Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 24, 2013

လောကကိုမြင်တဲ့ အမြင်

 

လောကကိုမြင်တဲ့ အမြင်

ခံယူချက်ရင်မတူရင် အသိအမြင်တွေ ကွဲလွဲတက်ပါတယ်။ကမ္ဘာကျော် အီစွတ်ပုံပြင်များ အထဲက ရွှေယုန်၊ရွှေကျားပုံပြင် ဟာ သဘာဝယုတ္တိမကျ ဘူးဆိုပြီး စာရေးဆရာတစ်ယောက်က
အီစွတ်ပုံပြင်ရဲ့ ဆန့်ကျင်ဖက် ရွှေယုန် ရွှေကျား ပုံပြင်ကိုရေးခဲ့ပါတယ်။သူရေးတဲ့ပုံပြင်က လိပ်တစ်ကောင်ဟာ ခေတ်ဟောင်းစာတွေလေ့လာဖတ်တိုင်း လိပ်ကဘဲ အမြဲနိုင်တယ်လို့ဖတ်ရ
တော့ မာန်တက်ပြီးတစ်တောလုံးစိမ်ခေါ်သတဲ့။ငါတို့ လိပ်တွေဟာ ဟိုး အတီတေကတည်းက အပြေးပြိုင်ရာမှာနိုင်သတဲ့။အခုခေတ်မှာလက်တွေ့ပြိုင်ရအောင်လို့ကြေငြာတော့ အခြားတော
ကောင်တွေ ရူးနေတယ်ထင်ပြီး လိပ်ကိုအရေးမလုပ်ကြဘူး။ဒီစကားမခံချင်တဲ့ ယုန်ငပျင်းက လိပ်ရဲ့စိမ်ခေါ်မှုလက်ခံပြီး ပြိုင်ကြတာယုန် ပန်းတိုင်ဝင်သွားတဲ့အချိန်မှာ လိပ်ဟာ စလွှတ်တဲ့ တာနဲ့ ၃ပေ ၉လက်မဘဲ ရောက်သေးတယ်လို့ရေးခဲ့တဲ့ ရွှေယုန် ရွှေကျားပုံပြင်နဲ့ အီစွတ်ရေးတဲ့ လိပ်နိုင်တဲ့ ပုံပြင်နှစ်ခုဟာ ရေးသူတွေပေးတဲ့စေတနာ နှစ်မျိုးကိုတွေ့ရမှာပါ။ မနားမနေကြိုးစား
တစ်နေ့ ပန်းတိုင်ရောက်တယ်ဆိုတဲ့ အီစွတ်စေတနာ ၊ မတူရင် မတုနဲ့ ဆိုတဲ့ ယုန်နိုင်တဲ့ပုံပြင်
ရေးတဲ့ ဆရာရဲ့စေတနာ ပါပဲ။ဒီနှစ်ခုအပေါ်မှာပေးတဲ့စေတနာကိုသီကုံးရာမှာသဘာဝယုတ္တိ
တန်မှုကိုကျောခိုင်းခဲ့တဲ့ အီစွတ်ပုံပြင်က ကမ္ဘာကျော် ခဲ့ပြီး သဘာဝယုတ္တိကျကျ ရေးဖွဲ့တဲ့ ယုန်နိုင်တဲ့ ပုံပြင်ရေးဖွဲ့သူဟာကမ္ဘာမကျော်ခဲ့ပါဘူး။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ
လောကကိုကောင်းစေချင်ကြတဲ့စေတနာရှိကြပေမဲ့ လောကကို ရှုမြင်သုံးသပ်ရာမှာ မြင်ကြ
ပုံခြင်း မတူပါဘူး။

