Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 30, 2013

အပိုမုန့်ဖိုးရှာရာကနေ အောင်မြင်တဲ့တံဆိပ်ဖြစ်လာတဲ့ အင်္ဂလန်နိုင်ငံက The Pocket Bakery


FOOD Magazine added 9 new photos to the album Baker.
......................................................................................
အပိုမုန့်ဖိုးရှာရာကနေ အောင်မြင်တဲ့တံဆိပ်ဖြစ်လာတဲ့ အင်္ဂလန်နိုင်ငံက
The Pocket Bakery
......................................................................................
The Pocket Bakery ဟာ အစားအစာအကြောင်းရေးသားတဲ့
စာရေးဆရာမ Rose ရဲ့သားလေး Jack (အသက် ၁၄နှစ်) နဲ့
သမီးလေး Laura (အသက် ၁၁နှစ်) တို့ မုန့်ဖိုးပိုမိုလိုချင်လာတဲ့အတွက်
အကျပ်ရိုက်နေရတာကြောင့် ပေါင်မုန့်ရောင်းပြီး ဖြေရှင်းရာကနေ
နာမည်ကျော်လာတာပဲဖြစ်ပါတယ်။ အခုဆိုရင် နာမည်ကျော်လာတဲ့အတွက်
အင်္ဂလန်နိုင်ငံ Battersea ရှိ The Doodle Bar မှာ နေ့စဉ် သောကြာနေ့၊
နေ့လယ်စာစားချိန် (၁၂) နာရီမှစပြီး (၃) နာရီအထိ ရနိုင်ပါပြီ။ 

Doodle Bar ဟာ Battersea မှာ နာမည်ကျော် နေရာတစ်ခုဖြစ်ပြီး
အရသာလည်းကောင်းမွန်၊ တီထွင်ဖန်တီးမှုလည်း အပြည့်ပါတဲ့
မုန့်နဲ့ ဖျော်ရည်မျိုးစုံကို တစ်နေရာတည်းမှာ ရနိုင်တဲ့
နေရာတစ်ခုပဲဖြစ်ပါတယ်။
The Pocket Bakery ရဲ့ နာမည်ကျော်အမယ်တွေက
Sourdough (တဆေးဖောက်ထားသော ပေါင်မုန့်လုံး)၊
Herb Baguettes (ပြင်သစ်ပေါင်မုန့်ရှည်)နဲ့တကွ
Pies များစသဖြင့် အမယ်စုံရရှိနိုင်ပါတယ်။ သူတို့ ကုန်ပစ္စည်းများ
အားလုံးအတွက် ဂျုံမှုန့်ကို Stoate, Sons of Dorset မှ
မှာယူထားပြီး (၇၀၀) ဂရမ် ပေါင်မုန့်လုံးတစ်လုံးကို စတာလင်ပေါင်
၃ ပေါင်နှုန်းနဲ့ ရောင်းချပေးပါတယ်။ သူတို့ရဲ့ ကုန်ပစ္စည်းအားလုံးကို
177 Battersea Bridge Road, SW11 ဆိုင်မှာ စနေနေ့တိုင်း
ဖွင့်လှစ် ရောင်းချနေပါတယ်။
• The Pocket Bakery ရဲ့ အစပထမ နေ့ရက်များ
................................................................
ရှေ့ပိုင်းမှာ ပြောခဲ့သလိုပါပဲ။ စာရေးဆရာမ Rose နဲ့
သူ့ခင်ပွန်း Dominic ဟာ အရွယ်ရောက်လာပြီဖြစ်တဲ့
ကလေးနှစ်ဦးအတွက် အပိုမုန့်ဖိုးရအောင် ဘယ်လိုလုပ်ကြမလဲ
ဆွေးနွေးရင်း ပေါင်မုန့်ရောင်းရင် ကောင်းမလားဆိုတဲ့အချက်ကို
၂၀၁၀ ပြည့်နှစ်ရဲ့ နွေရာသီမှာ စဉ်းစားလာမိကြပါတယ်။
ဒါပေမဲ့ Rose ဟာ ပေါင်မုန့် အထူးသဖြင့် Sourdough Breads ကို
ဘယ်လိုလုပ်ရမလဲ၊ အဓိက အရေးအကြီးဆုံး Yeast လို့ခေါ်တဲ့
တဆေးကို ဘယ်လိုဖောက်ရမလဲကို မသိပါဘူး။
ဒီအချိန်တုန်းက သူမတို့ဆီမှာ လုပ်နိုင်ခဲ့တာ တစ်ခုကတော့
