်နဲ့ သစ်ပင်ပေါ်ကငှက်ကလေးတွေကို နေ့တိုင်းငေးမောခဲ့တယ်။ ဒါဟာ အန်နီရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့ အရေးပါတဲ့အကြောင်းအရာဖြစ်တယ
၁၉၄၄ခုနှစ် သြဂုတ်လ ၄ရက်နေ့မှာ မလိုသူရဲ့တိုင်တန်းမှုကြောင်
၁၉၄၅ခုနှစ် မတ်လမှာ အသက် ၁၅နှစ်အရွယ်အန်နီနဲ့ အစ်မဖြစ်သူဟာ အကျဉ်းစခန်းမှာ ဖျားနာပြီးသေဆုံးသွားခဲ့တယ်
အန်နီသေဆုံးသွားပြီးနောက် ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဖခင်ဟ
ဒီအသက်၁၅နှစ်အရွယ် ကံဆိုးစွာသေဆုံးသွားခဲ့တဲ့ေ
အလေးချိန် ၂၇တန်ရှိတဲ့၊ အသက် ၁၇ဝခန့်ရှိပြီဖြစ်တဲ့ ဒီသစ်အယ်ပင်အိုကြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျိုးကျပြီး လမ်းသွားလမ်းလာတွေကို ထိခိုက်မှာစိုးလို့ ပိုင်ရှင်ကခုတ်ပစ်ဖို့ စာတင်ခဲ့ဖူးတယ်။ ဒီသတင်းက နယ်မြေခံလူအများရဲ့ ဆန့်ကျင်ငြင်းပယ်မှုကိုခံလို
ဒီသစ်ပင်ကို ဆင်းရဲဒုက္ခအမျိုးမျိုးခံခဲ့
မိန်းမငယ်တစ်ယောက်က နှစ်နှစ်ကာကာချစ်ခဲ့ဖူးတယ်။
နောက်ဆုံးမှာ နယ်သာလန်တရားရုံးက အန်နီချစ်ခဲ့ဖူးတဲ့ ဒီသစ်ပင်ကို မခုတ်ရလို့ စီရင်ချက်ချလိုက်ပါတယ်။ အကြောင်းက လျှို့ဝှက်အခန်းလေးထဲမှာ အန်နီပုန်းခိုခဲ့တဲ့နေ့ရက်ေ
ဒိုင်ယာရီစာအုပ်တစ်အုပ်က စိတ်ကူးအိပ်မက်တွေကို
ပေးခဲ့တယ်။
သစ်ပင်တစ်ပင်က အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်စေခဲ့တယ်။ ယုံကြည်မှုတွေပေးခဲ့တယ်။
“အန်နီဒိုင်ယာရီ”ကို ထုတ်ဝေချိန်က အန်နီသေဆုံးပြီး နှစ်နှစ်မြောက်မှာပါ။ ဒီကနေ့အထိ ဘဝကိုချစ်မြတ်နိုးတတ်တဲ့၊ အခက်အခဲနဲ့ရင်ဆိုင်ရချိန်မှ
အန်နီရဲ့တည်ရှိခဲ့မှုက သာမန်တဲ့သစ်အယ်ပင်တစ်ပင်ကို
-----
မူရင်းလင့်-- http://www.85nian.net/
#NineNineSaNay (2017, June)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။