#ပညာဆိုတာ အလွတ်ကျက်တာ မဟုတ်ပါ
လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က ရန်ကုန်စက်မှုတက္ကသိုလ် (RIT) တက်နေစဉ်က အတွေ့အကြုံလေး တစ်ခုကို ပြောပြချင်ပါတယ်။
အဲဒီအချိန်က RIT ကျောင်းသားအများစု (အများစု) ဟာ စာမှန်မှန် ကျက်မှတ်ကြိုးစားကြသူများ မဟုတ်ကြပါ။ ကျောင်းသူတွေကလွဲရင် အတန်းမှန်မှန်တက်တဲ့ကျောင်း သား အတော်ရှားပါတယ်။ နှစ်ဝက်စာမေးပွဲနီးမှ သင်ခဲ့တဲ့ မှတ်စုတွေကို အတန်းမှန်မှန် တက်ကြသူတွေဆီက မုန့်ကျွေး လက်ဖက်ရည်တိုက် ချော့မော့ပြီး
သူတို့ရဲ့ မှတ်စုစာအုပ်တွေကို ငှားပြီး ကမန်းကတန်း ကူးယူရပါတယ်။
အဲဒီအချိန်က မိတ္တူကူးစက်ကလည်း မရှိတော့ မှတ်စုတွေကို လက်ရေးနဲ့
ကူးကြရပါတယ်။ စာတော်သူတွေရဲ့ အဆောင်ခန်းမှာ စာမေးသူတွေနဲ့ ပြည့်နေပါတယ်။
အဲဒါက ကြို့ကုန်းက အဆောင်ဝင်းကြီးထဲမှာ ညပိုင်း ဖြစ်ပျက်နေပုံပါ။
ကြို့ကုန်းက အဆောင်ဝင်ကြီးထဲမှာ ကျောင်းသားတွေဟာ တညလုံး တစ်ခန်းနဲ့
တစ်ခန်းကူး လှုပ်ရှားနေကြတယ်။ အဲဒီက လက်ဖက်ရည်ဆိုင်တွေ၊
အစားအသောက်ဆိုင်တွေဟာလည်း တညလုံး ဖွင့်ထားပေးကြတယ်။ နှစ်တိုင်း
စာမေးပွဲနီးရင် ကြို့ကုန်းအဆောင်ဝင်းထဲက အဖြစ်အပျက်ဟာ နှစ်တိုင်းနီးပါး
ဒီလိုပါပဲ။ (အခုခေတ်တော့ အဲဒီလို ဖြစ်သေးလား မပြောတတ်ပါ)။
အမှန်ဝန်ခံရရင် ကျွန်တော်လည်း အဲဒီကျောင်းသားမျိုးထဲက တစ်ယောက်အပါအ၀င်ပါ။ အတန်းတော့ မှန်မှန်တက်ပါရဲ့။ ဆရာ သင်ပြတာကို လိုက်နားမထောင်ဘူး။ ဘေးက သူငယ်ချင်းနဲ့ နောက်လိုက် ပြောင်လိုက် စကားပြောနေတတ်တယ်။ တစ်ခါတလေကျရင် စာသင်ချိန်မှာ အခန်းအပြင်ဖက် ထွက်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောနေတတ်တယ်။ တချို့ဆရာတွေကို ကြည့်မရတာလည်း ပါတာပေါ့။
ဒီလိုနဲ့ စာမေးပွဲနီးလာပြီ။ ကျွန်တော့်မှာ မှတ်စုက မပြည့်စုံ၊ ၆ လစာ သင်ခဲ့တဲ့ စာတွေကိုလည်း နားမလည်။ ဒါပေမဲ့ မပူပါဘူး။ မှတ်စုပြည့်စုံတဲ့သူတွေ ကျောင်းမှန်မှန်တက်ပြီး စာတော်သူတွေ ရှိနေပါတယ်။ ကျွန်တော်တို့က သူတို့ကို အပူကပ်ပြီး မှတ်စုစာအုပ် ငှားရပါတယ်။ သူတို့ကို စာရှင်းပြခိုင်းရပါတယ်။ RIT ကျောင်းသားဘ၀ အဆောင်နေသူတွေရဲ့ အင်မတန် ချစ်စရာ လေးစားစရာကောင်းတဲ့ အကျင့်လေးတစ်ခုက အဲဒီလို မှတ်စုပြည့်စုံသူတွေဟာ သူတို့စာအုပ်ကို လာငှားသူတွေကို လိုလိုလားလား ငှားပေးကြတယ်။ စာတော်သူတွေကလည်း စာလာမေးသူတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးကြပါတယ်။ တစ်ခါတလေ သူတို့စာရှင်းပြပေးတာ ဆရာရှင်းပြပေးတာထက်တောင် ပိုနားလည်ပါတယ်။
