Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 26, 2013

သမ္မတကြီး ၊ နာယကကြီး ၊ ဥက္ကဌကြီး တို့နှင့် မနက်ဖြန်ဆိုတာ မသေချာသော နိုင်ငံ

 Miraculous Master For English Language
သမ္မတကြီး ၊ နာယကကြီး ၊ ဥက္ကဌကြီး တို့နှင့်
မနက်ဖြန်ဆိုတာ မသေချာသော နိုင်ငံ
by အောင်ထွန်း in ဆောင်းပါးများ / Popular Myanmar News Journal

ကျွန်တော်တို့နိုင်ငံမှ ကမ္ဘာ့ကုလ သမဂ္ဂကို အုပ်ချုပ်ခဲ့သော အထွေထွေအ တွင်းရေးမှူးချုပ် ဦးသန့်သည် ၁၉၆၂က ကျူးဘားဒုံးကျည်ကိစ္စကို ဖြေရှင်းရာတွင် လိမ္မာပါးနပ် စွာ ဖြေရှင်းခဲ့ရပါသည်။ အ ကယ်၍ ¤င်းဖြေရှင်းမှု မအောင်မြင်ပါကတတိယကမ္ဘာစစ်ကြီးဖြစ်၍ ယနေ့ ကမ္ဘာ့ပုံစံမှာ ယခုကဲ့သို့ ရှိချင်မှရှိပါမယ်။

ဦးသန့်သည် အမေရိကန်သမ္မတ ကနေဒီထံ သွားရောက်၍စကားပြောရာ တွင် ”သမ္မတကြီးခင်ဗျား၊ အမေရိကန် နိုင်ငံကြီးကြွယ်ဝမှု၊ ဖွံ့ဖြိုးမှုတွေဟာအံ့ သြစရာကောင်းေ လာက်ပါတယ်။ နည်း ပညာတိုးတက်မှုတွေကလည်း အံ့မခန်း ပါပဲ။ အဲဒါတွေဟာအမေရိကန်နိုင်ငံ သာမက ကမ္ဘာရှိကျန်နိုင်ငံများကိုလည်း အကူအညီအထောက် အပံ့ ပေးဝေခြင်း ဖြင့် အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာပိုမို ရရှိစေပါတယ်။ အကယ်၍ကျူးဘား ဒုံး ကျည်ကိစ္စနှင့် တတိယကမ္ဘာစစ်ဖြစ်ခဲ့လျှင် အမေရိကန်၏တိုးတက်မှုနှင့် ကမ္ဘာ့
ဖွံ့ဖြိုးမှုအတွက် ရင်လေးစရာကောင်းပါ တယ်။ အဲဒီတော့ သမ္မတကြီးအနေနှင့် ထိုကိစ္စကို အလေးအနက်ထား စဉ်းစား စေလိုပါတယ်”

ထို့နောက် ဦးသန့်သည် ဆိုဗီယက် သမ္မတ ခရုရှက်ထံသွား၍ ”သမ္မတကြီးခင်ဗျား ဆိုဗီယက် ပြည်ထောင်စုရဲ့အတိတ်ဆီက ရုရှား နိုင်ငံရဲ့သမိုင်းဟာ အလွန်အံ့သြစ ရာ ကောင်းလှပါတယ်။ အဲဒီတော့ သမ္မတ ကြီးအနေနှင့်ပြန်စဉ်းစားပေးပါ။ကျူးဘား မှာရှိတဲ့ ဒုံးကျည်ကိစ္စပါပဲ။ ကမ္ဘာစစ်ကြီး နှစ်ခုနဲ့မောပန်းနေတဲ့ကမ္ဘာသူကမ္ဘာ သားတွေ ကို နောက်ထပ်စစ်ကြီးနဲ့ ယိုင် လဲသွားစေမယ်ဆိုရင် ကမ္ဘာကြီးဟာ သိပ်အရုပ်ဆိုးသွားမှာပါ”

