Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 23, 2017

ယခုချက်ချင်း လုပ်သင့်သော ဘဝ အတွက် (၂၇ ) ချက်

ယခုချက်ချင်း လုပ်သင့်သော ဘဝ အတွက် (၂၇ ) ချက်
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

.
နောင်တ ဆိုတာ နောင်မှ တရ တယ်လို့ ဆိုစကား ကို
လူကြီးတွေ ဆိုတာ ကြားဖူးပါတယ်။ဒီစကား အတိုင်း
မဖြစ်ချင် ရင်တော့ ယခု ချက်ချင်း လုပ်သင့်သော
၂၇ချက် ကို လုပ်သင့်တယ် လို့ထင် ပါတယ်။

.

၀၁. ထမင်းစားနေချိန် မှာ ဖုန်းကို ခဏမေ့ထားပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••
သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ် အိမ်မှာ ပဲဖြစ်ဖြစ်
အမြဲတမ်း ဖုန်းတစ်လုံး နဲ့ အချိန်ကုန် မနေဘူးလား။
မိသားစု အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ အတွက်
ဖုန်းကို ဘေးချ ထားလိုက်ပါ။

.

၀၂. ကီး မကိုက်တဲ့ သူငယ်ချင်းတွေ နဲ့
အဆက် အသွယ်ဖြတ်ပါ။
•••••••••••••••••••••••••••••••••••••••••••••
သူတို့ နဲ့ အတူတူ သွားလာချိန်မှာ မပျော် ရင်တော့
သူတို့ကို အဆက်ဖြတ်ပါ။သင့်မှာ အချိန် ဆိုတာက
အကန့်အသတ် မရှိသလို အားနာနေဖို့ လည်း မလိုပါဘူး။
ကိုယ့် အတွက် အရေးကြီး တဲ့သူတွေ
အတွက် အချိန် ကို အလေးပေးပါ။

.

၀၃. မနက်စောစော ထပြီး တခုခု လုပ်ပါ။
•••••••••••••••••••••••••••••••••••••••••••••••
နေ့တိုင်း အလုပ်တွေ များပြီး ကိုယ့်ရဲ့အချိန်ကော
ရှိရဲ့လား။ မနက်စောစော ထပြီး တိတ်ဆိတ်နေ တဲ့
ပတ်ဝန်းကျင် ကို အသုံးချပြီး ကိုယ်လုပ်ချင်တာ ကို လုပ်ပါ။

.

၀၄. ငြင်းသင့်ရင် ငြင်းပါ။
••••••••••••••••••••••••••
မလုပ်ချင်တဲ့ အလုပ်(သို့) ကိစ္စကို မလုပ်ချင်တဲ့ အခါ
သတ္တိ ရှိရှိ ငြင်းလိုက်ပါ။ မလုပ်ချင်တဲ့ အလုပ်ကို
လုပ်ရင် အဖြေ ကတော့ ပြောစရာ မလိုပါ။

.

၀၅. နေ့တိုင်း စိတ်သစ် ကိုယ်သစ် နဲ့နေပါ။
•••••••••••••••••••••••••••••••••••••••••••••••
အတိတ် မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို အတိတ် မှာသာ ထားခဲ့ပါ။
အတိတ် က အကြောင်းတွေ ကို အတွေး လွန်ရင်
မျက်စိရှေ့မှာ ရှိတဲ့ အခွင့်အရေး ကို
လက်လွတ် သွားနိုင်ပါတယ်။

.

၀၆. မိသားစု ကို ကျေးဇူးတင်ကြောင်း ပြောပါ။
••••••••••••••••••••••••••••••••••••••••••••••••••••
မိသားစု ကို ကျေးဇူးတင် စကား ပြောခဲ့တာ
ဘယ်တုန်း ကလဲ။ ပြောရ မှာ ရှက်ပေမယ့်
တတ်နိုင် သလောက် ပြောနိုင်အောင် ကြိုးစားပါ။

.

၀၇. ဓါတ်ပုံ ကို ကူးပါ။
•••••••••••••••••••••••••
ဖုန်း ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေ ကို ဖုန်းထဲ မှာပဲ မသိမ်းထား ပဲနဲ့
ဓါတ်ပုံ ကူးပြီး ဓါတ်ပုံ စာအုပ်ထဲမှာ ထည့်ပြီး သိမ်းထားပါ။
အသက်ကြီး လာတဲ့အခါ မှာ သင့်အတွက်
အရေးကြီး တဲ့ အရာ တခုဖြစ်လာပါလိမ့်မယ်။

.

