Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 25, 2017

ဘာကြောင့် ကျရှုံးရတာလဲ ???

ဘာကြောင့် ကျရှုံးရတာလဲ ???

အောင်မြင်သူတိုင်း ရိုးသားစွာ ၀န်ခံကြကြေးဆိုရင် သူတို့အားလုံး ကျရှုံးမှုတွေကို ဖြတ်သန်းခဲ့ရတာကို တွေ့ပါလိမ့်မယ်။ ဒါပေမယ့် ကျရှုံးမှုတစ်ခုချင်ဆီကနေ ကျွန်တော်တို့အတွက် အဖိုးတန်သင်ခန်းစာနှစ်ခုကို ရရှိနိုင်ပါတယ်။ ပထမတစ်ခုက ကျရှုံးရတဲ့အကြောင်းရင်းနဲ့ နောက်တစ်ခုကတော့ ကျရှုံးမှုကနေ ဘယ်လိုပြန်ရုန်းထွက်မလဲဆိုတာပါပဲ။

ဒီတော့ ကျွန်တော်တို့ ဘာလို့ကျရှုံးကြတာလဲ ??? ဘယ်လိုပြန်ရုန်းထမလဲ??? ကျရှုံးမှုကို ဖြစ်စေတဲ့ ပြဿနာတွေကို သိထားပြီး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် များသောအားဖြင့် ကျရှုံးမှုဖြစ်စေတဲ့ အကြောင်းရင်း (၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဇွဲသတ္တိ မရှိခြင်း
လူအများစု ကျရှုံးရတဲ့အကြောင်းရင်ဟာ အသိပညာမရှိလို့၊ အရည်အချင်းမရှိလို့ဆိုတာထက် သူတို့ကိုယ်တိုင်က လက်လျှော့အရှုံးပေးလိုက်လို့ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ဇွဲလုံ့လနဲ့ ခံနိုင်ရည်ဆိုတဲ့ စကားနှစ်လုံးကို အမှတ်ရနေဖို့ လိုပါတယ်။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ ဇွဲလုံ့လရှိရမှာဖြစ်ပြီး မဖြစ်ချင်တာ ဖြစ်လာရင်လည်း ခံနိုင်ရည်ရှိဖို့ လိုပါတယ်။

ချဉ်းကပ်မှုအသစ်တွေကို ကြိုးစားကြည့်ပါ။ ဇွဲရှိဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အောင်မြင်မှာပါဆိုပြီး တူညီတဲ့လုပ်ဆောင်ချက်တစ်ခုတည်းကိုပဲ ထပ်ကာတလဲလဲလုပ်နေမယ်ဆိုရင် ရည်မှန်းထားတဲ့အတိုင်းဖြစ်လာဖို့ ခက်နေပါလိမ့်မယ်။ အဆင်မပြေခဲ့တဲ့ အားထုတ်မှုတွေကို ပြန်သုံးသပ်ပြီး ဘာကိုပြောင်းလဲရမလဲ ဆုံးဖြတ်ပါ။ တယူသန်လုပ်မနေပဲ ပြင်ဆင်ပြောင်းလဲစရာရှိတာတွေကို ပြင်ဆင်ပါ။ အတွေ့အကြုံကို လမ်းညွှန်အဖြစ်အသုံးချပါ။

၂။ ယုံကြည်မှု မရှိခြင်း
ယုံကြည်မှုမရှိတဲ့သူတွေက သာမန်လမ်းကိုပဲ ရွေးချယ်ကြပါတယ်။ တစ်ခုခုကို ရွေးချယ်လုပ်ဆောင်ဖို့ ယုံကြည်မှုနဲ့ သတ္တိမရှိတဲ့အတွက် အခြားသူတွေလုပ်သမျှလိုက်လုပ်ရင်း နောက်ကျကျနေခဲ့တတ်ပါတယ်။ သူတို့လုပ်တာမှားနေတယ်ဆိုတာ သိနေရင်တောင်မှ အများလက်ခံနိုင်ဖို့အတွက် ဘာမဆိုလုပ်တတ်ကြသူတွေဖြစ်ပါတယ်။
သင့်အတွက် ဘာအရေးကြီးလဲဆိုတာကို ဆုံးဖြတ်ပါ။ တစ်ခုခုကို လုပ်သင့်တယ်၊ လုပ်ဖို့ထိုက်တန်တယ်လို့ ထင်ရင် လုပ်ဖို့အတွက် နှောင့်နှေးမနေပါနဲ့။

၃။ ဆင်ခြင်သုံးသပ်လွန်းခြင်း
အောင်နိုင်သူတွေက လေ့လာဆန်းစစ်ကြပါတယ်။ ဒါပေမယ့် ဘယ်တော့ အလွန်အကျွံဆင်ခြင်သုံးသပ်တာမျိုး မလုပ်ကြပါဘူး။ အရှုံးသမားတွေပဲ အဆုံးမသတ်နိုင်အောင် ဆင်ခြင်သုံးသပ်ပြီး သူတို့မအောင်မြင်ရတဲ့ အကြောင်းကို ဆင်ခြေတွေအပြည့်ပေးတတ်ကြတာ ဖြစ်ပါတယ်။

