Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 27, 2017

ကိုယ်ပိုင်အသေးစားလုပ်ငန်းတစ်ခု စတင်ဖို့ အဆင့်(၆)ခု

ကိုယ်ပိုင်အသေးစားလုပ်ငန်းတစ်ခု စတင်ဖို့ အဆင့်(၆)ခု
-----------------------------------------------------

စီးပွားရေးလုပ်ငန်းတစ်ခုဟာ စိတ်ကူးတစ်ခုကနေစတင်ပါတယ်။ ဒါပေမယ့် စိတ်ကူးကို လက်တွေ့ဖြစ်လာ အောင် လုပ်ဆောင်နိုင်ဖို့တော့လိုပါတယ်။ စိတ်ကူးကို အကောင်အထည်ဖော်ပြီး လုပ်ငန်းတစ်ခုစတင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို တွေးတောရင်း ရှုပ်ထွေးနေတတ်ပါတယ်။ တကယ်တော့ သင်ထင်ထားတာထက် လွယ်ကူပါတယ်။ ဘယ်လိုရည်မှန်းချက်မျိုးပဲဖြစ်ဖြစ် သီးခြားလုပ်ဆောင်စရာတွေအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် စတင်လုပ်ဆောင်ရမယ့် ကိစ္စတွေကို ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသေးစားကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်ဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်(၆)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်မျက်နှာစာ လုပ်ငန်းစီမံချက်ရေးဆွဲပါ။

အောင်မြင်တဲ့လုပ်ငန်းတွေရဲ့အဓိကသော့ချက်က ကိစ္စတိုင်းကို ရိုးရှင်းပြီး စရိတ်သက်သာဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် စတင်တည်ထောင်ချိန်မှာဖြစ်ပါတယ်။ ငွေကြေးကုန်ကျစရိတ်ကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ အချိန်သက်သာဖို့လည်း ပါဝင်ပါတယ်။ လုပ်ငန်းတည်ထောင်ချင်သူတွေအများစုဟာ ပြည့်စုံခမ်းနားတဲ့ လုပ်ငန်းစီမံချက်ရေးဆွဲရင်း အချိန်ကုန်နေတတ်ပါတယ်။ တကယ်တော့ အခုမှစတင်မယ့်သူတွေအတွက် အချိန်ရောငွေပါ အကုန်သက်သာမယ့် လုပ်ငန်းစီမံချက်တစ်ခုနဲ့ စတင်သင့်ပါတယ်။ ဒါ့ကြောင့် သင့်လုပ်ငန်းအတွက် တစ်မျက်နှာစာ လုပ်ငန်းစီမံချက်တစ်ခုကိုသာ ရေးဆွဲပါ။ တစ်မျက်နှာစာ လုပ်ငန်းစီမံချက်မှာ –

သင့်လုပ်ငန်းရဲ့ နောက်ဆုံးရလဒ်ဘာလဲဆိုတာအတွက် မျှော်မှန်းချက်ကို သတ်မှတ်ပါ။

သင့်လုပ်ငန်းတည်ရှိဆောင်ရွက်နေရခြင်းရဲ့အကြောင်းရင်း ရည်ရွယ်ချက်ကို သတ်မှတ်ပါ။

ရည်ရွယ်ချက်၊ မျှော်မှန်းချက်တွေကို ပြီးမြောက်အောင်မြင်စေဖို့ လုပ်ဆောင်ရမယ့် ရည်မှန်းချက်တွေကို သတ်မှတ်ပါ။

ရည်မှန်းချက်တွေအောင်မြင်ဖို့ အခြေခံဗျူဟာတွေသတ်မှတ်ပါ။

လုပ်ငန်းဆောင်ရွယ်ချက်အစီအစဉ်တစ်ခု ရေးဆွဲပါ။

ဒါတွေအားလုံးရေးဆွဲမယ်ဆိုရင် တစ်မျက်နှာထက်ကျော်သွားနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး ကျစ်လစ်သပ်ရပ်တဲ့ လုပ်ငန်းစီမံချက်တစ်ခုကို အချိန်တစ်ပတ်လောက်ပေးရုံနဲ့ ရရှိမှာဖြစ်ပါတယ်။

