Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 27, 2013

"မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းနှင့် ရှေ့အလားအလာ"ပထမပိုင်း

 
December 27, 2013 at 8:44am
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် သောကြာနေ့ထုတ် ရန်ကုန်တိုင်း (မ) သတင်းစာပါ ကျွန်တော့်ရဲ့ အခန်းဆက်ဆောင်းပါး "မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းနှင့် ရှေ့အလားအလာ" ပထမပိုင်းကို အားလုံးဖတ်ရအောင် ဒီနေရာကနေ မျှဝေပေးလိုက်ပါတယ်။

အားလုံးကိုလေးစားလျက်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)


၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ တွင် တက်လာသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာပါသည်ဟု ကြွေးကြော်ရင်း ဆင်းရဲမှုတိုက်ဖျက်ရေး အစည်းအဝေးကို နေပြည်တော်တွင် စက်တင်ဘာလက ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ခေါ်၍ တက်ရောက်စေခဲ့ပါသည်။ ဒေါ်အောင် ဆန်းစုကြည်မှ မြန်မာနိုင်ငံသည် ပြောင်းလဲနိုင်သော အခြေအနေသို့ ရောက်နေပြီဟု ယုံကြည်ကြောင်း ကမ္ဘာ့ဒီမိုကရေစီနေ့တွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကြာသေးခင်က ပဲခူးတိုင်း သာယာဝတီမြို့တွင် ပြည်သူများကို မိန့်ခွန်းပြောကြားရာ၌ နိုင်ငံတော် တည်ငြိမ်ရေးအတွက် အခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်ကြောင်း ဟောပြောခဲ့သလို အကယ်၍ မပြင်လျှင် ဘာဆက်လုပ်ရမည်လဲဟု မေးမြန်းမှုကိုအချိန်ကျလျှင်အသိ ပေးမည်ဖြစ်ကြောင်း သို့ရာတွင် တိုင်းပြည် နစ်နာအောင်ပြုလုပ်မည်တော့ မဟုတ်ကြောင်း ဖြေကြားသွားခဲ့သည်။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ ဒီမိုကရေစီ စနစ်ဆီသို့ စစ်အာဏာရှင်ချပေးသောလမ်းကြောင်းဖြင့် နှစ်ရှည်လများစွာ တစ်ဝက်တစ်ပျက် ဒီမိုကရေစီဖြင့် တရွေ့ရွေ့ဖင်ဒရွတ်ဆွဲ သွားနေမည်လော။ လူမှုတော်လှန်ရေးဖြစ်ပြီးမှ ဒီမိုကရေစီစနစ်သို့  ပြောင်းသွားမည် လော။ စောင့်ကြည့်ရမည့် အချိန်သည် မဝေးတော့ဟု ထင်သည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေအနေ အချိန်အခါလိုက်ပြီး သင့်တော်လျောက်ပတ်သည့်ပုံစံကို ပြောင်းလဲနိုင်ဖို့ လိုကြောင်း တချို့ကလည်း ပုံစံမပြောင်းနိုင်ဘဲ ဒီအခြေအနေပဲ ဒီပုံစံ၊ ဟိုအခြေအနေလဲ ဒီပုံစံပဲ ဖြစ်နေခြင်းသည် ဆင်ခြင်သုံးသပ်နိုင်သည့် အရည်အချင်း အားနည်းသည်ဟု ပြောရမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည် အတိုက်အခံများဘက်မှ နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင် ပြောင်းသလို ရွှေ့နိုင်ပြောင်းနိုင်ရမည် (Flexible) တိုးလွယ်ဆုတ်လွယ်ကစားနိုင်ရမည်ဟု ဆိုလိုဟန်ရှိသည်။

