Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 27, 2017

Jet_Li ++++++% ( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ် ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ် တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူး ကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ)

 Mi Mi Tun added 3 new photos — with Mi Mi Tun.
#Jet_Li
++++++%
( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ်
ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ်
တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူး
ကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ)
……………………………………………………………
.
.
.
.
.
. "လူတွေကိုရယ်အောင်လုပ်နေတဲ့
လူတယောက်ရဲ့နောက်မှာ
မျက်ရည်တွေပေးဆပ်ထားရတယ်။
ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ်
ရတဲ့အလုပ်လောက်လောကမှာခက်
တာမရှိဘူး"

ဂျက်လီ
၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့ ။
အခြေအနေရော အချိန်အခါရောအဆိုး
ဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမူ
ကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင်
ရုန်းကုန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့
စွန် စစ်တပ်ကချပေးထားတဲ့ကျူးကျော်တွေအ
တွက်ရက်ကွက်တခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။
ဖခင်ဖြစ်သူကုန်ထမ်းသမား ဆိုင်းဘုတ်စာလုံးရေး
သူတယောက်ထဲရဲ့ဝင်ငွေနဲ့ မိသားစုရဲ့စားဝတ်နေ
ရေးကိုမနည်းဖြေရှင်းရဖို့ကတော်ရုံတော့မလွယ်
ကူလှဘူး။ ဒီလိုနဲ့သူ့ ကိုမွေးပြီး၂နှစ်အကြာမှာပဲ
ဖခင်ဖြစ်သူဟာအသက်ကြီးရတဲ့အထဲအလုပ်ပင်
ပန်းမူဒဏ်တွေကြောင့်နာမကျန်းဖြစ်ရာကနေ
ဆေးရုံကိုပို့ခဲ့ရပါတယ်။ ဆေးရုံရောက်ချိန်ဆေးဖိုး
အတွက်မိခင်ဖြစ်သူဟာလူမမယ်သမီး၂ယောက်
လက်ကိုဆွဲပြီးအသိတွေအိမ်ပိုက်ဆံလိုက်ချေးနေ
ချိန်မှာပဲ ခင်ပွန်းဖြစ်သူဟာကွယ်လွန်သွားခဲ့ပါ
တယ်။ သားသမီး၅ယောက်နဲ့ယောကျာ်းသေသွား
တဲ့မိန်းမအဖို့ကတော့ကမ္ဘာပျက်တာကမှပိုခံသာ
ဦးမယ်။ သူ့ အသက်၂နှစ်ပြည့်မွေးနေ့မှာပဲဖခင်
ဖြစ်သူကွယ်လွန်ခဲ့တယ်။ သူကတော့တခြားသူ
မဟုတ်ဘူး။ ကျူးကျော်ရပ်ကွက်ကနေ မုဆိုးမမိ
ခင်ရဲ့သားဘဝကနေ ကမ္ဘာ့ရုပ်ရှင်လောကရဲ့သြ
