ပန်းချီတော်ဆရာချုံ
ဆရာချုံကို အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၆၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ မြင်ကွန်းမြင်းခုံတိုင် ညီနောင်က မင်းတုန်းမင်းကြီးကို ပုန်ကန်တဲ့ အရေးအခင်းကြောင့် ဟိုရွှေ့ဒီပြောင်း ပုန်းရှောင် နေရတဲ့ ကာလမှာ မောင်ချုံကို ဖွားမြင်ခဲ့တယ်။ ချုံတော၊ ယာတော အတွင်းမှာ ပုန်းခိုရင်း မွေးဖွားလာခဲ့ရတဲ့အတွက် ပထမ မောင်ယာချုံ လို့ အမည်ပေးခဲ့တယ်။ မောင်စံချုံ လို့လည်းခေါ်ကြတယ်၊ နောက်ပိုင်း မောင်ချုံ အမည်သည် ရွှေနန်းတော်အထိတွင်ခဲလေ့သည် ။ ငယ်စဉ်ဘုန်းကြီကျောင်းသားဘ ဝကတည်းက ပန်းချီကို ဝါသနာထက်သန်ခဲ့ပြီး စပ်ပန်းချီပညာကိုအခြေခံမှစ သင်ယူခဲ့သည်။ အသက် (၁၄) နှစ် မှာတော့ ပန်းချီတော် ဦးကြာညွန့်ရဲ့သား ဆရာစာ ထံမှာ တပည့်ခံရင်းနဲ့ပန်းချီပညာသင်ခဲ့တယ် ပုရပိုက်အနက်မှာ ကန့်ကူဆံဖြင့်အကြိမ်ကြိမ်ကောက်ကြောင်းနိုင်အောင်အသားကျအောင်လေ့ကျင်ရေ့းဆွဲခဲ့
ရတယ် ။ ခြူး ကနုတ် အတွက် မှန်ကူ၊ စိန်တောင်၊ ရွက်ခေါက်၊
ရွက်လိပ်၊မုတ်ထောင်၊ သဇင်ခွေ၊ ပွင်ကပ် စသည့်ပုံစံမျိုးစုံကို မျဥ်းအထူ
အပါးတို့ဖြင့် ပိုင်နိုင်အောင်သင်ကြားခဲ့ ရသည်။
ရောင်စုံဆေးဖျော်နည်း အတတ်၊ စုတ်တန်လုပ်နည်းပညာ၊
ေ ရွှဇဝါရေးနည်းတို့ကိုအခြေခံမှစပိုင်နိုင်စွာသင်ယူတတ်မြောက်ခဲ့သည်။
မင်းတုန်းမင်းလက်ထက်
အမှုထမ်းခဲ့တဲ့ ပန်းချီတော် ဦးကြာညွန့်ဟာခရစ်နှစ် ၁၈၇၈ ခု၊ သီပေါမင်း
နန်းတက်အပြီး နှစ်နှစ်ခန့်အကြာမှာ ကွယ်လွန်ခဲ့လို့ သီပေါမင်းက
ဦးကြာညွန့်ရဲ့သားဖြစ်သူ ဆရာစာကို ဆက်လက်ခန့်အပ်ခဲ့တယ်။ ဆရာစာ
မျက်စိကွယ်ပြီး အနားယူတော့ ဆရာချုံ ပန်းချီတော်အဖြစ် ခန့်အပ်ခြင်း
ခံခဲ့ရတယ်။
ခရစ် ၁၈၈၃ ခုနှစ် ၊ ဆရာချုံ အသက် (၁၇) နှစ်သား အရွယ်မှာ နန်းတွင်းပန်းချီတော် ဖြစ်လာခဲ့တယ်။
ဆရာချုံ ပန်းချီတော် ဖြစ်ချိန် နန်းတွင်းမှာ အီတာလျံ ပန်းချီဆရာ နှစ်ဦးကိုလည်း ခေတ္တ ခန့်ထားခဲ့တာကြောင့် ဆရာချုံဟာ အဲ့ဒီ အီတာလျံ ပန်းချီဆရာတွေနဲ့အပြန်အလှန်
ပန်းချီပညာချင်း ဖလှယ်ခွင့်ရခဲ့တယ်။ ပန်းချီတော်အဖြစ် အမှုထမ်းရာမှာ
လစာတော်ငွေ အဖြစ် (၃၅) ကျပ် ရတယ်။ဆရာချုံ နန်းတွင်းကို
