Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 27, 2013

ဗိုလ်သိန်းစိန် ရဲ့ “ဒီမိုကရေစီ” ဗျောသံ

 

ဗိုလ်သိန်းစိန် ရဲ့ “ဒီမိုကရေစီ” ဗျောသံ
--------------------------------------------
ယနေ့ နိုင်ငံရေးကာလ အခင်းအကျင်းများအရ ပြည်သူတွေ ကြိုက်နှစ်သက်လာအောင် လုပ်လာနေတဲ့ ဗီလိန် မင်းသားကြီး ဦးရွှေမန်း၊ ရုပ်သေးကြိုးဆွဲ သမ္မတ ဦးသိန်းစိန်၊ နှင့် နိုင်ငံရေး ကန့်လန့်ကာ နောက်ကွယ်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ရဲ့ အပြန်အလှန် နိုင်ငံရေးကစားကွက်တွေကတော့ ပြည်ခိုင်ဖြိုး အချင်းချင်း ပေါ်လွင်ထင်ရှားအောင် နိုင်ငံရေးမဟာဗျူဟာမြောက် ကစားကွက် တွေ ပြောင်းရွေ့လာပြီ လို့ဘဲဆိုချင်ပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း နိုင်ငံတော်သမ္မတအဖြစ် ရည်မှန်းနိုင် မမှန်းနိုင်နဲ့ စိတ်ကူးယဉ်နိုင်သလားဆိုတာ ပြောလို့မရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကြီးနှစ်ကြီးဖြစ်တဲ့ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ကလည်း မိမိ အာဏာပြရေး၊ ရွေးကောက်ပွဲ အနိုင်ရရေး၊ မိမိ ဂုဏ်သိက္ခာ အမှတ် ရယူရေးတို့အတွက်သာ ဆက်လုပ် လာမဲ့သဘော တွေ့မြင်လာရပါတယ်။


ဦးသိန်းစိန်နောက်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးမှ တပည့်လက်သားအချို့ ရှိနေပြီး သူရဦးရွှေမန်း နောက်ကွယ်မှာတော့ ကြံ့ခိုင်ရေး ပါတီဝင်များ ရှိပေမဲ့ ခန့်မှန်းရ ခက်ပါတယ်။စစ်တပ် ကလည်း တနည်းအားဖြင့် အာဏာ ပြန်မသိမ်းချင်တော့လို့ ဒို့တာဝန် အရေးသုံးပါး ထိခိုက်မှာ စိုးရိမ်လို့၊၂၅ ရာခိုင်နှုန်း ယူထားတာ အထင်အရှားပါဘဲ။ သူရဦးရွှေမန်း အနေနဲ့ ပြည်သူကို ဖက်တွယ်မှ ပြည်သူက သဘောကျမှ မဲများများ ရနိုင်မှာမို့လို့ ယခင်အစိုးရ လုပ်ခဲ့တဲ့ စီမံကိန်း၊ စီမံချက်၊ မူဝါဒ စနစ်တွေကို ဝေဖန်ရှုတ်ချရေး ၊ လက်ရှိအစိုးရ လုပ်နေတဲ့ စီမံကိန်း၊ စီမံချက်၊ မူဝါဒ စနစ်တွေကို ထောက်ပြ၊ဝေဖန်ပြီး ပါဝါအားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်အား မဟာမိတ်ဖွဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စေကာ ပြည်သူတွေက သူ့ကို သဘောကျလာအောင် လုပ်ဆောင်ပြလာနေတာတွေ တွေ့ရမှာဖြစ်ပါတယ်။

တကယ်တမ်းကျတော့ သူရရွှေမန်း၊ ဦးသိန်းစိန် နှင့် တပ်ချုပ် မင်းအောင်လှိုင် တို့ဟာ အခြေခံဥပဒေ ပြုပြင်ရေးကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ဖယ်ဒရယ်ကိစ္စတွေမှာ ဘာတစ်ခုမျှ ထိထိရောက်ရောက် လုပ်ဆောင်လာနေတာတွေ မတွေ့ရသေးပါဘူး။ လက်ရှိ အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အောက်တိုဘာလမှာ တစ်ပြည်လုံး အပစ်ရပ် လက်မှတ်ထိုးပွဲ ကျင်းပမယ်လို့ နိုင်ငံတကာမှာ ကြွေးကြော်ထားပါသော်လည်း သတ်မှတ်ချိန် အတိုင်းအတာ ကျော်လွန်ခဲ့ပါပြီ။တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေ ဆဲဘဲဖြစ်ပါတယ်။ ပြည်သူတွေက ပေါင်းစည်းဖို့ တောင်းဆိုနေပေမဲ့ ဒီနေ့ထက်တိုင် ပေါင်းစည်းခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ဖယ်ဒရယ်ကိစ္စမှာ အကြိတ်အနယ် ဆွေးနွေးရမဲ့ ကိစ္စကတော့ ပြည်သူတွေက ယခု တောင်းဆိုနေတဲ့ အခြေခံဥပဒေအသစ် ရေးဆွဲရေးကိစ္စဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဖယ်ဒရယ်စနစ်နဲ့ အခြေခံဥပဒေ အသစ်ပြန်ရေးဆွဲဖို့ ကိုဆန္ဒလုံးဝမရှိဘဲ လက်ရှိ အနေအထားအတိုင်းသာ ဥပဒေကို လိုအပ်သလို ပြုပြင်ပေးပြီး တိုင်းနဲ့ပြည်နယ်အား ဖယ်ဒရယ်ပေးဖို့ ဆန္ဒရှိတယ်လို့ ယူဆရပါတယ်။

