သိမှတ်ဖွယ်ရာ ဗဟုသုတရွာ added 4 new photos.
"ကိုယ်ချင်းစာမိပါစေ "
✿✿✿✿✿✿✿✿✿
.
တကယ်တော့ ကျွန်မတို့လူသားတွေဟာ
အတော်မတရားတာ အထူးသဖြင့်ပိုက်ဆံကိုဘယ်မှာ
ဖြုန်း ရမှန်းမသိလောက်အောင်
ပေါများနေသူတွေပေါ့.......
သတ္တဝါတစ်ကောင်ရဲ့အသက်ဟာ လူသားတွေအတွက်
တန်ဖိုးရှိတဲ့အာဟာအဖြစ်မဟုတ်ဘဲ အလှဆင်ပစ္စည်း
ဒါမှမဟုတ် ဇိမ်ခံဝထ္တုတစ်ခုအတွက်
ဆုံးရှုံးသွားရတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ထင်မိတာပါပဲ ။
ကမာကောင်မုတ်ကောင်တွေဟာ သဘာဝအရ
အတွင်းသားက နူးညံ့တယ် သေးငယ်လှပါတယ်ဆိုတဲ့
အမှိုက်စလေးတစ်ခုလောက်ဝင်လာခဲ့ရင်တောင်
သူတို့ခမျာ နာကျင်ရှာလွန်းလို့ ခန္ဓာကိုယ်က
ညှစ်ထုတ်ပေးတဲ့အရည်ကြည်လေးတွေနဲ့
အဲဒီအမှိုက်ကို ဖုံးပစ်တယ် ။
နှစ်တွေကြာလာတော့ သိပ်ကိုလှပတဲ့ ပုလဲဆိုတာ
ဖြစ်လာတာပေါ့ ။ဒါကသဘာဝအတိုင်းရတဲ့ပုလဲ ...
နောက်ပိုင်း လူသားတွေရဲ့လောဘအရ
မွေးပုလဲတွေပေါ်လာတယ် ။အရွယ်ရောက်တဲ့
ကမာတစ်ကောင်ရဲ့ကိုယ်ထည်ကို ဟ တယ် ၊ပြီးရင်
ခဲလုံးလိုအရာတစ်ခုထည့်ပြီး ရေထဲပြန်ချတယ် ။
လူတွေမျက်လုံးထဲအမှုန်ဝင်ရင်တောင်
ကသိကအောက်နဲ့ခံရခက်သေးတာ ..သူတို့ခမျာ
ဘယ်လောက်တောင် နာကျင်ရှာမလဲ ...
စဉ်းစားသာကြည့် ။
ဒါက ပုလဲကိစ္စပဲရှိသေးတယ် ပီကင်းဘဲလို
ဂဏန်းပျော့လိုကိစ္စမပါသေးဘူး ..
အတော်ငရဲကြီးတဲ့ကိစ္စတွေ..
အစားအစာဆိုတာ အာဟာရပြည့်ဖို့ပဲမဟုတ်လား
သူများအသက်သတ်တာတောင်လွန်လှပြီ ..
ဂဏန်းပျော့ကလည်း သဘာဝအတိုင်းမဟုတ်တဲ့
မွေးဂဏန်းပျော့တွေများ အရမ်းသနားစရာကောင်းတာ
ကိုယ်ထည်မာကျောမှသွားလာလှုပ်ရှားနိုင်တဲ့ဂဏန်းတွေဟာ
အခွံကို မပျော့ ပျော့အောင် အလုပ်ခံရတယ်ဆိုတော့ .......?
နောက်ပြီးရှိသေးတယ် ၊ဒါကတော့ မြန်မာပြည်မှာ
ရှားပါတယ် ။မိကျောင်းသားရေပိုက်ဆံအိတ်တို့ ၊
မြွေရေခွံပိုက်ဆံအိတ်တို့ပေါ့ ..။
ပိုက်ဆံအိတ်ပဲ သူများအသက်နဲ့တန်ဆာဆင်
တန်ဖိုးကြီးပေးဝယ်ရမှတဲ့လား...?? မွှေးလှပါချည်ရဲ့ဆိုတဲ့ရေမွှေးတွေတစ်ကိုယ်လုံးလောင်းချ....
အိမ်သာကျင်းထဲခုန်ဆင်းကြည့် ..