ထို့နောက် ဦးသန့်သည် ကျူးဘား သမ္မတကက်စထရိုထံ သွားရောက်၍

”သမ္မတကြီးခင်ဗျား ကျွန်တော်တို့ အားလုံးရှေ့မှာ မကြာခင်မြင်ရပါတော့ မယ်။ မိခင်အိုတွေရဲ့ မျက်ရည်၊ သွေး၊ အမျိုးသမီးနဲ့ကလေးတွေရဲ့ အော်သံ၊ ငိုယိုသံ၊ သင်္ချိုင်းကုန်း မဲ့ လူသေအ လောင်းနဲ့ အလောင်းပေါ်မှာစားနေတဲ့ လင်းတတွေအဲဒါတွေနဲ့ပဲ အလွန်တရာ အရုပ်ဆိုးတဲ့မြင်ကွင်းပါပဲ။ အဲဒါကို ကယ်တင်နိုင်တာ သမ္မတကြီးပါ။သမ္မတ ကြီးသာ ဒုံးကျည်တွေကို လက်မခံဘူး ဆိုရင် အဲဒါကိုကယ်တင်ဖို့ သမ္မတကြီး အနေနဲ့ ကမ္ဘာကိုကယ်တင်ပေးဖို့ ကျွန် တော် တောင်းဆိုပါတယ်”

သိပ်မကြာမီကာလမှာ ကျူးဘား မှာ ဒုံးကျည်များရွှေ့၍ ဆိုဗီယက် သင်္ဘောနောက်ပြန်လှည့်ပြီး တတိယ ကမ္ဘာစစ် မဖြစ်တော့ပါ။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ ကျေးဇူး တရားပင်ဖြစ်ပါတယ်။

ယခုလည်း ကျွန်တော်တို့ မြန်မာ နိုင်ငံသည် ဒီမိုကရေစီပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ရောက်နေပါပြီ။ နိုင်ငံတော်သမ္မတကြီး၏ Good Governance, Clean Government ကြွေး ကြော်သံဖြင့် သက်တမ်း (၃)နှစ်ကျော် ရောက်ရှိခဲ့ပါပြီ။ထိုသက်တမ်းအတွင်း သမ္မတကြီး၏ ပြောင်းလဲရေးလုပ်ငန်း တွင် အခြေအနေကောင်းများ ရှိသလို အဆိုးများစွာလည်း တွေ့ကြုံနေရ သည် ကို မျက်မြင်ထင်ရှား တွေ့ရပါတယ်။

လွတ်လပ်မှု(စာပေနှင့်အသင်းအ ဖွဲ့)များ နေရာတချို့တွင် တွေ့နေရပါ တယ်။ သို့သော်မပြောင်းလဲလိုသော ဆန္ဒရှိသူတချို့က ပြန်လည်ထိန်းချုပ်မှု များကိုလုပ်ဆောင် ရန် ပြင်ဆင်နေသည် ကိုလည်း တွေ့ရပါတယ်။

ထို့အတူ အတိတ်ဆီမှ ဆုံးရှုံးမှုများ ကိုပြန်လည်တောင်းခံခြင်းနှင့် နှစ်ပေါင်း များစွာ ဖိနှိပ်မှုဒဏ်ကြောင့် ကုန်းထရုန်း ကြွလာသော လူထု၏ဆန္ဒများနှင့် အတူ ပြဿနာများ၊ သွေး၊ ချွေးများ စတေးခံ ရမှုမှာလည်း အထင်အရှားပါ။ သပ်လျှို ဖြိုခွဲခံရသော ပြဿနာပေါင်းစုံနှင့် ပဋိ ပက္ခများမှာလည်းအများအပြားပင်။ကုန်ဈေးနှုန်းတွင်လည်း ဆန် တစ်ပြည် ၆၅ဝ မှ ၈ဝဝအထိ ၂ဝဝ ကျပ် တက် သွားပါတယ်။ ကြက်ဥ၊ ဘဲဥတစ်လုံး ၁ဝဝမှ ၁၂ဝ တက်သွားပါတယ်။ ကျန် ကုန်ဈေးနှုန်း (စားသုံးကုန်) မှာလည်း တက် ရိပ်ပြနေပါတယ်။ ဒါပေမဲ့ ကား ဈေးနှုန်း၊ ဖုန်းဈေးနှုန်းများ ကျဆင်း၍ လူများစွာလက် ဝယ်ရောက်ရှိနေခြင်းမှာ အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲဖက်ဒ ရယ်နှင့် တိုင်းရင်း သားလူမျိုးစုကိစ္စဟာ အလွန်အရေးပါလှ ပါတယ်။ ၁၉၆၂ ခုနှစ်ကလိုဆိုရင် တပ် မတော်က အာဏာသိမ်းတာကြာပါပြီ။ ဒါပေမဲ့ သမ္မတကြီးရဲ့ ပါးနပ်မှုနဲ့ ကာ/ ချုပ်ကြီး ရဲ့စေတနာနဲ့ နောက်ကြောင်း ပြန်မယ့် အရိပ်သာရှိပြီး အမှန်တကယ် ဖြစ်မလာပါဘူး။