ထုံးစံအတိုင်း စာမေးပွဲနီးပြီဆိုတော့ ကျွန်တော်လည်း အတန်းတူ အဆောင်မှာ အခန်းနီးချင်းဖြစ်တဲ့ မော်လမြိုင်က ကိုတင်ဝင်း (အခုတော့ ဆုံးရှာပြီလို့ ကြားပါတယ်) ဆီက မှတ်စုစာအုပ် သွားငှားလိုက်ပါတယ်။ သူကလည်း ငှားပေးလိုက်ပါတယ်။ မှတ်မှတ်ရရ Strength ဘာသာရပ်ပါ။ သူက စကားတစ်ခွန်းတော့ မှာလိုက်ပါတယ်။ သူ့စာအုပ်မှာ မှတ်ထားတာတွေကို ကျွန်တော် ကြည့်တတ်မှာ မဟုတ်ဘူးလို့။ ကျွန်တော့လည်း ကျွန်တော့်အခန်းထဲကို ပြန်ရောက်လို့ တညလုံး အားရပါးရ ကူးမယ်ဆိုပြီး သူ့စာအုပ်ကို ဖွင့်ကြည့်လိုက်တယ်။ စာအုပ်ထဲမှ တောင်ခြစ် မြောက်ခြစ် ရေးထားတာတွေပဲ တွေ့ရလို့ စိတ်အတော်ညစ်သွားတယ်။ စာမေးပွဲနီးပြီမို့ စိတ်လည်း အတော်ပူသွားတယ်။
သူဟာ ညပိုင်းတွေမှာ သူ့အခန်းထဲမှာ စာကြည့်တယ်ဆိုတာ မတွေ့မိသလောက်ပါပဲ။ ဒါပေမဲ့ အတန်းထဲက ကျောင်းသူ/ ကျောင်းသားတစ်ရာလောက်မှာ အဆင့် ၄ လောက် အမြဲတမ်းရနေတယ်။ နောက်တနေ့မှာ ကျွန်တော်က ကိုတင်ဝင်းကို ပြောပြတယ်။ မှတ်စုစာအုပ်က ဘာတွေ ရေးထားမှန်း မသိဘူးဆိုတော့ သူက ရယ်နေပါတယ်။ ပြီးမှ ကျွန်တော် ဘာသိချင်သလဲလို့မေးတော့ ကျွန်တော်က ၆ လစာ သင်ခဲ့တာတွေ တစ်လုံးမှ မသိလို့ အကုန်သိချင်တယ်လို့ ပြောလိုက်တယ်။ သူကလည်း တပတ်လောက် ညတိုင်းနီးပါး စာတွေကို အလွတ်ရှင်းပြပေးတယ်။ သူ့ကျေးဇူးကြောင့် အဲဒီဘာသာရပ်ကို အောင်မြင်ခဲ့ပါတယ်။
စာမေးပွဲပြီးသွားပြီ။ ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခု လွှမ်းမိုးနေတယ်။ သူဟာ စာလည်း မကြည့်ဘဲ ဘာလို့စာတွေကို မှတ်မိနေတာလဲဆိုတာပါ။ ဒါနဲ့ ကျောင်းပြန်ဖွင့်တော့ အတန်းတက်ရင် ကျွန်တော်ဟာ သူထိုင်တဲ့ ထိုင်ခုံနောက်နားမှာ ထိုင်ပြီး လေ့လာတယ်။ စက်မှုတက္ကသိုလ်ရဲ့ စာသင်ခန်းတွေဟာ ရုပ်ရှင်ရုံလို ဟောခန်းမျိုးပါ။ ရှေ့ဆုံးတန်းက ထိုင်ခုံတွေဟာ နိမ့်ပြီး နောက်ဖက်ကို တဖြည်းဖြည်း မြင့်တက်သွားတာမို့ ရှေ့က ကျောင်းသားစာရေးတာ မှတ်တာကို နောက်က ကျောင်းသားက အသေးစိပ် မြင်တွေ့နေနိုင်ပါတယ်။
