Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 27, 2013

Bill Gate နှင့် မေးမြန်းခန်း

 
Burma-Newselite
Bill Gate နှင့် မေးမြန်းခန်း
(7Day တွင်ဖော်ပြခဲ့သော ဆောင်းပါး)

အင်တာနက်က ကမ္ဘာ့ကြီးကို ကယ်တင်မှာမဟုတ်ဘူး ဟု မိုက်ခရိုဆော့ဖ် ကို ပူးတွဲတည်ထောင်ခဲ့သူ ဘီလီယံနာသူဌေးကြီး ဘီလ်ဂိတ်က
ပြောဆိုလိုက်သည်။ သို့သော် ရောဂါများကို အမြစ်ပြတ်ဖယ်ရှားခြင်းများက ကမ္ဘာကြီးကို ကယ်တင်နိုင်မည်ဟု သူက ဆိုသည်။

အိုင်တီ နည်းပညာကို မြတ်နိုးနှစ်သက်လှသော်လည်း လူသားတို့၏ ဘ၀ များကို မြှင့်တင်ရန်အတွက် ပို၍အခြေခံကျသော အရာများကို
ဆောင်ရွက်ရန် ပိုမိုလိုအပ်ပြီး ဥပမာအနေနှင့် ကလေးများဘဝ
ကောင်းမွန်ရေးနှင့် ကလေးအဟာရပြည့်မှီရေးတို့ ဖြစ်ကြောင်း သူက
ပြောဆိုလိုက်သည်။

အင်တာနက်မရှိသော ကမ္ဘာ့လူသန်းပေါင်း ၅ထောင်ကို အင်တာနက် ရရေးအတွက် လုပ်ဆောင်ခြင်းသည် ယခုမျိုးဆက်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်ဟု ဖေ့ဘွတ်တည်ထောင်သူ မာ့ခ် ဇူကာဘက်က
ပြောဆိုခဲ့သည်။ ဤပြောဆိုချက်ကို ဘီလ်ဂိတ်ကတော့ သဘောမတူပါ။ ကမ္ဘာ့ပြည်သူများကို အင်တာနက်ဆက်သွယ်ပေးခြင်းက ငှက်ဖျား ကာကွယ်ရေးဆေးကို ဖော်ထုတ်ရေးထက်ပို၍ အရေးကြီးပါသလား ဟူသော မေးခွန်းကို ဘီလ်ဂိတ်ကတော့ ခင်ဗျားနောက်နေတာလား ဟု ပြန်ပြီး မေးခွန်းထုတ်ခဲ့ဖူးသည်။

ဂိတ်၏ အရေးပေါ်ရည်မှန်းချက်မှာ ကာကွယ်၍ရသည့် ရောဂါများနှင့် ၂၀ စက္ကန့်တိုင်း အသက် ၅ နှစ်အောက် ကလေး တယောက်နှုန်း
သေဆုံးနေခြင်းကို ဟန့်တားရန် ဖြစ်သည်။ စီရဲတာတွင် ရှိသည့် ဘီလ် အင်န် မလင်းဒါးဂိတ်ဖောင်ဒေးရှင်းကို သူ့ဖခင်နှင့် ဇနီးဖြစ်သူ မလင်းဒါး တို့နှင့် ဦးဆောင်လုပ်ကိုင်နေပြီး ၀န်ထမ်းပေါင်း ၁၁,၀၀၀ ရှိသည်။

လူသားများ၏ဘ၀ကို ပြောင်းလဲတိုးတက်စေမည့် မည်သည့် စီမံကိန်းမျိုး ကို ငွေကြေးထောက်ပံ့မှုပေးမည်ဆိုသည်ကို ထိုနေရာမှ ဆုံးဖြတ်နေသည်။ ဂိတ်ကိုယ်တိုင်က ကမ္ဘာ့အနှံ့က သူတို့၏ စီမံချက်များကို အလုပ်ဖြစ် မဖြစ် လှည့်လည်ကြည့်ရှုနေသည်။ ကလေးကျောင်းများတွင် အဟာရအစီအစဉ်၊ စိုက်ပျိုးရေးလုပ်ငန်းများ စသည်တို့တွင် ကူညီနေပြီး သူ့အတွက် အရေးကြီး ဆုံးကတော့ ကလေးများအတွက် ကာကွယ်ဆေး ဖြစ်သည်။