သင့်ရဲ့ အမြင်သဘောထားကို ပြောင်းလဲပါ။ မအောင်မြင်တဲ့ ကြိုးစားမှုတိုင်းကို ကျရှုံးမှုလို့ မသတ်မှတ်ပါနဲ့။ ပထမဆုံးအကြိမ်မှာ တစ်ခါတည်းအောင်မြင်သွားတဲ့သူက အရမ်းနည်းပါတယ်။ ထပ်တလဲလဲ ကြိုးစားအားထုတ်မှုတွေနဲ့သာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်သွားတာလဲ၊ ဘာကြောင့်လဲဆိုတာကို သိနိုင်အောင် အကောင်းဆုံးလေ့လာပါ။

၎။ အတိတ်ကအမှားများမှ သင်ခန်းစာမယူခြင်း
တစ်ချို့လူတွေက ရှင်သန်ရင်းနဲ့ လေ့လာကြပါတယ်။ တစ်ချို့ကတော့ ရှင်သန်ရုံပဲ ရှင်သန်ကြပါတယ်။ ကျွန်တော်တို့သာ မှန်မှန်ကန်ကန်တွေးခေါ်တတ်မယ်ဆိုရင် ကျရှုံးမှုဆိုတာ ဆရာတစ်ပါးပါပဲ။ အသိဥာဏ်ရှိသူတွေက သူတို့ရဲ့ အမှားကနေ ပညာယူကြပါတယ်။

ပြဿနာကို သေချာသုံးသပ်ပါ။ အခြေအနေကို ဆန်းစစ်ပါ။ ဘာကို အောင်မြင်ချင်တာလဲ၊ သင့်ရဲ့နည်းလမ်းက ဘာလဲ၊ ဘာဖြစ်လို့ အလုပ်မဖြစ်တာလဲ စသဖြင့် ဆန်းစစ်ပါ။ သင့်အနေနဲ့ ပြဿနာကို သေချာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဘာကိုလုပ်ချင်နေတာလဲဆိုတာကို သေချာစဉ်းစားပါ။

၅။ စည်းကမ်းမရှိခြင်း
စည်းကမ်းမရှိရင် အောင်မြင်မှုဆိုတာလည်း ရှိမလာနိုင်ပါဘူး။ စည်းကမ်းက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့၊ သည်းခံနိုင်ဖို့၊ အနှောက်အယှက်တွေ၊ အတားအဆီးတွေကို ရှောင်ရှားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အာရုံစိုက်နိုင်စေဖို့အတွက်လည်း ကူညီပေးပါတယ်။

အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံသူဖြစ်ဖို့ လုပ်မနေပါနဲ့။ အောင်မြင်တဲ့အခါ ဘယ်လိုဘယ်ပုံရှိမလဲဆိုတာကို စိတ်ကူးထားတဲ့ အမြင်ရှိဖို့ လိုပါတယ်။ ဒီလိုအမြင်ရှိနေရုံနဲ့တော့ စိတ်အားတက်ကြွတာမှန်ပေမယ့် လက်တွေ့ဖြစ်လာဦးမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်တစ်ခုကို အောင်မြင်ရုံနဲပ ပြဿနာတွေအားလုံး ပြေလည်သွားတာမဟုတ်ပါဘူး။

၆။ မိမိကိုယ်ကို တန်ဖိုးမထားခြင်း
မိမိကိုယ်ကို တန်ဖိုးမထားတာက ကိုယ့်ကိုယ်ကိုယ် မလေးစားတာ၊ ထိုက်တန်မှုရှိအောင် မနေထိုင်တာပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုနည်းပြီး၊ တန်ဖိုးမထားတတ်သူတွေဟာ သူတို့ကိုယ်သူတို့ ရှာဖွေဖို့နဲ့ သူတို့ဖြစ်ချင်တဲ့သူအဖြစ် ဖန်တီးဖို့လုပ်ရင်း အချိန်ကုန်နေတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တံဆိပ်မကပ်ပါနဲ့။ သင့် ကျရှုံးခဲ့တယ်ဆိုတိုင်းလည်း နောက်တစ်ခါကြိုးစားခွင့်မရှိတော့တာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ရည်မှန်းချက်တစ်ခုဆီကို ရောက်ရှိဖို့ ကြိုးစားရုန်းကန်နေတယ်လို့ မှတ်ယူပါ။ စိတ်ရှည်သည်းခံပြီး လုံ့လ၀ီရိယအပြည့်နဲ့ ခရီးရှည်ကို လျှောက်လှမ်းနိုင်ဖို့ လိုါပတယ်။

၇။ အကြောင်းကံကိုချည်း ပုံချတတ်ခြင်း
ကံကြမ္မာကိုပဲ ပဓာနထားတဲ့ စိတ်သဘောထားရှိသူတွေဟာ ဘ၀မှာလုပ်ဆောင်ရမယ့် တာဝန်တွေကို ကံကိုအကြောင်းပြပြီး ငြင်းပယ်တတ်သူတွေဖြစ်ပါတယ်။ သူတို့အတွက် အောင်မြင်မှု၊ ကျရှုံးမှု အားလုံးက ကံပေါ်မှာပဲ မူတည်နေတာဖြစ်ပါတယ်။

နေ့တိုင်း မှန်ထဲက ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး “ငါ့အတွက် ငါမှာသာ တာဝန်ရှိတယ်” လို့ပြောပါ။ သင့်ဘ၀မှာ အရာတိုင်းကို ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး ဒါပေမယ့် မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာကို သဘောပေါက်ခဲ့မယ်ဆိုရင် ထိန်းချုပ်နိုင်တာတွေ ပိုများလာတာကို တွေ့ရပါလိမ့်မယ်။

Credit-gentleman

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။