မီးဖိုချောင်မှာ Gasျ နဲ့ အသုံးပြုရတဲ့ Oven ကြီးတစ်လုံး
တည်ဆောက်နိုင်ခဲ့ပြီး တစ်ပြိုင်တည်း ပေါင်မုန့်(၅)လုံး
ဖုတ်နိုင်ပါတယ်။ ဒါအပြင် ပေါင်မုန့်ကိုနယ်ဖို့၊ ပြုပြင်ဖို့ဆိုပြီး
နေရာကျယ်တစ်ခုကိုလည်း ဆောက်ထားနိုင်ခဲ့တာကလွဲရင်
နည်းပညာမရှိခဲ့ပါဘူး။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာတော့
'Father of Bakery' လို့ အစားအစာလောကမှာခေါ်ကြတဲ့
Giuseppe Mascoli နဲ့တွေ့ဆုံခဲ့ရပါတယ်။ Giuseppe Mascoli ဟာ
သူတို့သားအမိကို ပေါင်မုန့်ဖုတ်နည်း အဆင့်ဆင့်နဲ့
ပေါင်မုန့်ရဲ့အသက် တစ်နည်း မိခင်လို့ပြောရမယ့်
Sourdough Starter ဖြစ်တဲ့ တဆေးဖောက်နည်း
(Yeast) ကိုပါ သင်ကြားပေးလိုက်ပါတယ်။ ဒီနည်းတွေကို
ရောမခေတ်လို့ပြောရမယ့် ၁၇၉၀ ပြည့်နှစ်လောက်ကတည်းက
လူတွေက စတင်အသုံးပြုခဲ့ကြပြီး Giuseppe ဟာ
လက်ဆင့်ကမ်းနည်းနဲ့ ရရှိခဲ့တာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။
Rose ဟာ ပေါင်မုန့်ဖုတ်ဖို့ကို ကလေးတွေ ကျောင်းအပြန်
သောကြာနေ့မှ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေ
ပိတ်ရက်ရှိတာမို့ သောကြာနေ့မှာ ပေါင်မုန့်ဖုတ်ပြီး စနေနေ့မှာ
ပေါင်မုန့်ရောင်းပြီး တနင်္ဂနွေနေ့မှာ နားဆိုတဲ့ အချိန်ဇယားဆွဲထားပါတယ်။
ပထမအစရက်မှာတော့ အိမ်နီးနားချင်းနဲ့ သူငယ်ချင်းများကို
ရောင်းပေးတာဖြစ်ပြီး အဲဒီနေ့မှာ ပေါင်၂၀ ရခဲ့ပါတယ်။
ဒီမှာတင် Jack နဲ့ Laura ဟာ စိတ်အားထက်သန်သွားကြပြီး
နောက်အပတ်မှာတော့ သူတို့အိမ်လိပ်စာနှင့်တကွ ပေါင်မုန့်ပုံပါတဲ့
လက်ကမ်းစာစောင် (Flyers) အခု (၁၀၀၀)ထုတ်ပြီး
အနီးအနားတစ်လျှောက်က အိမ်များနဲ့တကွ စာတိုက်ပုံးရှိရာ
အိမ်တိုင်းကို လိုက်ဝေပါတော့တယ်။ သူတို့ဆွဲခဲ့တဲ့ Logo ကို
အခုထက်ထိ သူတို့ရဲ့ အမှတ်တံဆိပ်အဖြစ် အသုံးပြုနေကြပါတယ်။
ဒုတိယ သီတင်းပတ်မှာတော့ (၄၅)ပေါင်ရရှိခဲ့ပါတယ်။
ဒါနဲ့ မိန်းမနဲ့ကလေးများ ဒီလောက် တက်ကြွနေတာဆိုတော့
ဖခင်ကြီး Dominic ကလည်း မနေသာတော့ဘဲ အီးမေးလိပ်စာတစ်ခု
ဖန်တီးပြီး ကြိုတင်အမှာတွေ လက်ခံပေးခဲ့ပါတယ်။ တဖြည်းဖြည်း
အရှိန်ရလာတာကြောင့် သူတို့ဟာ Doodle Bar မှာ တင်သွင်းဖို့
အမှာရခဲ့တာပဲဖြစ်တယ်။ ဒီလိုမျိုးနေရာအထိ ရောက်လာတာဟာ
လွယ်လွယ်နဲ့ ရောက်လာတာမဟုတ်ပါဘူး။ Doodle Bar ကလည်း
အမျိုးစုံ စမ်းသပ်မှုတွေပြုလုပ်ခဲ့တာ အများကြီးရှိပါတယ်။ စ
တင်ပြီး နှစ်နှစ်အကြာ ၂၀၁၂ ခုနှစ်ရဲ့ နွေရာသီမှာတော့ Battersea မှာ
ဘုရင်မကြီးရဲ့ စိန်ရတုပွဲတော်ကိုကြိုဆိုတဲ့ အခမ်းအနားအတွက်
ပြုလုပ်တဲ့ Street Party ကို မုန့်ပို့ပေးရတဲ့အထိ နေရာရလာပါတယ်။
• Pocket Bakery ရဲ့ ဖန်တီးရှင် Jack
.................................................