ကြံ့ဖွံ့ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးကို လိုက်လျောပေးနိုင်မှု အလားအလာ နည်းပါး နေပါသေးတယ်။ကြံ့ဖွံ့ဟာ နည်းဗျူဟာမျိုးစုံနဲ့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ အတွက်လည်း ပြင်ဆင်နေကြပါတယ်။ဒါ့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ခွင့် ပေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ သြဇာအာဏာ ကြီးမားမှုကြောင့် NLD က အပြတ်အသတ် အနိုင်ရသွားမဲ့ အခွင့်အလမ်းကိုတော့ ကြံ့ဖွံ့က ဘယ်တော့မှပေး မှာမဟုတ်ပါဘူး။ ကြံ့ဖွံ့ပါတီရဲ့ နည်းဗျူဟာမျိုးစုံလို့ ဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူ့အခွင့်အရေး ဦးစားပေးမှု ကို အသေအချာကိုင်ပြီး အမျိုးသားရေးဆိုတဲ့ မျိုးချစ်စိတ်နဲ့ ထိုးတင်လိုက်တာ သူတို့ရဲ့ ထိုးစစ်က အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ် ဆိုရပါမယ်။ ကြံ့ဖွံ့က သူတွေဟာ စစ်တပ်ကဖြစ်တာမို့ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာနဲ့ အဖျက်အမှောင့် ထောက်လှမ်းရေး နည်းဗျူဟာတွေ သုံးတတ်တာကိုတော့ သတိထားဖို့လိုပါတယ်။ဒီနည်းဗျူဟာတွေက လက်ဆုတ်လက်ကိုင် သက်သေပြဖို့ မလွယ်လှပါဘူး။

၂၀၁၀ရွေးကောက်ပွဲ ကာလအတွင်းမှာလည်း ၄င်းတို့ ခြိမ်းခြောက်ပုံအရ အစိုးရ ဝန်ထမ်းများအားလုံးဟာ ကြံ့ဖွံ့ကိုသာ ဇွတ်အတင်း မဲပေးခဲ့ကြရပါတယ်။ ထို့အပြင် ၄င်းဝန်ထမ်းနှင့် ပတ်သက်တဲ့အရပ်သား ဆွေမျိုးများ၊ ဇနီးနှင့်သားသမီးများ၊ ဇနီး၏ဆွေမျိုးများ အားလုံးတို့ဟာလည်း ကြံ့ဖွံ့ကိုသာ မဲပေးခဲ့ကြရပါတယ်။ မဲမပေးပါက အဆိုပါဝန်ထမ်း၏ ဘဝသည် ၄င်းတို့လက်ထဲတွင် ပျောက်ခြင်းမလှ ပျောက်သွားပေမည်ပင်ဖြစ်ပါတယ်။ ဤစနစ်နှင့် မဲပေးခိုင်းခဲ့ကြပြီး တရားမျှတသော ရွေးကောက်ပွဲကြီးကို ဟန်လုပ်ကာ ကျင်းပခဲ့ကြပါတယ်။ သိပ်ပြီး စိတ်မချရပါက မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲများ ကောက်ယူပြီး ထောက်ခံမဲ ရယူခဲ့ပါတယ်။ သူတို့ရဲ့အခြေခံဥပဒေ ထောက်ခံခြင်း မဲပေးသည့် အခါကလည်း ဤနည်းအတိုင်း ပြုလုပ်သွားခဲ့ကြသည့်အတွက် ဝန်ထမ်းနှင့် လုံးဝ ကင်းရှင်းသူများသာ မထောက်ခံကြခြင်းသာ ဖြစ်ပါတယ်။ ၁၄နှစ်တိုင်တိုင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ စစ်အုပ်စု အကျိုးစီးပွား၊ လုံခြုံမှုအတွက် သက်သက် စိတ်ကြိုက် ခြယ်လှယ် ထင်တိုင်းကြဲ လုပ်ခဲ့တဲ့ ကြပါတယ်။ထိုက်သင့်သလောက် ဖြေလျှော့မှုတွေ လုပ်ခဲ့ပေမဲ့ လက်ရှိ ဗမာ့နိုင်ငံရေး မှာ “လူအများ ကောင်းစားရေး” အတွက် Democratisation စစ်စစ် ဖြစ်ဖို့ တိုင်းပြည်ရဲ့ အုပ်စုအသီးသီးက မဖြစ်မနေ တွန်းအား တွေပေးဖို့ လိုနေပါပြီ။ အပြောင်းအလဲ တချို့ ကြောင့် ယုံထင်၊ကြောင်ထင် ဖြစ် အတွေးအခေါ် ဝေဝါးနေတဲ့ ပြည်သူလူထု ကို မျက်စိဖွင့်၊ တာဝန်ယူ၊ တာဝန်ခံ၊ အမှန်ကို ချပြ၊ ရှေ့က ခေါ်ဆောင် လမ်းပြပြီး ယခုထက်ပို ဦးဆောင်ဖို့ လိုပါတယ်။

