Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 24, 2017

ဗဟုသုတ တွက်နည်းပေါင်းများစွာ

ဗဟုသုတ တွက်နည်းပေါင်းများစွာ
====================
(1)ရေ၀င်ဆန့်တွက်နည်း
(2)သစ်တွက်နည်း
(3)မြေတွက်နည်း
(4)ဘိလပ်မြေတွက်နည်း
(5)မြန်မာ ရတု ရေတွက်ပုံ
(6)အကြိမ်ရေ ရေတွက်ပုံ
စကားတိုများ
(1)ရေ၀င်ဆန့်တွက်နည်း
အုတ်ရေကန်ဝင်ဆန့်မှု တွက်ချက်နည်းက ပိုလွယ်ပါတယ်။
အလျား×အနံ×အမြင့်=ကုဗပေ ရတယ်
အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆.၂၅ ဂါလံ နဲ့ မြှောက် ရတာဝင်ဆန့်တဲ့ ရေဂါလံပေါ့
(2)သစ်တွက်နည်း
မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။
သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။
ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့်
၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၃"၁"=၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)
၎"၁"=၄"(၁၀၀ချောင်း)
၅"၁"=၅"(၄၀၀စား၅ (၈၀ချောင်း)
၆"၁"=၆"(၆၆.၆ ချောင်း)
၃"၀.၅"=၁.၅"(၂၆.၆၆ ချောင်း)
၎"၀.၅"=၂"(၂၀၀ ချောင်း)
၎"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x၅"=၂၅လက္မ(၁၆ ချောင်း)
ဥပမာ။တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်)်
၂"x၁၀၀၀=၂၀၀၀၀ကျပ်(၂"၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစသည်။်
အမြန်ဆုံးသောသစ်တွက်နည်း
ဥပမာ
သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့်
၎''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း
တန်ဖိုးကို တွက်ကြည့်မယ်
ဈေးနှုံး ကိုတည် ဒသမ သုညသုည နှစ်ငါး
ဖြင့်မြှောက် (၆၅၀၀၀၀ × •၀၀၂၅ )
ရလဒ်ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ
ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ပေ တစ်
ချောင်း၏ တန်ဖိုး ရပါပြီ....
၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅
၎× ၂ = × ၈
၁၃၀၀၀ လေးနှစ် တစ်ချောင်းတန်ဖိုး ၁၃၀၀၀ ဖြစ်ပါသည်...
မည်သည့် ဒု ဗျက် မည်သည့် ဈေးနှုန်း မဆို တွက်ကြည့်နိုင်ပါ သည်။
(3) မြေတွက်နည်းမြေဧက ဖွဲ့တွက်နည်း
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့်
အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်းမြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂၄၁၆ + ၆၂= ၄၇၈ ပင်
( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁၄၃၅၆၀ ÷ ၃၆၁ = ၁၂၀ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်၁၂၀ + ၁၈ = ၁၃၈ ပင်
(4) ဘိလပ်မြေတွက်နည်း
ကျပ်သိန်း (၁၀၀) မှ သိန်း (၁၀၀၀) အတွင်း မြို့ နယ်စုံ အိမ်ရာ အရောင်းပြပွဲ
အိမ်ခြံမြေ နှင့် အခြားအရေးကြီး စာချုပ်များ
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။ မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်း တို့  မြေကြီး တူးခြင်းတို့ မှာ အများဆုံးသုံးပါတယ်။ ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး ၁ ကျင်းဆို ၁၀ ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း
1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း
1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်  သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာ မူတည်ပါတယ်။
အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။
သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။
စကွဲယားကျင်း အလျားနဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
၎လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့  အမိုးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့ မှာ သုံးပါတယ်။
နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ
အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ 11 ကျင်းသံချောင်း တစ်ချောင်းဟာ size မှန်ပါက ပေ ၄၀၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ ပေ ၆ လက်မ လောက်ဆို မှန်တယ် ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့  မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက
10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။
သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆိုရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။
ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cute ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲ တွက်ချင်ရင် ၁ ကုဗပေမှာ ၆.၂၄ ဂါလံ ရှိပါတယ်။
အလျားအနံ အမြင့် တစ်ပေစီ ရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။
ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့် ပါတယ်။
ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။
၂၂၄၀ ပေါင် ၁ တန်လေးလို့  ၂ တန်လောက် အလေးချိန်ရှိပါမယ်။
ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။
တွက်တတ်လားမေးရင်တော့ မသိပါဘူး။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက
လီတာနဲ့  ပြထားတတ်လို့  ပြန်တွက်ကြည့်လို့ ရပါလိမ့်မယ်။
သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။
၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။
(5) မြန်မာ ရတု ရေတွက်ပုံ
ရှေးမြန်မာတို့ ၏ရတု ၊ အကြိမ်ရေ တွက်ပုံ
၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿ ဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
၇၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = န၀ရတ်ရတု
(6) အကြိမ်ရေ ရေတွက်ပုံ
၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿ မ
၁၁=ဧကာဒဿ မ
၁၂=ဒွါဒဿ မ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ၁
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ
Credit : Kyaw Soe Lin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။