ယခင်နှစ်များက ဒေါ်စု၏မိန့်ခွန်းများတွင် အောက်ပါ အချက် (၆) ချက်ကို မှတ်သားစရာများ၊ သတိပြုစရာများ အဖြစ် မှတ်သားထားမိသည်-
  1. ခိုင်မာသော ဒီမိုကရေစီအဆောက်အဦတွေ တည်ဆောက်ဖို့။ 
  2. စိတ်ဓာတ်တွေကို ဒီမိုကရေစီစနစ်နှင့် ထိုက်တန်အောင် လုပ်ရမည်။ မထိုက်တန်သည့်စိတ်တွေကို တော်လှန်ပစ်ရမည်။ 
  3. ဒီမိုကရေစီ၏လက္ခဏာသည် အစိုးရအပြောင်းအလဲလုပ်သည့်နေရာတွင် ညင်သာစွာ ပြောင်းလဲခြင်း၊ သိက္ခာရှိစွာ ပြောင်းလဲခြင်းနှင့် ငြိမ်းချမ်းစွာ ပြောင်းလဲခြင်းတို့ပင် ဖြစ်သည်။ 
  4. လူတိုင်း မိမိကို လေးစားသည့်၊ တန်ဖိုးထားသည့် လူရာသွင်းသည့်စနစ်ကို လိုလားမှာဖြစ်သည်။ ဘယ်သူမှ မိမိကို တန်ဖိုးမထားသည့်စနစ်ကို လိုလားမည် မဟုတ်။ 
  5. “တာဝန်အရလုပ်ရပါတယ်” ဆိုသည့် နေရာတွင် ဆင်ခြင်တုံတရားနှင့် အများကြီးဆိုင်ကြောင်း၊ အဓိပ္ပါယ်မှာ လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လူအများစုကို နစ်နာစေသည့် တာဝန်ကို ပေးအပ်လျှင် ဆင်ခြင်တုံတရားဖြင့် စဉ်းစားပြီး လုပ်သင့် မလုပ်သင့် စဉ်းစားဖို့လိုကြောင်း ပြောကြားခြင်းဟု ယူဆသည်။ 
  6. လူကြီးများကကလေးများကို အတင်းအကြပ်ပုံစံသွင်းခြင်းသည် မသင့်လျော်၊ ကလေးလူငယ်များ တွင်လည်း သူ့ဟာသူ ဆင်ခြင်ပိုင်ခွင့်ရှိရမည်။ 
ဆိုသည့်အချက် ၆ ချက်ကို အဓိကထား ပြောကြားသွားခဲ့သည်ကို တွေ့ရှိရပေသည်။

(၁) ခိုင်မာသည့် ဒီမိုကရေစီအဆောက်အဦများ တည်ဆေက်မှု
ခိုင်မာသည့် ဒီမိုကရေစီ အဆောက်အဦးများ တည်ဆောက်မှု ဆိုသည်မှာ လွတ်လပ်သော လူ့ဘောင် အဖွဲ့အစည်းများကို ပြုစုပျိုးထောင်ပေးခြင်းအပေါ်တွင် မူတည်သည်။ (Civil Society) လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ နိုင်ငံတစ်ခုတွင် လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရလျှင် ထိုအဖွဲ့အစည်းများက မိမိတို့ လူထုလူတန်းစားများအကျိုးကို ကာကွယ်ရင်း မတရားမှုများကို  ဆန့်ကျင်ခြင်း၊ တိုင်းပြည်၏လိုအပ် ချက်များကို ပခုံးထမ်းဆောင်ရွက်ရင်းဖြင့် အစိုးရအဖွဲ့အစည်းများ၏ အာဏာအလွန်အကျွံသုံးစွဲမှု မဖြစ်ရန် ဟန့်တားရင်း တရားဥပဒေစိုးမိုးရေကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်သဖြင့် တရားရေးမဏ္ဍိုင်ခိုင်မာလာပြီး၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေဘောင်အတွင်းမှ ကာကွယ်လာနိုင်ပြီး လူ့ အခွင့်အရေး ပြည့်ဝသော နိုင်ငံအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ ထို့အတူ ရရှိပြီးသော ဒီမိုကရေစီ စနစ်ကိုလည်း မပျောက်ပျက်စေရန် ဝိုင်းဝန်းကာကွယ်နိုင်ပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် (Civil Society) လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းတွင်ပါဝင်သည့် အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ တောင်သူလယ်သမား အစည်းအရုံးများ၊ စာဖတ်အသင်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ သတင်းစာနယ်ဇင်းများ၊ ဘာသာရေးအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်၊ မိမိအဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များ၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကို ကာကွယ်နိုင်ခွင့်သည် လွန်စွာမှ အရေးကြီးသည်။ ထိုအဖွဲ့ အစည်းများ အားကောင်းလာစေရန် ဒီမိုကရေစီနည်းကျ အစိုးရများက အားပေးသည်။ ထောက်ပံ့သည်။ တရားဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးသည်။ ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်မဖြစ် သိနိုင်ရန် လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ခွင့် ရှိ မရှိ၊ ရှိနေသာ အဖွဲ့အစည်းများ လှုပ်ရှားနိုင်ခွင့် ရှိ မရှိ၊ လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့် ရှိမရှိဖြင့် တိုင်းတာယူနိုင်ပေသည်။