ဇာအရှိဆုံးသရုပ်ဆောင်အယောက်၁၀၀ထဲ အာရှ
ရုပ်ရှင်လောကရဲ့အတော်ဆုံးမင်းသား၅ယောက်
စာရင်းထဲကို ၂၁ရာစုမှာဝင်လာမယ့် ဂျက်လီဆို
တဲ့လူပါပဲ။
" သုညနဲ့စတာ ဝမ်းနည်းစရာလူ
မဟုတ်ဘူး။
သုညနဲ့စတယ်ဆိုပြီး
ထိုင်ငိုကြွေးနေမှ ဝမ်းနည်းစရာလူ"
ဂျက်လီ
" အဖေ့မျက်နှာကိုကျတော်မမှတ်မိဘူး။ အဖေ
ဘယ်လိုလူမှန်းလဲကျတော်မသိဘူး။ ဒါပေမယ့်အ
ဖေဟာကျတော့်အတွက်တော့ ကိုယ်တိုင်မမြင်ဖူး
ပေမယ့် အမြဲရင်ထဲမှာကိန်းအောင်းနေတဲ့ဘုရား
တဆူလိုပဲ။ ဒါတခြားလူတွေအတွက်တော့မနှိုင်း
စရာလို့မြင်လိမ့်မယ်။ ကျတော့အတွက်တော့အ
ဖေ့ဓာတ်ပုံက ဒုတိယဘုရားပါပဲ။ "
ဂျက်လီ
သူ့ အသက်၆နှစ်မှာကျောင်းတက်
ချင်ခဲ့လို့ အမေ့ကိုပူဆာရာကအမေခိုးငိုခဲ့တဲ့အ
ဖြစ်ကိုမြင်ပြီး သူကျောင်းတက်ပါရစေအမေလို့
ဘယ်တော့မှမပြောခဲ့တော့ဘူး။ သူတို့မိသားစု
နေထိုင်တဲ့ကျူးကျော်တွေအဖျက်ခံရတော့ရတဲ့
လျော်ကြေးငွေတချို့နဲ့ပေကျင်းတန်းလျားတခုမှာ
နေခွင့်ရခဲ့တယ်။ ရက်ကွက်ထဲကစီးပွားရေးချောင်
လည်တဲ့သူနဲ့သက်တူရွယ်တူသူငယ်ချငိးတွေ
ကျောင်းဝတ်စုံဝတ်နေချိန် သူကဈေးထဲကဈေး
သည်တွေကိုတောက်တိုမယ်ရဝယ်ပေးရတဲ့က
လေးတယောက်ဘဝကိုဖြတ်သန်းခဲ့ရတယ်။ဒါ
ပေမယ့်သူမညံ့ဘူး။ရက်ကွက်ထဲကစာသင်ဝိုင်း
ကိုသူအမြဲသွားနားထောင်တတ်သလို သူ့အသက်
၇နှစ်မှာမူလတန်းဖတ်စာအုပ်အကုန်လုံးကိုသူအ
လွှတ်ရနေပြီ။ သားဖြစ်သူစာတော်တာသိပေမယ့်
မိခင်ဖြစ်သူဟာကျောင်းမထားနိုင်တဲ့အတွက်ရင်
နာရတာကလွဲရင်ဘာမှမတတ်နိုင်ခဲ့ဘူး။ဒါကြောင့်
သူ့သားကိုဘာမှမလုပ်ပေးနိုင်မယ့်အစားဘာသာ
ရေးအဆုံးအမတွေကိုမိခင်ဖြစ်သူဟာညတိုင်း
ဖတ်ပြခဲ့ပါတယ်။ ဒါကြောင့်လဲသူဟာကျောင်းမ
နေရပေမယ့်ကျောင်းနေရတဲ့ကလေးတွေထက်ပို
သိပိုတော်ခဲ့တယ်။ သူကဟာသဥာဏ်လဲအရမ်း
ရွှင်တယ်။သူကရပ်ကွက်ထဲမှာလူချစ်လူခင်ပေါသ
လိုသူ့ရဲ့အမြဲပြုံးနေတတ်တဲ့သူ့မျက်နှာလေးကိုချစ်
လို့သူ့ကိုအမြဲစားစရာဝတ်စရာတွေပေးတတ်ကြ
တယ်။ဒါကြောင့်လဲသူ့မိသားစုဟာအစားအ
သောက်ချောင်လည်ခဲ့သလိုမိခင်ဖြစ်သူရဲ့အပ်ချုပ်
လို့ရတဲ့ငွေကလဲအိမ်အတွက်အထောက်အကူ
ဖြစ်ခဲ့တယ်။သူကထူးခြားတယ်။ သု့ထက်အင်အား
ကြီးတဲ့သူတွေသူ့ကိုအနိုင်ကျင့်ရင်တောင်အပြုံးနဲ့
အမြဲတုန့်ပြန်တတ်တယ်။ သူကျောင်းမနေရပေ
မယ့်သူ့ညီမတွေကိုကျောင်းတက်ခွင့်ရဖို့ဒီအ
သက်၁၀နှစ်ကောင်လေးကရုန်းကန်ခဲ့တယ်။သူ့
မောင်နှမတွေကျောင်းတက်ခဲ့ရတယ်။ သူမနေရ
ပေမယ့်သူ့ညီမလေးတွေကျောင်းတက်ရလို့သူအ