ဖက်ဒရယ်ကိစ္စတွေနဲ့အတူ အခြေ ခံဥပဒေကိစ္စတွေဖြစ်လာတော့ ပြည် ထောင်စု လွှတ်တော်နာယကကြီး သူရ ဦးရွှေမန်းဟာလည်း အရေးပါလာပါ တယ်။ လွှတ်တော် အတွင်းမှာ လိုအပ် သော ဥပဒေတည်ဆောက်မှုများကို ပြုလုပ်နိုင်ခြင်းဖြင့်ဦးရွှေမန်းမှာလည်း သမ္မတကြီးနည်းတူ ကမ္ဘာ့အလယ်မှာ တင့်တယ်လာပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုနဲ့အတူ သမ္မတကြီးဟာ ကမ္ဘာကျော် မဂ္ဂဇင်းတွေ မျက်နှာဖုံးမှာ အိုဘားမားလာတာဟာ သမ္မတကြီး အတွက်ရော၊ အာဏာရပါတီအတွက် ရော နိုင်ငံအတွက်ပါ
ဂုဏ်ယူစရာပါပဲ။

သမ္မတကြီးခင်ဗျား အမေရိကန် နိုင်ငံမှာ ပြောခဲ့တဲ့

”တစ်ရက်ကို ငွေ ၃ဝဝဝ ယူပြီး ဆန္ဒပြ(ငွေယူပြီးပြနေတာ)နေတာလား”

သမ္မတကြီး အဲဒီနေရာမှာ အမြင် နည်းနည်းလွဲသွားတာပါပဲ။ သမ္မတကြီး အနေနဲ့ ကမ္ဘာ့အလယ် တင့်တယ်တဲ့ ခေါင်းဆောင်အနေနဲ့ တချို့ကိစ္စတွေမှာ ဆင်ခြင်တုံတရား ကို ပိုမိုမြဲမြံစွာ ဆုပ် ကိုင်ဖို့ကျွန်တော်တို့ ပြည်သူအားလုံး လိုလားပါတယ်။

အဲဒီလိုပဲ နာယကကြီးဟာလည်း တစ်ချိန်တုန်းက နိုင်ငံခေါင်းဆောင်ကြီး ဆီသွားပြီးတော့ အပြန် ”ဗိုလ်ချုပ်မှူးကြီး ဟောင်းဆီက မြန်မာနိုင်ငံ အနာဂတ် နိုင်ငံရေးကို စိုးရိမ်နေတယ်”လို့ ပြော ပါတယ်။ အမှန်မှာ သူက နိုင်ငံရေး လောကကနေအနားယူသွားပြီလို့ သမ္မတကြီးအပါအဝင် အစိုးရအဖွဲ့က အတိအလင်းပြောပြီးသားပါပဲ။ နာယက ကြီးရဲ့လွှတ်တော်များဟာ နိုင်ငံရဲ့ ဒီမို ကရေစီအုတ်မြစ်များလို အခိုင်အခံ့ တည်ဆောက်မှု ပမာဏအားရစရာ ကောင်းလှပါတယ်။ ငြိမ်းချမ်း၊ အေး ဆေး စွာအနား ယူနေတဲ့ ခေါင်းဆောင် ကြီးအပေါ်မှာ လူထုရဲ့အထင်လွဲမှု မခံ စေလိုပါဘူး။ နာယကကြီးဟာအနာဂတ် မှာ အားရစရာကောင်းလှတဲ့ သမ္မတအ ရည်အချင်း အပြည့်အဝ ရှိနေပါတယ်။ အဲဒီတော့ နာယကကြီးခင်ဗျား စကား တောင်စားဝတ္ထုနှင့် ကျွမ်းကျင်လိမ္မာ သော အပြောများဖြင့် နာယကကြီးဟာ သမ္မတကြီးဖြစ်နိုင်ပါစေ။

ဥက္ကဋ္ဌကြီးခင်ဗျား မြန်မာ့ဒီမိုကရေ စီလူထုခေါင်းဆောင်၊ ကမ္ဘာ့လူသားအား လုံးဂုဏ်ပြုလေးစားခံရသော ကမ္ဘာပေါ် တွင် ဆုတံဆိပ်အများဆုံးရရှိထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကြီးဒေါ်အောင်ဆန်းစုကြည်ဟာလည်း အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လွတ်လပ်မှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အ ရေးအတွက် အရေးပါ လှပါတယ်။

သွေးထွက်သံယိုမှု အနည်းဆုံးဒီမို ကရေစီပြောင်းလဲမှုအတွက် ငြိမ်းချမ်း ရေးအတွက် အမျိုးသားပြန်လည်သင့် မြတ်ရေး လမ်းကြောင်းပေါ် လျှောက်ပြီး မှ ပဋိပက္ခနဲ့ သွေးထွက်သံယိုမှုများစွာ လည်းတွေ့ရပါတယ်။

ဥပဒေစိုးမိုးရေး လွှတ်တော်ဆပ် ကော်မတီ ဥက္ကဋ္ဌလုပ်ပြီးမှ ပဋိပက္ခ၊ ဥပဒေမဲ့မှု၊ စစ်ပွဲများဟာ ဒီနေ့အထိ တွေ့နေရပါတယ်။ အမှန်တော့ လုပ်ပိုင် ခွင့်နဲ့အာဏာဟာ ဥက္က ဋ္ဌကြီးလက်ထဲ မှာ အပြည့်အဝမရှိပါဘူး။ ဒါပေမဲ့ တိုင်း ရင်းသားလူမျိုးနဲ့ပြည်ပဒေသမှတချို့ ဟာ ဥက္ကဋ္ဌကြီးအပေါ် သဘောထားတစ် မျိုးဖြစ်နေတာကို လူထုက သိနေပါ တယ်။ မျှော်လင့်နေတဲ့ သံယောဇဉ်တွေ နဲ့ ဥက္ကဋ္ဌကြီးဟာလည်း မကြာခင်ကာလ မှာ သမ္မတကြီးဖြစ်လာနိုင်ပါတယ်။

အခုလက်ရှိ သမ္မတကြီးဟာအနား ယူမယ်ဆိုတာ သူကိုယ်တိုင် ခေါင်း ဆောင်ဟောင်းဆီကအပြန် မပြောဘဲနဲ့ ဘာကြောင့်နာယကကြီးက ပြောရတာ လဲ။ ဒါဆိုရင် အမိန့်နဲ့အာဏာတွေဟာ ခေါင်းဆောင်ကြီးဆီမှာလား၊ နာယက ကြီးဆီမှာလား၊ သမ္မတကြီးဆီမှာလား မေးစရာတွေပါ။ ဘာပဲပြောပြော မီဒီ ယာနဲ့လူထုက မေးခွန်း ထုတ်နေကြပါပြီ။

ဒီမိုကရေစီကတစ်ပိုင်း ဗဟိုဦးစီး က တစ်ပိုင်းပါ။ ဒီမိုကရေစီတစ်ဝက် တစ်ပျက် အာဏာရှင်တစ်စိတ်တစ်ဒေသ လား၊ အဲဒါဆိုရင်တော့ လူထုနဲ့ဥက္ကဋ္ဌ ကြီးက လက်မ ခံနိုင်စရာပါပဲ။

