Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 24, 2013

လွတ်လပ်ရေးကျောက်တိုင် မငြိမ်းချမ်းသောဘဝများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး ခရစ္စမတ်ည


မိမိတာဝန်ထမ်းဆောင်ရာဂျာနယ်တိုက်က ၃၅လမ်း အလယ်ဘလောက်မှာ ရှိသည်မို့ တနင်္ဂနွေနေ့မှအပ နေ့စဉ်အလုပ်သို့လာတိုင်း မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံ ကြားရှိမှတ်တိုင်မှာဆင်းရသည်။ ဤနေရာသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟုပဲ ခေါ်ခေါ်၊သမိုင်းဝင်မြို့တော်ဟုပဲဆိုဆို မြို့တော်၏ အသည်း နှလုံးနေရာဖြစ်သည်။
မြို့တော်၏အသည်းနှလုံး ဖြစ်သလို၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသင်္ကေတ၊ တိုင်းရင်းသားတို့ တစ်ချိန်က စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေး အရယူခဲ့ သည့်အထိမ်း အမှတ် ကျောက် စာတိုင်သို့မဟုတ်လွတ်လပ်ရေး ကျောက်တိုင်ကြီးတည်ရှိရာ နေရာလည်းဖြစ်သည်။လွတ် လပ်ရေးကျောက်တိုင်ကြီး ကို မော့ကြည့် ရင်းကျောက်တိုင် များနှင့်ပတ်သက်၍ ခေါင်းထဲမှာ အတွေးတွေ ဝင်လာသည်။
ဗိုလ်ချုပ်ကိုယ်တိုင်ဖွင့်လှစ်ခဲ့သော ကျောက်တိုင်
မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သော ကျောက်တိုင်တစ်ခုရှိပါသည်။ ဦးဝိစာရ ကျောက်တိုင်ပင်ဖြစ်ပါ၏။ ရွှေတိ ဂုံ စေတီတော်ကြီး၏ အနောက်တောင်ထောင့်ဦးဝိစာရလမ်း နှင့်အလုံလမ်းဆုံအလယ်ဗဟို တွင်တည်ရှိပါသည်။ထို ကျောက် တိုင်တည်ရန်အစိုးရက မတတ် နိုင်သဖြင့်ဗဟိုအခွန်ထမ်းအ သင်းကြီးနှင့်တို့ဗမာအစည်း အရုံးက ဒကာရှာတော့မျိုး ချစ်လူငယ်တစ်ဦးဖြစ်သည့် မြောင်းမြဦးဘလှက တာဝန်ယူခဲ့ပါသည်။ သို့ဖြင့်ဦးဝိစာရ ကျောက်တိုင် ကို မြန်မာ အင်ဂျင်နီယာ ဦးသာထွန်းက စုစည်းချည်နှောင်ထားသည့်ထင်းစည်း သဏ္ဌာန်(ညီညွတ်ရေးသင်္ကေ တ)ပုံဖော်ပြီး ၁၉၄၁တွင် တည် ဆောက်ခဲ့သည်။ ၁၉၄၃ခုနှစ် အောက် တိုဘာလ၂ရက်၊ စနေ့ နေ့တွင် ထိုအချိန်က စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အာဇာနည်ကိုယ်တော်ကြီးအား ဂုဏ်ပြုမိန့်ခွန်းပြောကြား၍ ဖွင့် လှစ်ပေးခဲ့သည်။
လွတ်လပ်ရေးကျောက်တိုင်
ကျွန်တော်တို့နိုင်ငံမှာ ကျောက်တိုင်တွေအမျိုးမျိုးရှိသည်။ လွတ်လပ်ရေးကျောက်တိုင်၊ အာဇာနည်ကျောက်တိုင်၊ ငြိမ်းချမ်းရေးကျောက်တိုင်စသဖြင့်စသဖြင့်ရှိကြသည်။ သည် အထဲက မဟာဗန္ဓုလပန်းခြံထဲ မှာ တည်ရှိနေသည့် လွတ်လပ်ရေး ကျောက်တိုင်ကို ပြောလိုသည်။ ကျောက်တိုင်ကြီး စိုက်ထူ ဖို့ ဖြစ် လာသည့်အကြောင်း ခံတွေ အမြောက်အမြားရှိပါ သည်။ အကျဉ်း သာပြောချင်ပါ သည်။ ၁၉၄၅ခုနှစ်၊ ဒီဇင်ဘာ ၂၆ရက်မှာ ဖက်ဆစ်တိုက် ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်(ဖတပလ)ကို ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ် ရေးအဖွဲ့ချုပ်(ဖဆပလ)ဟု ပြောင်း လဲခဲ့ပြီး ဥက္ကဋ္ဌဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင်လန်ဒန်သို့ သွားပြီးလွတ်လပ်ရေးအတွက် အရေးဆိုရန်ခရီးစရိတ်မရှိ သဖြင့် ရန်ကုန်မြို့ထဲထွက်ပြီး  အလှူခံခဲ့ရသည်။ ရန်ပုံငွေ ၅ သိန်းလိုသည်ဟုလည်း သိရ သည်။ ၁၉၄၆ခုနှစ် နိုဝင်ဘာ ၈ရက်မှာ ဗိုလ်ချုပ်တို့ က မြန်မာ နိုင်ငံကို လွတ်လပ်ရေး ပေးဖို့ နှင့်ပတ်သက်ပြီး အင်္ဂလိပ်အ စိုး ရက၁၉၄၇ခုနှစ်ဇန်နဝါရီ၃၁ ရက်နောက်ဆုံးထားပြီး ပြန် ကြားပေးဖို့ တောင်းဆိုသည်။ သတ်မှတ် ရက်အတွင်းမပြန် ကြားပါကသူ့အစိုးရတစ်ဖွဲ့ လုံးနုတ်ထွက်မည်ဟုလည်း ရာဇသံပေးခဲ့သည်။ ၁၉၄၆ခုနှစ် ဒီဇင်ဘာ ၂ဝရက်မှာ ဝန်ကြီးချုပ် အက်တ လီက မြန် မာ ကိုယ်စားလှယ် အဖွဲ့ကိုဘိလပ်သို့လွတ်လပ် ရေးကိစ္စဆွေးနွေးရန်ဖိတ်ခေါ် သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးခရစ္စမတ်ည
၁၉၄၆ ခုနှစ်ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်)နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့ကိုဗိုလ်ချုပ်အောင်ဆန်းရောက်ရှိ နေသည်။ ၁၉၄၆ခု ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ညသည် ဗိုလ်ချုပ် အောင်ဆန်း၏ နောက်ဆုံး ခရစ္စမတ်ညလည်း ဖြစ်သည်။ ၁၉၄၇ခရစ္စမတ်မတိုင်မီ ဇူလိုင် ၁၉ရက်မှာ ဗိုလ်ချုပ်ကွယ်လွန် ခဲ့သည်။ ထိုညတွင်ဗိုလ်ချုပ်အောင် ဆန်းက တောင်ကြီးမြို့လူထု တရားပွဲကြီး၌ ရှမ်းပြည်နယ်ရှိ မြန်မာများသတိထားရန်အ ကြောင်းနှင့်ပတ်သက်၍ယခုလိုပြောကြားခဲ့ သည်။
” ရှမ်းပြည်နယ်မှာ ရောင်းဝယ် ဖောက်ကားနေထိုင်ကြတဲ့ မြန်မာတွေကို သတိပေးလိုတယ်။ ရှမ်းအမျိုးသားတွေ အပေါ်မှာ အထင်မသေးရ ဘူး။ သွေးချင်း သားချင်း ရင်းရင်းခြာ ခြာသဘောထားကြရမယ်။ သူတို့ရဲ့ဓလေ့ထုံးစံများကို မထီ မဲ့မြင်မပြုလုပ်ရဘူး။ ခင်ဗျား တို့ကို အထူးသတိပေးလိုတာက ရှမ်းအမျိုးသားများနှင့် ဆက်ဆံ ကြရာတွင်ဓနရှင်ဝါဒသမား တွေလို ခေါင်းပုံဖြတ်တဲ့ အဓမ္မ ဝါဒမျိုး မလုပ်ရဘူး။ အကယ် ၍ ကျုပ်သတိပေးတဲ့အတိုင်း မလိုက်နာကြဘဲဓနရှင်ဝါဒ သမား တွေလို ထင်တာ လုပ်နေကြမယ် ဆိုရင်တော့ ကျုပ်တို့ ဖဆပလ အဖွဲ့ချုပ်ကြီးကခင်ဗျားတို့ အပေါ်မှာလျစ်လျူရှုနေမယ် မဟုတ်ဘူး” ဟု ပြောခဲ့သည်။
ဒီဇင်ဘာ ၂၆ရက်၊ နံနက်ပိုင်းမှာတော့ ညောင်ရွှေစော် ဘွားကြီးရဲ့ စီစဉ်ပေးချက်အရ လူထုတရားပွဲကြီး လုပ်ပြန်သည်။ ထိုပွဲတွင် ဗိုလ်ချုပ်က” မြန်မာပြည်မှာတော့ မကြာမီ လွတ်လပ်ရေးရတော့မယ်။ ရှမ်းပြည်နယ်ကိုတော့ အင်္ဂလိပ်ကခြေကုပ်ထားပြီး အခွင့်အရေးတွေကိုသူတို့ လက်ထဲမှာထားဖို့ စိတ်ကူး ရှိနေကြ တယ်။ မြန်မာပြည်ကို လက်မလွှတ်ရင်မဖြစ်တဲ့အ ခြေ ရောက်နေတယ်။ ကမ္ဘာစစ်ကြီး