မြဲပျော်ပြီးရပ်ကွက်ထဲသူ့ညီမစာတော်တဲ့အ
ကြောင်းအမြဲကြွားလုံးထုတ်တတ်တဲ့ ကိုလေလုံး
ပေါ့။ ဒီလိုသူပျော်နေလေမိခင်ဖြစ်သူကခံစားရ
လေ။ နောက်ဆုံးသူ့ ကိုမိခင်ဖြစ်သူကဘုန်းတော်
ကြီးသင်ပညာရေးကျောင်းကိုပို့ခဲ့ပါတော့တယ်။
" မိသားစုထက် နင့်ကိုယ်နင်လဲ
ဘဝမှာပျော်အောင်ရုန်းကန်ရမယ်။
နင်လူတော်မဖြစ်ရင်တောင်
လူဆိုးတယောက်တော့ငါအဖြစ်မခံ
နိုင်ဘူး။ နင့်အတွက်ပဲနင်တွေးပါ။"
" အမေ့ရဲ့ အဲ့ဒီအချိန်ကစကားကိုကျတော်ခု
ထပ်ထိမှတ်မိသေးတယ်။ မှတ်မှတ်ရရ ကျတော်
ဆရာတော်ဆီမရောက်ခင်ညမှာပေါ့။ အမေကသူ
ငိုတာကိုသားသမီးတွေကိုဘယ်တော့မှမသိစေ
ချင်တဲ့လူ သားသမီးတွေရှေ့မှာအမေကအမြဲ
တမ်းရှေ့တန်းကစစ်သူကြီးတယောက်လိုမျက်နှာ
ထားနဲ့ပဲဆုံးမပေးတတ်တယ်ဗျ။ ကျတော်မြင်ဖူး
သမျှမိန်းမထဲမှာ အမေကအရဲရင့်ဆုံးပါပဲဗျာ"
သူဘုန်းကြီးကျောင်းကိုရောက်ချိန်မှာ
တော့ဘုန်းကြီးကျောင်းကဖွင့်ထားတဲ့ကိုယ်ခံပ
ညာကျောင်းကိုပါသူတက်ခွင့်ရခဲ့တယ်။ဒီကျောင်း
ကကောင်းတယ်။ သင်တန်းမှာတော်တဲ့ကလေး
တွေရဲ့မိသားစုကိုပါထောက်ပံ့ပေးတယ်။ဂျက်လီ
ဟာသိုင်းပညာမှငယ်စဉ်ထဲကထူးချွန်ခဲ့သလို
သူ့လက်ဦးဆရာတော်ကြီးကပါအံ့သြခဲ့ရတဲ့က
လေးတယောက်ပါ။ ၁၃နှစ်သားမှာအလတ်တန်း
သိုင်းကျမ်းစာအုပ်၁၈အုပ်ကိုသူတတ်ခဲ့ပြီ။ဒါက
ကလေးတယောက်အဖို့တော်တော်မလွယ်တဲ့
ကိစ္စကြီးပါ။ညီမဖြစ်သူကိုကျောင်းကောင်းကောင်း
ပြောင်းထားချင်လို့ ဂျက်လီဟာသိုင်းသင်တန်းက
ခွင့်မပြုတဲ့သိုင်းပြိုင်ပွဲတွေကိုဝင်ပြိုင်ခဲ့ပါတယ်။သူ
ဆုတွေရတယ်။ဒါကြောင့်လဲဆရာတော်ရဲ့ကြိမ်
လုံးကသူ့အတွက်မိတ်ဆွေဖြစ်ခဲ့သလို ဆရာ
တော်ကမနိုင်တဲ့အဆုံးသိုင်းပြကွက်ပြိုင်ပွဲတွေကို
ဂျက်လီအားဝင်ပြိုင်ခိုင်းစေခဲ့ပါတော့တယ်။သူအဲ့
မှာလဲဆုတွေရတယ်။ ဒါကြောင့်သူ့အသက်၁၅
နှစ်မှာပဲ သိုင်းသင်တန်းကျောင်းရဲ့နည်းပြနေရာ
ကိုအသက်ငယ်ငယ်နဲ့ပေးအပ်ခြင်းခံခဲ့ရပါတော့
တယ်။ ဒီလိုနဲ့တရက်…………… သူတို့ဘုန်းကြီး
ကျောင်းကိုရုပ်ရှင်အဖွဲ့တွေလာရိုက်ကြတယ်။နဂို
ထဲကဟာသဥာဏ်ရွှင်တဲ့ဂျက်လီကအပြေးအ
လွှားကြည့်ခဲ့တယ်။ သူဘာဖြစ်ချင်မှန်းသူ့ကိုယ်သူ
မသိတဲ့ဂျက်လီဟာ ဟာသသရုပ်ဆောင်တ
ယောက်အိမ်မက်ကိုမက်ခဲ့ပါတော့တယ်။သူဟာ
သမင်းသားအရမ်းဖြစ်ချင်ခဲ့ပြီ။ ချာလီချာပလင်နဲ့
နေးမတ်ကိုအရမ်းရူးသွပ်တဲ့သူက ရုပ်ရှင်ပိုးထည့်
ပေးဖို့ဒီရိုက်ကွင်းကစတင်ခဲ့ပါတော့တယ်။ဒီအချိန်
မှာဟောင်ကောင်မှာသူအရမ်းအားကျတဲ့သူတ