အသက် ၅၈ နှစ်အရွယ်တွင် ဘီလ်ဂိတ်သည် သူငယ်ရွယ်စဉ်ကတည်းက ရှိနေခဲ့သည့် စိတ်မရှည်မှုများနှင့် တီထွင်လိုသော စိတ်ကူးစိတ်သန်း ရည်မှန်းချက်များ ရှိနေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က အမေရိကန်နိုင်ငံ၏ အထင်ကရ ဟားဗတ်တက္ကသိုလ်မှ ကျောင်းမပြီးခင်
နှုတ်ထွက်ခဲ့ပြီး ကမ္ဘာ့ ပထမဆုံး ကွန်ပြူတာသုံး ဆော့ဖ်ဝယ်ကို တည်ထောင်ခဲ့သည်။ ကွန်ပြူတာသည် လူတို့၏နေ့စဉ်ဘ၀ကို ကူညီပေးနိုင်ပြီး အိမ်တိုင်းတွင် ကွန်ပြူတာထား၇ှိရေးသည် သူ၏ စိတ်ကူး စိတ်သန်းများ ဖြစ်ခဲ့သည်။ ဘီလ်ဂိတ်ကို စီဘီအက်စ် တီဗွီမှ ချာလီရိုစ်က မိနစ် ၆၀ အစီအစဉ်တွင် မေးမြန်းချက်မှ ကောက်နှုတ်ဖော်ပြပါသည်။

မေး - တီထွင်ကြံဆမှုအပေါ် ဘယ်လို မြင်ပါသလဲ။

တီထွင်ကြံဆမှုဆိုတာ ကောင်းတဲ့အရာပါ။ ဇီဝအကြမ်းဖက်မှုတို့ ဘာတို့ကလွဲရင် တီထွင်ကြံဆမှုကြောင့်ပဲ လူသားတွေရဲ့ အခြေအနေက တိုးတက်လာတာပါ။ ဒါပေမဲ့ ဒီလို နည်းပညာတွေက အံ့မခန်း စရာ
ကောင်းမွန်နေပေမဲ့လည်း ကျနော်တို့ လိုချင်တဲ့ အချိန် အတိုင်းအတာ အတွင်း ဒါကို အလိုအပ်ဆုံးဖြစ်နေတဲ့ လူတွေဆီကို ကျနော်တို့ မပေးပို့နိုင် ဘူး။ အင်တာနက်နည်းပညာတွေက ပံ့ပိုးပေးခဲ့လို့ တရုတ်နဲ့ အိန္ဒိယတို့ ကမ္ဘာ့ဈေးကွက်ထဲဝင်ရောက်လာတယ်။ ဒါကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဘန်ဂါလိုက နည်းပညာစင်တာတွေကို ရောက်ရင် အဲဒီနဲ့ ၃ မိုင်လောက်ဝေးတဲ့နေရာမှာ နေတဲ့သူတွေကိုလည်း သွားကြည့်ကြပါ။ အိမ်သာမရှိဘူး။ ရေသန့်မရှိဘူး။

မေး - လာမဲ့ အနှစ် ၂၀ မှာ ကမ္ဘာမှာ ကာကွယ်နိုင်တဲ့ ရောဂါတွေကို အမြစ်ဖြတ် ဖယ်၇ှားရေးလုပ်မယ်လို့ ခင်ဗျားပြောတယ်။