ဒါပေမဲ့ တစ်ဖက်ကလည်း တပ်မ တော်မှာ ဒို့တာဝန်အရေး (၃)ပါးနဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့် ရှောက်ရေးကလည်း ရှိနေပါတယ်။

ကျွန်တော်တို့ထောင်ထဲမှာ နေ တုန်းက မနက်ဖြန်ဆိုတာ မသေချာပါ ဘူး။ လွတ်မလား၊ အခန်းပြောင်းမလား၊ နေရာပြောင်း၊ ထောင်ပြောင်းခံရမလား၊ ဒါမှမဟုတ်ရင်တစ် ခုခုပေါ့။ အဲဒါ ထောင် ထဲမှာနေခဲ့ဖူးတဲ့ လူအားလုံးသိပါတယ်။

အခုလည်း မြန်မာနိုင်ငံဟာ မနက် ဖြန်ဘာဖြစ်မလဲလို့ တွေးစရာဖြစ်လာပါ ပြီ။

ဆန္ဒပြပွဲတွေ ထပ်ကြုံရဦးမှာလား။ အလုပ်သမား၊ လယ်သမား၊ ပဋိပက္ခ တွေရော၊ လယ်သိမ်း၊ ယာသိမ်း၊ မြေ သိမ်း၊ လုပ်ခလစာကိစ္စ၊ စိုးရိမ်မှုတွေနဲ့ အတူ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခ တွေနဲ့အတူ ပလူပျံနေတဲ့ ဗုံးပေါက်မှု၊ မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေနဲ့အတူ အာဏာ ရပါတီတွေ၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားတွေ၊ CSO, NGO, INGO, လူထုတွေအားလုံး ”မောနေပါပြီ”။

ဒါပေမဲ့ မနက်ဖြန် ဘာဖြစ်ဦးမလဲ ဆိုတာ စိုးရိမ်ထိတ်လန့်နေရပါတယ်။ မြန်မာနိုင်ငံကြီးဟာ တည်ငြိမ်မှုအတွက် တစ်နိုင်ငံလုံးအတွက် မသေချာပါဘူး။ နိုင်ငံ ကိုအကျဉ်းေ ထာင်နဲ့နှိုင်းယှဉ်ပြော ဆိုခြင်းမဟုတ်ပါ။ မသေချာတဲ့စကားလုံး ကိုဥပမာပြုတာပါပဲ။

အဲဒီတော့ သမ္မတကြီးရော၊ နာယ ကကြီး၊ ဥက္ကဋ္ဌကြီးရော(၃)ဦးစလုံး မပြီး ဆုံးတဲ့ ပြဿနာအားလုံးကို ဆက်လက် ကိုင်တွယ်ဖြေရှင်းဖို့အတွက် ငါတို့လက် ထဲကလွတ်ရင်ပြီး တာပါပဲဆိုပြီး သဘော မထားဘဲ (၂ဝ၁၅) ဒုတိယသမ္မတ (၃) ဦးအဖြစ် ဆက်တာဝန်ယူနိုင်ပါစေ။

ခေါင်းဆောင်ကြီးကတော့ နေ ပြည်တော်ကြီးကို အောင်မြင်စွာ
တည် ဆောက်ပြီးမှ ကံဇာတာ သိပ်အရောင် မလက်တော့ သမ္မတကြီးမဖြစ်ဘဲ အနား ယူသွားပါတယ်။

နိုင်ငံရဲ့အနာဂတ်နဲ့ပြဿနာအား လုံးအတွက် ဆက်တာဝန်ယူဖို့ သမ္မတ ကြီးရော၊ နာယကကြီးရော၊ ဥက္ကဋ္ဌကြီး ရော ဒီမိုကရေစီပြောင်းလဲမှု ခေါင်း ဆောင်ကြီးများ၊ သူရဲေ ကာင်းများ ဖြစ် လာအောင်ပိုမိုတာဝန်ယူနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အောင်ထွန်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။