ယောက်ကလဲလူမသိသူမသိနေရာကနေဟာသ
အက်ရှင်လေးတွေပါနေရပြီ။ သူအားကျတဲ့သူက
ကတော့တခြားသူမဟုတ်ဘူး ဂျက်ကီချမ်းဆိုတဲ့
ရိုက်ကွင်းကတောက်တိုမယ်ရကောင်အဆင့်ပဲ
ရှိသေးတဲ့သူပါပဲ။ ဂျက်ကီချမ်းဆိုတာဘာကောင်
မှန်းလူတွေမသိသေးခင်အတိုအစဘဝထဲက
ဂျက်ကီချမ်းက ဂျက်လီရဲ့ Idolတယောက်ဖြစ်ခဲ့
ပါတယ်။ ဒါကြောင့်ပဲဂျက်လီဟာ ရုပ်ရှင်လောက
ထဲကိုတိုးဖို့ဆရာတော်နဲ့မိခင်အတွက်စာတစောင်
ချန်ပြီး ဘုန်းကြီးကျောင်းကနေခိုးထွက်ခဲ့ပါတော့
တယ်။
………………………………………
" အမေ သားအတွက်မစိုးရိမ်ပါနဲ့
သားဘာဖြစ်ချင်လဲသိပြီ
အမေပြောတဲ့လူကောင်းတယောက်
ဖြစ်တဲ့တနေ့အမေ့ကိုကျတော်လာ
ရှာပါ့မယ်"
ဒီစာလေးဟာယနေ့အချိန်ထိအမေရိက
ကဂျက်လီရဲ့နေအိမ်မှာကပ်ထားဆဲပါ။သူစပြီး
ရောက်လာတာက ဟောင်ကောင်မြို့ပေါ်။သူဘာ
လုပ်လဲဆို ရုပ်ရှင်အဖွဲ့တခုကစက်အထမ်းသမား
ဒီကနေ စတန့်အစားထိုးသမားတယောက်အဖြစ်
သူနေရာရလာခဲ့တယ်။ သူ့ရဲ့Talentကိုမြင်သွား
တဲ့သူက သိုင်းကားတွေရိုက်တဲ့ချောင်ရှီရန်ဆိုတဲ့
ဒါရိုက်တာတယောက်။ ဒီအချိန်မှာသူ့အသက်
၁၇ပဲရှိသေးတယ်။ ဒီလိုနဲ့ဗီဒီယိုကား၂ကားကိုသူ
နဲ့ရိုက်ခဲ့တယ်။ ဒါပေမယ့်ရာဇဝင်ကား။လူမသိပဲ
ပြီးသွားတယ်။ ဒါပေမယ့်ချောင်ရှီရန်ကဇွဲမလျော့
ဘူး။ ဘာကြောင့်လဲဆို သူ့ကိုကန်ထုတ်လိုက်ပြီး
တခြားဒါရိုက်တာတယောက်နဲ့မင်းသားတ
ယောက်ကိုနေရာပေးခဲ့တဲ့ Shoungshimဆို
တဲ့ထုတ်လုပ်ရေးကိုသူအနိုင်ရချင်တယ်။ဒါကြောင့်
ဂျက်လီကိုပဲသူမင်းသားတယောက်အဖြစ်တင်ပြီး
The Shaolin Temple ဆိုတဲ့ကားကိုရိုက်ခဲ့
ပါတော့တယ်။ဒါကဂျက်လီရဲ့ပထမဆုံးရုပ်ရှင်ကား
ဖြစ်လာသလို ဟောင်ကောင်ဒေါ်လာ ၁၇သန်းအ
ထိရခဲ့တဲ့ရှောင်လင်သိုင်းကားပါပဲ။ ဒီကားဟာ
ဟောင်ကောင်Film ဆု၂ဆုရခဲ့သလိုဘယ်မင်း
သားမှရိုက်ဖို့ငြင်းဆန်ထားတဲ့ပင်ပန်းလွန်းတဲ့
သိုင်းကားပါ။ဒါပေမယ့်ဂျက်လီနဲ့ရိုက်ခဲ့ချိန်မှာတော့
နာမည်ကြီးထုတ်လုပ်ရေးတွေကဟာခနဲဟင်ခနဲ
ဖြစ်ခဲ့ရပါတယ်။ ဒီကားရိုက်တော့ဂျက်လီအသက်
၁၉နှစ်ပဲရှိပါသေးတယ်။ ဒီသတင်းကတရုတ်ပြည်
မကြီးအထိတက်ခဲ့သလို မိခင်ဖြစ်သူဟာလဲအံ့သြ
ခဲ့ရပါတယ်။ ဒီကားကရတဲ့ငွေနဲ့မခင်ဖြစ်သူကို
TV တလုံးဝယ်ပေးခဲ့သလိုအိမ်ခန်းခအကြွေးတွေ
ကိုလဲသူဆပ်ပေးနိုင်ခဲ့ပါတယ်။
" ဘာဖြစ်လာမှန်းမသိတာကို
ကြိုတွေးပြီးကြောက်နေတာ
ထက်စာရင် အဆိုးဆုံးဖြစ်လာမှာ
တွေကိုစာရွက်ပေါ်ချရေးပြီး
ရင်ဆိုင်လိုက်ပါ။ "
ဂျက်လီ

ဒီကားအပြီးမှာပဲ ချောင်ရှီရန်ကဂျက်လီကို
