Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 24, 2017

Online ချစ်သူ

 
 
Online ချစ်သူ
=========

Online အဆက်အသွယ်ကြောင့် ပေါ်ပေါက်လာတဲ့ သမီးရည်းစားကို Online ချစ်သူလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာ Sim Card တွေ ဈေးပေါပြီး စမတ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့ နောက်ပိုင်းမှာ လူငယ်တွေကြားမှာ Online ချစ်သူတွေ တော်တော်ခေတ်စားလာပါတယ်။ ပတ်ဝန်းကျင် ကျဉ်းမြောင်းလို့ပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာ အချိန်မရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို ကျေနပ်လောက်အောင် ရှာဖွေဖို့ အခွင့်အရေး မတွေ့တဲ့အခါမှာ ပိုမိုလွယ်ကူတဲ့ Online ပေါ် မှာ ချစ်သူ အိမ်ထောင်ဘက်လောင်းကို ရှာဖွေလာကြပါတော့တယ်။ အမှန်အတိုင်း ၀န်ခံရရင် မြင်ရကြားရတဲ့ အခြေအနေများအရ Online ချစ်သူကို အားမပေးလိုပါ။ သို့ပေမဲ့ အလုပ်ခွင်မှာရှိတဲ့ လူငယ်အချို့ နဲ့ စကားပြောကြည့်တဲ့ အခါ သူတို့ရဲ့ အိမ်ထောင်ဘက်ရွေးချယ်နိုင်တဲ့ အခွင့်အရေး နည်းပါးတာကို သတိထားမိပါတယ်။ Online ချစ်သူ မထားပါနဲ့လို့ ပြောမထွက်ပါ။ အထူးသဖြင့် မိန်းခလေးများအတွက် ဆောင်ရန်ရှောင်ရန် လေးကိုတော့ လေ့လာသွားစေချင်ပါတယ်။ တစ်ချက်ချင်း ဆွေးနွေးကြည့်ရအောင်......

၁။ လုံခြုံမူ အရ …

Online ချစ်သူဆိုတာ တစ်ယောက်အကြောင်းတစ်ယောက်မသိပါ။ မသေချာပဲနဲ့ တစ်ဘက်သားအပြောကြောင့် အဟုတ်ထင်မိရင် အလိမ်ခံရ တတ်ပါတယ်။ ဒါကြောင့်မို့လို့ ချစ်သူမဖြစ်ခင်မှာ လူချင်းအရင်တွေ့ဆုံပြီး စကားပြောကြည့်သင့်ပါတယ်။ သူငယ်ချင်းပေါင်းကြည့်သင့်ပါတယ်။ တစ်ဘက်သားရဲ့ အကြောင်းကို အတတ်နိုင်ဆုံး သိဖို့ ကြိုးစားကြည့်သင့်ပါတယ်။ သူဘယ်မှာနေလဲ၊ သူမိသားစု ဘယ်သူတွေလဲ၊ သူ့ သူငယ်ချင်းတွေ ဘယ်သူတွေလဲ၊ သူဘာလုပ်သလဲ၊ သူ့သမိုင်းကြောင်းကို သိအောင် ဘယ်လိုစုံစမ်းနိုင်မလဲ၊ သူပြောတဲ့အတိုင်း သူတကယ် ဟုတ်ပါသလား၊ စသည်ဖြင့် သိရှိပြီးမှသာ နောက်တစ်ဆင့် ဆက်လှမ်းသင့်ပါတယ်။ တစ်ဘက်က ဘယ်လောက်ပဲ လောလော၊ ကိုယ်မလောပါနဲ့၊ အမှားအယွင်းမခံနိုင်လို့ပါ။

၂။ စိတ်သဘောအရ.....