၂။ အသုံးစရိတ်ကိုဆုံးဖြတ်ပါ။

လုပ်ငန်းစတင်ဖို့အတွက် အသုံးစရိတ်တစ်ခုနဲ့ ဘယ်လောက်သုံးစွဲမှာလဲဆိုတာကို သတ်မှတ်ပါ။ ဒီကိန်းဂဏန်းတွေက ဖြစ်နိုင်ချေရှိပြီး အသုံးစရိတ်တွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့လိုပါတယ်။ လိုအပ်တာထက် (၂၀)ရာခိုင်နှုန်းလောက်ပိုမိုသတ်မှတ်ထားတာ သင့်ရဲ့လစဉ်အသုံးစရိတ်ကို စီမံရာမှာ အထောက်အကူဖြစ်စေမှာပါ။ လစဉ်အသုံးစရိတ်ဟာ သင့်လုပ်ငန်းကနေ အကျိုးအမြတ်မရခင်မှာ လုပ်ငန်းလည်ပတ်နေနိုင်ဖို့အတွက် အရေးပါတဲ့ သတ်မှတ်ချက်ဖြစ်ပါတယ်။ သင့်ရဲ့အသေးစား လုပ်ငန်းကနေ ရက် (၆၀)နဲ့ (၉၀)အတွင်း အကျိုးအမြတ်ရရှိနိုင်ဖို့ ရည်မှန်းလုပ်ဆောင်ပါ။

၃။ တရားဝင်စာရွက်စာတမ်းကိစ္စတွေကို လေ့လာပါ။

စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ရာမှာ တရားဝင်ဖြစ်ဖို့ စာရွက်စာတမ်းကိစ္စတွေက ငွေကုန်ကြေးကျ ရှိပါတယ်။ လုပ်ငန်းလိုင်စင်၊ အကောက်ခွန်၊ စတဲ့အရာတွေအတွက် ကုန်ကျမယ့် စရိတ်ကို လုပ်ငန်း မစတင်ခင်မှာကတည်းက သေချာလေ့လာ တွက်ချက် သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။

၎။ ငွေကြေးကို ဂရုစိုက်ပါ။

ဘယ်လိုလုပ်ငန်းမျိုးကိုပဲလုပ်လုပ် လုပ်ငန်းငွေနဲ့ ကိုယ်ပိုင်အသုံးစရိတ်ကို ခွဲခြားထားဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဘဏ်တစ်ခုခုမှာ လုပ်ငန်းအတွက် ငွေစာရင်းတစ်ခု သီးခြားဖွင့်ထားပေးပြီး ဘဏ္ဍာရေးအရှုပ်အရှင်းတွေ ရှိမလာ အောင် ဆောင်ရွက်ထားသင့်ပါတယ်။

၅။ ၀က်ဘ်ဆိုက်တစ်ခု ဖန်တီးပါ။

သင့်ရဲ့လုပ်ငန်းက ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ၊ အခုလို နည်းပညာခေတ်မှာ ၀က်ဘ်ဆိုက်တစ်ခု ဖန်တီးထားဖို့ လိုအပ်ပါတယ်။ စရိတ်စက သက်သာတဲ့ Domain တစ်ခုကို ၀ယ်ယူပြီး သင့်လုပ်ငန်းကို အွန်လိုင်းကနေတဆင့် ထိုးဖောက်နိုင်ပါတယ်။

၆။ စမ်းသပ်ရောင်းချပါ။

ဖော်ပြခဲ့တဲ့အဆင့်တွေပြီးရင်တော့ သင့်ရဲ့လုပ်ငန်းရဲ့ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို စတင် စမ်းသပ် ရောင်းချရမှာ ဖြစ်ပါတယ်။ အကုန်အကျသက်သာပြီး ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ သင့်လုပ်ငန်းအကြောင်း လူသိများအောင် ကြိုးစားပါ။ သင့်လုပ်ငန်းက ၀န်ဆောင်မှုကို ရောင်းမှာဆိုရင် လုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပျံ့နှံ့စေနိုင်တဲ့ ဒေသတွင်း လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်ပါ။ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို ရောင်းမှာဆိုရင်တော့ ဒေသတွင်းဈေးကွက်နဲ့ ပွဲလမ်းတွေမှာ သင့်ထုတ်ကုန်ကို အများကဘယ်လိုယူဆသလဲဆိုတာကို စမ်းသပ်ရောင်းချကြည့်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အဆင့်(၆)ခုက ကိုယ်ပိုင်အသေးစားလုပ်ငန်းတစ်ခုကို အချိန်နဲ့ ငွေကြေးအကုန်အကျမများပဲနဲ့ တည်ထောင်နိုင်စေမှာဖြစ်ပါတယ်။

Credit:Gentleman Magazine
-------------------------------
www.eSMEmm.com
www.EntrepreneurSME.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။