ဒုတိယကားဆက်ရိုက်ဖို့လုပ်ပြန်တယ်။ဂျက်လီက
ဟာသမင်းသားပဲဖြစ်ချင်တာ။ဒါပေမယ့်သူရတဲ့
နေရာကနေဘယ်လိုcharacterဖြစ်ဖြစ်သရုပ်
ဆောင်နိုင်ရမယ်လို့ သူ့ဆရာချောင်ရှီရန်ကအမြဲ
ဆုံးမလေ့ရှိတယ်။
" မင်းသားဖြစ်ဖို့ကလွယ်တယ်
သရုပ်ဆောင်ဖြစ်ဖို့ကခက်တယ်။
ပိုက်ဆံ+ရုပ်+အဓိကနေရာ
ဒီ၃ခုပေါင်းရင်မင်းသားဖြစ်နိုင်
ပေမယ့် သရုပ်ဆောင်ဖြစ်ဖို့က
တော့ဒီထက်အဆ၁၀၀မကတဲ့
အချက်တွေလိုအပ်တယ်။
မင်းသားတွေပေါတဲ့ခေတ်မှာ
သရုပ်ဆောင်တယောက်ပဲဖြစ်
ချင်ပါသား"
ချောင်ရှီရန်
" ဒီစကားက ကျတော်ဒီနေ့ဂျက်လီဖြစ်လာ
ဖို့ အရေးပါဆုံးဆိုမမှားဘူးဗျ။ ဆရာ့ရဲ့စကားက
ကျတော် ဟာသ အရံ ဇာတ်ပို့ ဗီလိန်ဘယ်နေရာ
ဖြစ်ဖြစ်သရုပ်ဆောင်ရဲဖို့ အားဖြစ်စေခဲ့တယ်။ဟုတ်
တယ် ကျတော်မင်းသားဘယ်တော့မှမဖြစ်နိုင်ပါ
ဘူး။ ကျတော့်မှာမင်းသားဖြစ်ဖို့အချက်တွေအစ
ထဲကမရှိဘူး။ ဒါပေမယ့်သရုပ်ဆောင်တယောက်
ဖြစ်ဖို့တော့ ယုံကြည်မူအမြဲရှိခဲ့တယ်။"
ဂျက်လီ
ဒုတိယကား Kids From Shoalin
ကို၁၉၈၄ခုနှစ် ဇန်နဝါရီလမှာရုံတင်ခဲ့ပါတယ်။
ဟောင်ကောင်ဒေါ်လာ၂၂သန်းအထိရရှိခဲ့သလို
ဂျက်လီဟာလဲ ရှောင်လင်ဘုန်းကြီးတယောက်
ဇာတ်ရုပ်နဲ့လူသိများခဲ့ပါတယ်။ ဒီကားအပြီးမှာ
တော့ဂျက်လီဟာ ရုပ်ရှင်ကား၎ကားကိုစာချုပ်
ချုပ်ခွင့်ရခဲ့ပါတယ်။ ဒီကားတွေအပြီး The
Master ကားရုံတင်အပြီးမှာတော့အဖြူအမည်း
ခေတ်ကတရုတ်မှာအောင်မြင်ခဲ့တဲ့ Once
Upon A Time In China ကားကြီးကိုရိုက်ဖို့
လူရွေးပွဲမှာဂျက်လီကိုအားလုံးကထောက်ခံခဲ့ကြ
ပါတယ်။ ဒီအချိန်မှာတဖက်မှာလဲဂျက်ကီချမ်းက
ဟာသစတန့်တွေနဲ့အာရှမှာနာမည်ကြီးနေချိန်
ဂျက်လီကလဲ သိုင်းကားနယ်ပယ်မှာအာရှရဲ့
Kingဖြစ်လာဖို့  OUATIC ကားကြီးကို ၁၉၉၁
ခုနှစ်မှာရုံတင်ခဲ့ပါတယ်။ အရမ်းအောင်မြင်ခဲ့သလို
One Upon A Time In Chinaရဲ့နောက်
ဆက်တွဲကားတွေကိုရိုက်ဖို့အထိပါစာချုပ်ချုပ်ခွင့်
ရခဲ့ပါတော့တယ်။OUATIC ၃ကားအပြီးမှာတော့
ဂျက်လီကို Hollywoodထိတက်စေဖို့ဖြစ်လာခဲ့
ပါတယ်။ အဲ့ဒါကတော့ Once Upon A Time
In China and America ကားကြီးပါပဲ။အ
မေရိကအထိသွားရိုက်ခဲ့သလို ဟောင်ကောင်
ရုပ်ရှင်ဆုတွေပါရခဲ့ပါတယ်။ဒီကားအပြီးမှာတော့
ဂျက်လီအားကျရတဲ့မင်းသားတယောက်ဖြစ်တဲ့
စတီပင်ချောင် စီစဉ်တဲ့ Hit Man ကားကိုရိုက်
ခွင့်ရခဲ့ပါတော့တယ်။ ဒီကားအပြီးမှာတော့ဂျက်
လီကိုHollywoodကကမ်းလှမ်းလာတဲ့The
One ကားကြီးကိုရိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။
ဒီကားဟာ ဂျက်လီအဖို့အခက်ခဲဆုံးကားတကား
လို့ပြောထားသလို အောင်မြင်မူကလဲအမေရီကန်
ဒေါ်လာ ၇၅သန်းနီးပါးရခဲ့တဲ့ကားကြီးပါ။ ဒီကား
ဟာ ဂျက်လီကို အာရှမှာရော Hollywoodမှာပါ
ထိပ်တန်းမင်းသားတယောက်ဖြစ်စေဖို့ စတင်ခဲ့
ပါတော့တယ်။

" ဖြစ်ချင်တာကိုထိုင်မစောင့်နဲ့
အိမ်မက်တွေကိုအိပ်ချိန်မှာပဲမမက်နဲ့
ဖြစ်ချင်တာကိုလုပ်ရမှာပျင်းတဲ့လူ
တွေကဖြစ်သင့်တာကိုလုပ်ကြသလို
အိမ်မက်ရှိတယ်ပြောပြောနေတတ်
ပြီး အဲ့ဒီအိမ်မက်ကမနိုးရင်တော့
ကိုယ်ဘာမှဖြစ်မလာနိုင်ဘူး "
ဂျက်လီ
ဒီကားအပြီးမှာတော့ဂျက်လီဟာတကမ္ဘာ
လုံးကိုအာရှသားတယောက်ကကိုင်လှုပ်ဖို့စတင်
လာခဲ့ပါတော့တယ်။Hollywoodမှာအာရှသား
တွေအတွက်နေရာမပေးချင်ပေမယ့်အာရှကနေ
Hollywoodကိုတက်လာတဲ့ဂျက်ကီချမ်းလို
ရှာရွှတ်ခန်းလို ဂျက်လီလိုမင်းသားတွေပေါ်
ပေါက်လာခဲ့မူဒဏ်ကိုတော့ Hollywoodကမခံ
နိုင်ခဲ့ပါဘူး။ Hollywoodမှာနေရာရလာတဲ့အ
ချိန်ပဲရှိသေးတယ်။ Hero ကားကြီးကို၂၀၀၂ခု
နှစ်မှာရုံတင်လာခဲ့တယ်။ Hollywoodပြာသွား
တယ်။ ဒေါ်လာသန်း ၁၇၇သန်းကျော်တဲ့အထိဝင်
ငွေကမရပ်ဘူး။ ဒီပုပုကောင်ကဘာလဲဟပေါ့။
သန်း၃၀လောက်ရင်းပြီးအသားတင်အမြတ်သန်း
၁၄၀လောက်ရသွားတယ် Heroကားက။ ထူး
ခြားမူကဒီကားက Best ForeignLanguage
Film ဆိုတဲ့Oscar ဆုကြီးကိုရခဲ့သလို ဆုကြီး
၇ဆုအပြင် အင်္ဂလန်ကရုပ်ရှင်တက္ကသိုလ်ကြီးက
နေသင်ရိုးအဖြစ်ပါယူခဲ့ပါတော့တယ်။ဒါကအာရှ
ရဲ့ပထမဆုံးအနောက်တိုင်းတက္ကသိုလ်တွေကနေ
သင်ရိုးတောင်ယူရတဲ့အထိဖြစ်စေခဲ့တဲ့ကားပါ။
ရှာရွတ်ခန်း ဂျက်ကီချမ်းတောင်မလုပ်ပြနိုင်သေး
တဲ့စံချိန်တခုကို ဂျက်လီကလုပ်ပြသွားတယ်။ဒီ
ကားအပြီးမှာတော့ဂျက်လီကိုHollywoodမင်း
သားတွေနဲ့တွဲရိုက်ဖို့  EuropaCropကနေစာ
ချုပ်ချုပ်ခဲ့ပြန်ပါတော့တယ်။ ၂၀၀၅ခုနှစ်မှာတော့
ဂျက်လီကိုလုံးဝမထင်ထားတဲ့အကွက်ကြီးနဲ့
ကာရိုက်တာအဆန်းတခုနဲ့ Unleashed ကား
ကြီးရုံတင်လာတယ်။ မိခင်မုဒိန်းကျင့်ခံရအသတ်
ခံရတဲ့ကလေးတယောက်ဟာစိတ္တဇဖြစ်သွားပြီး
အတိတ်မေ့Fighterတကောင်အသွင်အပြင်နဲ့
ခွေးတကောင်လိုသရုပ်ဆောင်ခဲ့တဲ့ကားပေါ့။
လည်ပတ်ဖြုတ်ပေးမှခိုင်းစေလို့ရသလိုလူဆိုတာ
ဘာမှန်းမသိတဲ့Psychoသမားတယောက်ဘဝ
ကိုပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို ဂီတကလူအ
