Golden Land Myanmar
တကယ့် အဖြစ် အပျက် ကလေး တခုပါ။
၈ နှစ်သမီးလေး သူ့အိပ်ခန်း ထဲကနေ မအိပ် သေးဘဲ မိဘ နှစ်ယောက်ရဲ့ တိုးတိုး စကား ပြောသံကို နားထောင် နေတယ်။ သူ့မှာ မောင်လေး တစ်ယောက် ရှိတယ် သူသိတာ ကတော့ သူ့ မောင်လေး အပြင်း အထန် ဖျားနေတာ ဆိုတာ ပါပဲ။ ဆေးဖိုး ကြောင့် သူတို့ ယခင် နေ ထိုင်ခဲ့တဲ့ အိမ် ကို ရောင်းပြီး အိမ်သေး သေးလေး တစ်လုံး မှာ ငှားနေ ရတယ်။
အမေ လုပ်သူ က မျက်ရည်နဲ့ သားလေး ကို ကံတရား ကသာ ကူနိုင်တော့ မယ် ဆိုပြီး ငိုကာ ပြောနေ တာ ကို သမီး လေးက ကြားတော့ သူစု ထားတဲ့ စုဘူး လေး ကို ဖောက်ပြီး ဘေးအိမ် က ဆေးရောင်း တဲ့နေရာ မှာ ကံတရား ကို သူသွား ၀ယ်ဖို့ အိမ်ကနေ မိဘ မ သိအောင် ခိုးထွက် လာ တယ်။
ဆေးရောင်းတဲ့ နေရာ ရောက်တော့ သူက ရောင်းသူ ကို ကံတရား ၀ယ်ချင် တယ် လို့ ပြော တယ်။ ရောင်းသူ ကလည်း အံ့သြစွာ နဲ့ အစ်မ တို့ ကံ တရား မရောင်းဘူး ကလေး လို့ ပြုံးပြီး ပြန် ဖြေတယ်။
ကလေး မလေး ကလည်း မဟုတ် ဘူး အမေက ပြောတယ် ကံတရား က မောင်လေး ကို ကယ်တင် နိုင်လိမ့် မယ်၊ မောင်လေး က အရမ်းဖျား နေတယ် သမီး မှာ ပိုက်ဆံ ရှိတယ်၊ မလောက် ရင် ထပ်ရှာလို့ ရသေး တယ်။ ဆိုပြီး ပြောနေတော့ အရောင်း စာ ရေးမ ကလည်း သနား ဖွယ်ရာ မျက်လုံး နဲ့ ဘာမှ မပြောခင် မှာ ဘေးမှာ ရပ်နေ တဲ့ လူကြီး တစ်ေ ယာက်က ကြားဖြတ် ၀င်မေး တယ်။
သမီးမှာ ဘယ်လောက် ရှိ တုန်း ကံတရား ကို ၀ယ်ဖို့ ကလေးမ က လည်း ၁ ဒေါ်လာ နဲ့ ၈၀ ပြား ရှိတယ် မလောက် ရင် ထပ်ရှာ အုံးမယ် ဆိုပြီး ပြန်ဖြေ တယ်။ လူကြီး က လည်း သမီး နေ တဲ့နေ ရာကို ခေါ်ပြ၊ ဦး မှာ ရှိတဲ့ ကံတရား က သမီး ရဲ့ မောင်လေး ကို ကယ်တင်နိုင် ကောင်းနိုင် လိမ့် မယ် ဆိုပြီး ကောင်မလေး အိမ် ကို လိုက်သွား တယ်။
အိမ်ရောက်တော့ ကလေး ရဲ့ ရောဂါ က ဦးနှောက် မှာ အကျိတ်ရှိ နေ တယ်။ ပါလာ တဲ့ လူကြီး က ဦးနှောက် အထူးကု ပါရဂူ ဖြစ်ပြီး ကောင်လေး ကို ဆေးရုံ တင်ကာ အခမဲ့ ခွဲစိတ်ပေး လိုက် ပါတယ်။ ဒေါက်တာ ကတော့ Carlton Armstrong ပါပဲ။ သူတို့ မိသားစု ကို ကံတရား က ကူတော့ ကလေး လည်း ပြန်ကျန်း မာလာ ပြီး မိသားစု နဲ့ ပျော်ပျော် ရွှင်ရွှင် ပြန်နေရ ပါတော့ တယ်။
တခါ တလေ ကံတရား ဟာ ဆန်းကျယ်လှ ပါတယ်။ ဒါပေမယ့် ကံ ကို စောင့် နေ လို့ ကံက ကိုယ့်ကို ကယ်တင် မှာ မဟုတ် ပါ ဘူး။ ကောင်မလေး လို မောင်ငယ် ကို ချစ်တဲ့ စိတ်ဖြူ စင်တဲ့ မေတ္တာ တရား (ကုသိုလ် ကံ) က သူ့ မောင်လေး ကို ကယ်တင် လိုက် တာပါ။ လုံ့လ လည်း စိုက်အုံး မှ ဒါမှ လည်း ကိုယ်လို ချင် တာ ဖြစ်မှာ ပါ။
သုတ စွယ်စုံ ကျမ်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။