၀၈. ဆုံးဖြတ်တဲ့ အခါ စိတ်ရှင်းရှင်း နဲ့
လိုချင်တာ ကို ရွေးပါ။
••••••••••••••••••••••••••••••••••••••••••
ဘဝမှာ ဆုံးဖြတ်ရ ခက်မဲ့ ကိစ္စတွေ ကို အများကြီး
ကြုံရမှာပါ။ အဲဒီ အခါမှာ ကိုယ်က လုပ်ချင်တဲ့ အရာကို
စိတ်ရှင်းရှင်း နဲ့ ရွေးချယ်ပါ။ စဉ်းစားသင့်တာ
ထက် ပိုပြီး စဉ်းစား ဆုံးဖြတ်ရင် နောင်တ ရတတ်ပါတယ်။

.

၀၉. ကျောင်း က မိတ်ဆုံပွဲတွေ ကို မသွားပါနဲ့။
•••••••••••••••••••••••••••••••••••••••••••••••••••
အဲဒီလောက် လဲ မခင်ခဲ့တဲ့ သူတွေနဲ့တွေ့လည်း
အချိန် ကုန်တာပဲ အဖတ်တင် ပါတယ်။ ကိုယ့်အတွက်
တန်ဖိုး ထားရမယ့် သူတွေက ဘယ်သူလဲ ဆိုတာ တွေးပါ။

.

၁၀. မိသားစု ဓါတ်ပုံ ရိုက်ပါ။
••••••••••••••••••••••••••••••••
မိသားစုဝင်တွေ စုဖြစ်ရင် ဓါတ်ပုံရိုက်ဖို့ မမေ့ပါနဲ့။
သင့် အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာ တစ်ခု
အနေဖြင့် ကျန်ခဲ့မှာပါ။

.

၁၁. လုပ်မယ် ဆိုရင် ဆုံးသည့် တိုင်အောင်လုပ်ပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဒီ အလုပ် ကို လုပ်မယ် လို့ ဆုံးဖြတ်လိုက်ရင်
လက်တွေ့လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ပါ။
ဘယ်လောက် ပဲ အခက် အခဲတွေ
တွေ့တွေ့အောင်မြင်ပါ လိမ့်မယ်။

.

၁၂. ပိတ်ရက် မှာ ကောင်းကောင်း နားပါ။
•••••••••••••••••••••••••••••••••••••••••••••••
ပိတ်ရက် မှာ အချိန်က ဘယ်လို ကုန်သွားမှန်း ကို
သိမှာ မဟုတ်ပါ။ မလိုအပ်တဲ့ သတင်းတွေ၊
ဖုန်းတွေ ကို ပိတ်ပြီး နားအေး ပါးအေး နားလိုက်ပါ။

.

၁၃. အသုံးအဆောင် ပစ္စည်းတွေ ကို တန်ဖိုးထားပါ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ်ကြိုက်လို့ ဝယ်ထားပြီး သုံးနေတဲ့ ပစ္စည်းလေးတွေ ကို
သပ်သပ် ရပ်ရပ် သုံးပါ။ မလိုအပ်တဲ့ ပစ္စည်းတွေ ကိုတော့
ဘာမှ မထားပါနဲ့။

.

၁၄. ကျန်းမာရေး ကို ဂရုစိုက်ပါ။
••••••••••••••••••••••••••••••••••
ကျန်းမာမှ သာလျှင် လုပ်ချင်တာ ကို
လုပ်လို့ ရ ပါလိမ့်မယ်။

.

၁၅. ရာထူး တိုးအောင်လည်း ပြောပါ။
•••••••••••••••••••••••••••••••••••••••••••
ကြိုးစားထား တဲ့ အလုပ်တခု အတွက် ကိုယ့်မှာ
ခံစားခွင့် ရှိတယ်လို့ထင်တယ် ဆိုရင် သတ္တိရှိရှိ
အထက် ကို တောင်းဆို သင့်ပါတယ်။

.

၁၆. ပတ်ဝန်းကျင် နဲ့ ထိတွေ့နိုင်မဲ့နေရာ ကို ထားပါ။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
အိမ်မှာ ပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာ ပဲဖြစ်ဖြစ်
ပတ်ဝန်းကျင်နဲ့ အမြဲ ထိတွေ့နေနိုင်မဲ့နေရာ ကို
ရှိအောင်လုပ်ပါ။

.

၁၇. ခရီးသွား ရင် ကပ်စီး မနဲပါနဲ့။
••••••••••••••••••••••••••••••••••••••
ကိုယ်က အရမ်းသွားချင်တဲ့ ခရီးမှာ ပိုက်ဆံ ကို
ချွေတာနေတဲ့ အလုပ်ကို မလုပ်ပါနဲ့။ပိုက်ဆံ ထက်
တန်ဖိုးရှိမယ့် အရာကို သင်ပိုင်ဆိုင်နိုင် ပါလိမ့်မယ်။

.

၁၈. ကိုယ့်ရဲ့ ထင်မြင်ချက် ကို ရဲရဲ တင်းတင်းပြောပါ။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
အားနာလို့ မပြောခဲ့တဲ့ စကားတွေကြောင့် ခံခဲ့ရပေါင်းလဲ
မနည်းတော့ပါ။ တခါ တလေတော့ စိတ်ထဲမှာ ရှိတဲ့
အတိုင်း ရဲရဲတင်းတင်း သာ ပြောလိုက်ပါ။

.

