Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 24, 2017

အသုဘ ရှုတယ်ဆိုတာ

အသုဘ ရှုတယ်ဆိုတာ
-------------------------
သုဘ -- တင့်တယ်ခြင်း
အ - မရှိခြင်း
အသုဘ --မတင့်တယ်ခြင်း

အသုဘရှု တယ်ဆိုတာ မတင့်တယ်တာတွေကို ရှု ဖို့ ပြောတာပါ။ တကယ်တော့ မိုးလင်းကတည်းက မိမိ ခန္ဓာကိုယ်ရဲ့ ဒွါရ ကိုးပေါက်ကထွက်သမျှ အရာအားလုံးကို ရှုမှတ်ဖို့ ပါ။ သေဆုံးသူ ပို့တဲ့အခါကျတော့လည်း အလောင်း ကောင်ကြီးကို ရှု ပေါ့။ ကျန်တဲ့အချိန်ကျ
တော့ မိမိခန္ဓာကိုယ်က ထွက်သမျှ ကျင်ကြီး ကျင်ငယ် မစင် ချွေး နှပ် စတဲ့
တင့်တယ်ခြင်းမရှိတဲ့ အရာတွေပါလား။ စက်ဆုပ် ဖွယ်တွေပါလား ဆိုတဲ့ သံဝေဂ ဥာဏ်လေးပါအောင်ကြည့်တာကို အသုဘရှု
တယ်လို့ ခေါ်တာပါ။

အခုကျတော့ မိုးလင်းကတည်းက ခန္ဓာက ထွက်တဲ့ မကောင်းတဲ့ အနံ့ အသက်
မကောင်းတဲ့အရာတွေကျတော့ အမွှေး အကြိုင်တွေနဲ့လိုက်ဖုံးနေတယ်။ သံဝေဂ ဥာဏ်မယူပဲ လိုက်ကာကွယ်ပေးနေတယ်။

ခန္တာကိုယ်ကြီးက ငါ့ရဲ့သဘောတရားက ကောင်းတာတခုမှမရှိဘူး တကိုယ်လုံးက ထွက်တဲ့အရာမှန်သမျှက မတင့်တယ်ဘူး။
စက်ဆုပ်စရာတွေနဲ့ ပြည့်နေတယ်လို့  နေ့ တိုင်း နေ့ တိုင်း ပြနေတာတောင် ကိုယ်က အမွေးအကြိုင်တွေ အမွှေးနံ့ သာတွေနဲ့ လိုက်ပြီး ကာကွယ်ပေးနေတယ်ဆိုတော့ သံဝေဂဥာဏ်ကို ဘယ်လိုများယူကြမှာတုန်း။

ပြီးတော့ အလောင်းကောင်ကြီးကို သချိုင်းကုန်းပို့ ဆောင်တော့လဲ ဘယ်တုန်းက များ အလောင်းကောင်ကြီးကို စူးစိုက်ပြီး ရှု့ မှတ်ခဲ့ဘူးလည်း သူများတွေ ငိုတာ ကြည့်ပြီးပြန်လာ ပြီးတော့ ကားပေါ်မှာ တဟီးဟီးတဟားဟားနဲ့၊ ဒုက္ခရောက်ပြီး ပူလောင်နေတဲ့ မသာအိမ်က ရေဘူးနဲ့ ယပ်တောင်လေး ယူပြီး၊ ကိုယ့်အိမ်ကိုယ် ပြန်လာ
အပူသည်တွေကိုထပ်ပြီးဒုက္ခပေးသလိုပဲခေါ်းစဉ်တပ်တော့အသုဘရှု့ သွားတာတဲ့။

ဗုဒ္ဓဘာသာတွေ ဘယ်တော့များမှ စနစ်တကျ လုပ်တက်ပါ့မလဲ မသိဘူး။

တကယ်တော့ အသုဘရှုတယ်ဆိုတာ မိုးလင်းကတည်းက မိမိခန္ဓာကိုယ်ရဲ့
ဒွါရ ကိုးပေါက်က ထွက်ရှိတဲ့ မတင့်တယ်တဲ့ အရာ စက်ဆုပ်ဖွယ်ရာ အရာမှန်သမျှ ကို သံဝေဂဥာဏ်နဲ့ မြင်အောင်ကြည့်နိုင် ဖို့ ကို ပြောတာပါ။