မိခင်ရဲ့ လမ်းညွှန်ပေးမှုကို ခံယူ၊ ပညာရှင် Mascoli ရဲ့
သင်ကြားပေးမှုအောက်မှာ ပေါင်မုန့်ပြုလုပ်ခဲ့တဲ့ Jack ဟာ
အခုဆိုရင် အောင်မြင်တဲ့ Baker တစ်ဦးဖြစ်လာပါပြီ။
Jack ဟာ Pocket Bakery အတွက် စတင်အတွေးရတုန်းက
အသက်(၁၄)နှစ် ကျော်ကျော်ပဲ ရှိပါသေးတယ်။ Jack ရဲ့အကြောင်းကို
သူ့မိခင် Rose က အခုလိုပြောပြထားတာရှိပါတယ်။ ဒါတွေကတော့ ...။
Jack ဟာ အခြားသောကလေးများနည်းတူ ထက်မြက်ခြင်း၊
တက်ကြွခြင်းတွေရှိပေမယ့် ဖိအားတွေ၊ စည်းမျဉ်း စည်းကမ်းတွေကိုတော့
အခြားကလေးများလို လိုက်နာနိုင်စွမ်း မရှိတာကြောင့် အလယ်တန်းကျောင်း
စတက်တဲ့အခါ သူ့ရဲ့ ယုံကြည်မှုတွေဟာ အမှောင်ချခြင်း ခံလိုက်ရပါတော့တယ်။
အကြီးအကျယ် စိတ်ထိခိုက်သွားတဲ့ Jack ဟာ နောက်ထပ်
ကျောင်းနှစ်ကျောင်း ပြောင်းလဲပြီး တက်ခဲ့ပေမယ့် ရလဒ်က
ပြောင်းလဲသွားခြင်းမရှိတဲ့အတွက် Jack ဟာ ပိုပြီး
စိတ်ဓာတ်တွေကျလာပါတယ်။ အိမ်မှာသင်တာဟာလည်း Jack အတွက်
အလုပ်မဖြစ်ဘဲ Jack ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုမို ဆိုးဝါးလာစေတာကြောင့်
မိဘနှစ်ပါးဟာ စာသင်ကြားခြင်းကို ရပ်လိုက်မလား။ ရပ်ထားလိုက်ရင်
ပြောပြစရာ ပညာအရည်အချင်း အနည်းငယ်တောင်မရှိဘဲ ငွေကြေးလည်း
အနည်းငယ်ပဲပိုင်ဆိုင်တဲ့ Jack တစ်ယောက် အရွယ်ရောက်လာရင်
စိန်ခေါ်မှုတွေ ကြုံရမလားစသဖြင့် ပူပန်မှုတွေ များစွာရှိခဲ့ဖူးပါတယ်။
ဒါကြောင့် ပေါင်မုန့်ရောင်းချမှုလုပ်ရင်း ပိုက်ဆံ(မုန့်ဖိုး)ရှာတော့လို့
ပြောခဲ့ရတာပဲဖြစ်ပါတယ်။ မိဘနှစ်ပါးစလုံးရဲ့ ဆုံးဖြတ်ချက်မှန်ခဲ့ပြီး
အခုဆို Jack ဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ တစ်ပတ်တစ်ကြိမ်
ပေါင်မုန့်ရောင်းပြီး သူ့ဘ၀ရဲ့ ရပ်တည်မှုအမှန် ပန်းတိုင်ကို ရှာဖွေတွေ့ရှိသွားပါပြီ။
ဒီမှာတင် ရပ်မနေချင်တဲ့ Rose ဟာ သူ့သားကို ဘ၀ရဲ့
အချိုးအကွေ့တစ်ခုအနေနဲ့ ၂၀၁၂ ခုနှစ်၊ မေလမှာ ပေါင်မုန့်အလှဆင်ခြင်းကို
အဓိကသင်ကြားပေးနေတဲ့ သဘာဝလယ်တောထွက် ပစ္စည်းအရောင်းဆိုင်
Dayleford မှာ Jack ကို သွားရောက်အပ်နှံလိုက်ပါတယ်။
ဒီ Dayles Ford မှာ Chief Baker ဖြစ်တဲ့ Eric Dahamel ရဲ့
မျက်စိဒေါက်ထောက် ကြည့်ရှုခြင်းနဲ့အတူ ပညာရပ်တွေကို
စတင်သင်ယူခဲ့ပါတယ်။
• ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Jack က အခုလို ရှင်းပြထားပါတယ်။
..................................................................................
