ဧရာဝတီ နှင့် အမျိုးသားရေး အန္တရာယ်
-------------------------- -----------------
မြစ်ဆုံ နေရာ သည် ၁၃၂၅ မိုင်ရှည်လျားသော ဧရာဝတီမြစ်၏ စတင် ပေါင်းစည်းရာ နေရာ ဖြစ်သည့်အလျှောက် သဘာဝ ပတ်ဝန်းကျင် အရ လည်းကောင်း၊ သာယာ လှပမှု အရပြည်တွင်း ပြည်ပ ခရီးသွား အများစု စိတ်ဝင်စား ရာ နေရာ တစ်ခု ဖြစ်ပါတယ်။တိုင်းနှင့်ပြည်န ယ်အသီးသီးရှိ ထင်ရှားသောနေရာများသည် မြန်မာနိုင်ငံကိုနိုင်ငံတကာ က စိတ်ဝင်စားပြီး နိုင်ငံခြားခရီးသွားများ ပိုမိုရောက်ရှိလာအောင်ဆွဲဆောင်နိုင်သော နေရာများဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးသကဲ့သို့ ယင်းနိုင်ငံတွင်း၌ ရှိရင်းစွဲဖြစ်သော သဘာဝသယံဇာတ၊ တောတောင်ရေမြေများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မှု သည်လည်း နိုင်ငံတွင်းနေထိုင်ကြသော နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါတယ်။
သဘာဝ အလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံတည်ဆောက်ခြင်းဟာ မြစ်ချောင်းတွေရဲ့ သဘာဝ ရေစီးရေလာကို ပျက်စီးစေပါတယ်။ဧရာဝတီမြစ်ြ ကီး မြစ်ဖျားခံရာ မေခနှင့် မလိခတို့၏ မြစ်ညွှန့် နှစ် သွယ်အား မြစ်ဆုံဆည်ကြီးကပင် ချိုးသတ်ထားသကဲ့သို့ပင် ရေကာတာကြီးတွေ တည်ဆောက် လာတာကြောင့် မြစ်တွေ ခန်းခြောက်ပျက်စီးမယ့် အန္တရာယ်က ခြိမ်းခြောက်နေပါပြီ။မြစ်ဆုံစီမံကိန်းဟာ ယူနန်ပြည်နယ် လျှပ်စစ်ကွန်ယက်မှ တဆင့် တရုပ်ပြည်သို့ လျှပ်စစ်စွမ်းအားတင်ပို့မည့်  စီမံကိန်းပင်ဖြစ်ပါတယ်။ CPI ကူမ္ပဏီဟာ အခြားသော တရုပ်ရင်းနှီးမြှုတ်နှံသူတွေနှင့် ပူးပေါင်းပြီး ဆည်တည်ဆောက်ရေးစီမံကိန်းများအတွက် ဘဏ္ဍာရေးအရ အကုအညီပေးနေပြီး ယူနန်စွမ်းအင်ကုမ္ပဏီမှ လျှပ်စစ် ဓာတ်အား ဖြန်ဖြူးပေးမည့် လိုင်းကြိုးများ တည်ဆောက်နေတာဖြစ်ပါတယ်။ ထိုလိုင်းကြိုးများသည် တရုပ်ပြည် အနောက်တောင်ပိုင်းကို ဓါတ်အားပို့လွှတ်မှာ ဖြစ်ပြီး တရုပ်နိုင်ငံအတွင်း၌ ကျောက်မီးသွေး စွမ်းအင်ဖြင့် ယခုအထိဓါတ်အားသုံးစွဲနေရသော စက်မှုလုပ်ငန်းများရှိရာ တရုပ်ပြည် အရှေ့ဘက် အခြမ်းအထိ ပစ်မှတ်ထားခါ တရုပ်၏ အနောက်မှ အရှေ့သို့ စွမ်းအင်ဖြန်ဖြူးရေး မူဝါဒအရ ဆောင်ရွက်နေခြင်းဘဲဖြစ်ပါတယ်။