ဒါ့အပြင် ပြဌာန်းထားသော နည်းဥပဒေများကလည်း၊ အထက်အရာရှိကြီးများနှင့် မဆိုင်ဘဲ လက်အောက် ငယ်သားများအတွက်သာ ဖြစ်ခဲ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သာမန်ဥပဒေတို့ အတိုက်အခံဖြစ်နေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာလျှင် ဦးစားပေး ရမည်ပင်ဖြစ်ပါတယ်။ ဥပဒေသည် အဆင့်အတန်းသော်လည်းကောင်း၊ လူတန်းစားသော်လည်း ကောင်း ခွဲခြားမှုရှိခဲ့လျှင် ဥပဒေသည်မတရားသော အမိန့်သာလျှင် ဖြစ်ပေ လိမ့်မည်။ ဥပဒေသည် လူသားအားလုံးအတွက်ဖြစ်ပြီး လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်းတမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်ပါတယ်။ မျှတမှုမရှိပဲ ဖိနှိပ်သည့်အသွင် ဆောင်သည့်ဥပဒေများ ဆက်လက် တည်ရှိနေပါက လွတ်လပ်သည့်တရားစီရင်ရေး စံနစ်ပေါ်ပေါက်နိုင် သည့်တိုင်အောင် မှန်ကန်မျှတသည့် တရားစီရင်ရေးကို ဖေါ်ဆောင်နိုင်လိမ့်မည် မဟုတ် ပါဘူး။တပါတီ စနစ်ကို ကျင့်သုံးခဲ့သည့် မဆလခေတ် ကာလ တလျှောက်လုံး၌ ထုတ်ပြန်ခဲ့သည့် ဥပဒေအများစုဟာ တရားရေးအမြင်ဖြင့် ဆင်ခြင် သုံးသပ်နိုင်ခြင်း မရှိခဲ့ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဟာ လဲပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေးကို ဆန့် ကျင် ပြ ဌာန်း လို့တော့ မရ ပါဘူး။ တရာသူကြီးတွေ ဥပဒေကို ကြိုက်သလို အဓိပ္မါယ် ဖွင့်ပြီး လုပ်စားနေတာ၊ ပြည်သူ တရပ်လုံး လည်စင်း ခံနေ ရတာ ကြာပါပြီ။

အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ ပါတီစုံ ဒီမိုကရေစီခေတ်ဟာ စစ်ယူနီဖောင်းချွတ်ပြီး ချိုမြိန်သော အသံဖြင့် မညီညာသော ဒီမိုကရေစီ တေးသံနှင့်အတူ တိုက်ပုံအင်္ကျ၊ီ ခေါင်းပေါင်း၊ ပုဆိုးနဲ့ ကပြနေပြီဖြစ်ပါတယ်။ ဗိုလ်နေဝင်း က “ဆိုရှယ်လစ်” ဆိုင်းသံလေးတီးပေးတော့ ဗမာ့နိုင်ငံရေးသမားကြီးတွေ “ဂွေး” တက်အောင် ကခဲ့ကြတယ်။ အတွေ့ကြုံရင့်၊ သိက္ခာရှိ၊ လွတ်လပ်ရေး သမိုင်းမှာ အရေးပါ၊ အရာရောက်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတချို့ နိုင်ငံရေး သေ၊ ခွေးလုံးလုံး ဖြစ်ခဲ့ကြရတယ်။ ခုလည်း ဗိုလ်သိန်းစိန် က “ဒီမိုကရေစီ” ဗျောသံပေးတော့ အခြေအနေ၊ အချိန်အခါ အလျောက် ပြုမူဆောင်ရွက်နေရတာတချို့အတွက် နားလည်နိုင်ပေမယ့် “ဂွေး” တက်အောင်အထိတော့ လိုက်မကကြဘို့ မေတ္တာရပ်ခံချင်တယ်။ ဒါကြောင့် စစ်လွှတ်တော်နိုင်ငံရေး ဇောင်းပေးနေသူများ စစ်လွှတ်တော်ပြင်ပ လူထူအကျိုးပြု နိုင်ငံရေးလမ်းစဉ် နဲ့ အလုပ်တွေကိုလည်း အခုထက် ပိုမိုအလေးပေးဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ စဉ်းစားချင့် ချိန်ဉာဏ်နဲ့ ပြည်သူ့အကျိုးစစ်စစ် ဆောင်ရွက်မယ့် ဒီမိုကရေစီ လွှတ်တော်စစ်စစ်ပေါ်ပေါက်ရေးဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးပါပါတယ်။
ဇော်ဝမ်းမောင်…..။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။