ကိုတင်ဝင်းဟာ ဆရာစာသင်ချိန်မှာ သေသေချာချာ အာရုံစိုက်နားထောင်တယ်။ သူက ကျောင်းသားအများစုလို Blackboard ပေါ်မှာ ဆရာရေးပြတာကို လိုက်မမှတ်ဘူး။ (အဲဒီအချိန်က Whiteboard မပေါ်သေးပါ)။ ဆရာပြောသွားတဲ့ အကြောင်းအရာတွေထဲက သူနားမလည်တာကို သူ့မှတ်စုမှာ ရေးမှတ်ပြီး (?) တတ်ထားတယ်။ သူက ဆရာပြောတာကို သဘောမတူတဲ့ အချက်ကို မှတ်ပြီး (No) လို့ ဘေးမှာ မှတ်ချက်ရေးလိုက်ပါတယ်။ စာသင်ချိန်တစ်ခုလုံးမှာ သူမှတ်တာ ဒါလေးပါပဲ။ ကျွန်တော်က သူနဲ့ခင်မင်နေလို့ သူသွားရာကို တကောက်ကောက် ပါနေတတ်တယ်။ သူ စာကို ဘယ်လို လေ့လာတယ်ဆိုတာကိုလည်း သိချင်လို့ လိုက်ချောင်းနေတာလည်း ပါတာပေါ့။ သူဟာ စာသင်ချိန်ပြီးတာနဲ့ ကျောင်းကြီးရဲ့ မြေညီထပ်က စာကြည့်တိုက်ထဲကို ၀င်လိုက်တယ်။ အဲဒီအချိန်က စာကြည့်တိုက်ကြီးမှာ ကျောင်းသာတွေ မှီငြမ်းဖတ်လို့ရတဲ့ reference လုပ်လို့ရတဲ့ အင်ဂျင်နီယာဘာသာရပ်ပေါင်းစုံအတွက် အင်္ဂလိပ်စာအုပ်ပေါင်း သောင်းသိန်းချီရှိပါတယ်။
ကိုတင်ဝင်းဟာ စောစောက ဆရာသင်သွားတဲ့ အချက်တွေထဲက မရှင်းတာတွေ၊ သူ သဘောမတူတာတွေကို reference စာအုပ်တွေထဲမှာ ရှာဖွေမှတ်သားလိုက်တယ်။ သူ တနှစ်လုံး လုပ်တာ ဒါပါပဲ။ တခြားကျောင်းသားတွေလို စာအလွတ်ကျက်တာ၊ စာတွေကို ပြန်ရေးချပြီး မှတ်မိအောင် လုပ်တာတွေ လုံးဝမလုပ်ဘူး။ တကယ်တော့ သူ စာလေ့လာတာ ကျောင်းသားအများစုထက် သာရုံမက ဆရာတွေလောက်နီးနီး တတ်ပါတယ်။ တကယ်တော့ သူ့လိုပုံစံမျိုနဲ့ စာမကြည့်ဘဲ အမြဲတမ်း အတန်းထဲမှာ အဆင့်ထိပ်က ရနေတဲ့ ကျောင်းသားတချို့လည်း ရှိပါသေးတယ်။ စာရှည်မှာစိုးလို့ ရေးမပြတော့ပါ။
ညညဆိုရင် ကျွန်တော့်ဘေးအိမ်က ၈ တန်းကျောင်းသားတစ်ယောက်ဟာ တလမ်းလုံးကြားအောင် စာကို အော်ပြီးကျက်တာကို မြင်တွေ့နေလို့ ဒီစာကို ရေးဖြစ်တာပါ။ ကလေးကို ရှင်းပြချင်ပါတယ်။ သူ စာကို လေ့လာနေတာ မဟုတ်ဘူး။ စာအလွတ်ကျက်လို့ ကျောင်းစာမေးပွဲကို အောင်မြင်နိုင်ပေမယ့် ဘ၀စာမေးပွဲကိုတော့ အလွတ်ကျက်မှတ်နည်းနဲ့ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကိုပါ။ ဒါပေမဲ့ သူ့မိဘတွေက သဘောကျမှာ နားလည်မှာ မဟုတ်လို့ မပြောဖြစ်ပါ။