ဟုတ်တယ်။ ဒါက ကျနော်အများဆုံးလုပ်သွားမဲ့ အလုပ်တွေပဲ။

မေး - ဥပမာ ပိုလီယို။

ဟုတ်တယ်။ ပိုလီယိုကို ၂၀၁၈ မှာ အမြစ်ဖြတ်နိုင်လိမ့်မယ်။

မေး - တီဘီ အဆုတ်ယောင် ကရော။

လက်ရှိဆေးတွေက သိပ်ကြီးမကောင်းလှဘူး။ သူတို့က တီဘီရောဂါကို
လျော့ကျအောင်တော့ လုပ်နိုင်တယ်။ ဒါပေမဲ့ အမြစ်ပြတ်အောင် မလုပ်နိုင်သေးဘူး။ ပိုကောင်းတဲ့ ဆေးကို ဆက်ပြီး ရှာနေတယ်။ ၆-၇ နှစ်လောက်ဆိုရင် ပိုကောင်းတဲ့ဆေးရလာမယ်။

မေး - ငှက်ဖျားဆေး အခြေအနေက ဘယ်လိုရှိသလဲ။

ငှက်ဖျားက အခုမှ ပိုကောင်းတဲ့ ဆေးနည်းတွေကို တီထွင်နေတုန်းပဲ ရှိပါသေးတယ်။ အဲဒါကို အာရုံထားပြီးလုပ်နေတုန်းဆိုတော့ အနှစ် ၂၀ လောက်အတွင်း ဖြစ်လာနိုင်ပါတယ်။

မေး - ရောဂါတခုကို အမြစ်ဖြတ်မယ်။ နောက်ရောဂါတခုကို အမြစ်ဖြတ်မယ်။ နောက်ထပ် ရောဂါတခုကို အမြစ်ဖြတ်မယ် ဆိုပြီး
ပြောနေတဲ့သူကို အရင်က ကျနော်တခါမှ မဆုံဖူးဘူး။ ဒါက အိပ်မက် တခုလို ဖြစ်နေမလား။

ကျနော်ကတော့ ဒီအတွက် အင်မတန် မျှော်လင့်ချက်ကြီးပြီး စိတ်လည်း လှုပ်ရှားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက လုပ်လို့ ရတဲ့ အရာတွေမို့ပါပဲ။ ဆေးရုံဆေးခန်းတွေကို သွားလိုက်ရင် ဒီလို
ဖျားနာနေတဲ့ ကလေးတွေကိုကြည့်လိုက်ရင် ကိုယ့်ကလေးတွေနဲ့ ယှဉ်ပြီး ခံစားနားလည်လို့ရပါတယ်။ ကမ္ဘာကြီးမှာ ချမ်းသာကြွယ်ဝမှုတွေရှိနေပြီး ဒီလို ကာကွယ်လို့ရတဲ့ ရောဂါတွေအတွက် မကူညီနိုင်သေးတာဟာ အတော့်ကို လက်မခံနိုင်စရာပါ။

မေး - လျှပ်စစ်မီးမရတဲ့ ဒေသတွေမှာ အအေးခန်းမှာ သိမ်းဆည်းရမယ့် ကာကွယ်ဆေးတွေ ပို့ဆောင်ဖို့အတွက် ခင်ဗျားစီစဉ်နေတယ်ဆိုတာ ဘယ်လိုအခြေအနေ၇ှိသလဲ။

ဟုတ်ပါတယ်။ စက်မှုနည်းပညာ၇ှင်တွေနဲ့ တိုင်ပင်ပြီး အအေးဗူးတီထွင်တာ
အောင်မြင်သွားပါပြီ။ ဒီဗူးက သိပ်လည်း မကြီးလှဘူး။ (အမြင့် ၃ပေခန့်၊ အကျယ် ၁ပေခွဲရှိ) ဒီထဲမှာ ကလေးရောဂါကာကွယ် ထိုးဆေး ၂၀၀ ကို ထဲ့ပြီး သိမ်းထားလို့ရတယ်။ လျှပ်စစ်မီးမလိုဘူး။ ဘက်ထရီမလိုဘူး။
ဆေးတွေကို ဒီအအေးဗူးထဲမှာ ၁၅ ရက်ကြာ သိုလှောင်ထားလို့ရတယ်။