ပန်းချီတော်အဖြစ်ရောက်ချိန် မှာ
ပုံတူ ရေးခြယ်မှု ခေတ်စားလျက်ရှိတယ်။ ဦးကြာညွန့် ရှိစဉ်က
ကြိုးစားရေးခြယ်ခဲ့တဲ့ ပုံတူဆွဲနည်း စနစ်ဟာ အရှိန်ရစ ပြုလာတဲ့ အချိန်ပါ။
ခဲ၊ ဆေးရောင်စုံတို့ဖြင့် မင်း၊ မှူးမတ်တို့ရဲ့ ပုံတူများကို
ရေးခြယ်လာခဲ့ရာမှ ထေရ်ကြီးဝါကြီး ရဟန်းတော်ပုံတူများ
အရပ်သူအရပ်သားတို့ပုံတူများအထိ ရေးရိုးရေးစဉ် မြန်မာ့ပန်းချီမှာ ပုံတူရေးခြယ်ခြင်း နည်းဟာ တစ်ကဏ္ဍအဖြစ် အမြစ်တွယ်လာခဲ့ရတယ်။
ဆရာချုံတို့ခေတ်က ပုရပိုက် ပန်းချီတွေသာမက ပိတ်၊ စက္ကူနဲ့ ပိုးဖဲ စတဲ့ ဖျင်များပေါ်မှာ ဆင်ရုပ် ရေးခြယ်မှု ခေတ်စားခဲ့ပါတယ်။ ဆင်ရုပ်ပုံကို အလှအပ အတွက်သာမက စေ့စပ် လမ်းကြောင်းပြုတဲ့ အခါမှာလည်း သားရှင်က သမီးရှင်ထံ ဆင်ရုပ်ပန်းချီကားကို လက်ဆောင်အဖြစ် ပေးပို့လေ့ ရှိပါတယ်။ အဓိပ္ပါယ်က ဆင်လိုကြံ့ခိုင်ပြီး ထားသော ကတိကို တည်ပါမည့်အကြောင်းဖြစ်သည်။
ကနုတ်၊ နာရီ၊ ကပီ၊ ကဇာ လို့ ခေါ်တဲ့ ရှေးရိုးမြန်မာပန်းချီ လေးမျိုးမှာ ဂဇာလို့ ခေါ်တဲ့ ဆင်ရုပ်ရေးနည်းဟာ ရှေးမြန်မာပန်းချီဆရာတွေ အစဉ်တစိုက်လေ့လာလိုက်စားခဲ့ တဲ့ ရေးနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။
တရုတ်နဲ့ ဂျပန်ပန်းချီနယ်ပယ်မှာ ၁၄ ရာစု နောက်ပိုင်းကစပြီး ထွန်းကားလာခဲ့တဲ့ “၄၅ဒီဂရီ အပေါ်စီးမြင်ကွင်ကျယ်ရေးနည်း ”
စနစ်ကို ရှေးမြန်မာ ပန်းချီ၊ ပန်းပု ဆရာကြီးတွေက နတ်အမြင် “နတ်ကြည့်’’
ရေးနည်းလို့ ခေါ်ဝေါ်ကြပြီး ဒီရေးနည်းကို ၁၈ ရာစု မြန်မာ ပန်းချီလောကမှာ
ကြိုကြားကြိုကြား တွေ့မြင်လာရတယ်။ ဒီလက်ရာတွေကို ပန်းချီတော် ဦးကြာညွန့်ရဲ့
လက်ရာပုရပိုက် ပန်းချီတွေမှာ အများဆုံးတွေ့မြင်ရပြီး ဆရာစာ၊ ဆရာချုံ တို့က
ဆက်လက်ကြိုးပမ်းခဲ့လို့ တစ်စတစ်စ အောင်မြင်ခဲ့တယ် ။
မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ပါတော်မူတဲနေ့ကို ဆရာချုံမျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ဒီ့နောက်ပိုင်းကာလတွေမှာ ဆရာချုံဟာ ဟိုပြောင်းဒီရွှေ့နေထိုင် ခဲ့ရပါတယ်။ဆွေမျိုးရှိရာ အင်းဝ၊ ပခုက္ကူ၊ရေစကြိုပေါက်တော စသဖြင့် ဟိုပြေးဒီပြေးနှင့်ဇနီးသည် ဆုံးပါးခဲ့ရတယ်၊ လူမမယ် သားနှစ်ယောက်နဲ့သမီးနှစ်ယော က်ရဲ့ဝန်ကိုလည်းခက်ခက်ခဲခဲထ မ်းခဲ့ရပါတယ်။