ရိုင်းအစိုင်းတွေကိုတောင်ယဉ်ကျေးသွားစေတယ်
ဆိုတာကိုချပြထားတဲ့ကား။ ဒီကားဟာလဲအောင်
မြင်မူကမသေးသလို ဂျက်လီရဲ့သြဇာကြီးမားမူကို
မရပ်တန့်စေခဲ့တဲ့ကားပါ။ တကားပြီးတကား
ထွက်လာတယ်။ထွက်လာတိုင်းလဲပေါ့သေးသေး
တကားမှမပါဘူး။ဂျက်လီဆိုရင် မကောင်းပါဘူး
ကွာလို့ပြောမယ့်သူမရှိသလောက်ပဲ။
" အထီးကျန်တာပြသနာမဟုတ်ဘူး
အထီးကျန်တာကိုအကြောင်းပြပြီး
ဘာမှမလုပ်ချင်ရင် မင်း
အကျည်းတန်သွားလိမ့်မယ်။ "
ဂျက်လီ
ဒီကားအပြီးမှာတော့ ဂျက်လီဟာသူ့idol
ကြီးဂျက်ကီချန်းနဲ့ရိုက်ဖို့ဖြစ်လာခဲ့တဲ့ The
Forbidden Kingdom ကားကြီးကို ၂၀၀၈
ခုနှစ်မှာရုံတင်လာခဲ့ပါတယ်။ အမေရီကန်ဒေါ်လာ
သန်း၁၅၀ကျော်ရခဲ့သလို ဒီပမာဏကမသေးလှ
ပါဘူး။ Mummy : ဒီကားကနာမည်ရမင်းသား
တယောက်က ဗီလိန်လုပ်ဖို့ဆိုလုပ်ချင်ကြမှာမ
ဟုတ်ဘူး။ ဒါပေမယ့်ဂျက်လီဟာ Mummy ရဲ့
ကားအဆက်တကားဖြစ်တဲ့ Tomb of the
Dragon Emperro ကားကြီးမှာလူဆိုးနေရာ
ကနေပါခဲ့ပါတယ်။ သန်း၄၀၀ကျော်ရခဲ့ပြီးဒီကား
ဟာအာရှမင်းသားတွေထဲ ဝင်ငွေအမြင့်ဆုံးရကား
တကားအဖြစ်စံချိန်တင်ခဲ့ပါတယ်။
" ဗီလိန်နေရာကိုကျတော်ကြိုက်တယ်။
ဗီလိန်သရုပ်ဆောင်တွေကိုလဲကျ
တော်လေးစားမိတယ်။ဘာကြောင့်လဲ
ဆို ရုပ်ရှင်ကားတကားမှာဗီလိန်နေရာ
ကပညာအပေးနိုင်ဆုံးနေရာပဲ"
ဒီလိုဗီလိန်တွေ သိုင်းကားတွေအက်
ရှင်တွေ အသတ်အပုတ်တွေချည်းရိုက်နေလို့
အငိုအလွမ်းအဆွေးမိဘသရုပ်ဖော်မေတ္တာသရုပ်
ဖော်နေရာရော ?Ocean Heaven : သမုဒ္ဒရာ
ထက်ကြီးတဲ့မိဘရဲ့မေတ္တာတရားကိုချပြထားတဲ့
ဂျက်လီ အထိုးအသတ်တကွက်မှမပါတဲ့အဖေ
တယောက်ရဲ့ဇာရုပ်။ အသည်းကင်ဆာဖြစ်နေ
တဲ့အဖေနေရာကနေ စိတ်မနှံ့တဲ့သားတို့ရဲ့ဘဝ
လောကဓံကိုထိုးသတ်ပြထားတဲ့ကားပါ။သူသေ
သွားရင် စိတ်မနှံ့တဲ့သားတယောက်လောကကြီး
ထဲဘယ်လိုနေထိုင်မလဲဆိုတဲ့ဖခင်တယောက်ရဲ့
သားအပေါ်ချစ်တဲ့အချစ်ကိုပြသထားတဲ့ကားပါ။
ဒီကားဟာဂျက်လီကိုမထင်ထားစေတဲ့သရုပ်
ဆောင်ချက်တွေမြင်ခဲ့ရသလို တော်တော်လဲခွဲ
ထွက်ထားတဲ့ကားပါ။ ဂျက်လီကားတွေတကား
ချင်းပြောနေရင်ပြီးမယ်တောင်မထင်ဘူး။ The
Expendables မှာလဲHollywoodရဲ့ဒိတ်
ဒိတ်ကြဲကြီးတွေဖြစ်တဲ့အာနိုး ရမ်ဘိုတို့နဲ့တွဲသ
ရုပ်ဆောင်ထားတာကြည့်ရုံနဲ့ဂျက်လီရဲ့ဖြစ်တည်မူ
ကိုသိနိုင်ပြီပေါ့။နောက်လမှာထွက်မယ့် League
of Gods ကားကလဲရုံမတင်ရသေးဘူးဟောင်
ကောင်မှာပွဲဆူနေပြီ။ ဂျက်ကီချန်းနဲ့IP manကြီး
တို့နဲ့တွဲရိုက်ထားတဲ့ကားကြီးကလဲမကြာခင်လာ