ပြီးကတည်းက နိုင်ငံတကာ အခွင့်အရေးတွေဟာပြောင်း လဲနေတယ်။ ရှင်ဘုရင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အီတလီအစ ရှိတဲ့ တိုင်းပြည်နိုင်ငံတွေဟာ ဒီမိုကရေစီအရ သမ္မတအုပ် ချုပ်တဲ့တိုင်းပြည်များ ဖြစ် လာကြရတယ်။ စာပေကျမ်း ဂန်များမှာပါရှိတဲ့အတိုင်း ရှေး အခါ များက တိုင်းသူပြည်သား တွေဟာမူလ(သမ္မတ)တင် မြှောက်ကြရတယ်။ ဒီသမ္မတ ဟာ မင်းကျင့်တရား ၁ဝပါး ကို လိုက်နာကျင့်ကြံကြရတယ်။ (အဝိရောဓနတရား)ကို ဆန့် ကျင်လျှင်တိုင်းပြည်ကပေး တဲ့အပြစ်ဒဏ်ကို ခံရတယ်။ ဥပမာဝေသန္တရာမင်းကြီးဟာ တိုင်းပြည်ရဲ့အလိုနဲ့ဆန့်ကျင် တဲ့အတွက် တိုင်းပြည်မှနှင် ထုတ်ခြင်းခံရတာဖြစ် တယ်။ယခု အခါမှာ လည်းအဲဒီခေတ်မျိုးပြန် ရောက်လာတယ်” ဟုပြောကြားခဲ့သည်။
ဗိုလ်ချုပ်က တိုင်းရင်းသား များနှင့် ညီညွတ်ရေးအရယူပြီး လွတ်လပ်ရေးလမ်းကို လျှောက် ခဲ့သည်။ လွတ်လပ်ရေးရသည့် နေ့မှာ ပင် နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနုကိုယ် တိုင်အုတ်မြစ်ချ ခဲ့သည်။၁၉၅ဝပြည့်နှစ် နိုဝင် ဘာ ၂၆ရက်နေ့မှာ လွတ်လပ် ရေးကျောက်တိုင်ကို ဖွင့်လှစ်နိုင် ခဲ့ သည်။ ကျောက်တိုင်ဖွင့်သည့် ရက်စွဲမူကွဲ တစ်ခုကို လည်း တွေ့ ရသည်။ နှစ်၅ဝခေတ်ဟောင်း စာအုပ်ထဲမှာ ကျောက်တိုင် ဖွင့်လှစ်သည့်ရက်ကို ၁၉၅ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၅ရက်ဟု ရေးထားတာလည်း တွေ့ရ သည်။ ကျောက်တိုင်အမြင့်ပေ ၁၅ဝရှိသည်။ ငါးမြှောင့်ပုံ (ကြယ်ပုံ)ကျောက်တိုင်ကြီးကို အလယ်မှာထားပြီး ဘေးက ကျောက်တိုင်အသေးငါးခု ရံထားသည်။
လွတ်လပ်ရေး ကျောက်တိုင်ကို ကောင်းကင် မှကြည့်လျှင်ယခင်နိုင်ငံတော် အလံထဲကကြယ်ဖြူကြီးကို ကြယ်သေးငါးခုရံထားသလို တွေ့ရမည်ဖြစ်သည်။ ဗမာ၊ရှမ်း၊ ချင်း၊ကချင်၊ ကရင်၊ကယား ဆိုသည့်လူမျိုးစုကြီးခြောက် စု၏ သင်္ကေတလည်းဖြစ် သည်။ ကျောက်တိုင်အခြေပတ် လည် တွင် ခြင်္သေ့ရုပ်၁ဝရုပ်ကို ဝန်းရံ တည်ဆောက်ထား သည်။ပင်မကျောက်တိုင်ပေါ် တွင် ” လွတ်လပ်ရေးကြေညာစာတမ်း” ရေးထိုးထားသည်။ ထိုစာတမ်းကို ဆရာဦးသိန်း ဟန်(ဇော်ဂျီ)၊ ဦးဝန်(မင်းသု ဝဏ်၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန်(တင့်တယ်)တို့က မြန်မာဘာသာဖြင့် ရေးခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ပထမမူ ကြမ်းကိုဒေါက် တာမောင် မောင်ရေးပြီး ကုလအတွင်းရေး မှူး ချုပ်ဟောင်း ဦးသန့်၊ ဦးခင် မောင် (တောသား)၊ ဦးခင် ဇော်(ကေ)တို့ကပြင်ဆင် တည်း ဖြတ်ပေးခဲ့သည်။စာရေး ဆရာ ကြီးများအတွက် ဂုဏ်ယူ မိပါ ၏။ ဤကား မြန်မာတို့၏ ငြိမ်း ချမ်းခြင်း၊ ညီညွတ်ခြင်း တရား မျှတခြင်း၏ သက်သေပါပေ။