ဒီအကြောင်းကို သက်သေခံချက်အားဖြင့် ကဗျာဆရာ နှစ်ယောက်က တစ်ယာက်ရေးခဲ့တဲ့
ကဗျာကိုခံယူချက်မတူတဲ့ နောက်ကဗျာဆရာတစ်ယောက်က ပြန်ရေးဖွဲ့လိုက်တာကိုဖတ်မိခဲ့ရတဲ့ကဗျာနှစ်ပုဒ်က `ဒီကဗျာ မဖတ်မိစေနဲ့´ဆိုတဲ့ ပြည်ပရောက် မော်ဒန်ကဗျာဆရာကြီး (ဦး)အောင်ဝေးရေးခဲ့ပြီး ` ဒီကဗျာပေးဖတ်လိုက်´ဆိုတဲ့ကဗျာကတော့ (ဦး)အောင်ဝေးရေးတဲ့ ကဗျာကိုပြည်တွင်းနေ ကဗျာဆရာChit Aung Hla Patrick ပြန်ရေးဖွဲ့ခဲ့တာပါ။ ဆရာ(ဦး)အောင်ဝေးလက်ရာက

“ ဒီကဗျာ မဖတ်မိစေနဲ့ ”

တချို့ က စပျစ်သီးဖြစ်တယ်
တချို့ က စန်းစန်းတင့်ဖြစ်တယ်။
ခေတ်ကြီးကိုက
ကိုလိုမနီ၊ ခရိုနီခေတ်။
တချို့ က လက်ဝေခံဒီမိုကရေစီ
တချို့ က လက်ကျန်ဒီမိုကရေစီ။

ရန်ကုန်က ရထားမဖြစ်ဘူး
ရန်ကုန်က တယောဖြစ်နေတယ်။
တချို့ က နောက်ပြန်လှည့်မှာစိုး
တချို့ က နောက်ပြန်မလှည့်မှာစိုး။
မြစ်ကြီးက ဘယ်ကိုစီးရမှန်းမသိ
သောင်(ထောင်)နဲ့ ငြိလို့ ။

တချို့ က စွယ်စုံကျော်ထင်
တချို့ က သေတ္တာမှောက်။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရွာပြင်ထုတ်ခံရတော့မယ်။
တချို့ က ရွှေဝါရောင်ကိုမျက်ကွယ်ပြု
တချို့ က လက်ပံတောင်းတောင်ကိုလျစ်လျူရှု။

ဗမာပြည်မှာ နာရီတွေကရှား
ဗမာပြည်မှာ နာဇီတွေကများ။
တချို့ က စစ်ဘေးဒုက္ခသည်
တချို့ က ရဲဘေးဒုက္ခသည်။

တောမီးကို တောမီးနဲ့ မှ ငြှိမ်းလို့ ရမယ်
ရေသန့် ဘူးနဲ့ မရဘူး။
တချို့ က ရွာလွန်ရွက်တိုက်
တချို့ က ရွာပြင်ကြက်တိုက်။
ကြည့်စမ်း- အချောင်သမားတွေ
ဓားကို အရင်းကမကိုင်၊ အဖျားကကိုင်လို့ ။

တချို့ က တရားအားထုတ်
တချို့ က မျက်ကန်းမျိုးချစ်။
“ငါတို့ လည်း အိုဘားမားကြီးပြန်သွားမှ၊ ပိုအဖမ်းခံနေရပေါ့ “ တဲ့
လမ်းဘေးကစကား၊ လမ်းပေါ်ကကြား။
တချို့ က အမျိုးသားပြန်လည်သင့်မြတ်ရေ
တချို့ က အမျိုးသားပြန်လည်တိုက်ခိုက်ရေး။

“ကျားကိုသတ်ရင်သတ်၊ မသတ်ရင် ကျားက ကိုယ့်ကိုသတ်မှာပဲ“
ရိုးမက မုဆိုးကြီးကိုဖိုးဇုံ၊ ခင်ဗျားအခုရှိသေးလား။
တချို့ က အတိတ်မှာပဲ အသက်ရှင်နေ
တချို့ က အနာဂတ်အတွက် ကြိုတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးလူမျိုး(၆)သန်းက ဟင်းရွက်ကန်စွန်းတွေလား။

