Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 24, 2013

ပင်ကို အလှ ပိုပေါ်လွင်မှု ရှိရအောင်

 Myawady News
ပင်ကို အလှ ပိုပေါ်လွင်မှု ရှိရအောင်
===================
လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက်ရဲ့ ပြင်ဆင် နေထိုင်ပုံ တွေကြောင့် ပိုမိုတင့်တယ် တောက်ပသွား တတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ်ပါတယ်။

(၁) မတ်မတ်ရပ်ပါ
မတ်မတ် ရပ်တာက သင့်ကို စမတ်ကျကျ ကြည့်ကောင်းစေတဲ့ အပြင် ကျောရိုးမကြီး ကိုလည်း ပျော့ပျောင်း သန်စွမ်းကာ ဖြောင့်မတ်စေ ပါတယ်။ တကယ်လို့ မတ်မတ်ရပ်ရတာကို ညောင်းညာတယ်လို့ ခံစားလာရရင် ဒူးတွေကို အနည်းငယ်ကွေးပြီး ခြေထောက် နှစ်ချောင်းကို အနည်းငယ်ခြားကာ ရပ်ပါ။ ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ထားပြီး ပခုံးတွေကို အနားပေးကာ ဦးခေါင်းနဲ့ လည်ပင်းကို ပခုံးနဲ့ တစ်တန်းတည်း ထားပေးဖို့ လိုပါတယ်။
(၂) မကြာခဏ ရယ်မောပါ
ရယ်မော တာကြောင့် ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတို့ လျော့ပါးပြီး ခန္ဓာကိုယ် တင်းအားတွေကို လျော့ကျ စေပါတယ်။ ရယ်မောတာဟာ နှလုံးရောဂါ ထနိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေပြီး သွေးတွင်း သကြားဓာတ်ကို ကောင်းကောင်း ထိန်းပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
(၃) အကောင်းမြင်ပါ
ဘဝမှာ နေထိုင်ရင်း တွေ့ကြုံလာသမျှ အကောင်းအဆိုး တို့ကို အကောင်းဘက်က လှည့်တွေးပြီး မြင်ကြည့်ပါ။ ဘဝမှာ နေထိုင်ရတာ ပိုပျော်လာပြီး သင့်ရုပ်လည်း ပိုကြည် လင်လာမှာ ဖြစ်ပါတယ်။
(၄) ကျေးဇူးစကား ဆိုပါ
ကျေးဇူးတင်ရမယ့် သူတွေကို ကျေးဇူးတင်တယ်လို့ တွေးတာက အကောင်းမြင် ခံစားမှုကို တိုးစေပြီး နာကျင်မှုနဲ့ ညောင်းညာမှုတို့ကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကျောင်းနဲ့ အလုပ်မှာပါ စွမ်းဆောင်နိုင်စွမ်း မြင့်တက် စေပါတယ်။ ကျေးဇူး တင်တတ်တဲ့ စိတ်ထားကြောင့် တခြားသူတွေနဲ့ ပေါင်းသင်း ရတဲ့အခါ ပိုမိုအဆင်ပြေ နေပါလိမ့်မယ်။
(၅) ပျော်ရွှင်ကြည်နူးမှု ရှာဖွေပါ
ငြီးငွေ့နေတဲ့ အချိန်မှာ ကခုန်တာ၊ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ပန်းချီဆွဲတာ စတဲ့ သင်ကြိုက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးပါ။ အဓိကကတော့ ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့ ပျော်ရွှင်မှုကို ရရှိဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအခါ စိတ်အပန်းပြေပြီး လန်းဆန်း ပေါ့ပါးတဲ့ ခံစားချက်ကို ရရှိလာပါလိမ့်မယ်။
(၆) ရက်ရောပါ
လူမှုရေး ကိစ္စတွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်တာ၊ တန်ဖိုးရှိတဲ့ အရာတွေကို လှူဒါန်းတာ ..စတဲ့ ဖေးမ ကူညီမှုတွေကို လုပ်ဆောင် ပေးတာက ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတု ပစ္စည်းတွေကို ထွက်ရှိနှုန်း ကောင်းစေ ပါတယ်။
(၇) မျှမျှတတ ရပ်တည်ပါ
လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါ လူသား တစ်ဦးချင်းစီကို တန်ဖိုးထားပြီး ဆက်ဆံပါ။ အထူးသဖြင့် တခြားသူတွေကို ရိုသေ လေးစားတဲ့ စိတ်နဲ့ ပေါင်းသင်းပြီး ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားပါ။ အပြန်အလှန် အနေနဲ့ သင့်ပတ်ဝန်း ကျင်က အပေါင်းအသင်း၊ မိတ်ဆွေ သူငယ်ချင်း တွေကလည်း သင့်ကို ပြန်လည် လေးစား တန်ဖိုးထား လာပါလိမ့်မယ်။
စုဘူးကလေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။