မွှေးနိုင်မှာမဟုတ်ပါဘူးယ
နောက်တစ်ခု အခုနာမည်ကြီးနေတဲ့ငှက်သိုက်
ဇီဝစိုးငှက်လေးတွေရဲ့သဘာဝက
အတော်ထူးဆန်းတယ် ။ငှက်မ ဥအုချိန်ရောက်ရင်
ငှက်ဖိုက သူကိုယ်တိုင်အန်ပြီး အန်ဖတ်နဲ့
အသိုက်ဆောက်ပေးတာ ..။အဲ့ဒီအန်ဖတ်က
လူတွေအတွက် အားရှိတယ် ။မြိတ်ကျွန်းစုဘက်က
ကျောက်ဆောက်တွေမှာငှက်သိုက်တွေရှိတတ်လို့
ငှက်သိုက်မုဆိုးတွေဟာ ခါးကို ကြိုးနဲ့ချီ တွယ်တက်ပြီး
သက်စွန့်ဆန်ဖျား ငှက်သိုက်နှိုက်ကြရတယ် ။
တကယ့်ငှက်သိုက်မုဆိုးအစစ်တွေက ကိုယ်ချင်းစာကြတယ် ။
တစ်ရာသီမှာ တစ်ခါပဲယူကြတယ် ။ ဘာလို့လဲဆိုတော့..
ဇီဝစိုးငှက်ဖိုကြီးဟာ နှစ်ခါသုံးခါ ဆက်တိုက်အန်ပြီး
အသိုက်ဆောက်ရ ရင် ရင်ကွဲပြီးသေပွဲဝင်လေ့ရှိတာကို
သိထားကြလို့ပဲ ။
နောက်ပိုင်း မတော်လောဘသမားတွေက
ဈေးကောင်းရမှန်းသိတော့ စည်းမစောင့်ကြတော့ဘူး ။
တစ်ရာသီမှာ ခဏခဏနှိုက်ကြတယ် ။
အစိုးရက ငှက်သိုက်တင်သွင်းခွင့်လိုင်စင်ပေးတယ်လို့
ကြားတာပဲ ငှက်သိုက်မှာ သွေးစတွေပါလာရင်
အဲဒီငှက်သိုက်သွင်းသမားကို ဒဏ်တပ်နိုင်တယ်တဲ့ ။
ဒါပေမယ့်သိတယ်မလား ...လူ့ဘောင်တောင်
ခြစားမှုရှိသေးတာ ..ငှကိတွေအတွက်တော့
ဘယ်သူမှ ရှေ့နေလိုက်မနေတော့ဘူး ...။
ဒီလိုနဲ့ပဲ ဇီဝစိုးတွေလည်း အတော်ရှားလာတယ် ။
သေကောင်ပေါင်းလဲလူမမာတွေ အားဆေး
အဖြစ်သောက်တာ ထားပါ လက်ခံပါရဲ့ အစားပေါင်းစုံစား
အကောင်းဆုံးတွေသုံးနေရင်း သန်သန်မာမာကြီးကနေ
နေ့တိုင်းငှက်သိုက်သောက်နေတာဆိုရင်တော့.....?
ကိုယ်ချင်းတော့ စာကြည့်ပေါ့လေ......။
ပုလဲဆိုတာ လူတွေအတွက်အလှဆင်ပစ္စည်း
ကမာတွေအတွက်တော့မျက်ရည် ...
မိချောင်းသားရေဆိုတာ သူ့အတွက်တော့
သဘာကပေးတဲ့သံချပ်ကာ လူတွေအတွက်
အလှဆင်ပစ္စည်းး အဲလိုဖြစ်နေတယ် ။
ဆင်ဆိုလည်းဒီအတိုင်းပဲ သူတို့ရဲ့အစွယ်တစ်စုံအတွက်
သေလိုက်ရတဲ့ဆင်တွေ ဘယ်လောက်တောင်လဲ
အခုဆို ရှားပါးစာရင်းဝင်သွားပြီ ဒါတွေက ကျွန်မသိသမျှ......
အခြားဘယ်လိုသတ္တဝါတွေရော အကျိုးမဲ့အသက်ပေးရလို့
မျိုးတုန်းမတတ်ဖြစ်နေပြီလဲမသိဘူး ။
သတ္တဝါမှမဟုတ်ပါဘူး အပင်တွေလည်းပါ တယ် ။
ပြောရရင်တော့ ဆုံးမှာကိုမဟုတ်ပါဘူး...။
တကယ်တော့ လူပြုသမျှနုရတဲ့ သတ္တဝါလေးတွေကို
အစားအစာအတွက်ပဲအသုံးပြုကြပါ ။
မလိုအပ်ဘဲ သဘာဝထက်လွန်ပြီး သူများအသက်နဲ့
အလှမဆင်ချင်ကြရင်ကောင်းမယ် ။
သူ့နေရာမှာ ကိုယ်ဆိုရင် ဆိုတဲ့.....
စိတ်ကလေးမွေးပေးကြရင် .....
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
https://www.facebook.com/knowledgevillage11/
#Myatmonphyo

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။