အင်္ဂလိပ်တွေက ဆရာချုံကို မသင်္ကာမှုနဲ့ ထောင် (၃) လ ချခံခဲ့ရတယ်။ ဒီနောက်မှာ ကာနယ်ဆလေဒင်က ဆရာချုံရဲ့ ပန်းချီပညာကို နှစ်သက်တဲ့အတွက် သူ့ထံမှာ အမှုထမ်းဖို့ ခေါ်ခဲ့ဖူးပေမယ့်လည်း ဆရာချုံဟာ တိုင်းတစ်ပါးသားတို့ရဲ့လက်ေ အာက်မှာ အမှုမထမ်းဟုဆုံးဖြတ်ခဲ့သည် ထိုအခွင့်အရေးကို မယူခဲပေ့။
သူ့ကျွန်ဘဝ တွင်ဆရာချုံဟာ နောက်လာနောက်သားများ အမှတ်တရနှင့် ဇာတိမာန် တက်စေရန် အရှင်နှစ်ပါး ပါတော်မူပုံကို ရေးဆွဲခဲ့ပါတယ်။ လယ်ထွန်မင်္ဂလာ သဘင်ကိုလည်း ပြန်လည် ရေးဆွဲခဲ့တယ်။ နန်းတွင်း မင်း၊ မှူးမတ်တို့ သွားလာ နေထိုင်ခဲ့ကြပုံမှတ်တမ်းတွေ ကိုလည်း
ရေးဆွဲခဲ့တယ်။ နောက်ပိုင်း ဆရာချုံဟာ ပိတ်တွေကို လက်မ ၂ဝ ပတ်လည်အရွယ်
သစ်သားတွင်ဘောင်ကျက်ပြီး ပုံတူရှုခင်း၊ နန်းမြို့ရိုး ဘုရားပုထိုးနဲ့
ဇာတ်နိပါတ်တွေကို ရေးဆွဲကာ ပန်းချီကား နှစ်ဆယ် အစိတ်လောက်ဖြင့်
ဘုန်းကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံ တလားကြီးလောင်တိုက်စသည်တို့တွင်
ချိတ်ဆွဲပြီး ပြသ ရောင်းချခဲ့တယ်။ ၁၉၈ဝ ပြည့်နှစ်လောက်မှာ ဆရာချုံဟာ
အဲ့ဒီလို တီထွင် ပြသခဲ့ခြင်း ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံး
ပြသတဲ့ ပန်းချီပြပွဲလို့ ဆိုနိုင်ပါတယ်။
ဆရာတော်ဥူးတိဿ စာပေးပို့ခေါ်ယူခဲ့လို့ အောက်ပြည်အောက်ရပ် မအူပင်မြို့နယ်၊မလက်တိုကျေးရွာလေးကို သားအဖတတွေ စုန်ဆင်းခဲ့ကြတယ်။ ကူကုံးကျောင်းတိုက် မလက်တိုရွာလေးတွင်ဆရာချုံ နေထိုင်ခဲ့သည်၊ မလက်တိုသူဒေါ်ငွေခင်နှင့် ဒုတိယအိမ်ထောင်ဆက်ခဲ့သည်။
၁၉၁၁ ခုနှစ် နောက်ပိုင်းမှာ ဆရာချုံတို့မိသားစု ရန်ကုန်ကို ပြောင်းရွှေ့ခဲ့တယ်။ ရုပ်ရှင်ပိုစတာများစမ်းသပ်ရေးဆွဲခဲ့ရာ အထုးနာမည်ရခဲ့သည် ။ ကျားပုံ၊ဆင်ပုံရေးရာတွင်ေ ကာင်းမွန်လှသဖြင်
့အိန်အန်ထောင်ကနားဆေးတိုက် သူဋ္ဌေးကိုယ်တိုင် လာရောက်ပြီး ဆရာချုံ၏ထံတွင်
ကျားတံဆိပ်ဆေးကြော်ငြာများ အပ်နှံရာမှ ကျားသူဌေးနှင့်ဆက်သွယ်မိကာ ဆရာချုံ
စာဝတ်နေရေးအဆင်ပြေခဲ့သည်။