“သူ့အတွက် ချစ်စရာကောင်းတဲ့ လယ်သမားအိမ်လေးထဲမှာ
ကိုယ်ပိုင်အခန်းတစ်ခန်း ရထားတဲ့အပြင် မိတ်ဆွေကောင်းများ
တွေ့ခဲ့ရသလို ပိုက်ဆံလည်းရှာနိုင်ပါတယ်။ ဒီဆိုင်အနီးမှာ
အဘွားနေတဲ့အိမ်လည်းရှိတာကြောင့် အဘွားဆီ သွားလည်လို့လည်းရပါတယ်။
ဒီမှာ ပညာသင်ကြားရင်း ပေါင်မုန့်လုပ်ခြင်းဟာ အရသာကောင်းရုံမက
အသွင်အပြင်မှာပါ စားချင်စဖွယ် ဖြစ်နေရမယ်ဆိုတာတွေကို
သင်ယူလာနိုင်ခဲ့ပါတယ်။ ပေါင်မုန့်ပြုလုပ်ခြင်းဟာ ကျွန်တော့်ဘဝ
အစစ်အမှန်ဆိုတာ ရှာဖွေတွေ့ရှိလာခဲ့ရပါတယ်။ ကျောင်းသင်ခန်းစာဟာ
ကျွန်တော်နဲ့ အပ်စပ်တဲ့ အရာမဟုတ်ပါဘူး”
Jack ဟာ Daylesford မှာ (၄)လတာ ပညာသင်ကြားပြီး
ပေါင်မုန့်ပြုလုပ်ခြင်းမှာ ပိုမိုပညာရခဲ့ပါတယ်။
ဒါကြောင့် အခု လူငယ်လေး Jack ရဲ့ Pocket Bakery ဟာ
လူငယ်ထုကြား အရသာရှိတာတင်မကသေးဘဲ လူငယ်တွေအားလုံးရဲ့
အလုပ်သင်ကာလမှာ ကြုံရတဲ့ စိတ်သောကတွေအတွက်
အားအင်ဖြစ်စရာ တစ်ခုဖြစ်လာပါပြီ။ Jack ရဲ့ နာမည်ကျော်
ပေါင်မုန့်တွေကတော့ ... ။
(1) Duck and Pork Hand Pies
(2) Saffron Coil
(3) Chocolate Paper Pie
(4)Classic Brioche Loaf တွေပဲဖြစ်ပြီး သူတို့ရဲ့အစ
White Sourdought ဟာလည်း အခုထိ ရောင်းအကောင်းဆုံးဖြစ်နေပါတယ်။
Rose ဟာ သူ့သားလေး Jack အတွက် ပေါင်မုန့်ဖုတ်ခြင်း အနုပညာ
(ပညာနှင့်တကွ အလှအပပါ နွယ်နေခြင်း)ဟာ စိတ်အားငယ်ပြီး
ကျောင်းပညာရေးနဲ့ အံချော်နေရာကနေ အခုဆို နာမည်ကြီး
Baker တစ်ယောက်အဖြစ် ပြောင်းလဲသွားစေနိုင်ခဲ့တယ်လို့
Telegraph မှာ ဆောင်းပါးတစ်ပုဒ် ဖော်ပြလာနိုင်ခဲ့ပါတယ်။
ဒါကြောင့် သူမသားလို ပေါင်မုန့်ပြုလုပ်ချင်တဲ့သူတွေအတွက်
Rose Prince Baking Club ကို ဖွင့်လှစ်ပေးထားပြီး
သူမရဲ့ စာအုပ်တွေကိုတော့ books.telegraph.co.uk နဲ့
roseprince.com မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်။
Jack လို သားတစ်ယောက်ကို အောင်မြင်တဲ့ Baker တစ်ယောက်
ဖြစ်စေနိုင်တာကိုကြည့်ပြီး သားသမီးတိုင်းကို အတင်းကြီး
လမ်းကြောင်းမပေးဘဲ သူ့ဘ၀မှာ အားသာချက်တစ်ခုကို
ဖွေရှာပေးနိုင်ဖို့ဟာ မိဘတိုင်းရဲ့ တာဝန်ဖြစ်ကြောင်းလည်း
Rose ကသိစေချင်ပါတယ်။ ဒါကြောင့် ပေါင်မုန့်တွေ အများကြီး
ဈေးကွက်မှာ ထွက်နေပေမယ့် ကလေးငယ်တစ်ယောက်ရဲ့
အိပ်မက် 'Pocket Bakery' ဟာ အစားအစာလောကမှာ
နေရာတစ်နေရာ ရနေပြီဖြစ်ကြောင်း ပေါင်မုန့်ချစ်သူတွေကို
သတင်းပေးရင်း ... ။
..............................
ရွှေဝတ်လွှာ
..............................
Ref : The Telegraph

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။