ဖြစ်နိုင်ရင် တစ်မြို့ ထဲမှာ နေထိုင်တဲ့သူကို ဦးစားပေး စဉ်းစားပါ။ အနေဝေးပြီး Online ချစ်သူထားမိရင် Online ရဲ့ အခြားတစ်ဘက်ကလူကို ချစ်မိတယ်လို့ ထင်ရပေမဲ့ ကိုယ့်စိတ်ကူးယာဉ်ထားတဲ့ ပြည့်စုံတဲ့ ပုံရိပ်တစ်ခုကို ချစ်မိခြင်းသာဖြစ်နေတတ်တယ်။ လူတွေဟာ Online မှာ ပိုမို ပြောရဲဆိုရဲ ရှိတတ်ပါတယ်။ တစ်ဘက်လူကလည်း အပြောကောင်း၊ ဗဟုသုတလည်း ကြွယ်၊ ပြောလိုက်ရင် စိတ်အတွင်းထဲကို စကားလုံး ပစ်သွင်းလိုက်သလိုပဲ နှင့်နေအောင် ခံစားသွားတယ်။ လူချင်းတောင် မတွေ့ရသေးဘူး၊ ဓါတ်ပုံလောက်ပဲ တွေ့ဖူးတယ်။ အသဲထဲအောင်စွဲပြီး မေ့မရတော့ဘူးဆိုရင် အလွန်အန္တရာယ် များလှပါတယ်။ ဒါကြောင့် Online မှာသိကြပြီဆိုရင် တစ်ဘက်က အပြောကောင်းလေ၊ ထူးချွန်တယ်လို့ ထင်ရလေ၊ လူချင်းတွေ့ဖို့ အရေးကြီးလေဖြစ်ပြီး စိတ်ရှည်ရှည်ထားပြီး စုံစမ်းဖို့ လိုအပ်လေ ဖြစ်တတ်ပါတယ်။

၃။ သတိထားစရာ....

သူကကိုယ့်အကြောင်းကို ပိုသိနေတယ်။ ကိုယ်ကသူ့အကြောင်းဘာမှမသိ၊ ဘယ်အချိန်မဆို သူပဲအရင် ဆယ်သွယ်လာတယ်။ ကိုယ်က သူ့ကို ဆက်သွယ်လို့မရ၊ ကိုယ်က ရှာလိုက်ရင် Online မှာ မရှိဘူး။ မေးလိုက်ရင် မအားဘူး၊ အလုပ်များနေလို့ပါ။ အဲ…အဲလိုအခြေအနေမျိုးဆိုရင် သတိထားသင့်ပါပြီ။ ရှင်းရှင်းကြီးပဲ၊ သူ့မှာ နောက်တစ်ယောက်ရှိနေတယ်။

  
၎။ သိကျွမ်းခင်မင်တဲ့ အဆင့်...

Face book, Messenger, Line, WeChat, ဘာနဲ့ပဲ Online သုံးသုံး၊ လူချင်းမတွေ့ရခင်မှာ သိကျွမ်းခင်မင်တဲ့ အဆင့်ထိသာ ထိန်းသိမ်းထားသင့်ပါတယ်။ လူချင်းတွေ့မယ်။ စကားပြောကြည့်မယ်။ အဆင်ပြေရင် ဆက်စုံစမ်းမယ်။ ထပ်အဆင်ပြေလို့ရှိရင် နောက်တစ်လှမ်းတက်မယ်။ ဒီလိုဆိုရင် Online က တစ်ဘက်ကလူနဲ့ ပထမဆုံး အကြိမ်ချိန်းတွေ့ရင် ဘာကိုဂရုစိုက်သင့်ပါသလဲ၊ ဆွေးနွေးကြည့်မယ်။
ဘယ်သူမဆို၊ အထူးသဖြင့် မိန်းခလေးဘက်ကဆိုရင် Online မှာသိရှိတာ ကြာပြီဖြစ်တဲ့ တစ်ဘက်သားကို တွေ့ ဖို့အတွက် စိတ်လုပ်ရှားမှာ ဖြစ်ကြသလို၊ စိုးရိမ်မိမှာ သေချာပါတယ်။ ပထမဆုံးအကြိမ်တွေ့ဆုံဖို့ အောက်ပါအတိုင်းစီစဉ်သင့်ပါတယ်။