ဆရာချုံကား အသားလတ်လတ်၊ အရပ် မနိမ့်မမြင့် အလွန်ရည်မွန်၍ သိမ်မွေ့ပုံရသည်။ ဆေးပေါ့လိပ် ကြိုက်သည်။ အဂ္ဂိရိတ် ဝါသနာထုံသည်။ သူ့ကျေးဇူးကို သိတတ်သည်။ စည်းကမ်းကြီးသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းသည်။ ရှေးအခါက ရောင်နောက်တွဲ ထုံးလေ့ရှိပြီး ရန်ကုန်ရောက်ခါမှ ကတုံးတုံးကြောင်း သိရသည်။ပန်းချီရေးဆွဲလျှင် သီချင်းကလေး တညည်းညည်းဖြင့် ရေးဆွဲလေ့ ရှိသည်။ ပညာကို ဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလာလျှင် ကျကျနန သင်ကြားပြသပေးလေ့ ရှိသည်။ နေမှု၊ ထိုင်မှု၊ ဝတ်စားဆင်ယင်မှုတွင် အလွန် မြန်မာဆန်သည်။
ဦးမင်းနိုင်၏ ပန်းချီတော်ဆရာချုံမှ
ဆရာချုံကို အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၆၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ မြင်ကွန်းမြင်းခုံတိုင် ညီနောင်က မင်းတုန်းမင်းကြီးကို ပုန်ကန်တဲ့ အရေးအခင်းကြောင့် ဟိုရွှေ့ဒီပြောင်း ပုန်းရှောင် နေရတဲ့ ကာလမှာ မောင်ချုံကို ဖွားမြင်ခဲ့တယ်။ ချုံတော၊ ယာတော အတွင်းမှာ ပုန်းခိုရင်း မွေးဖွားလာခဲ့ရတဲ့အတွက် ပထမ မောင်ယာချုံ လို့ အမည်ပေးခဲ့တယ်။ မောင်စံချုံ လို့လည်းခေါ်ကြတယ်၊ နောက်ပိုင်း မောင်ချုံ အမည်သည် ရွှေနန်းတော်အထိတွင်ခဲလေ့သည်
ရောင်စုံဆေးဖျော်နည်း အတတ်၊ စုတ်တန်လုပ်နည်းပညာ၊
ေ ရွှဇဝါရေးနည်းတို့ကိုအခြေခ
ခရစ် ၁၈၈၃ ခုနှစ် ၊ ဆရာချုံ အသက် (၁၇) နှစ်သား အရွယ်မှာ နန်းတွင်းပန်းချီတော် ဖြစ်လာခဲ့တယ်။
ဆရာချုံ ပန်းချီတော် ဖြစ်ချိန် နန်းတွင်းမှာ အီတာလျံ ပန်းချီဆရာ နှစ်ဦးကိုလည်း ခေတ္တ ခန့်ထားခဲ့တာကြောင့် ဆရာချုံဟာ အဲ့ဒီ အီတာလျံ ပန်းချီဆရာတွေနဲ့အပြန်အလှန်
ဆရာချုံတို့ခေတ်က ပုရပိုက် ပန်းချီတွေသာမက ပိတ်၊ စက္ကူနဲ့ ပိုးဖဲ စတဲ့ ဖျင်များပေါ်မှာ ဆင်ရုပ် ရေးခြယ်မှု ခေတ်စားခဲ့ပါတယ်။ ဆင်ရုပ်ပုံကို အလှအပ အတွက်သာမက စေ့စပ် လမ်းကြောင်းပြုတဲ့ အခါမှာလည်း သားရှင်က သမီးရှင်ထံ ဆင်ရုပ်ပန်းချီကားကို လက်ဆောင်အဖြစ် ပေးပို့လေ့ ရှိပါတယ်။ အဓိပ္ပါယ်က ဆင်လိုကြံ့ခိုင်ပြီး ထားသော ကတိကို တည်ပါမည့်အကြောင်းဖြစ်သည်။