တော့မယ်။ ဒါတင်မကသေးဘူး။ ၂၀၁၈မှာရိုက်
မယ့် Fatherless Childကားကလဲသန်း၁၀၀
အထိအကုန်ကျခံရိုက်ကူးနေပြီ။ xXx ရဲ့အဆက်
မှာလဲ F&F ရဲ့ဂတုံးကြီး ဗင်ဒီဇယ်ရဲ့ရန်သူနေရာ
ကနေပါဝင်လာတော့မယ် ။ ဂျက်လီဆိုရင်
ဘာကားဖြစ်ဖြစ်စောင့်ကြည့်ရတဲ့အထိ ဒီကျူး
ကျော်ရပ်ကွက်ကကလေးတယောက်ကဖြစ်စေ
ခဲ့ပါပြီ။
ဒီလျိုလျှင်ဂျီ ဆိုတဲ့ကောင်လေးတဖြစ်လဲ
ဂျက်လီဆိုတဲ့မင်းသားဟာလက်ရှိအချိန်မှာအာ
ရှရဲ့ထိပ်တန်းမင်းသားတယောက်ဖြစ်လာသလို
Hollywood မင်းသားတွေထဲလဲအနေအထား
မသေးတဲ့မင်းသားတယောက်ဖြစ်နေပါပြီ။ဒါတင်မ
ကပါဘူး Asia ကိုယ်စားလှယ် WHO ရဲ့သံတ
မန်ဖြစ်သလို အာရှသိုင်းအဖွဲ့အစည်းရဲ့အနောက်
နိုင်ငံသံတမန်တယောက်လဲဖြစ်ပါတယ်။ဂျက်လီ
Foundationကနေနှစ်စဉ်ပညာရေးထောက်ပံ့
မူတွေ မိဘမဲ့ကလေးများစွာကိုပါထောက်ပံ့ပေး
ထားခဲ့ပါပြီ။ဂျက်လီဟာ ဗုဒ္ဓဘာသာတယောက်
ပီပီ အာရှနိုင်ငံတချို့မှာသူလှူထားခဲ့တဲ့ဘုန်းကြီး
ကျောင်းပေါင်း၂၀၀ကျော်အထိရှိထားသလိုဂျက်
ကီချန်းလိုပဲအာရှရဲ့ထိပ်တန်းမင်းသားကြီးတ
ယောက်ဖြစ်နေပါပြီ။
" ဘာသာတရားတိုင်းမှာ
မကောင်းတဲ့အချက်ဆိုတာ
လိုအပ်ချက်ဆိုတာမရှိဘူး
ဘာသာတရားကိုမကောင်းစေတာ
ဘာသာရေးခေါင်းဆောင်နဲ့
ဘာသာရေးဗန်းပြလူတချို့ကြောင့်ပဲ"
ဂျက်လီ
"ကျတော်တို့ရဲ့ ကံတွေကပဲ
ကျတော်တို့လူသားတွေကို
ဆုံးဖြတ်ပေးတာပါ
Our actions determine
Our distiny '"
ဂျက်လီ
တချိန်က ကျူးကျော်ရပ်ကွက်ကမုဆိုးမ
သားတယောက် မောင်နှမတွေအတွက်ကိုယ့်ဘ
ဝကိုအနစ်မွန်းခံပံ့ပိုးပေးခဲ့တဲ့ကောင်လေးတ
ယောက် ဘုန်းကြီးကျောင်း သိုင်းသင်တန်းက
နေမအူမလည်နဲ့မင်းသားဖြစ်ချင်လို့မိုက်မိုက်ကမ်း
ကမ်းနဲ့မြို့ပေါ်ကလူလည်တွေကြားတက်လာခဲ့တဲ့
လူငယ်တယောက်က လက်ရှိမှာကမ္ဘာ့သြဇာအ
ရှိဆုံး ၂၁ရာစု သရုပ်ဆောင်မင်းသား၁၀၀ထဲပါ
သွားခဲ့ပါပြီ။သုညကစပေမယ့် လက်ရှိမှာတော့
ဂျက်လီဟာ တန်ဖိုးကြီးသရုပ်ဆောင်တယောက်
ဖြစ်နေပါပြီ။
REF : Jet Li Documentries
Twitter


[ ဖြေရှင်းချက် - ထုံးစံအတိုင်းပြောပါရစေ။Metal
ဖက်ကဖြစ်တဲ့အတွက် Movieဖက်ကခုလိုidol
တယောက်အကြောင်းကိုရေးတဲ့နေရာမှာလိုအပ်
ချက်များရှိနိုင်ပါတယ်ဂျက်လီရဲ့အမာခံပရိတ်သတ်
များနားလည်ပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်]_
မေတ္တာဖြင့်
#TKW
#CREDITထက်ဝန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။