ဒီစီမံကိန်းတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိပါရဲ့လား၊ အကျိုးပြုမှာပါလား။ ရေအားလျှပ်စစ်က ထွက်တာတွေကို ရောင်းစားပြီး တိုင်းပြည်ကထွက်နေတဲ့ ဂက်စ်တွေနဲ့ လျှပ်စစ်ထုတ်ဖို့စိတ်မကူးပဲ ရောင်းစား ကော်မရှင်ယူ ကိုယ့်အိတ်ကပ်ထဲထည့် နည်းအမျိုးမျိုးနှင့် ဘုန်းကြတယ် ပြည်သူတွေကို ဖယောင်းတိုင်ထွန်းနေကြလို့ေ ပြာနေကြတာ ဒီစီမံကိန်းတွေက ဘယ်သူ့အတွက် အကျိုးရှိမှာပါလည်း။ မြစ်ဆုံဆည်ကြီးနှင့် ဆည်ဝန်းကျင်တွင် ရေကာတာများစွာ ဝိုင်းရံ တည်ဆောက်နေသည်မှာ အမိရင်ခွင်၌ နှစ်ရာထောင်ချီ၍ ငြိမ်းချမ်းစွာ စီးဆင်းလျက် နိုင်ငံနှင့်လူမျိုးကို အသက်ဆက် ပေးနေရှာသော ကမ္ဘာ့မြစ်များ စာရင်းဝင် မြစ်မင်းဧရာဝတီကြီး ပျောက်ပါက မြစ်ဝကျွန်းပေါ်မှသည် ပင်လယ်ဝအရောက် မြစ်ရိုးတလျှောက် ချောင်းကော မြစ်ကောတွေ ဖြစ်လာစေတဲ့ အပြင် မြစ်ရေလျှံတာတွေ၊ ကမ်းပါးပြိုတာတွေလည်း ဖြစ်ပေါ် စေပါတယ်။ပိုဆိုးတာက ရွှေတူးဖော်ရာမှာ သုံးတဲ့ ပြဒါး၊ ခဲနဲ့ ဆိုင်ရာနိုက် တွေကြောင့် ရေသတ္တ၀ါတွေ အပါအ၀င် လူတွေကို ဒုက္ခရောက် စေနိုင်ပါတယ်။ ပြဒါးသင့် ငါးတွေကို လူတွေက စားသောက်မိရင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ဆုတ်ယုတ်စေတာတွေ၊ ဉာဏ်ရည် နိမ့်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ သဘာဝ ၀န်းကျင် ထိခိုက်မှုရဲ့ အကျိုးဆက်ဟာ အနာဂတ်အတွက် ဖြေဆေးမဲ့ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်သွားစေနိုင်ပါတယ်။နှစ်ရှည် စီမံကိန်းကြီးများဆိုင်ရာ အန္တရာယ်မျိုးစုံတို့၏ ဆိုးကျိုးအမွေကို နောင်မျိုးဆက်သစ် ခေတ်အဆက်ဆက်ထိ တိုင်အောင် ခံစားသွားကြရတော့မည့် အမျိုးသားရေး အန္တရာယ်ကို တမျိုးသားလုံး စုပေါင်းကာကွယ်သွားရန် အချိန်ဆိုက်ရောက်လာပေပြီ။
လက်နက်အားကိုး စစ်တပ်ကိုအသုံးချပြီး အဏာသိမ်းခဲ့ရာမှ ယနေ့ အထိတိုင် ကျွန်တော်တို့နိုင်ငံဟာ နလံမထူနှိုင်တဲ့ ဘဝကိုရောက်ခဲ့ရတာပါ။ စစ်အာဏာရှင်တွေဟာ နိုင်ငံတော်ရဲ့စီးပွားရေးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်ကို ဆင်းရဲတွင်းထဲပို့ခဲ့ပါတယ်။ နိုင်ငံတော်ဆိုတာ ဘာလဲမသိ လူမျိုးဆိုသည်မှာလည်း မရေရာ နှုတ်တို့ကမူ အမြင့်ဆုံးစကား အမြင့်ဆုံး အယူအဆတွေကို တဖွဖွ ပြောပြီးတကယ့်လက်တွေ့မှာမူ မိမိကိုယ်ကျိုးအတွက် လုပ်နေကြတာဘဲဖြစ်ပါတယ်။အစိုးရကို ပြည်သူတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊မြန်မာအစိုးရ အနေနဲ့ အီဂျစ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံမျိုးလို ဟန်ပြဒီမိုကရေစီ ကျင့်သုံးတဲ့ စစ်အာဏာရှင်တွေကို မဟာမိတ်နိုင်ငံများရဲ့ လုံခြုံရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ရှေးရှုကာ အခြေအနေအရ ထောက်ခံအားပေးတဲ့ ပုံစံလိုမျိုး လိုလားနေကြတယ်လို့ သုံးသပ်ရပါတယ်။သူတို့ရဲ့ အတွင်းစိတ်ကို ခန့်မှန်းလို့မရဘဲ ပွင့်လင်းမှု မရှိတာတွေ၊ ပြည်သူတွေအား မျက်စိပိတ်၊ နားပိတ်၊ တံခါးပိတ်ဝါဒ ကျင့်သုံးလိုတာတွေကြောင့် တိုင်းပြည်တိုးတက်ရေးကို မငဲ့ကွက်တဲ့ တကိုယ်ကောင်းဝါဒသာ ဖြစ်ပါတယ်။
နိုင်ငံတော်အတွက်မဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ လုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့ မြင်ကြရမှာပါ။မည်သည့်နိုင် ငံကမှ မိမိအတွက်အကျိုးမရှိရင် ကူညီကြမှာမဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ တပ်မတော်ဆိုတာ နိုင်ငံရဲ့နယ်မြေ ပိုက်နက်ကို ကာကွယ်စောင့်ရှောက်ဖို့ ပြင်ပအန္တရာယ်တွေအပေါ် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လုံလောက်တဲ့ ရှိသင့်ရှိထိုက်တဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ စွမ်းရည် ထက်မြက်တဲ့ အဖွဲ့အစည်း တစ်ခု ဘဲ ဖြစ်ပါတယ်။နိုင်ငံတော် တည်ဆောက်မှုတွေမှာ၊ တပ်မတော်ရဲ့ ဦးတည် လျှောက်လှမ်းသင့်တဲ့ လမ်း (ဘယ်လုပ်ငန်း တာဝန်တွေအတွက် မိမိကိုယ် မိမိ ကြိုတင် ပြင်ဆင်ထားရမယ်၊ မိမိကိုယ်မိမိ ဘယ်လို ပြုပြင် ပြောင်းလဲရမယ်ဆိုတဲ့ အချက်တွေ) အတွက် ရှင်းလင်း ပြတ်သားတိကျတဲ့ လမ်းညွှန်မှု တစ်ခု လိုအပ်နေပါတယ်။မသေချာ မရေရာမှုနဲ့အတူ လျှောက်လှမ်းခဲ့ရတဲ့ အမှောင်ထုထဲမှာ စမ်းတဝါးဝါး ဖြစ်ခဲ့ရတဲ့ နှစ်ကာလတွေ လွန်မြောက်ခဲ့ပြီးတဲ့နောက်မှာ ရှင်းလင်း ကြည်လင် ပြတ်သားတဲ့ ရည်မှန်းချက်တစ်ခု ပေါ်ထွက်လာရတော့မှာပါ။