ဘ၀မှာ အောင်မြင်နေသူတွေဟာ ကျောင်းစာကို အလွတ်ကျက်ပြီး အောင်မြင်လာသူတွေဟာ မဟုတ်ကြပါဘူး။ ဘ၀မှာ ထူးချွန်သူတွေဟာ ဆရာသင်သမျှကို အသေမမှတ်တတ်ကြဘူး။ ဆရာကို မေးခွန်း ပြန်ထုတ်တတ်ကြတယ်။ ဆရာက ရှင်းမပြရင် ဒါမှမဟုတ် ဆရာရှင်းပြတာကို သူ မကျေနပ်ရင် တခြားသူတွေကို မေးတယ်။ မေးစရာလူ မရှိရင် စာကြည့်တိုက်သွားပြီး စာအုပ်ရှာဖတ်တယ်။ အဲဒီအကြောင်းကို အပြန်ပြန်အလှန်လှန် စဉ်းစားနေတတ်တယ်။ (အဲ ဒါပေမဲ့ ဒီစာပိုဒ်က ဒီနိုင်ငံမှာ မဟုတ်ဘူး၊ နိုင်ငံခြားမှာပါ)။
ဗန်းမော်သိန်းဖေ
၁၉-၀၆-၂၀၁၇
လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်က ရန်ကုန်စက်မှုတက္ကသိုလ် (RIT) တက်နေစဉ်က အတွေ့အကြုံလေး တစ်ခုကို ပြောပြချင်ပါတယ်။
အဲဒီအချိန်က RIT ကျောင်းသားအများစု (အများစု) ဟာ စာမှန်မှန် ကျက်မှတ်ကြိုးစားကြသူများ မဟုတ်ကြပါ။ ကျောင်းသူတွေကလွဲရင် အတန်းမှန်မှန်တက်တဲ့ကျောင်း
အမှန်ဝန်ခံရရင် ကျွန်တော်လည်း အဲဒီကျောင်းသားမျိုးထဲက တစ်ယောက်အပါအ၀င်ပါ။ အတန်းတော့ မှန်မှန်တက်ပါရဲ့။ ဆရာ သင်ပြတာကို လိုက်နားမထောင်ဘူး။ ဘေးက သူငယ်ချင်းနဲ့ နောက်လိုက် ပြောင်လိုက် စကားပြောနေတတ်တယ်။ တစ်ခါတလေကျရင် စာသင်ချိန်မှာ အခန်းအပြင်ဖက် ထွက်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောနေတတ်တယ်။ တချို့ဆရာတွေကို ကြည့်မရတာလည်း ပါတာပေါ့။
ဒီလိုနဲ့ စာမေးပွဲနီးလာပြီ။ ကျွန်တော့်မှာ မှတ်စုက မပြည့်စုံ၊ ၆ လစာ သင်ခဲ့တဲ့ စာတွေကိုလည်း နားမလည်။ ဒါပေမဲ့ မပူပါဘူး။ မှတ်စုပြည့်စုံတဲ့သူတွေ ကျောင်းမှန်မှန်တက်ပြီး စာတော်သူတွေ ရှိနေပါတယ်။ ကျွန်တော်တို့က သူတို့ကို အပူကပ်ပြီး မှတ်စုစာအုပ် ငှားရပါတယ်။ သူတို့ကို စာရှင်းပြခိုင်းရပါတယ်။ RIT ကျောင်းသားဘ၀ အဆောင်နေသူတွေရဲ့ အင်မတန် ချစ်စရာ လေးစားစရာကောင်းတဲ့ အကျင့်လေးတစ်ခုက အဲဒီလို မှတ်စုပြည့်စုံသူတွေဟာ သူတို့စာအုပ်ကို လာငှားသူတွေကို လိုလိုလားလား ငှားပေးကြတယ်။ စာတော်သူတွေကလည်း စာလာမေးသူတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးကြပါတယ်။ တစ်ခါတလေ သူတို့စာရှင်းပြပေးတာ ဆရာရှင်းပြပေးတာထက်တောင် ပိုနားလည်ပါတယ်။