ကနုတ်၊ နာရီ၊ ကပီ၊ ကဇာ လို့ ခေါ်တဲ့ ရှေးရိုးမြန်မာပန်းချီ လေးမျိုးမှာ ဂဇာလို့ ခေါ်တဲ့ ဆင်ရုပ်ရေးနည်းဟာ ရှေးမြန်မာပန်းချီဆရာတွေ အစဉ်တစိုက်လေ့လာလိုက်စားခဲ့
တရုတ်နဲ့ ဂျပန်ပန်းချီနယ်ပယ်မှာ ၁၄ ရာစု နောက်ပိုင်းကစပြီး ထွန်းကားလာခဲ့တဲ့ “၄၅ဒီဂရီ အပေါ်စီးမြင်ကွင်ကျယ်ရေးနည်း
မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ပါတော်မူတဲနေ့ကို ဆရာချုံမျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ဒီ့နောက်ပိုင်းကာလတွေမှာ ဆရာချုံဟာ ဟိုပြောင်းဒီရွှေ့နေထိုင် ခဲ့ရပါတယ်။ဆွေမျိုးရှိရာ အင်းဝ၊ ပခုက္ကူ၊ရေစကြိုပေါက်တော စသဖြင့် ဟိုပြေးဒီပြေးနှင့်ဇနီးသည်
အင်္ဂလိပ်တွေက ဆရာချုံကို မသင်္ကာမှုနဲ့ ထောင် (၃) လ ချခံခဲ့ရတယ်။ ဒီနောက်မှာ ကာနယ်ဆလေဒင်က ဆရာချုံရဲ့ ပန်းချီပညာကို နှစ်သက်တဲ့အတွက် သူ့ထံမှာ အမှုထမ်းဖို့ ခေါ်ခဲ့ဖူးပေမယ့်လည်း ဆရာချုံဟာ တိုင်းတစ်ပါးသားတို့ရဲ့လက်ေ
သူ့ကျွန်ဘဝ တွင်ဆရာချုံဟာ နောက်လာနောက်သားများ အမှတ်တရနှင့် ဇာတိမာန် တက်စေရန် အရှင်နှစ်ပါး ပါတော်မူပုံကို ရေးဆွဲခဲ့ပါတယ်။ လယ်ထွန်မင်္ဂလာ သဘင်ကိုလည်း ပြန်လည် ရေးဆွဲခဲ့တယ်။ နန်းတွင်း မင်း၊ မှူးမတ်တို့ သွားလာ နေထိုင်ခဲ့ကြပုံမှတ်တမ်းတွေ
ဆရာတော်ဥူးတိဿ စာပေးပို့ခေါ်ယူခဲ့လို့ အောက်ပြည်အောက်ရပ် မအူပင်မြို့နယ်၊မလက်တိုကျေ
၁၉၁၁ ခုနှစ် နောက်ပိုင်းမှာ ဆရာချုံတို့မိသားစု ရန်ကုန်ကို ပြောင်းရွှေ့ခဲ့တယ်။ ရုပ်ရှင်ပိုစတာများစမ်းသပ
ဆရာချုံကား အသားလတ်လတ်၊ အရပ် မနိမ့်မမြင့် အလွန်ရည်မွန်၍ သိမ်မွေ့ပုံရသည်။ ဆေးပေါ့လိပ် ကြိုက်သည်။ အဂ္ဂိရိတ် ဝါသနာထုံသည်။ သူ့ကျေးဇူးကို သိတတ်သည်။ စည်းကမ်းကြီးသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းသည်။ ရှေးအခါက ရောင်နောက်တွဲ ထုံးလေ့ရှိပြီး ရန်ကုန်ရောက်ခါမှ ကတုံးတုံးကြောင်း သိရသည်။ပန်းချီရေးဆွဲလျှင် သီချင်းကလေး တညည်းညည်းဖြင့် ရေးဆွဲလေ့ ရှိသည်။ ပညာကို ဝှက်၍ မထားတတ်၊ မသိနားမလည်၍ တပည့်ခံလာလျှင် ကျကျနန သင်ကြားပြသပေးလေ့ ရှိသည်။ နေမှု၊ ထိုင်မှု၊ ဝတ်စားဆင်ယင်မှုတွင် အလွန် မြန်မာဆန်သည်။
ဦးမင်းနိုင်၏ ပန်းချီတော်ဆရာချုံမှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။