Burma-Newselite
အညံ့အခံတဲ့ Pussy Riotအထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အမိန့်နဲ့ ရုရှသမ္မတပူတင်က လူတချို့ လွှတ်ပေးရာမှာ Pussy Riot အဖွဲ့ဝင် အမျိုးသမီး ၂ယောက်လည်း ပါပါတယ်။ သူတို့ ထောင်ဗူးဝက ထွက်လာချင်းပဲ သူတို့ကို လွှတ်ပေးတဲ့အပေါ် ပူတင်ကို ဒူးမထောက်အညံ့မခံဘဲ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
"ဒါဟာ အိုလံပစ်ပွဲမတိုင်ခင် လုပ်ပြတဲ့ လုပ်ရပ်တခုပါပဲ။ နိုင်ငံရေး အကျဉ်းသားတွေကို အားလုံးလွှတ်ပေးဖို့လိုတယ်။ ဥရောပနိုင်ငံတွေ ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လောက်ကိုပဲ မကြည့်ကြပါနဲ့။ လူ့အခွင့်အရေးအခြေခံနဲ့ ကြည့်ကြပါ။ ရုရှမှာ ပြောင်းလဲမှုမရှိဘူးဆိုရင် အိုလံပစ်ကို သပိတ်မှောက်ကြပါ။ "
- လို့ သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။
ကျမရဲ့ ခံယူချက်တွေက ထောင်ကျလို့ ဘာမှ ပြောင်းမသွားပါဘူး။ ပိုပြီး
ခိုင်မာလာသလို ပိုပြီးတော့လည်း ခံနိုင်ရည်ရှိလာတယ်။
ကျမလုပ်စရာရှိတာတွေဆက်လုပ်သွားမှာပါပဲ။
-လို့ ထောင်ဒဏ် ၂၁ လ ကျခံပြီး ဒီကနေ့ ပြန်လွတ်လာတဲ့ Nadezhda Tolokonnikova က ပြောသွားပါတယ်။
သူတို့အဖွဲ့က ဘုရားကျောင်းလွတ်တခုထဲမှာ ရုရှကို ပူလင်လက်ထဲက ကယ်တင်ပါဆိုတဲ့ ပန့် ဆုတောင်းသရုပ်ပြသီဆိုအပြီး ၂၀၁၂ ခုနှစ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ Z
http://www.csmonitor.com/World/Europe/2013/1223/Ever-defiant-freed-Pussy-Riot-members-slam-Putin-s-amnesty-video

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။