ခန္ဓာကိုယ်က ပြတဲ့အတိုင်း မြင်အောင် ကြည့်တက်ဖို့ အဓိကပါ။

ဆန္ဒရှိမယ်ဆိုရင် နေ့ တိုင်း နေ့ တိုင်း ကိုယ့်အိမ်မှာ အသုဘ ရှုလို့ ရပါတယ်။

အသုဘ (မတင့်တယ် ) ရှုတာနဲ့  မသာပို့ တာကို ခွဲခြားနားလည်နိုင်ကြ ပါစေ။

________________________________________________

အသုဘ ကမ္မဋ္ဌာန်း ၁၀-ပါး
*********************
မေး။ အရှင်ဘုရား၊ ကမ္မဋ္ဌာန်း ၁၀-ပါးရှိသည်ဟု
မှတ်သားဖူးပါသည်။ အသုဘကမ္မဋ္ဌာန်း
အားလုံး မတင့်တယ်ဖွယ်၊ မနှစ်သက်ဖွယ်
အတူတူပင်ဖြစ်၍ အသုဘကမ္မဋ္ဌာန်းကို
တမျိုးတည်းဟု သတ်မှတ်လျှင် ရနိုင်ပါ
သလားဘုရား။ အသုဘ ၁၀-ပါး၏
ပါဠိအနက်အဓိပ္ပါယ်တို့ကို အကျဉ်းချုပ်၍
မှတ်သားရလွယ်ကူအောင် ဖြေကြားပေးတော်
မူပါဘုရား။

ဖြေ။ အသုဘ ဟူသမျှသည် မတင့်တယ်
ဖွယ် အတူတူပင် ဖြစ်ပါသည်။ အမျိုးသားနှင့်
အမျိုးသမီး ရာဂစရိုက်-တပ်မက်နှစ်သက်မှု
များသောပုဂ္ဂိုလ်များအတွက် ရာဂစရိုက်
လျော့ပါးအောင် အသုဘကမ္မဋ္ဌာန်းကို
ရှုရပါသည်။ ထိုသို့ရာဂစရိုက် ဖြစ်ပေါ်ရာ၌
တပ်မက်နှစ်သက်မှု ပုံစံ အမျိုးမျိုးရှိကြသည့်
အတွက် ထိုတပ်မက်နှစ်သက်မှု ကွဲပြားသည့်
အလျောက် အသုဘ ၁၀-မျိုး ခွဲခြမ်းထားခြင်း
ဖြစ်ပါသည်။

(၁) ကိုယ်နေဟန်ထား-ကာယအလှမောင်မယ်
တို့၏ ပုံသဏ္ဍာန်မျိုးကို စုံမက်နှစ်သက်သော
စရိုက်ရှိသူသည် ဥဒ္ဓုမတာကအသုဘ=သေပြီး
သုံးလေးငါးရက် ဖူးဖူးရောင်ထနေသော ပုံသဏ္ဍာန်
မတင့်တယ်သည့် သူသောကောင်ကို ရှုရမည်။

(၂) အရောင်အဆင်း ၀ါဝင်းဖြူဖွေးသောအဆင်းကို
နှစ်သက်တပ်မက်သူသည် ၀ိနီလကအသုဘ=ညိုမဲ
နေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။

(၃) အမွှေးနံ့သာ ပန်းနံ့သာ ဆင်မြန်းထားသဖြင့်
ကိုယ်နံ့တသင်းသင်း မွှေးပျံ့ခြင်းကို စုံမက်သော
စရိုက်ရှိသူသည် ၀ိပုဗ္ဗကအသုဘ=ပြည်ပုပ်များ
ယိုကျသဖြင့် ပုပ်ဟောင်နေသော အသုဘကို ရှုရမည်။

(၄) တစုတပေါင်းတည်း လုံးလုံးကျစ်ကျစ်
တဆက်တစပ်တည်း တင့်တယ်မှုကို စုံမက်သော
သူသည် ၀ိစ္ဆိန္ဒကအသုက=ခါးတပိုင်း ပြတ်နေသော
အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။

(၅) အိအိစက်စက် အသားဆိုင်ညက်ညက်
ဖောင်းဖောင်းအိအိ ပြည့်ပြည့်ဖြိုးဖြိုး နှစ်သက်
တတ်သူသည် ၀ိက္ခာယိတကအသုဘ=ကျီး၊
ခွေး၊ လင်းတတို့ အသားဆိုင်များကို ကိုက်စား
ထားသဖြင့် ပုံပန်းပျက်နေသော သူသေကောင်
ပုပ်ကို ရှုရမည်။

