Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 20, 2017

အချိန်လေးနည်းနည်းပေးပြီးဖတ်ကြည့်စေချင်တဲ့ အရမ်းကောင်းတဲ့ပုံပြင်လေး

အချိန်လေးနည်းနည်းပေးပြီးဖတ်ကြည့်စေချင်တဲ့
အရမ်းကောင်းတဲ့ပုံပြင်လေး
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

.
တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး
ထင်းခုတ်လေသည်။ မကြာမီထင်းခုတ်သမား
အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို
ခုတ်ကြရင်းညနေစောင်းချိန်တွင် အဘိုးအို
ခုတ်ပြီးသောထင်းအရေအတွက်မှာ
လူငယ်ထက်ပိုများနေခဲ့သည်။

အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး
သူ့ထက်ထင်းပိုများနေသည်ကို သတိပြုမိသော
လူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက်
စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း
တွေးနေမိသည်။ သို့သော်အလုပ်သိမ်းချိန်တွင
အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကိုတွေ့ပြန်သည်
သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း
သူ၏ထင်းမှာအဘိုးအိုထက် အမြဲတမ်းလိုလိုပင်
နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည်
မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်…
အဘိုးထက် စောပြီးတောင်ပေါ်ရောက်အောင်
လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက်
နည်းနေခဲ့တယ်… ဘာကြောင့်လဲ”

“ဒီိလို လူလေးရဲ့… အဘိုးက ထင်းခုတ်ပြီး
အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ပုဆိန်ကို အမြဲသွေးတယ်။
လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။
နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့
ပုဆိန်က လူလေးပုဆိန်ထက်ထက်မြက်နေတဲ့အတွက်
အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို
လူလေးကဆယ်ချက်လောက် ခုတ်ယူရတယ်…
ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
•••••••••••••••••••••••••••••••••••

ပုံပြင်လေးကတော့ ဒါပါပဲ။

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ
သွားနားထောင်ဖို့၊အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊
လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။
အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့
အချိန်မရှိဘူး” လို့ညည်းပြကြပါတယ်။

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင်
အလုပ်အပြည့် လုပ်ပြီးရလဒ်တစ်ဝက်ပဲ ခံစားရမယ်
ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့
ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ
ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့ထင်းခုတ်ပြီး
အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့
ဒီခေတ်မှာထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။
တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင်
ခေတ်နောက် မလိုက်နိုင်တဲ့ကိုယ့်ကို အဲဒီခေတ်ကပဲ
ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အတွက် ဒီပုံပြင်လေးက အိပ်ရာက
လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်းများအတွက်လည်းဒီပုံပြင်လေးက
တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊
ကိုယ့်ကိုကိုယ် တတ်လှပြီထင်ရင်တော့
သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့
သစ်ပင်ကိုကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင်
အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို
နည်းနည်းလေးတော့ လွဲနေပြီပေါ့ဗျာ။

ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊
ပြန်မေ့နေရင်ရော..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း
ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ...
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း
လက်ဆောင်ပါးချင်ပါတယ်။

“လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊
ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်”

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။
လိုအပ်ရင် သင်တန်းတွေတက်ပညာယူ
လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း
ဒီအလုပ်တွေကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ
ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကိုဒီထက်မြင့်မြင့်
ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့်
နေရာမှာအချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊
လူပန်းနဲ့ ဘ၀ကို အောက်ကျ၊နောက်ကျ
ဖြတ်သန်းသွားမလား။ ကျွန်တော်တို့
ပုဆိန်တွေ သွေးကြပါစို့ဗျာ။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/knowledgevillage11/
#crd

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။