က။ နေရာ : Online မှာဘယ်လောက်ပဲ ခင်မင်ခင်မင် ပထမဆုံး ချိန်းတွေ့တဲ့ နေရာဟာ လူအများသွားလာတဲ့ နေရာဖြစ်သင့်ပါတယ်။ ဥပမာ လ္ဘက်ရည်ဆိုင်၊ အအေးဆိုင်၊ ထ္မင်းဆိုင်၊ လူစည်ကားတဲ့ ပန်းခြံ စသည်တို့ ဖြစ်သင့်ပါတယ်။

ခ။ အချိန် : တစ်ဘက်သားက ဘယ်လောက်ပဲ မအားမအား၊ တွေ့ဖို့အချိန်ဟာ လင်းနေတဲ့ အချိန်ဖြစ်သင့်ပါတယ်။ ညနေအချိန်အခါမျိုးကို အတတ်နိုင်ဆုံးရှောင်ပါ။ မြင်မြင်ချင်းချစ်မိတယ်ဆိုတာတောင်မှ အန္တရာယ်များပါတယ်။

ဂ။ အဖေါ် : ကိုယ့်သူငယ်ချင်း တစ်ယောက်ကို အဖေါ် အဖြစ်ခေါ် သွားပါ။ ကိုယ်စကားပြောနေတဲ့ အချိန်မှာ သူခပ်လှမ်းလှမ်းနေလို့ ရပါတယ်။ ဒါပေမဲ့ သူမျက်စီ အောက်မှာပဲ ရှိပါစေ။

ဃ။ သက်သေတစ်ခုခု : ယုံကြည်တာ မယုံကြည်တာ၊ Online မှာခင်တာ ကြာတာ မကြာတာ မဆိုင်ပါ။ မှတ်ပုံတင်ဖြစ်ဖြစ်၊ ယာဉ်မောင်းလိုင်စဉ်ဖြစ်ဖြစ် တောင်းကြည့်နိုင်ရင် အနည်းဆုံး အမည်နဲ့ အသက်ကို စစ်ကြည့်လို့ ရပါတယ်။

င။ အစားအစာ : ဆိုင်မှာ ၀ယ်စားတဲ့ အစားအစာကိုသာ စားပါ။ ဒါကိုယ်ပိုင်ခြံထွက်၊ ဒါဒေသထွက်ကုန်ဆိုပြီး တစ်ဘက်သားပါလာတဲ့ အစားအစာကို မစားပါနဲ့၊ အားနာစရာမရှိပါ။ မိန်းခလေး အတွက်ပါ။

စ ။ တန်ဖိုးကြီးလက်ဆောင် : ပထမဆုံး အကြိမ်တွေ့ကြတာမို့ စကားပြောကြည့်ဖို့ အဓိကပါ။ တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခုခုကို ပေးလာရင် ပါးပါးနပ်နပ်နဲ့ ငြင်းလိုက်ပါ။ နောင်ပေးဖို့ အချိန်အများကြီးရှိနိုင်သေးတယ်လို့ ပြောပြလိုက်ပါ။ လူ့သဘာဝအရ အလကားစားရင် ပါးစပ်ပျော့တတ်ပြီး အလကားယူရင် စိတ်ပျော့တတ်ပါတယ်။

Online ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေချင်း ကွာခြားလှတာမို့ ဥာဏ်မှီသလောက်ပဲ ရေးပေးလိုက်ပါတယ်။ နီးစပ်တဲ့ လူထဲက Online နဲ့ အိမ်ထောင်ပြုလိုက်လို့ သိပ်အဆင်မပြေကြတာတွေ့ရလို့ ရေးလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင် အတွေ့အကြုံ မရှိပါ။ ကျွန်တော်တို့ ငယ်ငယ်တုံးက ရည်းစားစာပေးတဲ့ အဆင့်ပဲရှိပါတယ်။ တစ်ချက်တစ်လေလောက် အသုံးဝင်ရင် ရေးရကျိုး နပ်ပါပြီ။

Ref: WeChat

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။