(၆) ခေါင်း၊ ခါး၊ ခြေ၊ လက်၊ အင်္ဂါကြီးငယ်
တင့်တယ်လှသည်ဟု တစိမ့်စိမ်ကြည့်ရှု
နှစ်သက်သောသူသည် ၀ိက္ခာယိတက
အသုဘ=ခြေ၊ လက်၊ ကိုယ်၊ ခေါင်း၊
တကွဲတပြားစီ ပစ်ထားသော မနှစ်သက်ဖွယ်
အသုဘကို ရှုရမည်။(တခုချင်းဖြစ်နေလျှင
နှစ်သက်ဖွယ်မဟုတ်တော့)။

(၇) ရွှေငှက်ပျောအသွင် မထင်ရိုးဆစ်၊
ချေမောပြေပြစ်သော ခန္ဓာကိုယ်ကို
နှစ်သက်သူသည် ဟတ၀ိက္ခိတ္တက
အသုဘ=ဒဏ်ရာအမျိုးမျိုး မွှမ်းထား
ခုတ်လှီးထားသော မတင့်တယ်ဖွယ်
အသုဘကို ရှုရမည်။

(၈) ရွှေငွေတန်ဆာ ရတနာအမျိုးမျိုးတို့၏
အရောင်ကြောင့် ပြောင်ပြောင်လက်လက်
တင့်တယ်သည်ဟု နှစ်သက်တတ်သူသည်
လောဟိတကအသုဘ=ဒဏ်ရာအမျိုးမျိုးတို့မှ
သွေးများယိုစီးကျနေသော အသုဘ အကောင်
ပုပ်ကို ရှုရမည်။

(၉) ငါတဦးတည်း ပိုင်နိုင်စိုးမိုးသည်ဟု မြတ်နိုး
စုံမက်တတ်သူသည် ပုဠုဝကအသုဘ=မရေ
တွက်နိုင်သော ပိုးလောက်တို့ တဖွားဖွားကျ
နေသော သူသေကောင်ပုပ်ကို ရှုရမည်။

(၁၀) ဖြူဖွေးသောသွား၊ ပုလဲကုံးအလားဟု
အရိုးကောင်းဖြစ်အင် ခုံမင်နှစ်သက်သူသည်
အဋ္ဌိကအသုဘ= အရိုးများကျနေသော
အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။

ဆရာတော် ရဝေထွန်း
(အရှင်တိလောကသာရ)

____________________________________________________

အသုဘကမ္မဌာန်း မျက်မှောက်အကျိုး (၅)ပါး

၁. တက်မက်နှစ်သက်တဲ့ရာဂမှ စင်ကြယ်ခြင်း။
၂.စိုးရိမ်ပူဆွေး ငိုကြွေးမှုမရှိခြင်း။
၃.ကိုယ်စိတ် ဆင်းရဲခြင်းမှ ကင်းဝေးခြင်း။
၎.အရိယာ မဂ် သို့ ဆိုက်ရောက်ခြင်း။
၅.နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းတို့ ဖြစ်သည်။
(စတုရာ ရက္ခကျမ်း)

**ချစ်ခင်မူ(့ တဏှာ) ကြောင့် စိုးရိမ်မှုဖြစ်ရ၏။
**ချစ်ခင်မူ့ (တဏှာ ) ကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏။
**ချစ်ခင်မူ့. (တဏှာ )မှကင်းလွတ်သူအား အဘယ်မှာစိုးရိမ်ကြောက်ရွံ့ ရှိတော့အံ့နည်း။
(ဓမ္မပဒ ၊ဂါထာ ၂၁၂-၂၁၆)

**အမျက်ဒေါသ ကို စွန့်ရာ၏။
**မာနကို ပယ်ရာ၏။
**သံယောဇဉ် မှန်သမျှကို ကျော်လွန်ရာ၏၊
**ရုပ် နာမ်တို့၌ မငြိတွယ် မကြောင့်ကြသူတို့ထံ ဆင်း
ရဲ ဒုက္ခတို့သည် မကျရောက်ကုန်။
(ဓမ္မပဒ ၊ကထာ-၂၂)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။