(၂) ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်သော စိတ်ဓာတ်
ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်သော စိတ်ဓာတ်ဆိုသည်မှာ အများသဘောကို လိုက်လျောခြင်း၊ လူနည်းစု သဘောကို လေစားခြင်းပင် ဖြစ်သည်။ မိမိရှုံသည့်အခါ အသာတကြည် အပြုံးမပျက် လက်ခံနိုင်သည့် ရင့်ကျက်မှုရှိပြီး မိမိနိုင်သည့်အခါတွင်လည်း ရှုံးသူကို နိုင်ထက်စီးနင်းမပြုဘဲ မေတ္တာတရားဖြင့် ဆက်ဆံနိုင် ရမည်။ ဒေါ်စု၏မေတ္တာတရားထားခြင်းကို မြန်မာနိုင်ငံက စံပြအဖြစ် ပြုသင့်သည်ဟုမြင်သည်။ ယနေ့ စစ်အာဏာရှင် အသွင်ပြောင်း အရပ်သားအစိုးရသည် ပြည်သူမထောက်ခံဘဲ အာဏာယူထားသည့် အစိုးရ ဖြစ်သည်။ ထို့အတွက် ရှုံးနိမ့်လျှင် အတိုက်အခံတို့မှ ပြစ်ဒဏ်ခတ်လာမည်ကို စိုးကြောက်နေခြင်းကို ဒေါ်စုက မေတ္တာတရားရှေ့ထားပြီး သင်ပုန်းခြေနိုင်ပါသည်ဟု ဆိုလိုခြင်းဖြစ်သည်ဟု ကောက်ချက်ချမိသည်။ ထို့ပြင် ရှုံးသူကလည်း နိုင်သွားသူနှင့် တိုင်းပြည်အကျိုးကို ရှေးရှုပြီး ပူးပေါင်းလုပ်နိုင်ရမည်ဟု ဆိုလိုကြောင်း သဘော ပေါက်သည်။

(၃) ဒီမိုကရေစီ လက္ခဏာ
ဒေါ်စုက အစိုးရအပြောင်းအလဲကို ညင်သာသောနည်း၊ သိက္ခာရှိရှိ ငြိမ်းချမ်းစွာ ဖြစ်စေလိုသည်ဟု ဆိုသည်။ ထိုသို့ ပြောင်းလဲခြင်းသည် ဒီမိုကရေစီ၏ ကောင်းမြတ်သောလက္ခဏာတစ်ရပ်ဟု မီးမောင်းထိုးပြသည်။ ထိုအချက်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ NLD ပါတီအား အာဏာပေးအပ်ရန် စစ်အစိုးရမှ ငြင်းပယ်ခဲ့ခြင်းသည် ဒီမိုကရေစီလက္ခဏာ မဆောင်၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီ လက္ခဏာဆောင်ဖို့ လိုသည်။ NLD သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်အားယူနိုင်ဖို့ လိုသည်ဟု ရည်ရွယ်ပြီး ပြောဟန်ရှိသည်။ ဦးသိန်းစိန်အစိုးရကိုလည်း ဒီမိုကရေစီနိုင်ငံ အမှန်တကယ် ပေါ်ပေါက်လာ စေချင်လျှင် ညင်သာစွာ ပြောင်းလဲမှုဖြစ်သည့် ရွေးကောက်ပွဲရလာဒ်ကို လေးစားလိုက်နာဖို့လိုကြောင်း ကြိုတင် အသိပေးထားခြင်းလည်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။ NLD ပါတီဝင်များကိုလည်း နိုင်ငံရေး အခင်းအကျင်းပြောင်းလျှင် ပြောင်းသလို ကစားနိုင်ရမည်၊ ပုံစံပြောင်းနိုင်ရမည်ဟု အသိပေးလိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်သည်။ ၂၀၀၈ အခြေခံဥပဒေကို NLD က လက်မခံသော်လည်း ပြောင်းလဲ လာသော နိုင်ငံရေးအခင်းအကျင်းအရ ၂၀၀၈ အခြေခံဥပဒေကို ဒီမိုကရေစီနည်းနှင့် ကိုက်ညီလာရန် လူထုအားကိုယူ၍ ပြင်ဆင်ပြီး ရွေးကောက်ပွဲဝင်ကာ အာဏာရယူရေးကို စဉ်းစားနေသည်ဟု ထင်သည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ဒေါ်စုကို သမ္မတ မဖြစ်နိုင်စေရန် ကန့်ထားခြင်းကို ပယ်ဖျက် ရဲမရဲ သေနတ်ကိုင်ထားသော စစ်ဗိုလ်ချုပ်များ လာမည့်နှစ်တွင် သူတို့သည် အာဏာမက်သူများ မဟုတ်ကြောင်း ပြည်သူက ရွေးကောက် တင်မြှောက်သူကို လက်ခံရဲသူများ ဖြစ် မဖြစ်ကို ဆုံးဖြတ်ကြရတော့မည်ဖြစ်သည်။