အခုအချိန်မှာ ဒီမိုကရေစီလို့ကြေငြာမှုအရ နိုင်ငံတကာကို မျက်နှာပြရ၊ ဆက်ဆံရတဲ့အခါမှာ မငြင်းသာတဲ့ ပြသနာ တွေဖြစ်ပေါ်နေပြီး အာဏာရှင်တစ်ယောက်လို လူမိုက်အချိုးချိုးလို့မရတဲ့  အချိန်တွေမှာ ဒီလို အားနည်းချက် တွေကို နင်းပြီး ပြည်သူလူထုကို အထင်မှားအောင် ပုံမှားရိုက်တာတွေ မညီညွတ်အောင် ဖြိုခွင်းတာတွေ သွေးခွဲတာတွေ ပြည်တွင်းစစ်တွေဖန်တီးနေတာ ပြည်သူလူထုအပေါ်ပွင့်လင်းမြ င်သာမှုမရှိတာတွေဟာ အာဏာတည်မြဲရေးအတွက် တမင်ဖန်တီးနေကြတာပါ။ ပြည်သူလူထု ထံမှ မတရားအာဏာသိမ်းပိုက်ထားသော အာဏာရှင်အစိုးရကို ပြည်သုလူထု၏အင်အား နှင့် သြဇာကြီးမားပုံကို သိစေရန် ကျွန်တော်တို့ပြည်သူလူထုကြီးမှ မတရားတဲ့ ဥပဒေများနှင့် ၂၀၀၈ နာဂစ် ဥပဒေ အပါအဝင် အမျိုးသားရေးအန္တရာယ်များကို စုပေါင်းညီညာစွာ ဆန်ကျင်ရန် ပြသရပါလိမ့်မယ်။ သူတလူငါတမင်းလုပ်မနေကြပဲ စုပေါင်းညီညာကြဖို့ တိုက်တွန်းလိုပါတယ်။
ဇော်ဝမ်းမောင်….။
--------------------------
မြစ်ဆုံ နေရာ သည် ၁၃၂၅ မိုင်ရှည်လျားသော ဧရာဝတီမြစ်၏ စတင် ပေါင်းစည်းရာ နေရာ ဖြစ်သည့်အလျှောက် သဘာဝ ပတ်ဝန်းကျင် အရ လည်းကောင်း၊ သာယာ လှပမှု အရပြည်တွင်း ပြည်ပ ခရီးသွား အများစု စိတ်ဝင်စား ရာ နေရာ တစ်ခု ဖြစ်ပါတယ်။တိုင်းနှင့်ပြည်န
သဘာဝ အလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံတည်ဆောက်ခြင်းဟာ
ဒီစီမံကိန်းတွေဟာ ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိပါရဲ့လား၊ အကျိုးပြုမှာပါလား။ ရေအားလျှပ်စစ်က ထွက်တာတွေကို ရောင်းစားပြီး တိုင်းပြည်ကထွက်နေတဲ့ ဂက်စ်တွေနဲ့ လျှပ်စစ်ထုတ်ဖို့စိတ်မကူးပဲ
လက်နက်အားကိုး စစ်တပ်ကိုအသုံးချပြီး အဏာသိမ်းခဲ့ရာမှ ယနေ့ အထိတိုင် ကျွန်တော်တို့နိုင်ငံဟာ နလံမထူနှိုင်တဲ့ ဘဝကိုရောက်ခဲ့ရတာပါ။ စစ်အာဏာရှင်တွေဟာ နိုင်ငံတော်ရဲ့စီးပွားရေးတစ
နိုင်ငံတော်အတွက်မဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာ
အခုအချိန်မှာ ဒီမိုကရေစီလို့ကြေငြာမှုအရ နိုင်ငံတကာကို မျက်နှာပြရ၊ ဆက်ဆံရတဲ့အခါမှာ မငြင်းသာတဲ့ ပြသနာ တွေဖြစ်ပေါ်နေပြီး အာဏာရှင်တစ်ယောက်လို လူမိုက်အချိုးချိုးလို့မရတဲ
ဇော်ဝမ်းမောင်….။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။