တချို့ က ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တယ်
တချို့ ကငြိမ်းချမ်းရေးအတွက် နိုင်ငံခြားသွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ အစိုးရ မကောင်းကြောင်းပြောတာပဲ
ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ။
တချို့ က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တချို့ က အော်တဲ့လက်ကိုပြန်ကိုက်တယ်။

(ကချင်) စစ်ရပ်ဖို့ လူထုမှာတာဝန်မရှိ
အစိုးရမှာပဲ ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်)
တချို့ က ငြင်းပယ်ခြင်းကိုငြင်းပယ်
တချို့ က သဘောမတူကြောင်းသဘောတူ။
ခေတ်က ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ လေထဲမှာ အိုက်တင်တန်းလန်းကြီး။

တချို့ က လေလံသမား
တချို့ က ဖျံဖမ်းသမား။
ကဗျာဆရာသမဂ္ဂဖွဲ့ တာ၊ ဒေါက်တာဇီဗားဂိုး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို့ က လစ်ဘရယ်
တချို့ က ညစ်ပုပ်ကပ်ကျယ်။

ဘယ်ညောင်ပင်မှာ
ဘယ်ရာဇ၀င်ကို လမ်းခွဲရမှာလဲ။
တချို့ က ရထားမမီ၊ ဘူတာမီးနဲ့ ရှို့ 
တချို့ က ခွေးကတက်မှာ ကော်ကျို ပိုစတာကပ်။
ဘယ်တော့ အာဏာရမှာလဲ
မမေးတော့ပါဘူး။

ဒီကဗျာ
လေဒီကြီး မဖတ်မိစေနဲ့ ။
သူက စပျစ်သီးဖြစ်တယ်
သူက စန်းစန်းတင့်ဖြစ်တယ်။ ။

အောင်ဝေး
ဇန် ၂၃ - ၁၃ ဖြစ်ပြီး Chit Aung Hla Patrick ရေးတဲ့ကဗျာက

`ဒီကဗျာ ကို ဖတ်ဖြစ်အောင်ဖတ်ပလိုက်´

တချို့ က မုန်လာဥဖြစ်တယ်
တချို့ က မာမီဖြစ်တယ်။
ခေတ်ကြီးကိုက
စွတ်အော်တတ်ရင် လွှတ်တော်အမတ်ဖြစ်။
တချို့ က လက်ဝေခံတော်လှန်ရေး
တချို့ က လော်ဘီတော်လှန်ရေး။

နေပြည်တော်က ဘတ်စကားမဖြစ်ဘူး
နေပြည်တော်က ဆိုင်ကယ်ဖြစ်နေတယ်။
တချို့ က ဘက်ဂီယာထိုးမှာစိုး
တချို့ က အော်တိုဂီယာချိန်းမှာစိုး။
မြစ်ကြီးက ဘယ်ကိုမှမစီးတော့ တာ
သောင်(တောင်)ထွန်းနေလို့ ။

တချို့ က တွေ့ ရာပုလင်း ကောက်မော့ 
တချို့ က ပုဆိုးတောင်မပါဘူး မှောက်လို့ ။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရပ်ကွက်အုပ်ချုပ်ရေးမှူးဘဲလုပ်တော့မယ်။
တချို့ က အနတ္တလက္ခနသုတ်ကိုရွက်လို့ 
တချို့ က ငါးရာ့ ငါးဆယ်နိပါတ်တွေဖတ်လို့ ။

ဗမာပြည်မှာ ကဗျာဆရာတွေကရှား
ဗမာပြည်မှာ လဘာဂျာတွေကများ။
တချို့ က လွှတ်တော်ဒုက္ခသည်
တချို့ က ချွတ်ဖော်ဒုက္ခသည်။

တောမီးကို သစ်မှောင်ခိုတွေမှ ငြှိမ်းလို့ ရမယ်
အရန်မီးသတ်နဲ့ မရဘူး။
တချို့ က အစာအိမ်နာအသည်းခိုက်
တချို့ က မသာအိမ်မှာဖဲရိုက်။
ကြည့်စမ်း- အချောင်းသမားတွေ
ပန်းခြံထဲမှာ သစ်ပင်ပေါ်တက်ပီးထိုင်လို့ ။