၁၉. ပုံလည်း ဆွဲကြည့်ပါ။
••••••••••••••••••••••••••••
ကိုယ်နဲ့ ဆန္ဒတွေ၊ ရင်ထဲမှာ ခံစားနေရတာတွေ ကို
စာမဟုတ် ပဲ ပုံဆွဲပြီး သရုပ်ဖော်ကြည့်ပါ။
အတွေးအခေါ် အသစ်တွေ လည်း ရလာနိုင်ပါတယ်။

.

၂၀. ယုံကြည်ချက်တွေ ဆုံးရှုံး သွားမဲ့နေရာ ကို
ပစ်ထားလိုက်ပါ။
••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ဆုံးရှုံးသွားစေမဲ့နေရာ ကနေ
မြန်မြန် ထွက်ခွာ သွားနိုင်အောင် ကြိုးစားပါ။
မကောင်းတဲ့နေရာမှာ ရှိနေလို့လဲ ဘာမှ ထူးလာမှာ မဟုတ်ပါ။

.

၂၁. စွန့်စားကြည့်ပါ။
•••••••••••••••••••••••
များတယ်။ နည်းတယ် ။ကြီးတယ် ။သေးတယ် မဆိုင်ပါ။
ကိုယ်က လုပ်ချင်တယ် လို့တွေးထားတဲ့ အရာကို
စွန်းစားပြီး လုပ်ကြည့်ပါ။ အောင်မြင်တာ
မအောင်မြင်တာ ထက် အတွေ့ အကြုံကောင်းတွေ
အများကြီး ရပါ လိမ့်မယ်။

.

၂၂. ပိုက်ဆံ နည်းနည်း စုပါ။
••••••••••••••••••••••••••••••••
ဘဝမှာ ဘာဖြစ်လာမလဲ ဆိုတာကို ဘုရားမှ
လွဲ၍ ဘယ်သူမှ မသိနိုင်ပါ။ တခုခုဖြစ်ရင် သုံးဖို့
အတွက် ပိုက်ဆံ ကို ဆောင်ထားပါ။

.

၂၃. သူငယ်ချင်း ကို တန်ဖိုး ထားပါ။
•••••••••••••••••••••••••••••••••••••••••
အသက်တွေ ရလာရင် သူငယ်ချင်းရဲ့တန်ဖိုး ကို
သိလာ ပါလိမ့်မယ်။ သူငယ်ချင်းတွေ ကလည်း
ကူညီပေး ပါလိမ့်မယ်။

.

၂၄. Facebook သုံးနေတဲ့ အချိန်ကို လျှော့ပါ။
•••••••••••••••••••••••••••••••••••••••••••••••••
ဘာရယ်လို့ မဟုတ် Facebook ဖွင့်ကြည့်ပြီး အချိန်တွေဖြုန်းနေတဲ့
သူတွေ အများကြီးပါ။ သတိထားပါ။

.

၂၅. သူတပါး ရဲ့ အောင်မြင်မူ ကို အားပေးပါ။
•••••••••••••••••••••••••••••••••••••••••••••••••••
သူငယ်ချင်း ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် ပဲဖြစ်ဖြစ် သူ့ရဲ့
အောင်မြင်မူ အတွက် ဂုဏ်ယူပါ။ အားပေးပါ။
မနာလို မဖြစ်ပါနဲ့။ သူတော် လို့ အောင်မြင် တာပါ။
သူအောင်မြင်တာ ကို အားမပေးနိုင်တဲ့ စိတ်ဓာတ်ရှိရင်
ကိုယ့် အတွက် ဆိုရင်လည်း အားပေးမယ့်သူ ရှိမည်မဟုတ်ပါ။

.

၂၆. ကိုယ့် အတွက် အရေးကြီးသော သူအတွက်
အချိန်ပေးပါ။
•••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်ရဲ့အရေးကြီးသော သူအတွက် အချိန်လေး ကို
တနေ့ နည်းနည်းပေးပါ။

.

၂၇. အချစ်ဆုံး သူငယ်ချင်း နဲ့
ဟက်ဟက် ပက်ပက် ရယ်လိုက်ပါ။
•••••••••••••••••••••••••••••••••••••••
အချစ်ဆုံး သူငယ်ချင်း နဲ့တွေ့ပြီး ကျောင်းတုန်းက
အကြောင်းပဲဖြစ်ဖြစ် ပြောချင် တာတွေကို ပြောပြီး
ပျော်ပျော် ရွှင်ရွှင် လွတ်လွတ် လပ်လပ်နေလိုက်ပါ။

━━━━━━━━━━━━━━━━━━━━

Credit.. 🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။