(၄) ဒီမိုကရေစီစနစ်ကို လူတိုင်းလိုလားသည်
လူတိုင်းဒီမိုကရေစီစနစ်ကို လိုလားသည်ဟု ဒေါ်စုပြောကြားသွားခဲ့သည်။ “လူတိုင်း မိမိကို လေးစားတဲ့စနစ်၊ လူရာသွင်းတဲ့စနစ်ကို လိုလားမှာဖြစ်တယ်” ဟု ပြောဆိုချက်သည် ယေဘူယျအနေနှင့် မှန်ကန်သော်လည်း စစ်အာဏာရှင်များ ဘက်မှ ကြည့်လျှင် မမှန်နိုင်ဟုမြင်သည်။ စစ်အာဏာရှင်များအတွက် ၎င်းတို့ ပြုစုပျိုးထောင်ထားသော စနစ်သည်၊ ၎င်းတို့အတွက် မှန်နေသည့်သဘောဖြစ်သည်။ အာဏာရှင်ဘဝဖြင့် လုပ်ချင်တာလုပ်ခွင့်ရသည်။ မိမိပတ်ဝန်းကျင်က မိမိကို လူရာထားသည်၊ ရိုသေသည်၊ ကြောက်ရွံ့လေးစားကြသည်၊ လက်ညှိုးညွှန်ရာ ရေဖြစ်သည့် ဘဝဖြစ်သည်။ သို့ရာတွင် ၎င်းတို့ဘဝသည် လူထုကြီး၏ လေးစားမှုကို မရသောဘဝ၊ လူထုနှင့် ကင်းကွာပြီး အစောင့်အထပ်ထပ်ကြားမှာ နေရသော ဘဝဖြစ်သည်။ ထိုကြောင့် အာဏာရှိပြီး လူမုန်းခံနေရသည့်ဘဝ၊ လူထုယုံကြည်မှုမရှိဘဲ လူကြားမတိုးရဲသည့် ဘဝဖြစ်သည်။ ထိုဘဝမှ ရုန်းထွက်ရဲသည့် အနေအထား အာဏာယူထားသူများ တွင်ရှိနေပြီလား၊ အာဏာ အလွန်အကြွံသုံးစွဲခဲ့မိခြင်းကြောင့် မှားယွင်းခဲ့သည်များကို သတ္တိရှိရှိပြန်လည် တောင်းပန်ရဲ သည့်စိတ်ဓါတ်၊ တိုင်းပြည်ကောင်းကျိုးကို ရှေးရှူ၍ မိမိအမှားကို ဝန်ခံရဲသည့်စိတ်ရှိနေပြီလား သို့မဟုတ် အာဏာလက်လွှတ်ရမည်ကို စိုးသဖြင့်လည်းကောင်း၊ မိမိမတော်မတရားအာဏာသုံး၍ ရယူထားသည့် စည်းစိမ်ဥစ္စာများနှင့် အာဏာ၏အရသာတွင် သာယာနေပြီး အာဏာကိုမထိခိုက်နိုင်သည့် အပေါ်ယံ အပြောင်းအလဲများကိုသာ ပြောင်းလဲခွင့်ပေး၍ အချိုသပ်ပြီး ဆင်ကြံကြံ နေကြသလားဟု အထူးလေ့လာ သင့်သည်။

(၅) တာဝန်အရလုပ်ခြင်း
တာဝန်အရလုပ်ရပါသည်ဟု ပြောပြီး အပြစ်မဲ့သူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ညှုင်းပန်းခြင်း၊ ဒီမိုကရေစီ လိုလားသူများကို နည်းမျိုးစုံနှင့် နှောက်ယှက်ခြင်းတို့သည် မှန် မမှန်၊ လုပ်သင့်မလုပ်သင့်ဆိုသည့် ကိုယ်ချင်းစာတရား၊ တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ ထိုသူများသည် မိမိကိုယ်ကျိုးအတွက် လုပ်နေခြင်းလော၊ မိမိအပါအဝင်အများကောင်းစားရေးအတွက် လုပ်နေခြင်းလောစသည့် ဆင်ခြင်တုံတရားဖြင့် လေ့လာပြီး တာဝန်အရလုပ်ရပါသည်ဆိုခြင်းထက် ထိုတာဝန်သည် တရားသဖြင့် ပေးအပ်သော တာဝန်လောဟူ၍ စဉ်းစားဆုံးဖြတ်ပြီး မတရားလုပ်ရပ်များလုပ်ရန် ပေးအပ်လာသောတာဝန်များကို ဆင်ခြင်တုံတရားဖြင့် ငြင်းပယ်နိုင်ရမည်ဟု ဆိုလိုပေသည်။

နောက်အပတ်ဆက်ဖတ်ရန်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။