တချို့ က အရင်ကမှားခဲ့ ပါတယ်တဲ့ 
တချို့ က တရုပ်ကိုလဲကြောက်ရတယ်တဲ့ ။
ငါတို့ လည်း အိုဘားမားကြီးပြန်သွားမှ၊အေဘီစီဒီ ကျက်နေရပေါ့ တဲ့
မန္တလေးကစကား၊ လမ်းမတော်ကကြား။
တချို့ က အမျိုးသားချင်းအတူပေါင်းသင်းရေး
တချို့ က လက်မထပ်ဘဲအတူနေလို့ ရရေး။

ယောက်ျားကိုသတ်ရင်သတ်၊ မသတ်ရင် သူ့ မယားက ကိုယ့်ကိုသတ်မှာပဲ
ရိုးမက မုဆိုးကြီးကတွတ်ပီ၊ ခင်ဗျားအခုလိပ်ဂေါင်းရှိသေးလား။
တချို့ က အမေရိကားမှာပဲ အသက်ရှင်နေ
တချို့ က တောထဲမှာတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးမြစ်(၆)ကျပ်ဘိုးက သူ့ အတွက်ညစာလား။

တချို့ က ကားမစီးနိုင်လို့  လမ်းလျှောက်တယ်
တချို့ ကအဖမ်းခံရမှာစိုးလို့  နိုင်ငံခြားထွက်သွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ နိုင်ငံခြားကို အမြန်ဆုံးရောက်ဘို့ ပဲ
ကြွက်ကိုဘယ်သူ တွင်းတူးပေးမလဲ။
တချို့ က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တကယ်လွတ်လာတော့  သူခိုးဂျပိုးတွေဖြစ်နေတယ်။

(ကချင်) စစ်ပွဲဖြစ်ဖို့ ကျချင်မှာစစ်လေယဉ်မရှိ
အစိုးရမှာပဲ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်(နိုဗယ်ဆုကြီး)
တချို့ က တောထဲမှာနေခြင်းကိုငြင်းပယ်
တချို့ က အမေရိကန်သွားဘို့ သဘောတူ။
ခေတ်က သန်းခေါင်စ၇င်းမရှိလို့ ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ ပုံစံ ၁၀ ကိုင်ပီး တန်းလန်းကြီး။

တချို့ က ဆိုက္ကားသမား
တချို့ က အရက်သမား။
ကဗျာဆရာသမဂ္ဂဖွဲ့ တာ၊ အောင်ဝေး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို့ က ထုတ်စည်းတိုးမယ်
တချို့ က ဒိုးဇက်ကစားမယ်။

ဘယ်ခရေပင်မှာ
ထိန်ပင်နဲ့ ရေဝေးကို လမ်းခွဲရမှာလဲ။
တချို့ က ဘက်စကားမမီ၊ မှတ်တိုင်သေးခွပန်း
တချို့ က ခွေးအမှီးမှာ နို့ ဆီခွက်ကိုကြိုးနဲ့ ချီ်။
ဘယ်တော့ ပလာတာရမှာလဲ
မေးကိုမေးဦးမှာ။

ဒီကဗျာ
အောင်ဝေးကြီး ကိုပေးဖတ်လိုက်။
သူက မုန်လာဥနဲ့ လဲ ဖြစ်တယ်
သူက ကြက်ဟင်းခါးသီးနဲ့ လဲဖြစ်တယ်။ ။

ကဗျာရေးသူ .. https://www.facebook.com/ptkzzzဖြစ်ပါတယ်
အော်သူတို့နှစ်ယောက်လည်း လောကကိုကောင်းစေချင်တဲ့စေတနာ ရှိကြပေမဲ့ လောကကိုမြင်တဲ့ အမြင် မတူကြရတာက ခံယူချက်လွဲနေလို့ဆိုတာ..........။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။