မေး - ဆေးဘယ်လောက်ကောင်းကောင်း ဒီဆေးတွေကို ယူမသွားရင်နိုင် သုံးလို့မရဘူးပေါ့။

မှန်ပါတယ်။ အခုတော့ ကျနော်တို့က ကမ္ဘာအနှံ့က ကာကွယ်ဆေး လိုနေတဲ့ ဘယ်ကလေးဆီကို မဆို ဒီကာကွယ်ဆေးပို့လို့ ရပါပြီ။

မေး - နောက်ပြီး ခင်ဗျား အိမ်သာစီမံကိန်းလုပ်နေတယ် ပြောတယ်။

ဟုတ်ပါတယ်။ နောက်စီမံကိန်းတခုက အိမ်သာပါ။ အိမ်သာကလည်း ကာကွယ်ဆေးလိုပါပဲ။ ကမ္ဘာ့ဆင်းရဲတဲ့ဒေသတွေမှာ အိမ်သာ မရှိတော့ မြစ်တွေချောင်းတွေထဲ စွန့်ပစ်ပြီး ရေညစ်ညမ်း။ ရောဂါတွေ ရပါတယ်။ ရောဂါတွေ ပြန့်တယ်။

မေး - ဒီတော့ ခင်ဗျားက အိမ်သာဆောက်တဲ့ နည်းပညာရှာရတော့တာပေါ့။

ဟုတ်ပါတယ်။ ကျင်းမတူးဘဲ အိမ်သာဆောက်နိုင်ဖို့ အိမ်သာ နည်းပညာ
ပြိုင်ပွဲ လုပ်ပါတယ်။ အခု တီထွင်မှု ၂၀ လောက် စလုပ်နေကြပါတယ်။ အကောင်းဆုံး ၄ ခုကို ရွေးမှာပါ။ တချို့က မီးရှို့တဲ့နည်း။ တချို့က
လေဆာနည်း စသဖြင့်ပေါ့ အမျိုးမျိုး သုံးဖို့ စမ်းသပ်နေပါတယ်။ ဒီအိမ်သာတခုထဲမှာပဲ ပြန်ပြီးတော့ ချေဖျက် ပစ်နိုင်အောင် တီထွင်မှုတွေ ကတော့ အမျိုးမျိုးပါပဲ။ လာမဲ့ ၄-၅ နှစ်ဆိုရင် ကျင်းမတူးပဲ ရွှေ့ပြောင်းလို့ ရတဲ့ အိမ်သာကို ကျနော်တို့ အပြီးသတ်တီထွင်နိုင်မှာပါ။

စိတ်မရှည်သော အကောင်းမြင်ဝါဒီတဦးအဖြစ် သူ့ကိုယ်သူ သတ်မှတ် ထားသော ဘီလ်ဂိတ်က ကဏ္ဍအတော်များများကို စိတ်ဝင်တစား
လေ့လာသူဖြစ်ပြီး လေ့လာလျှင်လည်း အတွင်းကျကျ လေ့လာသူဖြစ်သည်။ မိမိတည်ထောင်ခဲ့သော မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှအမြတ်များစွာကို ကမ္ဘာ့ကလေးများကျန်းမာရေးအတွက် ကာကွယ်ဆေးဖော်ထုတ်ခြင်း၊
ဖြန့်ဝေခြင်းနှင့် လူအများအကျိုးရှိစေမည့် လုပ်ငန်းများစွာတွင် ဘီလ်ဂိတ် က လှူဒါန်းသုံးစွဲနေသည်။ ကမ္ဘာကြီးကို ပို၍နေချင်စဖွယ်ကောင်းအောင် ဖန်တီးသူအဖြစ် လူအများက တလေးတစားအသိအမှတ်ပြု ခံနေရသူ လည်း ဖြစ်ပါသည်။

ခင်မေဇော် (၀ါရှင်တန်ဒီစီ)

ကိုးကား- CNN, NBC

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။