ထုံးစံအတိုင်း စာမေးပွဲနီးပြီဆိုတော့ ကျွန်တော်လည်း အတန်းတူ အဆောင်မှာ အခန်းနီးချင်းဖြစ်တဲ့ မော်လမြိုင်က ကိုတင်ဝင်း (အခုတော့ ဆုံးရှာပြီလို့ ကြားပါတယ်) ဆီက မှတ်စုစာအုပ် သွားငှားလိုက်ပါတယ်။ သူကလည်း ငှားပေးလိုက်ပါတယ်။ မှတ်မှတ်ရရ Strength ဘာသာရပ်ပါ။ သူက စကားတစ်ခွန်းတော့ မှာလိုက်ပါတယ်။ သူ့စာအုပ်မှာ မှတ်ထားတာတွေကို ကျွန်တော် ကြည့်တတ်မှာ မဟုတ်ဘူးလို့။ ကျွန်တော့လည်း ကျွန်တော့်အခန်းထဲကို ပြန်ရောက်လို့ တညလုံး အားရပါးရ ကူးမယ်ဆိုပြီး သူ့စာအုပ်ကို ဖွင့်ကြည့်လိုက်တယ်။ စာအုပ်ထဲမှ တောင်ခြစ် မြောက်ခြစ် ရေးထားတာတွေပဲ တွေ့ရလို့ စိတ်အတော်ညစ်သွားတယ်။ စာမေးပွဲနီးပြီမို့ စိတ်လည်း အတော်ပူသွားတယ်။
သူဟာ ညပိုင်းတွေမှာ သူ့အခန်းထဲမှာ စာကြည့်တယ်ဆိုတာ မတွေ့မိသလောက်ပါပဲ။ ဒါပေမဲ့ အတန်းထဲက ကျောင်းသူ/ ကျောင်းသားတစ်ရာလောက်မှာ အဆင့် ၄ လောက် အမြဲတမ်းရနေတယ်။ နောက်တနေ့မှာ ကျွန်တော်က ကိုတင်ဝင်းကို ပြောပြတယ်။ မှတ်စုစာအုပ်က ဘာတွေ ရေးထားမှန်း မသိဘူးဆိုတော့ သူက ရယ်နေပါတယ်။ ပြီးမှ ကျွန်တော် ဘာသိချင်သလဲလို့မေးတော့ ကျွန်တော်က ၆ လစာ သင်ခဲ့တာတွေ တစ်လုံးမှ မသိလို့ အကုန်သိချင်တယ်လို့ ပြောလိုက်တယ်။ သူကလည်း တပတ်လောက် ညတိုင်းနီးပါး စာတွေကို အလွတ်ရှင်းပြပေးတယ်။ သူ့ကျေးဇူးကြောင့် အဲဒီဘာသာရပ်ကို အောင်မြင်ခဲ့ပါတယ်။
စာမေးပွဲပြီးသွားပြီ။ ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခု လွှမ်းမိုးနေတယ်။ သူဟာ စာလည်း မကြည့်ဘဲ ဘာလို့စာတွေကို မှတ်မိနေတာလဲဆိုတာပါ။ ဒါနဲ့ ကျောင်းပြန်ဖွင့်တော့ အတန်းတက်ရင် ကျွန်တော်ဟာ သူထိုင်တဲ့ ထိုင်ခုံနောက်နားမှာ ထိုင်ပြီး လေ့လာတယ်။ စက်မှုတက္ကသိုလ်ရဲ့ စာသင်ခန်းတွေဟာ ရုပ်ရှင်ရုံလို ဟောခန်းမျိုးပါ။ ရှေ့ဆုံးတန်းက ထိုင်ခုံတွေဟာ နိမ့်ပြီး နောက်ဖက်ကို တဖြည်းဖြည်း မြင့်တက်သွားတာမို့ ရှေ့က ကျောင်းသားစာရေးတာ မှတ်တာကို နောက်က ကျောင်းသားက အသေးစိပ် မြင်တွေ့နေနိုင်ပါတယ်။
ကိုတင်ဝင်းဟာ ဆရာစာသင်ချိန်မှာ သေသေချာချာ အာရုံစိုက်နားထောင်တယ်။ သူက ကျောင်းသားအများစုလို Blackboard ပေါ်မှာ ဆရာရေးပြတာကို လိုက်မမှတ်ဘူး။ (အဲဒီအချိန်က Whiteboard မပေါ်သေးပါ)။ ဆရာပြောသွားတဲ့ အကြောင်းအရာတွေထဲက သူနားမလည်တာကို သူ့မှတ်စုမှာ ရေးမှတ်ပြီး (?) တတ်ထားတယ်။ သူက ဆရာပြောတာကို သဘောမတူတဲ့ အချက်ကို မှတ်ပြီး (No) လို့ ဘေးမှာ မှတ်ချက်ရေးလိုက်ပါတယ်။ စာသင်ချိန်တစ်ခုလုံးမှာ သူမှတ်တာ ဒါလေးပါပဲ။ ကျွန်တော်က သူနဲ့ခင်မင်နေလို့ သူသွားရာကို တကောက်ကောက် ပါနေတတ်တယ်။ သူ စာကို ဘယ်လို လေ့လာတယ်ဆိုတာကိုလည်း သိချင်လို့ လိုက်ချောင်းနေတာလည်း ပါတာပေါ့။ သူဟာ စာသင်ချိန်ပြီးတာနဲ့ ကျောင်းကြီးရဲ့ မြေညီထပ်က စာကြည့်တိုက်ထဲကို ၀င်လိုက်တယ်။ အဲဒီအချိန်က စာကြည့်တိုက်ကြီးမှာ ကျောင်းသာတွေ မှီငြမ်းဖတ်လို့ရတဲ့ reference လုပ်လို့ရတဲ့ အင်ဂျင်နီယာဘာသာရပ်ပေါင်းစံ
ကိုတင်ဝင်းဟာ စောစောက ဆရာသင်သွားတဲ့ အချက်တွေထဲက မရှင်းတာတွေ၊ သူ သဘောမတူတာတွေကို reference စာအုပ်တွေထဲမှာ ရှာဖွေမှတ်သားလိုက်တယ်။ သူ တနှစ်လုံး လုပ်တာ ဒါပါပဲ။ တခြားကျောင်းသားတွေလို စာအလွတ်ကျက်တာ၊ စာတွေကို ပြန်ရေးချပြီး မှတ်မိအောင် လုပ်တာတွေ လုံးဝမလုပ်ဘူး။ တကယ်တော့ သူ စာလေ့လာတာ ကျောင်းသားအများစုထက် သာရုံမက ဆရာတွေလောက်နီးနီး တတ်ပါတယ်။ တကယ်တော့ သူ့လိုပုံစံမျိုနဲ့ စာမကြည့်ဘဲ အမြဲတမ်း အတန်းထဲမှာ အဆင့်ထိပ်က ရနေတဲ့ ကျောင်းသားတချို့လည်း ရှိပါသေးတယ်။ စာရှည်မှာစိုးလို့ ရေးမပြတော့ပါ။
ညညဆိုရင် ကျွန်တော့်ဘေးအိမ်က ၈ တန်းကျောင်းသားတစ်ယောက်ဟာ တလမ်းလုံးကြားအောင် စာကို အော်ပြီးကျက်တာကို မြင်တွေ့နေလို့ ဒီစာကို ရေးဖြစ်တာပါ။ ကလေးကို ရှင်းပြချင်ပါတယ်။ သူ စာကို လေ့လာနေတာ မဟုတ်ဘူး။ စာအလွတ်ကျက်လို့ ကျောင်းစာမေးပွဲကို အောင်မြင်နိုင်ပေမယ့် ဘ၀စာမေးပွဲကိုတော့ အလွတ်ကျက်မှတ်နည်းနဲ့ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကိုပါ။ ဒါပေမဲ့ သူ့မိဘတွေက သဘောကျမှာ နားလည်မှာ မဟုတ်လို့ မပြောဖြစ်ပါ။
ဘ၀မှာ အောင်မြင်နေသူတွေဟာ ကျောင်းစာကို အလွတ်ကျက်ပြီး အောင်မြင်လာသူတွေဟာ မဟုတ်ကြပါဘူး။ ဘ၀မှာ ထူးချွန်သူတွေဟာ ဆရာသင်သမျှကို အသေမမှတ်တတ်ကြဘူး။ ဆရာကို မေးခွန်း ပြန်ထုတ်တတ်ကြတယ်။ ဆရာက ရှင်းမပြရင် ဒါမှမဟုတ် ဆရာရှင်းပြတာကို သူ မကျေနပ်ရင် တခြားသူတွေကို မေးတယ်။ မေးစရာလူ မရှိရင် စာကြည့်တိုက်သွားပြီး စာအုပ်ရှာဖတ်တယ်။ အဲဒီအကြောင်းကို အပြန်ပြန်အလှန်လှန် စဉ်းစားနေတတ်တယ်။ (အဲ ဒါပေမဲ့ ဒီစာပိုဒ်က ဒီနိုင်ငံမှာ မဟုတ်ဘူး၊ နိုင်ငံခြားမှာပါ)။
ဗန်းမော်သိန်းဖေ
၁၉-၀၆-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။