သို့သော် ပြီးခဲ့သည့် နိုဝင် ဘာ ၁၂ရက်နေ့က ရခိုင်အ ရေးနှင့် ပတ်သက်ပြီး ဂယက် ထခဲ့သော ဥှုဃ က မြန်မာ နိုင်ငံတွင် ရုံးစိုက်ဖို့ ကြိုးစား သည်။ ဒါကို မြန်မာလူထုက မနှစ် သက်၊ မလိုလားသဖြင့် လွတ်လပ်ရေးကျောက်တိုင် ဘေး နားမှာ ဆန္ဒပြတာ တွေ့လိုက်ရ သည်။ကျွန် တော်တို့ မငြိမ်းချမ်း သေးတာ။အမှီအခို ကင်းကင်းနဲ့ မလွတ် လပ်သေးတာ၊ တိုင်းရင်း သားအရေးတွင် မျှမျှတတမရှိ သေးတာ သေချာပါသည်။ ဖဆပလပဏာမ ပြင် ဆင်မှုညီလာခံမှာ ဗိုလ်ချုပ်က လွတ်လပ်ရေးနှင့် ပတ်သက်၍” လွတ်လပ်ရေးရတယ် ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ ပြဿနာတွေ ဖြေရှင်း သွားကြရမှာမဟုတ်ဘူး။ အဲဒီ အခါကျမှ တကယ့်ြ ပဿနာ တွေ ပေါ်လာလိမ့်မယ်။ လွတ် လပ်ရေးက လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ ကောင်းစားရေးကို ရောက်စေမယ့် လမ်းကြောင်း သာဖြစ်တယ်” ဟု ပြော ခဲ့သည်။ ဒီမိုကရေစီနှင့် စပ်လျဉ်း၍တော့ ဗိုလ်ချုပ်က..
” တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ စီးပွားအဆင့်အတန်းကို အခွင့် အရေးတန်းတူရနိုင်တဲ့အ ခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမို ကရေစီအထိ တက်လှမ်းနိုင်မယ်”  ဟု ဆိုခဲ့သည်။
စာဖတ်သူတို့အနေနှင့် ရန်ကုန်မြို့ကဖြစ်စေ၊ ရန်ကုန် မြို့ကို တစ်ခါ တစ်ခေါက်ရောက် လျှင်ဖြစ်စေ ရန်ကုန်မြို့လယ်က လွတ်လပ်ရေး ကျောက်တိုင်ကြီး မှာရေးထိုး ထားသည့် လွတ်လပ် ရေးကြေညာစာတမ်းကြီးတွင် ဖော်ပြထားသည့်အချက် ၆ ချက်ထဲက နံပါတ်၅ အချက်ကို ဖတ်ရှုကြည့်ကြလျှင်ဖြင့်
” ငါတို့ နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်း မဟု တ်၊ မည်သူတစ်ဦးတစ်ယောက် တစ် ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင် သိမ်းယူအကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလ ကလည်းကောင်း၊ ယခုမျက် မှောက် တွင် လည်းကောင်း၊ နောင် လာလတ္တံ့သော အနာဂတ် ကာလ၌လည်းကောင်းငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီ တင်းနေထိုင်ကြသော ကြီး/ငယ် ဝေး/နီး၊ ကျား/မ မခြား သစ္စာ တော် ခံနိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ်ပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်”  ဟူသောအချက်ကို တွေ့ကြရ မည် ဖြစ်ပါသည်။စာဖတ်သူတို့ ဦးနှောက် မုန်တိုင်း ဆင်နိုင်ရန်တင်ပြလိုက်ရခြင်းပါ။
ရည်ညွှန်း-
(၁) အင်တာနက်ဝက်ဘ်ဆိုက်များ
(၂) ငါတို့ဗိုလ်ချုပ်ဘာတွေ လုပ်ခဲ့သလဲ (သတင်းစာဆရာဦးပုကလေး)
(၃) မြန်မာ့ရက်စဉ်သမိုင်း(ဒုတိယတွဲ)
သိန်းအေး
 http://www.popularmyanmar.com/mpaper/2013/12/%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9C%E1%80%95%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%99/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။